Saturday, March 30, 2013

တစ်ချို့သော မြန်မာသတင်းသမားလူငယ်များသို့ အိတ်ဖွင့်ပေးစာ




ဒီနေ့ ခေတ်မှာ လူငယ်တိုင်း စာရေးကြ၊သတင်းလိုက်နေကြတော့ အကောင်းဘက်ကကြည့်မယ်ဆိုရင် အင်းအားတစ်ရပ်ပဲပါ။သတင်းရေးတာကို အပြစ်ပြောစရာမရှိပင်မယ်။သတင်းဆိုတာ အကောင်းဘက်ကို ဦးတည်းနေဖို့တော့လိုပါတယ်။သတင်းကို စိတ်ခံစားမှုတွေနဲ့ရေးနေမယ်ဆိုရင်တော့ အားလုံးအတွက်အကျိုးမဖြစ်နိုင်ဘူး အကျိုးဖြစ်အောင်လုပ်စေချင်းပါတယ်။လောကမှာ အမြင့်တူဖို့ဆိုတာတော့ မလွယ်ပါဘူး၊ဒီတော့ အတက်နိုင်ဆုံးတော့ ကိုကိုယ်တိုင်ရေးတဲ့ သတင်းကို ပြန်ပြီးသုံးသပ်ဖို့လိုမယ်လို့ထင်ပါတယ်။စကားဆိုတာ ပြောတိုင်မကောင်းသလို သတင်းဆိုတာလည် ရေးတိုင်မကောင်းတာတွေရှိပါတယ်။လက်တလော့ အခြေနေတွေကိုကြည်ရင် သတင်းသမားတွေဟာ စီးပွားလုပ်သလိုဖြစ်နေတာ စိတ်မကောင်းစရာကောင်းပါတယ်။
အထောက်ထားမရှိပဲ ဘာသာရေးဘုန်းတော်ကြီးတွေဆိုပြီး စွပ်စွဲပြောဆိုနေတာဟာ ကိုကိုယ် ပြန်ပြီး ဆန်းစစ်ဖို့လိုပါတယ်။မိမိတို့ဟာ မိမိတို့ဘာသာတရားကိုမှာ မိမိတို့က မလေးစားရင် တစ်ခြားသော သူတို့၏လက်ညိုထိုးစရာဖြစ်နေမှာပေါ့ ပြောခြင်းတာတွေကတော့ အများကြီးပါပဲ။
ပဋိပက္ခတွေကိုပြန်ဆက်မယ်ဆိုရင် ဥပဒေအရ အရေးယူသင့်တဲ့သူကို ပြင်းပြင်းထန်ထန်အရေးယူပါ သူတို့ဘယ်ကလာသလဲ? သူတို့ဟာ တကယ်ပဲ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသလား? တကယ်ပဲ ဗလီတွေဆောက်ခွင့်ရကြသလား?စသည့်ဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလှည့်စားတာကို ပြည်သူတွေ နည်းနည်းအလှည့်စားခံနိုင်တယ် ဒါပေမယ့် လူမျိုးရေးနှင့်ဘာသာရေးကိုတော့အထိခိုက်မခံနိုင်ဘူးဆိုတာပြောပါရစေ။
မင်းတို့တွေက ဘာသာရေးဟာ နိုင်ငံရေးနှင့်ဘာမှမပတ်သတ်ဘူးရယ်လို့မထင်လိုက်ပါနဲ့။ အင်မတန်မှ ဆက်စပ်လွန်းအားကြီးပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ State Religion ဟာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ နောင်တစ်ချိန် ဘယ်လိုဖြစ်သွားမလဲ ? ဥပမာ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် အစရှိသည်. နိုင်ငံများမှာ ယခု သူတို့ရဲ့ State Religion ဟာ ဘာဖြစ်သွားပြီလဲ? ဘာသာရေးကို အထင်သေးပြီးဘာမှမလုပ်ရင်ဘုန်းကြီးတွေဟာ ပြတိုက်ထည့်ရောက်သွားမယ် ပုဂံကို ဗီဇာနဲ့သွားရလိမ့်မယ် ရဟန်းသံဃာကို ဆွမ်းလောင်းချင်လို့လောင်းခွင့်မရပဲအခြေနေဖြစ်သွားမယ်ကိုယ့်အသုဘတောင်သရဏဂုံတင်ပေးမယ့်ဘုန်းကြီးမရှိပဲဖြစ်သွားမယ်။
