Sunday, June 16, 2013

သံဃာတွေကို မစော်ကားမိအောင် သူတော်ကောင်းများ ကြိုးစားကြပါ၊၊

သံဃာတွေကို မစော်ကားမိအောင် သူတော်ကောင်းများ ကြိုးစားကြပါ၊ နိုင်ငံရေးတွေ ဥပဒေပြုရေးတွေဟာ လူတွေ လုပ်ရမဲ့အလုပ်ဆိုတာကို သံဃာခေါင်းဆောင်များ အားလုံးနီးပါး သိကြပါတယ်၊ ပြည်သူလူထုကရော လွှတ်တော်အမတ်တွေကပါ အကြောင်းအမျိုးမျိုး----ကြောင့် အမျိုးသားရေး ဘာသာရေးကို (အခြားဘာသာဝင် လူတွေလို) စိတ်မ၀င်စား မလုပ်ကိုင်ကြတာကြောင့် သံဃာတွေက စာသင်စာချ တရားပြ ဓမ္မသင်တန်းတွေကို ကြိုးစားလုပ်ကိုင်နေရင်း ဒါတွေကို ခဏဘေးထားပြီး အရေးကြီးဆုံးအလုပ်တွေကို (အသေးစားအာပတ်များ အသင့်ခံပီး အနစ်နာခံ မလိုသူတွေအကဲ့ရဲ့ခံကာ) အရင် လုပ်နေကြရတာကို နားလည်နိုင်ကြပါစေ၊ နို်င်ငံတကာမှာ မြန်မာဘုန်းကြီးတွေ အလုပ်လုပ်ဆုံး ဘာသာရေးပညာအတတ်ဆုံးဆိုတာကို သိရှိနိုင်ကြပါစေ၊ ထိုင်း သီရိလင်္ကာတို့မှာ ဦးဇင်းတို့နိုင်ငံက စာသင်စကိုရင်လေးတွေတောင် ရကြတဲ့ ပါတိမောက်တောင် ရသူ နည်းကုန်ကြတာ လက်တွေ့ပါ။ ဘာသာတူအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆရာဒကာ လက်တွဲကာ အချိန်မှီ လုပ်သင့်တာကို လုပ်ဆောင်ကာ နောင်တအဆင့်ထိ မရောက်အောင် စွမ်းဆောင်နိုင်ကြပါစေ။

