Showing posts with label နှိုးဆော်စာ. Show all posts
Showing posts with label နှိုးဆော်စာ. Show all posts
Friday, March 1, 2013
ကျန်ရှိနိုင်ငံရေးအကျဉ်းသားများစာရင်း ပြန်လည်စိစစ်နိုင်ရန်အတွက်နိုင်ငံရေးနှင့်ဆက်စပ်၍ ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသားမိသားစုများအနေဖြင့် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးအပ်ပါသည်။
ကျန်ရှိနိုင်ငံရေးအကျဉ်းသားများစာရင်း ပြန်လည်စိစစ်နိုင်ရန်အတွက်နိုင်ငံရေးနှင့်ဆက်စပ်၍
 ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသားမိသားစုများအနေဖြင့် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့
 နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးအပ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
(
) ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
ဝ၁-၅၆၅၉၁၉၊ ဝ၉-၇၃ဝ၈၁၇ဝ၁
(
မှတ်ချက်။ ။ရုံးချိန်အတွင်းသာဆက်သွယ်ကြပါရန်)
(
) ကိုရဲအောင်( နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့) နိုင်/ကျဉ်း
ဝ၉-၄၉၅၉ဝ၄၉၅၊ ဝ၉-၇၃၁ဝ၇၉၃၃၊၀၉-၄၃၁၅၄၉၄၉
(
) ကိုညိုထွန်း (နိုင်/ချုပ်)ဝ၉-၅၁၁၆၄၄၃
(
) ကိုဘိုကြည် (AAPP)ဝ၉-၄၂၅၃၀၈၈၄ဝ
ဆက်သွယ်ရန် email လိပ်စာ
ppreview88@gmail.com
88 Generation Students
(
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့) နိုင်/ကျဉ်း
Ppinformationcenter02@gmail.com
ppinformationcenter01@gmail.com
Tuesday, January 1, 2013
"၂၀၀၇စက်တင်ဘာသံဃာများနှင့် ပြည်ပရောက်သံဃာများအားအမြန်ဆုံး ပြန်လည်ပင့်ဆောင်ပေးပါရန် သမ္မတ အစိုးရတာဝန်ရှိသူများအား သတိပေး တောင်းဆိုအပ်ပါသည်။"
"၂၀၀၇စက်တင်ဘာသံဃာများနှင့် ပြည်ပရောက်သံဃာများအားအမြန်ဆုံး ပြန်လည်ပင့်ဆောင်ပေးပါရန် သမ္မတ အစိုးရတာဝန်ရှိသူများအား သတိပေး တောင်းဆိုအပ်ပါသည်။"
တစ်ခု တွေးမိတယ်။ AAPP ပြည်တော်ဝင်ခွင့်ရပြီဆိုတာကို ဖတ်ရတော့...ခုဆို...ABSDFလဲ ပည်တော်ဝင်ခွင့်ရတယ်။FDBလဲပည်တော်ဝင်ခွင့်ရ လူ့ဘောင်သစ်လဲရ...ဘာပဲပြောပြောဒီမိုအင်အားစုတွေပည်တော်ဝင်ခွင့်ရတာ မိသားစုတွေနဲ့ နှစ်ပေါင်းများစွာမိတ်ဆွေရဲဘော်တွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေမှုတွေ ပြန်
လည်ဆုံဆည်းမိတာအတွက်ရောလက်ရှိအခြေအနေကို ပြန်လာရင်ဖျက်သန်းရင်းသိသွားနေေ
စချင် တာရောပေါ့။ဒီလိုပြန်လာခွင့်တွေ ရနေတာအတွက် ကျေနပ်နေမိပေမဲ့ စိတ်ထဲ ... တစ်ခုခုလိုနေသလို....
