Thursday, July 14, 2011

အကြင်နာ နှလုံးသားရှိသူ ဆရာတော် အရှင်ဇ၀န သို့ဦးညွန့်ပါတယ်

အကြင်နာ နှလုံးသားရှိသူ ဆရာတော် အရှင်ဇ၀န သို့ဦးညွန့်ပါတယ်


မျက်ရည်များအကြောင်း

အန္တိမဒေသကိုသွားခဲ့ကြသူအတွက်
ဟောဒီ…
အလွမ်းရာသီထဲကျတဲ့မျက်ရည်။
မိုးဖွဲတစိမ့်စိမ့်ထဲ…
အသည်းတမြိုက်မြိုက်ကျွမ်းလှိုက်စားလို့
ကျတဲ့ဝမ်းနည်းမျက်ရည်။

ယုံကြည်ရာကို လုပ်ရဲကြသူ…
"အဖ" တွေ အတွက်
နောက်ပေါက်ကောင်တွေဆီက
ကျတဲ့ သတိတရမျက်ရည် ။

မုန်တိုင်းရင်ခွင်ထဲမှာ
အောက်ဆီဂျင် ရှာခဲ့ကြသူတွေ အတွက်
ကျတဲ့ ဂုဏ်ပြုမျက်ရည် ။

တကယ်တော့…
တိမ်တောက်စားတဲ့ နံနက်ခင်းတွေမှာ
ငါတို့ "အဖ"တွေဟာ
အမှန်တရားအတွက်
ထာဝရ သေခြင်းကင်းရာ အရပ်ဆီမှာ ။

တကယ်ဆို…
ဂုမ္ဘာန် နက္ခတ်ထဲ ရဲရင့် …
“အဖ” နဲ့ပုံတူ မျိုးဆက်တွေတွက်
ရင်နဲ့ အမျှဆက်ကျနေဦးမယ်
ဒေါသမျက်ရည် ။

မဆုံးသေးတဲ့ ပြည်သူ့ခရီးကြမ်း ထဲ
“အမှန်တရား” ပန်းပွင့်တွေ ဆက်ပွင့်နေဖို့
ငါတို့ မျက်ရည်ကို
ဟောဒီ …
မှာ အသက်ထပ်သွင်းကြမယ် ။ ။


နိုင်ငံရေးအကျဉ်းသားဟောင်း သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဦးဇဝန (သက်တော် ၇၂၊ ၀ါတော် ၅၂ ၀ါ) ၏ အန္တိမ ဈာပန အခမ်းအနားကို ယနေ့နေ့လည် ၂ နာရီက ရေဝေးသုဿန်တွင် ကျင်းပရာ နယ်ပယ်အသီးသီးမှလူများစွာကလိုက်ပါပို့ဆောင်ကြသည်။ဆရာတော်ဘုရားကြီးကောင်းရာသုဂတီလားပါစေ။

ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေ ကြားထဲမှာ ကြီးပြင်းခဲ့ရသူ တစ်ယောက်အနေနဲ့ မေတ္တာနဲ့ ကရုဏာတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ခံစားနားလည်ပါတယ်။ ကရုဏာဆိုတာ ဘာလဲလို့ အရင် ရှင်းပြပါရစေ။ တကယ့်ဆင်းရဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သနားမိတဲ့အခါ ဒါမမဟုတ် ငဲ့ညှာမိတဲ့အခါမှာ သူ သို့မဟုတ် သူမ ဆင်းရဲတဲ့အတွက် ကရုဏာ သက်မိတာ ဖြစ်ပါတယ်။ ကရုဏာဟာ ပရဟိတစိတ်ထား အပေါ်မှာ အခြေတည်ပါတယ်။ နောက်တစ်မျိုး ရှိတာက ဇနီးမယား လင်ယောက်ျား သားသမီး ဒါမှမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေတို့ အပေါ်မှာ ထားတဲ့ ချစ်မေတ္တာ၊ ပုံမှန်အားဖြင့် တပ်မက်တွယ်တာမှု အပေါ်မှာ အခြေတည်ပါတယ်။ တွယ်တာမှု ပြောင်းလဲသွားတဲအခါမှာ ကြင်နာမှုလဲ ပြောင်းလဲသွားပါတယ်။ ပျောက်ကွယ်လည်းသွားနိုင်ပါတယ်။ ဒါဟာ မေတ္တာစစ်မဟုတ်ပါဘူး။ စစ်မှန်တဲ့ မေတ္တာဟာ တွယ်တာတက်မက်မှု အပေါ်မှာ အခြေမတည်ပါဘူး။ ပရဟိတ သဘောထားအပေါ်မှာ အခြေတည်ပါတယ်။ ဒီနေရာမှာ သင့်ရဲ့ ကရုဏာ တရားဟာ တစ်ဦးတစ်ယောက် ဆင်းရဲနေသမျှ ကာလပတ်လုံး ဆင်းရဲ ဒုက္ခကို လူသားဆန်ဆန် တုံ့ပြန်မှု တစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမှာ ဖြစ်ပါတယ်။ဒီအထဲက ဆရာတော်အရှင်ဇ၀နဟာ ဦးဇင်းတို့ကို နိုင်ငံရေးလုပ်တဲ့ သံဃာတော်တွေအပေါ်မှာ အကြင်နာနှလုံးသားနဲ့ ရွှေဝါရောင်တော်လှန်ရေမှာ ဆောင်ရောက်ခဲ့တဲ့ ဆရာတော်ကြီးများထဲ့ တစ်ပါးဖြစ်ပါတယ်.။
ဆရာတော်ဘုရားကြီး၏ စိတ်သန္တာန်မှာ ကရုဏာမျိုး ပြုစုပျိုးထောင်ရမှာ အကန့်အသတ်ရှိတဲ့ ကရုဏာကနေ အကန့်အသတ် မဲ့တဲ့ ကရုဏာ ဖြစ်လာအောင်လည်း တိုးချဲ့ရပါမယ်။ သက်ရှိသတ္တ၀ါ အားလုံးအပေါ်မှာ ထားရှိတဲ့၊ ခွဲခြားမှု မရှိတဲ့၊ ရပ်ဆိုင်းမှု မရှိတဲ့၊ ကန့်သတ်မှု မရှိတဲ့ ကရုဏာ တရားဟာ လောဘ ဒေါသ မောဟတွေ လွှမ်းမိုးနေတဲ့၊ မိတ်ဆွေ သို့မဟုတ် မိသားစု အပေါ်မှာ ထားရှိတဲ့ သာမာန် ချစ်မြတ်နိုးမှုနဲ့ မတူဘူးဆိုတာ ထင်ရှားပါတယ်။ ဦးဇင်းတို့ ထောက်ခံအားပေးတဲ့ ဆရာတော်ကြီးရဲ့ မေတ္တာဆိုတာ ဒီလို ကျယ်ပြန့်တဲ့ မေတ္တာပဲ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးကို ဒုက္ခအမျိုးအမျိုးပေးခဲ့တဲ့ စစ်အာဏာရှင် ဦးဇင်းတို့ရဲ့ ကိုယ့်ရန်သူ အပေါ်မှာတောင် ထားရှိမယ် မေတ္တာမျိုးကို ဆုံးမညွန့်ပေးခဲ့ပါတယ်။အလုပ်လုပ်တဲ့ နေရာမှာတိကျပြက်သားပြီး စိတ်ဓါတ်ခိုင်းမာတဲ့ ဆရာတော်ဘုရား ပျံလွန်မှုသွားတဲ့အတွက် သာသနာအဇာနည်းဆရာတော်တစ်ပါးကို ဦးဇင်းတို့ ဆုံးရှုံးခဲ့လို့ ဆရာတော်ဘုရားကြီး၏ မပြီးဆုံးသေသော ဆန္ဒတွေကို ဦးဇင်းတို့ဆက်လက်အကောင်းထည့်ပေးရမယ်ဆိုတာကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပို့လာခဲ့ပါပြီး။
ဦးဇင်းတို့အားလုံး ဆင်းရဲ ဒုက္ခကို ရှောင်ရှားလိုကြတယ်၊ ချမ်းသာသုခကို လိုလားကြတယ် ဆိုတဲ့ အချက်ဟာ ကရုဏာတရား ပွားများကြဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ အပြန်အလှန် အားဖြင့် ဒီကရုဏာဟာ ယုတ္တိတန်တဲ့ ခံစားမှု၊ အတ္တစွဲရှိတဲ့ ခံစားမှု အပေါ်မှာ အခြေတည်ပါတယ်။ သတ္တ၀ါ တိုင်းမှာ ရှိနေတဲ့ လိုအင်ဆန္ဒ၊ ချမ်းသာပျော်ရွှင်ချင်တဲ့ လိုအင်ဆန္ဒကို ဖန်တီးပေးတဲ့ ခံစားမှု ဝေဒနာအပေါ်မှာ အခြေည်ပါတယ်။ တကယ်တော့ သတ္တ၀ါအားလုံးတို့ဟာ တူညီတဲ့ လိုအင်ဆန္ဒနဲ့ မွေးးဖွားလာခဲ့ကြတာပါ။ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ တူညီတဲ့ အခွင့်အရေးတွေလည်း ရှိသင့်တာပေါ့။ မရေမတွက်နိုင်အောင် များပြားလှတဲ့ တစ်ခြားသတ္တ၀ါတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တဲ့ အခါမှာ တစ်ခြားသတ္တ၀ါတွေက ပိုပြီး အရေးကြီး တယ်လို့ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကတစ်ယောက် တည်းဖြစ်နေပြီး၊ တစ်ခြားသတ္တ၀ါတွေက အများကြီး ဖြစ်နေလို့ပါပဲ။ နောက်ပြီး ဗုဒ္ဓဘာသာက သက်ရှိအားလုံးကို ကိုယ့်ရဲ့ မိခင်လို သဘောထားဖို့၊ အားလုံးကို ချစ်မြတ်နိုးမှုနဲ့၊ ကျေးဇူးတုံ့ပြန်ဖို့ သွန်သင်ပေးပါတယ်။ အကြောင်းပြချက်က ဒီလိုပါ။ ဗုဒ္ဓဘာသာ တရားတော်နဲ့ အညီ ပြောရရင် ဦးဇင်းတို့ဟာ အကြိမ်မရေတွက် နိုင်လောက်အောင် မွေးဖွားခဲ့ကြပါပြီ။ ပြန်လည်မွေးဖွား ခဲ့ကြရပါပြီ။ဒါ့ပြင် သတ္တ၀ါတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ ဦးဇင်းတို့ရဲ့ မိဘ၊ဆရာသမား ဖြစ်ခဲဖူးတယ်ဆိုတဲ့ အချက်ဟာ လက်ခံနိုင် စရာပါပဲ။ ဒီနည်းနဲ့ပဲ စကြ၀ဠာ အတွင်းမှာရှိကြတဲ့ သတ္တ၀ါအားလုံးတို့ဟာ မိသားစုဝင်အဖြစ် တော်စပ်ကြတယ်လို့ ဆရာတော်ကြီး အရှင်ဇ၀နက မိန့်ကြားခဲ့ဘူးပါတယ်။
ဆရာတော်ကြီး အရှင်ဇ၀နဟာ ဦးဇင်းတို့်ကို ဆုံးမတဲ့ အခါမှာ ဘာသာရေးကို ယုံကြည်သူပဲဖြစ်ဖြစ် မယုံကြည်သူပဲဖြစ်ဖြစ် မေတ္တာနဲ ကရုဏာကို တန်ဖိုးမထားတတ်တဲ့ သူရယ်လို့ မရှိပါဘူး။ ဘုန်းကြီးတို့တတွေဟာ မွေးဖွားလာတာနဲ့ မိဘများရဲ့ စောင့်ရှောက်မှုနဲ့ ကြင်နာမှု အောက်မှာရှိကြပါတယ်။ ဘ၀နောက်ပိုင်း ရောဂါဝေဒနာ ခံစားရချိန်နဲ့ အိုမင်းချိန်တို့မှာ သူတစ်ပါးရဲ့ ကြင်နာမှုကို မှီခိုရှင်သန်ရတယ်ဆိုရင် ဘ၀အလယ်ပိုင်းမှာ ဘာဖြစ်လို့ တစ်ဘက်သားကို ကြင်ကြင်နာနာ မဆက်ဆံရမှာလဲ။ဆရာတော်ဘုရားကြီး၏ ကြီးမားသော မေတ္တာတရားနှင့် အကြင်နာ နှလုံးသားကတော့ ဒီအချက်တွေကိုကြည်ခြင်းအားဖြင့် ဦးဇင်းတို့ ဆရာတော် ကျေးဇူးကို သိသင်ပါတယ်။
ဒီလို့ အကြင်နာ နှလုံးသား (လူသားအားလုံးနဲ့ ရင်းနှီးတဲ့ ခံစားမှု) ဖွံဖြိုးဖို့အတွက် လုပ်နေကျ ဘာသာရေး လုပ်ထုံးလုပ်နည်းတွေ ပါစရာမလိုပါဘူး။ အကြင်နာတရားဆိုတာ ဘာသာရေးကို ယုံကြည်သူတွေ အတွက်သာ မဟုတ်ပါဘူး။ လူမျိုး ဘာသာ နိုင်ငံရေးအုပ်စု မခွဲခြား မသတ်မှတ်ဘဲ အားလုံးအတွက် ဖြစ်ပါတယ် ကိုယ်တော်တို့ နောက်လာမယ် အနာဂတ်မှာ ။ ပိုမိုကျယ်ပြန့်တဲ့၊ ရေရှည်လည်း တည်တံ့မယ့် ဒီ အမြင်မျိုးနဲ့ သတ္တ၀ါ အားလုံးကို ရှုမြင်သူတွေအတွက် ဖြစ်ပါတယ်။ ဘုန်းကြီးတို့ဟာ အကြင်နာတရားဟာ ဖွံ့ဖြိုးအောင်လုပ်ရမယ့်၊ လက်တွေ့ကျင့်သုံးရမယ့်၊ အစွမ်းထက်တဲ့ ခံစားမှုတစ်မျိုး ဖြစ်ပါတယ်။တို့တွေက ဒါကို မျက်ကွယ်ပြုထားတတ်ကြပါတယ်။ အထူးသဖြင့် လုံခြုံမှု ဆိုတာကို နားလည်မှု လွဲနေကြတဲ့ ဒီနေ့ခေတ်မှာ အကြင်နာဆိုတာကို မျက်ကွယ်ပြုထားကြတယ် ဆိုတာ ကိုယ်တော်တို့အားလုံး မြင့်တွေနေကြတာပါပဲ ဒီအတွက်ဝိုင်းဝန်လုပ်ဆောင်ကြပါ။

