Tuesday, August 23, 2011

ရွှေဝါရောင်တော်လှန် (၄)နှစ်မြောက် အမှတ်တရ အိန္ဒိယနိုင်ငံ နလန်တာတက္ကသိုလ်ရောက် အရှင်စန္ဒိမာနှင့်စကားပြောခြင်း


 ဦးဇင်းတို့လောကမှာလွမ်းစရာတွေအများကြီးရှိနေပါတယ်အဲဒီအထဲကဦးဇင်းဘ၀ကိုပြောင်း လွှဲသွားစေတာကတော့၂၀၀၇ ခုနှစ်က
ဖြစ်ပေါ်လာခဲ့သည့် ကမ္ဘာကျော်ရွှေဝါရောင်တော်လှန်ရေးကြီးပဲ ဖြစ်ပါတယ်။ရွှေဝါရောင်တော်လှန်ရေဟာ (၄)နှစ်နောက်မြှောက်ခဲ့ပင်မယ် နှစ်ပတ်လည်နည်းလာတာနဲ့အမျှ ဦးဇင်းဆီကို ဖုန်းတွေအဆက်မပြက်၊မက်ဆေံခ်ျတွေအဆက်မပြက်လာသည်မှာ ၂၀၀၇ခုနှစ်နောက်ပိုင်းကစ၍ အခုအချိန် အထိပါပဲ။မနေ့ကတုန်းကတော့ လုပ်ဖော်ကိုင်ဘက်တွေနဲ့စကားတွေပြောပြစ်တော့ ၂၀၀၇ခုနှစ်မြန်မာပြည်မှာ ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေကြီဟာ (၄)နှစ်ပြည့်မြောက်ခဲ့ပြီးဆိုပင်မယ်။သံဃာတော်တွေ ဘ၀တွေကတော့ အခုအချိန်အထိ တည်းငြိမ်းမှုတွေမရသေပဲ အခက်ခဲ့များစွာကို ရင်ဆိုင်တွေကြုံနေကြရပြီး သာသနာတော်ရေမှာ ပိုပြီးခက်ခဲ့လာပြီး သံဃာတော်တွေကို အကြောင်အမျိုးမျိုးပြပြီး ကန့်သတ်မှုတွေကတော့ ဆက်လက်ရှိနေဆဲ့ဖြစ်ကြောင့် သိရှိရပါတယ်။

ဦးဇင်းတို့မြန်မာသမိုင်းမှာ အကြီးမားဆုံး သံဃာတော်လှန်ရေကြီးဟာ မကြာခင်မှာ (၄)နှစ်မြောက်တော့မယ် ဆိုတော့ ဦးဇင်းတို့အတွက် စက်ဘာလကိုရောက်တိုင်း မျက်ရည်ကျရတာပါပဲ။ဝမ်းနည်းစရာတွေကို အခုအချိန်အထိ မြင့်တွေနေရတော့ တိုင်းပြည်အပြင်ဘက်ရောက်နေပင်မယ် ခံစားချက်တွေကတော့ မြင့်ထန်နေဆဲ့ပါပဲ။လောကမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ကဦးဇင်းတို့ တာဝန့်ရှိပါတယ်။မအောင်မြင့်သေတဲ့ အချိန်မှာ ရွှေဝါရောင်တော်လှန်ရေက သံဃာတော် အတွက်ကတော့ ဓမ္မနဲ့အဓမ္မတိုက်ပွဲက ဆက်လက်ရှိနေဆဲပါပဲ။