၂၀၀၇စက်တင်ဘာမှာပည်ပထွက်ခဲ့ရတဲ့သံဃာတော်တွေကိုရော ပြန်မပင့်ကြတော့ဘူးလား။
တောင်းဆိုတာတွေလဲ မတွေ့ရလို့ သံဃာတော်များနှင့် ပြည်သူအများကိုယ်စား ၂၀၀၇နှင့် ပြည်ပရောက်သံဃာများအား အမြန်ဆုံး ပြန်လည်ပင့်ဆောင်ပေးပါရန် သမ္မတ အစိုးရတာဝန်ရှိသူများအား သတိပေး တောင်းဆိုအပ်ပါသည်။
ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်
https://www.facebook.com/kowai.lu.3
Thursday, August 9, 2012
ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး
လာမယ့် သြဂုတ်လ ၂ရက်နေ့မှာ ကျရောက်မယ့် ၀ါဆိုလပြည့် အခါသမယဘဲ ဖြစ်ပါတယ် ဒါကြောင့် လမြတ် ၀ါဆိုမှာ ၀ါဆို သင်္ကန်း ကပ်လှူကြတဲ့ အကြောင်း၊ အကျိုး သိကောင်းစရာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံအကျဉ်း
ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော် များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင် ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါ မဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင် နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။
တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါ တယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ် သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။
တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာ ဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်း ဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြ ပါတယ်။
ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပို အနေ နဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူ ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။
ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှု ရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။
လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါ တယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအား လုံးကို ချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိ တဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်း ကြားဖို့ စေလွှတ်လိုက်ပါတယ်။
အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာ ရဟန်းတော် များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။
အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြ တာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘော
ပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်း ခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါ တယ်။
ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူ ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ပါတယ်။
မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန် ကာလ သတ်မှတ်ချက် အကြောင်းလည်း ပြောဖို့လိုလာပါတယ်။
ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြု လုပ်နိုင်တဲ့ ကာလက နယုန်လပြည့်ကျော် ()ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်း တဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည် မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပ ပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ် ပါတယ်။
ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။
ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေး စရာ မေးခွန်းတွေ လည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်း မယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။
ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆို သင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရ ဒါနခေါ် သင်္ကန်းအလှူ မြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီး ထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။
ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။
ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ ()မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့ လည်း အဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ ()မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအလှူတွေထဲက နံပါတ် ()အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်း ပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်
တော့ အပါယ်လားနိုင်ပါသေးတယ်။
တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ် မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလ ဒါန အကျိုးကို လည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအား ကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။
လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံး အလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခု
ဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကို လည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ် သင်္ကန်း အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
Friday, December 9, 2011
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး........ဒို.အရေး ...ဒို.အရေး
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး........ဒို.အရေး ...ဒို.အရေး
ပြည်တွင်းစစ်ချုပ်ငြိမ်းရေး.......ဒို.အရေး.......ဒို.အရေး
၂၀၀၈အခြေခံဥပဒေဖျက်သိမ်းရေး.........ဒို.အရေး....ဒို.အရေး
စစ်မှန်သည့်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး......ဒို.အရေး...ဒို.အရေ
Sunday, November 20, 2011
စု နိုင် မှ ချမ်း သာ မည်...
သမိုင်းတွင်မယ့် သမိုင်းဝင် ( ၉၀ )ရွေးကောက်ပွဲကိုပြန်အသက်သွင်းပြီ...
၁။ အန်အယ်လ်ဒီ ပါတီ မှတ်ပုံတင်သွားမည်၊
၂။ နောင်လာမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ခံသွားမည်...
Sunday, September 25, 2011
အစိုးရအဖွဲ့အားလုံးကိုတစ်ခုလောက်တော့သတိပေးချင်ပါတယ်..။
ဦးဇင်းတို့မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်ပြီးစအချိန်မြစ်ဝကျွန်းပေါ်ကမ်းရိုးတမ်းကပြည်သူတွေ ကယ်သူဝေးလို့ အချိန်နဲ့အမျှသေကြပျက်စီးဒုက္ခရောက်နေတဲ့ အချိန်မှာ ..။ အမေရိကန်အပါအ၀င်အနောက်နိုင်ငံက စစ်သင်္ဘောတွေ ကယ်ဆယ်ရေးပစ္စည်းနဲ့ဆေးဝါး တန်ပေါင်းရာပေါင်းများစွာ၊ ရဟတ်ယာဉ်တစ်ရာကျော်နဲ့၊ ရှပ်ပြေးယာဉ်တွေ ဆးရုံသင်္ဘောတွေ၊ ကယ်ဆယ်ရေးတပ်သား ထောင်ပေါင်းများစွာကမြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ခုတ်မောင်းရောက်ရှိစောင့်စားနေတဲ့ အချိန်မှာ ..ဦးဇင်းတို့ မြန်မာနိုင်ငံကို မကူညီဖို့ မဟာဗျူဟာအရကော စီးပွားရေးအရပါ .. အပြင်းအထန် ကန့်ကွက်လို့ အောင်မြင်သွားတဲ့ ဦးဇင်းတို့ အိမ်နည်းချင်းတရုတ်အစိုးရကိုသတိရကြမှာပါ..
ဦးဇင်းတို့၏အိမ်နည်းချင်းတရုတ်နိုင်ငံမှာ သိပ်မကြာဘူး ငလျင်ကြီးလှုပ်ပြီး လူတွေ သာင်းနဲ့ချီပြီးသေကြပျက်စီးတဲ့အချိန်မှာ တရုတ်အစိုးရက သူ့နိုင်ငံ၊ သူ့လူမျိုးကြတော့ စစ်သည်နဲ့ရဟတ်ယာဉ် အလုံအလောက်ရှိနေတာတောင် ရှိသမျှအကူအညီ အကုန်လက်ခံပြီး အမေရိကန်ရဲ့ နည်းပညာအကူအညီနဲ့ အပျက်အစီးပုံအောက်က ဒုက္ခသည်တွေကို ကယ်တင်ခဲ့တာကို လုံးဝမမေ့ကြဖို့ပါပဲ.။ သူ့လူမျိုးအတွက်ဆိုရင် အမေရိကန်ဆီကရှာဖွေရေးခွေးတောင်အကူအညီတောင်းခဲ့ပါတယ်..
အဲဒီတုန်းက တရုတ်ရဲ့လွှမ်းမိုးမှုကြောင့်မြန်မာ အစိုးရရဲ့ဆုံးဖြတ်ချက် မှားခဲ့တာ၊ မကစားနိုင်ခဲ့တာကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေ ရန်ကုန်ကိုပို့၊ အဲဒီကနေ၊ သင်္ဘောတင်နဲ့ အဆင့်ဆင့်နဲ့ နှောင့်နှေးခဲ့ပါတယ်..။ အဲဒီလို ကယ်မယ့်သူဝေးချိန်မှာ.နေ့စဉ်ဦးဇင်းတို့ပြည်သူဘယ်လောက် သေခဲ့ရသလဲ..သတိရကြမှာပါ..။ အဲဒီတုန်းက သွားလာကယ်ဆယ်ရခက်ခဲတဲ့အချိန်မှာရဟတ်ယာဉ်ရာပေါင်းများစွာရဲ့အင်အားသုံးခဲ့ရင် အဲဒီလောက်သေကြမလား..။ အဒါတွေဟာ တရုတ်ရဲ့ပယောဂမကင်းပါဘူး..။ အဲဒါတွေကိုမမေ့ကြပါနဲ့လို.။ ဦးဇင်းတို့တွန်းချင်းပါတယ် အခုဧရာဝတီကိစ္စဟာ အမျိုးသားရေးကိစ္စဖြစ်ပါတယ် မိသားစုရေးထက်အဆပေါင်းမြောက်များစွာကြီးပါတယ်။
အစိုးရကိုပြောချင်းတာကတော့ ဒီမြစ်ဆုံကိစ္စကို အစိုးရသစ် လွှတ်တော်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဆုံးဖြတ်ဆုံးဖြတ်၊ နာဂစ်တုန်းကလို တရုတ်ရဲ့လွှမ်းမိုးမှုနဲ့ အဆုံးအဖြတ်မမှားဖို့ပဲ အရေးကြီးပါတယ်ဆိုတာကို ဦးဇင်းတို့ သတိပေးချင်းပါတယ်။..