ဘုန်းကြီးတို့အားလုံးဟာ ချမ်းသာကို လိုလားကြတယ် ဆင်းရဲကို ရှောင်လွဲကြတယ်ဆိုတဲ့ အမြင်ကို ရေရည် ကိုင်စွဲထားနိုင်ကြတဲ့အခါမှာ၊ အကန်သတ်မဲ့ များပြားလှတဲ့ သတ္တ၀ါတွေနဲ့ နှိုင်းစာရင် ကိုယ်တစ်ဦးတည်းရဲ့ ပျော်ရွှင်မှုဟာ အရေးမကြီးဘူးလို့ ယူဆနိုင်ကြတဲ့အခါမှာ ကိုယ်ပိုင်တဲ့ ပစ္စည်းဥစ္စာကို သူတစ်ပါးနဲ့ မျှဝေသုံးစွဲသင့်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ဘုန်းကြီးတို့ ဒီအမြင် ဒီအယူအဆကို လေ့ကျင့်ပျိုးထောင် နိုင်တဲ့အခါမှာ မေတ္တာစစ် မေတ္တာမှန်၊ သူတစ်ပါးအပေါ် ထားရှိတဲ့ သဘောထားအမှန်၊ စစ်မှန်တဲ့ ကရုဏာတရား ဖြစ်ထွန်းလာနိုင်ပါလိမ့်မယ်။ တစ်ကိုယ်ရေတစ်ကာယ ပျော်ရွှင်မှုဟာ တမင်တကာ ရှာဖွေမနေရဘဲ အလိုလို ဖြစ်ပေါ်လာပါလိမ့်မယ်။ သူတစ်ပါးအပေါ် မေတ္တာထားခြင်းနဲ့ သူတစ်ပါးကို ၀န်ဆောင်ခြင်း ဖြစ်စဉ်တစ်ခုလုံးရဲ့ အကျိုးရလဒ်၊ တကူးတကန့် ရှာဖွေရတဲ့တဲ့ ပျော်ရွှင်မှုတွေထက် အဆများစွာ သာလွန်တဲ့ အကျိုးရလဒ် ဖြစ်တယ် ။ ဆိုတာကို ဦးဇင်းတို့အားလုံး လက်ခံထားကြရမယ်။သာသနာအတွက် အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖို့ပဲ အတွက်ကြပါနဲ့ သာသနာကို ချစ်ကြပါလို ဆရာတော်ဘုရားကြီး ၂၀၀၇ခုနှစ် စက်ဘာလတုန်းက ဦးဇင်းတို့ကို သြ၀ါဒမိန့်ကြားခဲ့ဘူးပါတယ်။
နောက်ဆုံး ကိုယ်တော်ကို ပြောခြင်းတာကတော့ ဘာသာရေးအရ တိုးတက်မှုရဲ့ ရလဒ်တစ်မျိုးကတော့ နေ့စဉ်ဘ၀မှာ အသုံးအ၀င်ဆုံး ဖြစ်ပါတယ်။ ဘ၀တွေဟာ မပြန်တ်စီးနေတဲ့ ရေအလျဉ်ပါပဲ။ အခက်အခဲ မြောက်များစွာကို သယ်ဆောင်လာပါတယ်။ကိုယ်တော်တို့ဟာ တည်ငြိမ်တဲ့ သန့်ရှင်းတဲ့ စိတ်နဲ့ ရင်ဆိုင်တဲ့အခါမှာ ပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ်မယ်။ ဒီလိုမဟုတ်ဘဲ အမုန်းတရား အတ္တဆန်မှု မနာလိုဝန်တိုမှုနဲ့ ဒေါသအာဃာတွေကြောင့် စိတ်ကို မထိန်းချုပ်နိုင်တော့တဲ့ အခါမှာ ကိုယ်တော်တို့ဟာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပါဘူး။ ကိုယ်တော်တို့ စိတ်ဟာ မိုက်မိုက်ကန်းကန်း ဖြစ်သွားပါလိပ်မယ်။ အဲဒီလို ဆိုးသွမ်းနေချိန်မှာ စစ်ပွဲအပါအ၀င် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကရုဏာ နဲ့ ပညာကျင့်စဉ်တွေဟာ အားလုံးအတွက် အသုံးတည့်ပါတယ်။ ငြိမ်းချမ်ရေး ပုံဖော်တည်ဆောက်ဖို့ အခွင့်အရေးနဲ့ အခွင့်အာဏာ လက်ဝယ်ပိုင်ထားသူတွေ၊ နိုင်ငံ အုပ်ချုပ် ကွပ်ကဲသူတွေ အတွက် အထူးသဖြင့် အသုံးဝင်ပါတယ်။ဆိုတာကို မမေကြပါနဲ့လို့ဘုန်းကြီးတိုက်တွန်းခြင်းပါတယ်။
အားလုံး စိတ်တူကိုယ်တူသာသနာပြု ညီအစ်ကိုတွေ ဖြစ်ကြပါစေ။
သာဓု သာဓု သာဓု ပါဘုရား
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး အရှင်ဇ၀နသို့ ဦးညွန့်ပါတယ်။

No comments:

Post a Comment