Friday, January 18, 2013

၂၀၀၇ရွှေဝါရောင်တော်လှန်၏ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ထာဝရက အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေပြီးလို့ပြောဆိုလိုက်ပါတယ်

မြန်မာနိုင်ငံလုံးဆိုရာသံဃာ့ကိုယ်စားအလှယ်အဖွဲ့ ခေါင်းဆောင် အရှင်ထာဝရက အလုပ်တွေ ဆက်လုပ် ရမှာပေါ့ ဒါပဲရှိတယ်၊ လွတ်မြောက်နယ်မြေထဲမှာဆိုပင်မယ်။မြန်မာပြည်က မပြည့်မစုံသေတဲ့ စာပေ လွတ်လပ်ခွင့် ငြိလာတဲ့
ဂျာနယ်တွေက သတင်းတွေကို ဖတ်ခဲ့ရတော့ အတွင် အခြေအနေကို ဘာမှ မသိရသေးဘူး၊ လေ့လာရဦးမယ်၊
အချိန်ယူရဦးမယ်လို့ နော်ဝေနိုင်ငံ ရတနာအောင်မြေကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်သည့် အရှင်ထာဝရက ပြောဆိုပါတယ်။ အရှင်ထာဝရဟာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်း ဦးဆောင် ပါဝင်ခဲ့သည့်
အတွက် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် ပြစ်မှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီးမျက်ကွယ်၌ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအပေါ်ဘယ်မြင့်ပါလဲဘုရား။
ဦးဇင်းရဲ့အမြင့်ကတော့ အရှင်ပါတယ်။အာဏာရှင်အစိုးရ အာဏာပိုင်များသည် ပြည်သူလူထုအတွင်း အမျိုးမျိုးသွေးခွဲခဲ့သည် သမိုင်းကြောင်းအတွေ့အကြုံများကိုသိရှိကြဖို့လိုပါတယ်။“မြန်မာပြည်သူလူထုဟာ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ဒေသဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အဓိကရုဏ်း တခုကို ဖန်တီးပေးလိုက်ကြပြန်ပါတော့တယ်။ ဦးဇင်းတို့ဟာ ရာစုနှစ်ထက်ဝက်နီးပါး စစ်အာဏာရှင်စနစ်အောက်မှာဖိနှိပ်ခံ၊ ပိတ်ပင်ခံခဲ့ရတဲ့ ဦးဇင်းတို့ တိုင်းပြည်ဟာ အရာရာအောက်တန်း နောက်တန်းကျခဲ့ရပြီး ယဉ်ကျေးမှု အမွေအနှစ် စာပေ အသိပညာ တွေပါ တစစ ပျက်သုဉ်းလုမတတ်ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်း သော အစိုးရဖြစ်အောင် ကြိုးပမ်းနေကြတဲ့ ခေတ်ရောက်မှ အပိတ်ခံထားရတဲ့မျက်လုံးများ ပြန်ဖွင့်ပြီး ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန် သောပြည်သူလူထုကြီးဖြစ်အောင်၊လူထုအခြေပြုအဖွဲ့အစည်းများကနေ့/ညမနားကြိုးစားနေကြရပါမယ်။
ဦးဇင်းတို့နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင် မြင့်မားတိုးတက်မှသာ နိုင်ငံရဲ့ရှေ့ခရီး လုံခြုံ လွတ်လပ် အေးချမ်းသာယာမှာဖြစ်တာမို့ ဦးဇင်း တို့အားလုံး ပါဝင်ဖြည့်ဆည်း တာဝန်ယူနိုင်ရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ဦးဇင်း တို့ တတ်နိုင် တဲ့ဘက်က တပိုင်တနိုင် ကွက်လပ်ဖြည့်တဲ့အနေနဲ့ အမျိုးသား အကျိုးစီးပွားကိုကြည်ပါလို့ပြောခြင်းပါတယ်။ 

နောက်ဆုံးတစ်ခုမေးခြင်းတာကဘုရားအခုအချိန်အထိသံဃာတော်တွေကိုနှိမ့်မှုတွေရှိနေသေ
တာကိုဘာပြောခြင်းပါလဲဘုရား
မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာတော်များ လမ်းမပေါ် ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ အဖြေကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ စစ်အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ သံဃာတော်များဦးဆောင်တဲ့ လူထုလှုပ်ရှားမှုအပေါ် နည်းနည်းလောက် ပြန်ဆန်း စစ်ကြည့်ချင်ပါတယ်။ ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက်ချီတက်ရမယ့် တော်လှန်ရေးခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလောအခြေအနေတွေကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န--ဖဟာ သပ်လျှိုသွေးခွဲတဲ့စနစ်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကိုလည်း နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင်လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ--န ဆရာတော်များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့် လည်းကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။
ယခုလက်ရှိ အခြေနေထိကတော့ မြန်မာပြည်က အာဏာပိုင်တွေဟာ ရဟန်းသံဃာတွေအပေါ်မှာ အငြိုးကြီးစွာနဲ့ဘဲ ကန့်သတ်မှုတွေ မတရားချုပ်ချယ်မှုတွေ ဖိနှိပ်မှုမျိုးစုံတွေကို လွန်ကြူးနေကြဆဲပါဘဲ။အရင်က မြန်မာပြည်မှာ သံဃာတော်တွေ ရရှိတဲ့ အခွင့်အရေးတွေဟာ န..ဖ စစ်အုပ်စုမပြုတ်သ၍ ပြန်လည်ရရှိတော့မည် မဟုတ်ပါ။ အကျိုးဆက်အဖြစ် စာပေသင်ကြားမှုတွေ တရားဟောကြားမှုတွေ တရားအားထုတ်မှု စတဲ့ ဘာသာရေး လုတ်ငန်းစဉ်တွေကိုပါ ထိခိုက်လာနေတဲ့အတွက် အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ဆိုရင် လွန်မယ်မထင်ပါ။ ဒါကြောင့် မြန်မာနိုင်ငံက အနာဂါတ် ဗုဒ္ဓသာသနာအရေးဟာ ယခုအတိုင်းသာ ဆက်သွားခဲ့ပါရင် အလွန်တရာမှ ရင်လေးစရာကောင်းလှပါတော့တယ်။

ဆရာတော်အားကျေးဇူးတင်ပါဘုရား။


 

No comments:

Post a Comment