ဒါကြောင်း အမျိုးသားတိုက်ပွဲ့မကလို့ လူမျိုးရေးတိုက်ပွဲ့ပဲဖြစ်ဖြစ် ၀ိုင်ဝန့်လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်းပါတယ်။
အမိဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်နိုင်ပါစေ။
Tuesday, September 13, 2011
ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
ပစ်မှတ်
  • တကယ် ပစ်မှတ် (target ) ထားပြီးစည်းရုံးရမှာက..ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေဖြစ်တယ်။ ထိုပြည်သူလူထုကပဲ တနေ့ကျရင် ဧရာဝတီကိုကာကွယ်တားဆီးတည်ဆောက်ရေး လှုပ်ရှားမှုရဲ့ဆုံမှတ်ဖြစ်လာမှာဖြစ်တယ်.။ 
  • အဲဒီမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ သူတွေကို ဘယ်လိုပညာပေးစည်းရုံးမလည်း လှုံ့ဆော်မလည်း အန္တရယ်ရှိနိုင်တဲ့ ရေကာတာတည်ဆောက်မှုတွေကို ဘယ်လိုဆန့်ကျင်ကန့်ကွက်သွားနိုင်မလည်း ရေရှည်မှာ ဧရာဝတီမြစ်ကြီးကို ဘယ်လို စောင့်ရှောက်သွားမလည်း ဆိုတဲ့ကိတ်စတွေကို ဆွေးနွေးတင်ပြသွားဘို့လိုတယ်။  တကယ်တော့လည်း ဧရာဝတီ မြစ်ကြီးရဲ့ကောင်းကျိုးဆိုးကြိုး.ဟာ ကျနော်တို့မြန်မာပြည်သားအားလုံးရဲ့ ကောင်းကြိုးဆိုးကြိုးဆိုပေမယ့်လည်း အဓိကအားဖြင့် သူတို့ဘ၀တွေရဲ့ကောင်းကျိုးဆိုးကြိုးဖြစ်တယ်။ သူတို့တွေက အကျိုးအပြစ်တွေရဲ့သက်ရောက်မူကိုတိုက်ရိုက်ခံရမယ့်သူတွေဖြစ်တယ်။  ဒါကြောင့်  ထိုတိုင်းရင်းသားပြည်သူလူထုအား ဧရာဝတီ မြစ်ကြီးကို သူတို့ဘယ်လိုစောင့်ရှောက်ကာကွယ်သွားနိုင်မလည်းဆိုတဲ့နည်းနာတွေ အသိပညာတွေ အဓိကတပ်ဆင်ပေးသွားရမယ်။
ခေါင်းဆောင်မှု
  • ဒီကိတ်စမှာ ဘယ်သူတွေကခေါင်းဆောင်နိုင်မလည်း။  မြန်မာနိုင်ငံတွင်းက စာပေပညာရှင်တွေ..လူထုကအလေးထားတဲ့  ခေါင်းဆောင်တွေ. .ဒီကိတ်စကိုသိတဲ့ တတ်သိပညာရှင်တွေကပဲခေါင်းဆောင်နိုင်မှာဖြစ်တယ်။  အဝေးရောက် မြန်မာနိုင်ငံသားများတာဝန်ကတော့ အဲဒီလှုပ်ရှားမှုကို တတ်နိုင်တဲ့ဘက်က ၀န်းရံဘို့ ပဲလိုပါတယ်။
  • ဒါကြောင့် စာပေပညာရှင်တွေ..သူတို့ကို တိုက်တွန်းချင်တာက ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်ကာကွယ်ရေးခေါင်းစဉ်အောက်မှာ ဒေသခံလူထုကို ဟောပြော စည်းရုံးရေးလုပ်ငန်းများ တိုးချဲ့ လှုပ်ရှားသွားဘို့ လိုတယ်..။ အဲဒီအတွက် .ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့လူထုကြားကို သွားရောက် စည်းရုံး လှုပ်ရှားဘို့လိုတယ်။ ထိုသို့လှုပ်ရှားတဲ့အခါ တိုင်းပြည်နဲ့ လူထုကို တင်ပြဆွေးနွေးခြင်းပုံစံအားဖြင့် အပြုသဘောဖြင့် မည်သူကိုမှမထိခိုက်ပဲ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး လုပ်ဆောင်ဘို့လိုတယ်။  ထိုသို့လှုပ်ဆောင်တဲ့အခါမှာ ပြည်သူလုထုကိုပညာပေးမည့် မီဒီယာနဲ့ တက်ကနော်လော်ကဂျီအခန်း ကအရေးပါလာတယ်။ 
မီဒီယာ တက်ကနော်လော်ဂျီ အခန်းကဏ္ဍ
  • အဲဒီလိုသွားရောက်စည်းရုံးဟောပြောလှုပ်ရှားကြမည့် သူတွေရဲ့သတင်းတွေကို တင်ပေးနိုင်ဘို  ဧရာဝတီကပြည်သူလူထုအသံအစစ်အမှန်တွေကို မြန်မာပြည်သူတရပ်လုံးနဲ့ချိတ်ဆက်ပေးဘို့ ကမ္ဘာ နဲ့ မိတ်ဆက်ပေးဘို့ စတာမျိုးတွေ လုပ်ဆောင် ဘို့ မီဒီယာ (တက်ကနော်လော်ဂျီ) အခန်းကဏ္ဍ ကအရေးပါလာပြီ.။  IPhone လို Google phone ဖုန်းမျိုးတွေ mobile internet အသုံးပြုနိုင်တဲ့ ကွန်ပြူတာတွေကို အဲဒီပညာရှင်တွေ သို့မဟုတ် သူတို့ကို ၀န်းရံမည့်သူတွေကို တပ်ဆင်ပေးဘို့လိုတယ်..။ ဒါတွေကို ပြည်တွင်းပြည်ပက သူတွေက ငွေကြေးအကူအညီပေးဘို့လိုတယ်.။  အကုန်အကျမများလှပါဘူး။  ထိုနည်းအားဖြင့် ပြည်တွင်းပြည်ပက မီဒီယာသမားတွေကို ချိတ်ဆက်နိုင်မယ်.။ ထိုမီဒီယာတွေက တဆင့် တိုင်းပြည်လူထုနဲ့ လိုအပ်ခဲ့ရင် လက်ရှိဦးသိန်းစိန်အစိုးရကို သတင်းပေး ပညာပေး ပြီး လှုပ်ရှားမှုအခြေအနေကိုတင်ပြသွားနိုင်တယ်။   လူတဦးချင်းဆီကလည်း ဖေ့စ်ဘုတ်ခ်လို gtalk လို skype လို you-tube.com လိုအဆင့်အတန်းရှိရှိ သတင်းဖြန့်နိုင်တဲ့ မီဒီယာtool မျိုးလိုဟာမျိုးတွေအသုံးပြုနိုင်တယ်.။ နောက်ဆုံ့း hotmail, gamil, yahoo လို ဆက်သွယ်ရေးအကောင့်တွေကနေ သတင်းဖြန့်ဖြူးသွားနိုင်တယ်။
အကန့်အသတ်နှင့် အချိတ်အဆက်