၈၈၊ ရွှေဝါရောင်၊ လူထုစည်းဝေးပွဲ၊ ပါတီခေါင်းဆောင် ဟောပြောပွဲစတာတွေကို သံဃာတော်တွေဘက်က ကူညီတုံးက ဒီလူတွေ ဒီစကားထွက်ခဲ့ရင်တော့ ဒီလူတွေရဲ့ ဘာသာေ၇းအပေါ်မှာ လေးလေးနက်နက်သိပီး လေးလေးနက်နက် တွေးကာ သာသနာစိတ်ရှိတယ်လို့ ယူဆနိုင်ပါတယ်၊ သို့သော်-------၊ သံဃာတွေထိမ်းခဲ့လို့ မန္တလေးမှာ ၈၈တုံးက လူအသေအပျောက် နည်းခဲ့တာတွေ ခုလို ကုလားတွေနဲ့ ဖြစ်တဲ့ကိစ္စမှာ သံဃာတော်တွေ ထိမ်းသိမ်းပေးခဲ့လို့ နေရာတော်တော်များများ ပြဿနာ ဘာမှမဖြစ်တော့တာတွေကို ကြည့်တတ်ရင် မြင်ပါလိမ့်မယ်၊ ဂျီဟတ်စစ်ပွဲလို ထိုင်းတောင်ပိုင်းကိစ္စလို အင်ဒို မလေး ပါကစ္စတန် အာဖဂန်နစ္စတန်စတဲ့ ဗုဒ္ဓဘာသာနိုင်ငံကနေ အာဏာရအောင်ယူခြင်း အကျမ်းဖက် နည်းတွေသုံးခြင်းတွေနဲ့ မွတ်နိုင်ငံဖြစ်အောင် လုပ်တာလိုမျိုးများ ဖြစ်ရင် ဘယ်သူကို အပြစ်ပြောကြမလဲ၊ သံဃာကိုပဲ ပြောကြမှာမို့လား၊ ဘုရားရှင် လက်ထက်က ခုလို နယ်ချဲ့ဘာသာတွေ မပေါ်ပေါက်သေးတာတွေ နဲ့ ယဉ်ကျေးမှုသင်တန်းမှုးကောင်မလေးတွေ ဘာသာရေးခေါင်းဆောင်နဲ့ နီးစပ်သူတွေကိုတောင် နည်းမျိုးစုံနဲ့ သူတို့ဘာသာပါအောင် ဆွဲဆောင်နိုင်တာတွေကို ကြည့်ပီး ဘုရားခောတ်က လုပ်ပုံအားလုံးကို မိတ္တူအကုန်ကူးမချနိုင်တာကို နားလည်လောက်မယ် ထင်ပါတယ်၊ ခုလိုဆုပ်ကပ်ခောတ်မှာတောင် ဗမာသံဃာတော်တွေဟာ သီလလုံအောင် အနေနိုင်ဆုံး ပိဋကတ်စာပေ အနိုင်နင်းဆုံးဆိုတာကို ထိုင်း သီရိလင်္ကာက သံဃာတွေကတောင် ၀န်ခံနေရပါပီ၊ အပြစ်တင်သလို ဖြစ်သွားရင် ခွင့်လွှတ်ပါ၊ ဦးဇင်း ကွန်မင့် ပေးတာ အလေးမရှိပါဘူး၊ သိစေခြင်လို့ ရင်ထဲမှာ မခံစားနိုင်တော့လို့သာ ပြောမိတာပါ၊ ဒကာတွေရဲ့ စေတနာကိုလဲ နားလည်ပါတယ်၊ စေတနာက တိုင်းပြည်အတွက် ဝေဒနာ မဖြစ်စေခြင်လို့ပါ၊ အခုလို လုပ်နေလို့ သံဃာတွေမှာ တပြားတချပ်မှ မရကြပါဘူး၊ ကျမ်းမာ ချမ်းသာကြပါစေ။

အကောင်းသံဃာများတွေနဲ့ အဆိုးရဟန်းတချို့ ရှိတာ လောကဓမ္မတာပါ၊ လူတွေမှာလဲ တရွာလုံးကောင်းတဲ့ရွာ ဦးဇင်း မတွေ့ဖူးပါ၊ အကောင်းတွေကို ကြည့်တတ်ရင် ကုသိုလ်ရနိုင်ပီး အဆိုးကိုမှ ရွေးမြင်တတ်သူကိုတော့ ဘယ်သူမှ အကုသိုလ်မဖြစ်အောင် တားနိုင်မှာမဟုတ်ပါဘူး၊ ဒီဓမ္မတာဟာ ခုခောတ်မှ ဖြစ်လာတာမဟုတ်ပါဘူး၊ ဘုရားလက်ထက်ကတဲက (ဘုရားသတ် သံဃာဂိုဏ်းခွဲထူထောင်တဲ့) ဒေ၀ဒတ်တို့ (ငွေမက်၊ ကာမမက်တဲ့) ဆဗ္ဗဂ္ဂီရဟန်းတို့ (မတတ်ပဲ အတတ်ထင် မြင်ရာရှောက်ပြောတဲ့) လာဠုဒါယီတို့ (လောဘကြီးတဲ့ ဓမ္မကထိက) ဥပနန္ဒတို့လို ခတ်ညံ့ညံ့ရဟန်းတွေ ရှိခဲ့ကြတာပါပဲ၊ ပါရမီရှင်တွေက ရဟန်းကောင်းတွေကို ရွေးကိုးကွယ်တတ်လို့ အရိယာတွေ ဖြစ်ကုန်ကြတာ မနည်းပါဘူး၊ မရွေးတတ်သူတွေကတော့ အဇာတသတ်တို့လို အ၀ီစိ ရောက်တာ အထင်ရှားပါ၊ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပီး သာသနာမပြုနိုင်တောင် သာသနာကို မဖျက်စီးသူတွေ ဖြစ်ကြပါစေ။
Thiha Nyana

No comments:

Post a Comment