ဦးဇင်းတို့၂၀၀၇ခုနှစ်က ရွှေဝါရောင်တော်လှန်ရေဟာ လူထုလူတန်းစား အများပါဝင်ခဲ့သည့် အတွက် လှုပ်ရှားမှုတွေကတော့ မအောင်မြင့်မှုရှိခဲ့ပင်မယ်။အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်တွေ ကလေးငယ်တွေစိတ်ဓါတ်ထဲကို ၀င်ရောက်နိုင်ခဲ့ပါတယ်။အခုဆိုရင် ၂၀၀၇ခုနှစ် မျိုးဆက်တို့၏ လှုပ်ရှားဆောင်ရွက်မှုတွေကတော့ အရမ်းကိုအားကောင်လာပြီး ဖြစ်နေတဲ့ အတွက်နောင်လာမယ် အနာဂတ်မှာ ဦးဇင်း မျိုးဆက်သစ်လူငယ်တွေ အတွက် အားကောင်းတဲ့ လှုပ်ရှားမှုတွေဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဦးဇင်းတို့သံဃာတွေက ယုံကြည်နေကြတာပါပဲ။

ဦးဇင်းတို့ကလေးဘ၀က အားကျခဲ့ရတဲ့ စာရေးဆရာကြီးတစ်ယောက်ကတော့ ဘ၀အဓိပ္ပါယ်နှင့်ဘ၀သစ္စာ၊ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်၊စိတ်အဆင့်ဆင့်မြင့်ခြင်သဘာဝကို ပုံဖော်ပေးသည့် စာပေးတွေကို ဖတ်တက်အောင် ဦးဇင်းကို သင်ကြားပြုစုပျိုထောင်ပေးခဲ့ပါတယ်။ ဦးဇင်းဘ၀မှာ အမှတ်တရရွှေဝါရောင် အညတရသူရဲ့ကောင်းကိုယ်တော်တစ်ပါးကို အမှတ်တရရှိနေပါတယ်။သူဟာ စစ်ကိုင်းတိုင်း သဘော်ဂျိုင်းဝှမ်းကို ရောက်ရှိပြီး စစ်တပ်၏မိုင်းကွင်းရှိတဲ့နေရာတွေရောက်သွားတဲ့ သူငယ်ချင်းပြန်ပြောပြတဲ့ သူဘ၀ခရီးအစကဒီလိုပါ။ တပည်တော်တို့ပေါ်တာတွေကိုရှေ့ကနေသွားခိုင်းတာဘဲ မသွားလို့လည်းမရဘူး လေ သူတို့လက်ထဲမှာ သေနတ်ရှိတယ် မသွားရင်ပစ်သတ်မယ်ပြောတော့ကြောက်ကြောက်နဲ့ သွားရတာပေါ့လို့ပြောတဲ့ အကျဉ်းသားဦးဇင်းလေးကတော့ ရှေ့တန်း ပေါ်တာအထမ်းသမားအဖြစ်နဲ့ နှစ်ကြိမ်ပါသွားတဲ့ ဧရာဝတီတိုင်းဘက်က စာသင်သားဦးဇင်းလေး အရှင်စန္ဓိမာဖြစ်ပါတယ်။

ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် အသင်တိုက်မှတ်နားက ဇေယျာသိဒ္ဒီကျောင်းတိုက်မှာဦးဇင်းနဲ့အတူးစာသင်နေတုန်း ရပ်ကွက်ထဲက ဒါယိကာ၊ဒါယိကာမတွေကို ပိတ်ပင်ထားတဲ့ စာရွက်စာတန်းတွေကို ဖြန့်ဝေမှုနဲ့ အဖမ်းခံရတာပါ။ ဗိုလ်ချုပ်အောင် မိန့်ခွန့်များ ကိုအောင်ထွန်းနှင့်၈၈ကျောင်းသားတွေ၏ ရေးသားထားတာတွေအားလုံးက သမိုင်းတွေဖြစ်ပင်မယ့် စစ်အာဏာရှင်တွေလက်ထက်မှာ အစိုးရကိုဆန့်ကျင်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်နေပါတယ်ဆိုပြီ။သူကိုထောင်ဒဏ်တွေ ချမှတ်ပြီး ရဲ့ဘက်စခန်းကို ပို့လိုက်ပါတယ်။