  • ဖေ့စ်ဘုတ်ခ်၊ gtalk ၊  skype ၊ you-tube.com ၊ hotmail ၊ gamil ၊ yahoo လိုအဆင့်အတန်းရှိရှိ သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool မျိုးလိုဟာမျိုးသုံးယုံနဲလည်း လှုပ်ရှားမှုဟာ ကြွလာမှာ အောင်မြင်မှာမဟုတ်ဘူး။  အထက်ကပြောခဲ့ပြီးတဲ့အတိုင်းပဲ.. ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ ပြည်သူလူထုက ကိုယ်တိုင် တက်တက်ကြွကြွတောင်းဆိုလှုပ်ရှားလာဘို့လိုတယ်။ သူတို့ကိုလည်း အဲဒီနည်းပညာတွေသုံးလာနိုင်အောင် သူတို့ကိုယ်သူတို့တတ်ဆင်ပေးနိုင်အောင်လုပ်ရမယ်.။  အကြောင်းကတော့ ထို ဆက်သွယ်ရေးကရိယာတွေ (tools) တွေကိုသုံးနိုင်တဲ့ လူထုက နိုင်ငံခြားမှာရောက်နေတဲ့ ဗမာပြည်သူပြည်သားတိုင်းရင်းသားပြည်သူလူထုနဲ့ ပြည်တွင်းက ပညာတတ် ငွေရှင်ကြေးရှင်တွေပဲသုံးနိုင်တာကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖေ့စ်ဘုတ်ခ်သုံးနိုင်တဲ့လူတန်းစားက နည်းပါသေးတယ်။အဲဒီမီဒီယာတွေကိုပဲအားကိုးရင် လှုပ်ရှားမှုတွေဟာ ထိုလူတွေအကြားမှာပဲရပ်သွားမယ်။  
  • ထိုအကန့်အသတ်များကိုကျော်လွားရန်အတွက် ထို သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool တွေနဲ့ ပြည်တွင်းပြည်ပက သတင်းဌာနတွေ ချိတ်ဆက်ထားဘို့ လိုတယ်
  • ထိုကိတ်စအတွက် network group တွေ လို တယ်..ထိုဂရုကို သတင်းတခုတင်လိုက်တာနဲ့ အားလုံးကိုပြန့်သွားနိုင်တာမျိုးဖြစ်ရမယ်.
စည်းရုံးရေးနည်းနာ (ပြန့်နှံ့ခြင်းနှင့် မြင့်တင်ခြင်း)
  • နောက်ဆုံးအရေးအကြီးဆုံးတခုဆွေးနွေးချင်တာက  မြန်မာပြည်မှာ ဒီမိုကရေစီ တော်လှန်ရေးတွေအောင်ပွဲမခံနိုင်တာဟာ ဘာကြောင့်ပါလည်းလို့ မေးခွန်းမေးပြီး ဆက်ဆွေးနွေးချင်တယ်.။  ကျနော့်အဖြေက ထိုတော်လှန်ရေးတွေမှာ (တိုင်းပြည်မှာလူဦးရေအရအများဆုံးဖြစ်တဲ့) လယ်သမားတွေပါဝင်လာအောင်မစည်းရုံးနိုင်ခဲ့လို့ပါပဲ..။ အကြောင်းက လယ်သမားတွေရဲ့ မူလသဘာဝကိုက ပညာနည်းတယ်.။ နည်းနာမကြွယ်ဝဘူး။  ကိုယ်ကျိုးစီးပွားကို တွယ်တာမက်မောမှုရှိတယ်.။ အဲလိုပြောလို့စိတ်ဆိုးကောင်းဆိုးနိုင်တယ်.။ သို့ပေမယ့်လည်း သူတို့မှာ အနည်းနဲ့အများပိုင်ဆိုင်မှုကလေးတွေရှိတယ်.. ဥပမာ မြေတို အိမ်တို့ ကျွဲ နွားအိမ်မွေးတိရိစ္ဆာန်တို့.. အဲဒီပိုင်ဆိုင်မူကလေးတွေကို လူ့ရဲ့သဘာဝအ၇ သူတို့ရဲ့ဘ၀အရ စွန့်လွတ်ဘို့ ဆိုလာရင်... သူတို့အဖို့က အတော်ခက်တယ်... ။
