Showing posts with label ဂုဏ်ပြုမှတ်တမ်းလွှာ. Show all posts
Showing posts with label ဂုဏ်ပြုမှတ်တမ်းလွှာ. Show all posts

Friday, November 5, 2010

အရှင်ထာဝ၏ ဂျပန်နိုင်ငံကိုရောက်ရှိစဉ် ခရီးတလျောက်လုံးအား အစစအရာရာကူညီဆောင်ရွက်ပေးခဲ့ကြသူများကို အထူးကျေးဇူးရှိသည်....

စက်တင်ဘာလ ၆ ရက်နေ့မှစတင်ပြီး ဂျပန်နိုင်ငံကိုရောက်ရှိစဉ် ဦးဇင်းရဲ့ခရီးတလျောက်လုံးနဲ့ အစစအရာရာကူညီဆောင်ရွက်ပေးခဲ့ကြသော ဂျပန်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ MAJIMA JOKEI နဲ့ ဂျပန်နိုင်ငံသူနိုင်ငံသားများအပြင်၊ ဂျပန်နိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားညီအကို၊ မောင်နှမအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း


ဦးဇင်းရဲ့ ခရီးစဉ်တလျောက်လုံးမှာ လိုအပ်တာအားလုံးကို အစစအရာရာဖြည့်ဆည်းပေးသော ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိနှင့် တပည့်ဒါယကာ၊
ဒါယကာမမျာအပြင် ဘာသာပြန်အဖြစ်ဆောင်ရွက်ပေးသော ဦးမြတ်သိန်း ကိုဒီမိုဝေယံ၊ ကိုထွန်းလွင်၊ ကိုစိုး နဲ့မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါသည်


အရှင်ထာဝရ

Friday, July 9, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းသူများအား ပေးအပ်တဲ့ ဘဘဦးဝင်းတင်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ..



ဂုဏ်ပြုလွှာပါကဗျာ -

တိုင်းပြည်ကိုအမေက
ဘ၀နဲ့ အသက်ပေးထားတယ်။

ကျတော်တို့ မှာပြန်ပေးစရာ
လက်ထဲမှာရောဘ၀ထဲမှာပါ
ဘာမှမရှိဘူး။

ရင်ထဲမှာတော့ အများကြီး
စုန်နေ ဆန်နေတဲ့ သွေးကြောတွေထဲမှာ
အများကြီး။

ဘယ်တော့ မှ မကုန်ခမ်းနိုင်တဲ့ 
သွေးတွေ...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် သွေးလှူဒါန်းခဲ့ကြသော ကျောင်းသားလူငယ်နှင့် ဒီမိုကရေစီအင်အားစု (၆၅)ယောက်အား အဖွဲ့ချုပ်ခေါင်းဆောင် သတင်းစာဆရာကြီး အဘဦးဝင်းတင် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဂုဏ်ပြုလွှာ များပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဆိုပါ သွေးလှူဒါန်းခဲ့ကြသော ကျောင်းသားလူငယ်များကို ဒေါ်အောင်ဆန်းစုကြည်မှ မိမိမွေးနေ့ အထိမ်းအမှတ်
အဖြစ်ယခုလို သွေးလှူဒါန်းခဲ့ကြသော အလှူရှင်များအားလုံးကို မိမိအနေဖြင့် အထူးကျေးဇူးတင်ကြောင်းနှင့် သူတစ်ပါး အသက်ရှင်သန်ရပ်တည်နိုင် ... ရေးအတွက် မိမိသွေးကို ဖောက်ထုတ် လှူဒါန်းခြင်းသည်... မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း အမှာစကားပါးလိုက်ပါတယ်။

ယခုလိုလူထုခေါင်းဆောင်... မှအရေးတယူ အမှာစကား ပါးခဲ့ခြင်းကြောင့် သွေးလှူရှင် ကျောင်းသားများက အလွန်တရာ ဂုဏ်ယူ ၀မ်းမြောက်နေကြတယ်... ဆိုတာ အမေဒေါ်အောင်ဆန်းစုကြည် ကိုသိစေချင်ပါတယ်။ အမေချစ်တဲ့ မြန်မာပြည်ကို အမေ့သားတွေကလဲ အလွန်ချစ်ကြောင်းနဲ့ လိုအပ်လာပါက .. အသက်ကိုပင်ပေးဆပ်ဖို့ ၀န်မလေးကြကြောင်း အမေ့စိတ်ဓါတ်ကို အလေးအမြတ်ပြုရင်း သွေးလှူရှင် ကျောင်းသားအားလုံးရဲ့ ကိုယ်စား အမေသိပါစေကြောင်း ပြောကြားလိုပါတယ်။
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ


ပေးပို့လာတဲ့ ကိုကိုအား ကျေးဇူးတင်ပါတယ်။အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်.........

Tuesday, February 23, 2010

အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ဦးတင်ဦး အားပေးအပ်

ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့
ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ
အောင်မြင်ဖို့လုပ်နေတဲ့အတွက်ြေ
ကာင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး
သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့်
ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။
အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈
လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။
အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က
ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)ကျေးဇူးတင်
စကားနှင့်အတူဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်း
မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့
ခေါင်းဆောင်ပြီး
ပါလာတဲ့အခါမှာကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ
ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့
ကျေးဇူးတင်တယ်၊
ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့
သဘောဆောင်တယ်။တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာဒီနိုင်ငံတော်ကြီးဟာ
ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ
တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ
ပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”
ဟုပြောကြားခဲ့သည်.။