skip to main |
skip to sidebar
NLD ရဲ့ ပါတီဝင် ဖောင်ဖြစ်ပါတယ်.နီစပ်ရာဖြန့် ဝေကြပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ။။ ( ပုံစံ )
၂၀၁၂ခုနှစ် ဇန်န၀ါရီရီလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့ပြီး ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။
“ပါတီလျှောက်လွှာကို ရုံးချုပ်က တစ်သန်း ထုတ်တယ်၊ အဲ့ဒါကို ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တွေကို ပြန်ရောင်းပေးတယ်၊ အဲ့ဒီမြို့နယ်မှာရှိတဲ့ မည်သူမဆို အဖွဲ့ဝင်တွေဆီကနေ ဖောင်ဝယ်ဖြည့်ပြီး ပါတီဝင်အဖြစ် လျှောက်ထားလို့ရပါတယ် “ဟု အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းက ပြောသည်။
ပါတီဝင်လျှောက်လွှာတစ်စောင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မိမိမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များထံတွင် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment