Saturday, August 27, 2011

၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ဗိုလ်သန်းရွှေ၏ သားမက် ကောင်စစ်ဝန် ဇော်ဖြိုးဝင်းရဲ့ သံရုံးဧည့်ခန်းဆောင်မှာ တွေ့ရတဲ့ အာဏာရှင်ကြီး ဓာတ်ပုံ..

 ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ယူနန်ပြည်နယ် တက္ကသိုလ်မှ ဒုကျောင်းအုပ်နဲ့ အဖွဲ့မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေသားမက် ခင်သန္တာရွှေရဲ့ခင်ပွန်း ဦးဇော်ဖြိုးဝင်းအား လာရောက် တွေ့ဆုံခဲ့ပါတယ်...။

ကဲဆက်ကြည့်ရအောင်..

ဆွေးနွေးတာတွေကတော့ ယူနန်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ လာရောက်ပညာသင်ယူဖို့ကိစ္စနဲ့ အပြန်အလှန် တက္ကသိုလ်ပညာရေးစံနစ်တွေ လေ့လာဘို့ဆွေးနွေးခဲ့ကြပါတယ်..။ ကောင်စစ်ဝန်မှလည်း  မြန်မာကျောင်းသားတွေ တက်ရောက် ပညာသင်ကြားဖို့ စိတ်ဝင်စားကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်..။ ဒါကတပိုင်းပေါ့..။
မြန်မာနိုင်ငံ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲတွေ အပြီးမှာတော့ အရပ်သားအစိုးရ ဖြစ်နေပါပြီလို့ ကမ္ဘာကို ကြေငြာခဲ့ပါတယ်..။ ကြေငြာတာလား ကြေညာတာလားဆိုတာ စဉ်းစားကြည့်ရအောင်..။ ခုတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ နိုင်ငံတကာ ဧည့်ခန်းမဆောင်မှာ ယခုထိ  ချိတ်ဆွဲထားတဲ့  ပြီးခဲ့တဲ့လ ၂၅ရက်နေ့က ပူပူနွေးနွေး ဓာတ်ပုံလေး ကြည့်ကြရအောင်..။ ယခင်အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံကို ယခုထက်ထိ ချိတ်ဆွဲထားတာကို မြင်တွေ့ရမှာပါ..။ အရပ်သားအစိုးရ ဆြိုပီး ပြောင်းတာ (၅)လပြည့်ပါတော့မယ်..။ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဟာ သမ္မတဖြစ်တယ်လို့ ဆိုပါတယ်...။ ကဲဟုတ်ပြီ ဒါဆို သံရုံးဆိုတာ နိုင်ငံတကာရဲ့ ပြယုဂ်လို့ မြင်ပါတယ်...။ ဒီတော့ ဧည့်ခန်းဆောင်မှာ သမ္မတကြီးဦးသိန်းစိန်ပုံ မဖြစ်သင့်ဘူးလား...။

မေးခွန်းထုတ်ရပါတော့မယ်...။ လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူပါလဲ..။ ယခင်တပ်ချုပ်ကြီးသန်းရွှေလား၊ သမ္မတကြီးဦးသိန်းစိန်လား...။ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဟာ  သမ္မတကြီးဦးသိန်းစိန်ဆိုရင် သမ္မတကြီးပုံထားပေါ့ ခုတော့ မြင်ရတဲ့အတိုင်း.. ဘာသဘောလဲဗျာ...။ ဒါဆိုရင် လွှတ်တော်ထဲက  နိုင်ငံရေးပါတီတွေက အမတ်မင်းတွေလည်း နေ့စဉ်နေ့တိုင်း အဏာရှင်ကြီးဦးသန်းရွှေကို ဦးထိပ်ထားနေရသလို ဖြစ်မနေဘူးလားဗျာ....။ တရုတ်သံရုံးဆိုတာ မြန်မာပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ နေရာပါ...။ 

သမ္မတကြီးဦးသိန်းစိန် အနေနဲ့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က ရုံးခန်းမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အပြေးအလွှား  အချိန်နီးမှ ကပ်ပြပြီး အော်ချက် လုပ်မနေပါနဲ့ဗျာ...။ ဗိုလ်သန်းရွှေပုံပဲ ကပ်ထားလိုက်ပေါ့...။ အတုအယောင် ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်တွေ အနေနဲ့လည်း မိမိတို့ ဘယ်သူအကျိုးကို ထမ်းရွက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်ကြပါဦး။ စိတ်တော့မဆိုးပါနဲ့ ရိုင်းတယ်ဆို ခွင့်လွှတ်ပါ.. ဂျိုစောင်းလေးတော့ နည်းနည်းလေး ပွတ်ကြည့်လိုက်ကြပါဦး။ ကဲယခုလက်ရှိတိုင်းပြည်မှာ ဘယ်သူအာဏာအရှိဆုံး ဆိုတာ သဘောပေါက်လောက်ပါပြီ။ တိုင်းပြည်မှာ ယနေ့လက်ရှိ အရေးကြီးနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဧရာဝတီမြစ်ဆုံဆည်အရေး စတဲ့ပြဿနာပေါင်းစုံဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိလည်း စဉ်းစားတွေးခေါ်ကြည့်ကြပါ..။ 

ဒီဓာတ်ပုံတွေကို ဘာညာဆိုပြီး ငိုကျော်ဆန်းတို့ မုန်လာဥတော့ လာမလုပ်ပါနဲ့ဗျာ...။ အထောက်အထား အခိုင်အလုံရှိပါတယ်..။ ကဲကျွန်တော်တို့ အားလုံးလည်း မျက်စိလေးတွေ များများဖွင့်၊ နားလေးတွေ နည်းနည်းစိုက်ပြီး ပြည်တွင်းက အခြေအနေတွေ မျက်လုံးလေးဖွင့် နားလေးစွင့်ပြီး ဆက်လက် နားထောင် ကြည့်ကြတာပေါ.။ လောလောဆယ်တော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးအား အာဏာပိုင်များမှ ရိုးသားစွာပဲ အဖြေထုတ်စေချင်ကြောင်း၊ ရိုးသားမှုကိုပဲ အခြေခံသင့်ပါကြောင်း၊ တာဝန်သိ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ရိုးသားစွာ တောင်းဆိုအပ်ပါတယ်...။

ဒီမိုဝေယံ
ဒါကတော့ ၂၀၁၀ ဖေဖော်ဝါရီလက မြင်ကွင်း

No comments:

Post a Comment