ကျောင်းတိုက်ကို ၀င်ရောက်တော့မယ် သတင်းရထားတော့ ဆရာတော်ကြီးက မင်းတို့ကျောင်းကနေ့ထွက်သွားကျတော့ ဆိုပြီး မျက်နှာကိုတစ်ဖတ်လွဲသွားပါတယ်။အဲဒီနေ့ကမြင့်ကွင်ကတော့ ဦးဇင်းတသက်မေ့လိုမရနိုင်တဲ့ ၂၀၀၇ခုနှစ်က အဖြစ်ပြက်ပါပဲ။၂၀၀၇ခုနှစ် နိုးဝင်ဘာလ ၇ ရက် ၊ ည (၁၁)နာရီလောက်မှာ ဦးဇင်တို့ကျောင်းက (၅) ပါးအဖမ်းခံရတယ်။ ကိုရင်ငယ်လေး ၃ ပါးပါတယ်။ ကိုရင်လေးတွေကိုတော့ ငယ်လွန်းသေးတာကြောင့် ပြန်လွတ်ပေးတယ်။ ကျောင်းထိုင်ဘုန်းကြီးနဲ့ စာချဘုန်းကြီးတွေကတော့အဖမ်းမခံရပါဘူးဘုရားသူတို့ကလာဖမ်းတဲ့သူတွေကို မင်းတို့သဘောဘဲပြောလိုက်လို့တပည့်တော်တို့ဘဲအဖမ်းခံရတာပါလို့ ပြောပြပါတယ်။ တပည်တော်အဖမ်းခံရတုန်းကအသက် ၁၉ နှစ်။ ကိုရင်ဘဲရှိသေးတယ်။ ရဟန်းမဖြစ်သေးဘူးဘုရား။ ရန်ကုန်တောင်ပိုင်းခရိုင်က လုံထိမ်း ၃၀ လောက်နဲ့ အရပ်ဝတ်ထားတဲ့ထောက်လှမ်းရေးတွေ၊ ပြီးတော့ ရပ်ကွက်ထဲက ကြံ့ဖွံ့နဲ့စွမ်းအားရှင်တွေက ၀ိုင်းဖမ်းတာဘုရား။ ကားပေါ် ရောက်တာနဲ့ လက်ထိပ်ခတ်ပြီး နံပတ်တုတ်တွေနဲ့ခေါင်းတွေ ကျောတွေကို အချက်ပေါင်းများစွာအရိုက်ခံရတယ်။ ခေါင်းပေါ်ကကျတဲ့ သွေး တွေ မျက်နှာတခုလုံးကိုဖြာနေတာဘဲ။ မူးကနဲ မိုက်ကနဲကိုဖြစ်တာ အဲဒီလို ရက်ရက်စက်စက် အဖမ်းခံရတာပါဘုရားလို့ သူတို့အဖမ်းခံရပုံကိုပြန်ပြောရင်း လက်သီးဆုပ်လိုက်တာကိုတွေ့လိုက်ရပါတယ်။

တပည့်တော်တို့က ဘာရာဇ၀တ်မှုမှ ကျူးလွန်တာလည်းမဟုတ်ဘူး။ ကိုယ့်ဒါယိကာဒါယိကာမတွေ အမှား အမှန်သိအောင် အသိဉာဏ်ရှိအောင်ဖြန့်ဝေပေးတာ။ အဲဒါကိုဘဲ သူတို့ကိုဆန့်ကျင်တယ်ဆိုပြီး ဖမ်း တယ်။ သူတို့ကိုယ်တိုင်က မကောင်းတာတွေလုပ်နေတော့ သူတို့ကိုစောင်းပြောတယ်ထင်နေတာဘုရား။ မြတ်စွာဘုရားသာ သက်ရှိ ထင်ရှားရှိနေသေးရင် အဖမ်းခံရမှာသေချာတယ်လို့ သူရဲ့ထင်မြင်ချက်ကိုပြောပြပါတယ်။