  •  ကျောင်းသားကျတော့ ကျောင်းသားသဘာဝအရကိုက ပိုင်ဆိုင်မှုဆိုတာ များများစားစားရှိတာမဟုတ်ဘူး.. သူတို့စဉ်းစားရင် သူတို့ ပညာရေး အချစ်ရေး နောက်ဆုံးမိဘ အဲဒါတွေကိုစဉ်းစားမယ်.. အိမ်မပိုင်ဘူးအခြားပိုင်ဆိုင်မှုတွေမရှိဘူး ..သဘာဝအရ သူတို့စဉ်းစားတွေးခေါ်မှုကလွတ်လပ်တယ်.. အမှန်တရားဘက်ကနေတုံးတိုက်တိုက်ကျားကိုက်ကိုက်အမြဲ ရပ်တည်ချင်တယ်.. အကောင်အထည်ဖေါ်ချင်တဲ့အပိုင်းကပိုများတယ်.။။ ဒါကြောင့် မြန်မာပြည်မှာပဲဖြစ်ဖြစ် ကမ္ဘ္ဘာ မှာပဲဖြစ်ဖြစ် လှုပ်ရှားမှုတွေမှာ လူငယ်ကျောင်းသားတွေက ထိပ်ဆုံးက ဦးဆောင်တာများတယ်.။
  • အလုပ်သမားလည်း အတူတူပဲ ကျောင်းသားနဲ့နီးစပ်တယ်.. ပညာတတ်တယ်.. အသိညာဏ်ရှိတယ်.. ပိုင်ဆိုင်မှုမရှိသလောက်ပဲ.. အစိုးရချပေးတဲ့ အိမ်မြေတွေမှာနေရတာများတယ် (သို့) အိမ်ငှားနေရတယ်.။  သူတို့မှာ က မိသားစုအရေးပိုဦးစားပေးရတဲ့အတွက် ကျောင်းသားလောက် ထိပ်ပိုင်းမှာတာဝန်မယူနိုင်ဘူး။  သူတို့ကျတော့ ပြည်တွင်းမီဒီယာတွေနဲ့တင်လုံလောက်တယ်။အနည်းငယ်လှုံ့ဆော်ပေးရင် သူတို့ကချက်ဆိုနားခွက်ကမီးတောက်တယ်။
  • တတ်သိပညာရှင်တွေကျတော့ သူတို့ရဲ့တွေးခေါ်စဉ်းစားမှုဆုံးရှုံးရမှာကို အကြောက်ဆုံးဖြစ်တယ်.. ကျောင်းသားလိုပဲ ဘယ်သူ့ကိုမှ ကြောက်တတ်တဲ့သူတွေမဟုတ်ဘူး။  သူတို့ကိုစည်းရုံးရတာလည်းမခက်ဘူး။ အားလုံးထဲမှာ လယ်သမားက အခက်ဆုံးပဲ...။
  • ဒါကြောင့် လယ်သမားတွေကိုစည်းရုံးတဲ့ အခါ ရိုးစင်းဘို့ စိတ်ရှည်ဘို့ တိုတိုတုတ်တုတ်ရှိဘို့လိုတယ်.။ အသိပညာပြန့်နှံ့မြင့်တင်ရေးပိုမိုလုပ်ပေးရမယ်။  အမြင့်စားကြီးတွေကို ပြောဆိုတာထက် ရိုးစင်းတဲ့ သတင်းအချက်အလက်တွေကိုပဲပေးဘို့လိုတယ်.။  ဥပမာ..လယ်သမားက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ကိုနားလည်မှာမဟုတ်ဘူး.။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာတွေကိုလည်းနားသိပ်လည်မှာမဟုတ်ဘူး။  မိုးခေါင်ရေရှားတာ မြေဇီလွာတုံးတာ..မျိုးစပါးရှားတာ.. ဓါတ်မြေသြဇာမလုံးလောက်တာ.. လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ.. စာသင်ကျောင်းမရှိတာ..ကျန်းမာရေးကိတ်စ.ဆေးခန်းမရှိတာ.. စတာတွေကို ဘ၀နှင့်ရင်းပြီး အခြေခံကျကျနားလည်တယ်။
