Wednesday, January 18, 2012

21th mourning anniversary of U Tin Maung Win အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရုပ်သံ

၁၈--၂၀၁၂ နံနက် ၉း၀၀ နာရီ တာမွေမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က 'ရဲဘော်ရဲဘက်တွေ အချင်းချင်း တဦးနှင့်တဦး သစ္စာတွေ မေတ္တာတွေ ထားပြီး အလုပ်လုပ်လာကြတာပါ၊ အဲ့တာကြောင့် အခုအထိ ကျမတို့ ရပ်တည်နိုင်တာပါ၊ ကျမတို့ကို ထောက်ခံတဲ့သူတွေကို အမြဲပဲ ကျေးဇူးတင်ပါတယ်' လို့ နှစ်ပတ်လည်ပွဲကို ရောက်ရှိလာတဲ့ ပရိသတ်တွေနဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း) ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့ရပြီးနောက် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက် ထောင်သွင်း အကျဉ်းကျခံရပြီး ထောင်တွင်း လပိုင်းမျှသာ နေခဲ့ရပြီး ရုတ်တရက် သွေးကင်ဆာရောဂါဖြင့် သေဆုံးသွားပြီဟု အာဏာပိုင်တွေဘက်မှ မိသားစုဝင်တွေကို အကြောင်းကြားခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း) ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပြီး အခု ၂၀၁၂ ခုနစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဟာ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့် မြောက်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

No comments:

Post a Comment