ဘာပုဒ်မတွေတပ်ပြီး ထောင်ဘယ်နှစ်နှစ်ကျခဲ့တာတုန်းလို့မေးကြည့်တော့ ၂၉၅ (က) သာသနာညှိုးနွမ်းအောင်ပြုလုပ်ပုဒ်မ။ တည်းဆဲပုဒ်မ၊တရားမ၀င်အသင်နဲ့ဆက်သွယ်မှု။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချလိုက်ပြီး အင်းစိန်ထောင်ပို့လိုက်တယ်။
အရှင်ဘုရားရေး စ, ဖမ်းထဲက သွေးထွက်သံယိုအရိုက်ခံရတာ ဘယ်နေလိမ့်မလဲ ခံရတာပေါ့။ နှစ်ရက်သုံးရက်လောက် တယောက်ပြီး တယောက်လာပြီး မအိပ်မနေစစ်တာ။ ထိုးတာ ရိုက်တာ စစ်ဘိနပ်တွေနဲ့ကန်တာခံရတာပေါ့။ ထောင်ထဲရောက်တော့လည်း ပုံစံထိုင်တာ မမှန်လို့တဲ့ အရိုက်ခံရတယ် အကန်ခံရတယ်။ ထမင်းမ၀လို့ ထပ်တောင်းတာ ဒါဘုန်းကျောင်းမဟုတ်ဘူးကွာ ဆိုပြီး ထမင်းဝေတဲ့ ဇွန်းကြီးနဲ့ခေါင်းအရိုက်ခံရတယ်။ ပြောမယ်ဆို အများကြီးပါဘဲ။ အဆိုးဆုံးကတော့ထောင်ထဲမှာ နေရထိုင်ရတဲ့ အချိန်မှာ အကျဉ်းထောင် ၀င်ထန်းတွေရဲ ဆက်ဆံတာတွေ ဟာ တကယ့်အနိဌာရုံတွေပါဘုရားလို့ ထောင်တွင်းမှာကြုံတွေ ခဲ့ရတာတွေကိုပြန်ပြောပြပါတယ်။

အရှင်ဘုရားတို့ထောင်ကျသံဃာတွေကို ရှေ့တန်းစစ်မျက်နှာပြင်ကို ခေါ်ထုတ်တာတွေရှိပါလာ။နောက်ပြီး ပေါ်တာဆွဲတဲ့ အထဲလိုက်ရသေလား။ ဘယ်နေရာတွေရောက်ခဲ့လဲ ဘာတွေလုပ်ခဲ့ရတာလဲ ပေါ်တာအတွေ့ အကြုံလေးလည်း ပြောပါအုံးဘုရား။