ဒီလောက်ပြောရင် အားလုံးနားလည်ကြမယ်ထင်ပါတယ်။ အခုမိမိရဲ့မဖြစ်စလောက် အကြံပေးချက်တွေကို လက်ခံနိုင်ရင်လည်းလက်ခံပါ လက်မခံနိုင်ပါကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြောင်း။
မိမိတို့ ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။
ဒီလိုဘဲမတ်တတ် ရပ်နေတာပါ၊အဲဒါအ မှန်ပြောတာပါ၊တယောက်နဲ့တယောက်မတွေ့ဘူးဘဲနဲ့ဘလော့ပေါ့ဗျာ။လူချင်းများအပြင်မှာတွေ့ရင်ဘယ်လိုနေမလည်း?ခေါင်းလေးငုံ့မျက်လွှာချနေမလားမသိအွန်လိုင်းမှာကိုကသည်းမခံနိုင်ဘူးလား။
သတင်းဖတ်တာရဲရဲပေါ့၊ကြိုက်ရင်ဖတ်၊မကြိုက်ရင်မဖတ်နဲ့ပေါ့၊ဒီလိုမရဘူးလား၊ဘာကွန်မင့်နဲ့မှရန်ဖြစ်စရာမလိုဘူးပေါ့၊အခုတော့ရန်ဖြစ်နေကြတယ်၊အဲဒါကတိုင်းပြည်အတွက်အမှန်တွေလားဗျ?လိုင်များမှ ရှယ်တာများမှတိုင်းပြည်ကောင်းမှာလား?ကိုယ့်ကိုကိုယ်လှည့်စားနေကြတယ်၊
ကိုယ့်ပိုက်ဆံနဲ့ကိုအင်တာနက်သုံးနေပါသည်၊ကိုယ့်သဘောတိုင်းရှေ့ဆက်လုပ်ပါမည်၊ကွန်မင့်မရေး၊မပေးလည်း စိတ်မဆိုးပါ ၊ကျေးဇူးတင်ပါသည်။
လွတ်လပ်ခြင်းနဲ့ပျော်ရွှင်မှုကိုရအောင်မှမလုပ်နိုင်ရင်သေတာမှကောင်းအုံးမယ်အဲ့ဒါတွေကို ရင်းပြီး ရတဲ့ အောင်မြင်မှုဆိုတာ ကိုယ့်အတွက်တော့စိတ်ရဲ့အမာရွတ်တစ်ခုလို့ဘဲမြင်တယ်။ဦးကိုကိုလှိုင်ကဗုဒ္ဓဘာသာလူမှုအသိုင်းအဝန်းအတွင်းမှာအစွန်းရောက်တွေရှိကြောင်း...........ပြသနာအစကိုဘယ်သူကဖန်တီးတာလဲ?...ဘုန်းကြီးကိုသတ်တာဘယ်သူလဲ? ရွှေလာရောင်းတဲသူကိုရိုက်တာဘယ်သူတွေလဲ?..ဒါကိုသိရက်သားနဲ့ ဘာဖြစ်လို့ အကြံပေးတစ်ယောက်အနေနဲ့ဒီစကားကိုပြောရတာလဲ?.ပေါ်ပြူလာဖြစ်ချင်တာလား?..၂၀၁၅ ရွေကောက်ပွဲအတွက်စည်းရုံးရေး လုပ်တာလား?..ပြသနာကို ပိုမိုကြီးထွားအောင်ဖန်တည်းနေတာလား?... စကားကိုသတိထားပြောပါ....ဒီအရေးအခင်း က ဦးတည်ချက်ပြောင်းပြီး နိုင်ငံရေးဖက်ရောက်သွားနိုင်တယ်ဆိုတာ အကြံပေးတစ်ယောက်အနေနဲ့ မစဉ်းစားတတ်တာလား?
အဓိက နိဂုံးအနေနဲ့ ပြောချင်တာကတော့ အွန်လိုင်းသုံးနိုင်တဲ့ အဆင့်ရှိတဲ့သူတွေရဲ့ အတွေးအခေါ်နဲ့ တုံ့ပြန်မှုဟာ ဒိထက် ရှေ့ရောက်သင့်တယ်လို မြင်တာပါပဲ။ ဒိလို အွန်လိုင်းတက် ရဲရဲတောက်နေကြတဲ့ သူတွေထဲမယ် ပညာတတ်လို့ ယုံကြည်ထားသူတွေ မမျှော်လင်မိသူတွေ အတော့်ကို များနေတာကို ဒီဖြစ်ရပ်တွေမှာ အံ့သြခြင်းကြီးစွာနဲ့ တွေ့လိုက်ရတာပါပဲ။

အော်ချင်ရာ အော်နေတာက လူတိုင်းလုပ်တတ်ပါတယ်။ ဒီလိုအော်နေတာတွေ ပုဆိုးခြုံထဲက လက်သီးလို အန္တရယ်မရှိတဲ့ အွန်လိုင်းပေါ် တက်စွာနေတာတွေက အကျိုးထက် အပြစ်ပိုများစေပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားလုံးကို ဖတ်မိတဲ့သူတစ်ယောက် ရင်ထဲမယ် အမုန်းမီးစတစ်ခု ပျိုးသလို ဖြစ်သွားရင် နောက်တစ်ချိန်မှာ ကိုယ့်မျိုးနွယ် ကိုယ့်ဘာသာဝင် တစ်ယောက်ကို နှိပ်စက်မယ့် တုတ်တစ်ချက်လဲ ဖြစ်သွားနိုင်သလို ဓါးတစ်ချောင်းလဲ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒိ နှိပ်စက်ခံရမယ့်သူကကိုယ့်မိသားစုထဲကလဲဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ရင်ထဲမှာ အမုန်းတရားတွေ အာဃာတတရားတွေ တကယ်ရှိနေရင်တောင်မှ ဘာမှအကျိုးမဖြစ်သွားပဲ ဆိုးကျိုးတွေပဲ ရစေနိုင်တဲ့ ဒီအွန်လိုင်းလို နေရာမျိုးမှာ အာသာပြေ ဖြေဖျောက်တာထက် ကိုယ့်ရဲ့ မျိုးဆက်တွေကို ဘာသာရေး အခြေခံဝင်အောင်၊ ကိုယ်တိုင်က ဘာသာရေးကို ကျင့်ကြံပြီးတော့ လူတိုင်းအားကျ နောက်ကလိုက်ချင်စရာ ဘာသာရေး သူတော်စင် သူတော်ကောင်းဖြစ်အောင် ကြိုးစားဖို့ ပိုကောင်းမယ်လို့အကြံပြုပါရစေ။

မှတ်ချက်။ မဟုတ်ရင်တော့ ကိုယ့်အသံကြောင့် ကိုယ့်ဘာသာဝင်တွေ မျိုးနွယ်တွေ အကျိုးဖြစ်ဖို့ထက် အန္တာရာယ်ဖို့ပဲ ရှိပါကြောင်း တင်ပြအပ်ပါသည်။
စက်တင်ဘာထာဝရ။
၃၀-၀၃-၂၀၁၃
၁၈နာရီ၃၁မီနစ်။

No comments:

Post a Comment