ထောင်ထဲရောက်ပြီး ၆ လလောက်ဘဲရှိသေးတယ်။ ငွေမပေးနိုင်လို ရှေ့တန်းစစ်မျက်နှာမှာ ပေါ်တာထမ်းဘို့ တောင်ငူထောင်ပို့လိုက်တယ်ဘုရား။ ၃၁ ဇူလိုင် ၂၀၀၉ ကနေ ဖေဖ၀ါရီ ၄ ရက် ၂၀၁၁ အထိ ကျောက်ကြီး ခလရ (၆၀) အဲဒီကနေ ထိုင်းမြန်မာနယ်စပ် ကိုတလကြာသွားရတယ်။ ကရင်ပြည်နယ်ထဲမှာပါဘဲ။ လက်နက် ကျည်ဆံရိက္ခာ ဆေးဝါးတွေထမ်းရတယ်။ မထမ်းနိုင်တော့ဘူး လမ်းမလျောက်နိုင်တော့ဘူး တောင်မတက်နိုင်တော့ဘူးဆိုရင် စစ်ဘိနပ် တွေနဲ့ အကန်ခံရတယ်။ သေနတ်ဒင်နဲ့အဆောင့်ခံရတယ်။ မအေတွေ နှမတွေနဲ့ မိုးမွှန်အောင်ဆဲတာခံရတယ်။ မလိုက်နိုင်တော့လို့ဓားနဲ့ထိုးသတ်ခံရတဲ့ ပေါ်တာတွေလည်းရှိတယ်။ တခါတလေ ထမင်လည်းငတ် ရေလည်းငတ် သုံးလေးရက်ဆက်တိုက်လမ်းလျောက်ရတာတွေရှိတယ်။ ရန်သူ့နယ်ထဲရောက်လို့ မိုင်းရှိမယ်ထင်တဲ့နေရာတွေကို ပေါ်တာတွေကိုအရင်သွားခိုင်းတယ်။ မသွားချင်လည်းမရဘူး ပြန်မ ပြောနဲ့ခိုင်းတာလုပ် ပြန်ပြောရင်ပစ်သတ်မယ်လို့ တခါတည်းပြောထားတယ်။ မိုင်းထိလို့ ခြေပြတ်လက်ပြတ်ပေါ်တာတွေကို ပြန်မခေါ် တော့ဘူး။ လမ်းမှာထားခဲ့တယ်။ သေနတ်နဲ့ပစ်သတ်ခဲ့တာတွေလည်းရှိတယ်။ စစ်သားတွေမိုင်းထိရင်တော့ ပေါ်တာတွေကထမ်းရတယ်။ အဲဒီအချိန်ကတော့ အရမ်းစိတ်ဆင်းရဲစရာကောင်းသလို တိရစ္ဆာန်တွေလို မတရားအခိုင်းခံရလို့ ပြောမပြတတ်အောင် နာနာကျင်ကျင် ခံစားရပါတယ်လို့ပြောတဲ့ သူရဲ့ပေါ်တာအတွေ့အကြုံတွေကိုနားထောင်ရင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇ၀တ်မှု ကျုး လွန်ခဲ့တာတွေကို ထင်ထင်ရှားရှားတွေ့ ရပါပြီး သံဃာတော်တွေအပေါ် အခုလိုနှိပ်စက်နေတာ အရမ်းဝမ်းနည်းစရာကောင် သလို့ အရှင်စန္ဒိမာကိုယ်တော်လို့ သံဃာတွေဘယ်လောက်များ သူတို့လက်အောက်မှာ အသက်ပျောက်နေရပြီးလည်းဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီး။

တပည့်တော် မိသားစုကနေ့ အယူခံဝင်တာနိုင်လို့ ထောင်ထဲမှာ ၂နှစ်ဘဲနေခဲ့ရပေမဲ့ ရှေ့တန်းမှာ ကံကောင်းလို့မသေခဲ့တာပါဘုရား။ ပေါ်တာ အတွေ့ အကြုံတွေကတော့ တပည့်တော်ဘ၀မှာ တကယ့်ကို ဆိုးဆိုးဝါးဝါးအတွေ့အကြုံတွေပါဘုရား။ ထောင်ကလွတ်ခါနီး ထောင်မှူးကမှာလိုက် သေးတယ်။ မင်းတို့နောက်ကိုအစိုးရဆန့် ကျင်တာတွေမလုပ်နဲ့ နောက်တခါဆို ဒီထက်ဆိုးမယ်လို့ပြောလိုက်ပါသေတယ် တပည်တော်ကတော့ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေမှာပါပဲ။

ထောင်ကလွတ်တာနဲ့ ရွာကိုပြန်တယ်။ရွှာက ဆရာတော်ကြီးက မောင်သင်္ကန်ပြန်ဝတ်ပြီး မြို့ကိုပြန်တက်ပြီး စာဆက်သင်ကွာလို့ပြောလို့ အဖေအမေကလည်းဝမ်းသာ ရွှာကသူတွေကလည်း ၀မ်းသာပြီး ရွှာကနေ့စုပေါင်းပြီး ရဟန်းခံပေးပါတယ်။ တပည့်တော် အခုတော့ မိမိတက်နိုင်တာကို လုပ်နေရင် အိန္ဒိယနိုင်ငံ နာလန်တာတက္ကသိုလ်မှာ စာသင်နေတာ တစ်နှစ်ကြာပါပြီးဘုရားလို့ပြောလာတဲ့ အရှင်စန္ဒိမာကိုယ်တော်လေးရဲ့ မြင့်မြတ်သော စိတ်ထားတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းနေမိပါတယ်။
စာရေးသူ ဖျာပုံ (အရှင်)
၁၇-၈-၂၀၁၁
ည ၁၀နာရီ ၅မီနစ်။

No comments:

Post a Comment