ဆက်လက်ဆွေးနွေးသွားပါမည်.. ပြန်လှန်ဆွေးနွေးမှုများကိုလည်းမျော်လင့်ပါသည်။
ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
by Nay Oo-People on Wednesday, September 14, 2011 at 11:32am
မြစ်ဆုံ-နှင့်-အသံ"
မြစ်ဆုံ နှင့် အသံ                                                           
Tuesday, March 29, 2011
အာဏာရှင်အစိုးရ ပြုတ်ကျရေး၊ လွတ်လပ်ရေး၊ တရားမျှတရေး။
တောင်းဆိုချက်များ
၁။ အာဏာရှင်အစိုးရ ပြုတ်ကျရေး
၂။ လွတ်လပ်ရေး
၃။ တရားမျှတရေး
၎။ မြန်မာပြည်သူတို့ရဲ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့ စစ်အစိုးရမဟုတ်သောအစိုးရသစ် ပေါ်ထွန်းရေး
၅။ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေအားလုံးကို အကျိုးရှိရှိစီမံခန့်ခွဲရေး
အာဏာဖီဆန်ရေး၏ မဟာဗျူဟာရည်မှန်းချက်များ
၁။ အရေးကြီးအစိုးရအဆောက်အဦးများကို သိမ်းပိုက်ရန်
၂။ ရဲ နဲ့ စစ်တပ် ကို ပြည်သူ့ဘက်ပါအောင် ကြိုးစားစည်းရုံးရန်
၃။ တော်လှန်ရေးအတွင်း မိမိတို့ ညီအစ်ကိုများ
ညီအစ်မများကို ကာကွယ်စောင့်ရှောက်ရန်
အစီအစဉ်အကောင်အထည်ဖော်ဖို့ ခြေလှမ်းများ
၁။ လုံခြုံရေးတပ်ဖွဲ့များနဲ့ အလှမ်းဝေးတဲ့ လူနေရပ်ကွက်လမ်းတွေပေါ်မှာ ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ အိမ်နီး နားချင်းတွေနဲ့ စုဝေးပါ။
၂။ မြန်မာပြည်အကျိုး၊ ပြည်သူ့လွတ်လပ်ရေးအကျိုးကို ဖော်ဆောင်တဲ့ ကြွေးကြော်သံတွေတိုင်ပါ (အပြုသဘော positive ကြွေးကြော်သံ ဖြစ်ရမယ်)။
၃။ ရပ်ကွက်ထဲက တခြားလူတွေ ဆန္ဒပြပွဲထဲပါဝင်ဖို့ အားပေးလှုံ့ဆော်ပါ (ဒီမှာလဲ အပြုသဘော positive စကားအသုံး အနှုန်းဖြစ်ရမယ်)။
၎။ ဖြစ်နိုင်သမျှအကြီးဆုံး လူစုလူဝေးဖြစ်လာစေဖို့ အင်အားအင်မတန်များတဲ့အုပ်စုတွေ ဖြစ်လာတဲ့အခါ အဓိက လမ်းမကြီးတွေပေါ် ထွက်ပါ။
၅။ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်နိုင်ဖို့အတွက် အပြုသဘောကြွေးကြော်သံတွေတိုင်ရင်း အရေးကြီးအစိုးရ အဆောက်အဦးတွေဆီ ဦးတည်ချီတက်ပါ။ချီတက်စုဝေးရန် လမ်းကြောင်းများ
ယခုဖော်ပြထားတဲ့ အချက်အလက်များကို ဖြန့်ဝေနည်းပုံစံ
၁။ အီးမေး သို့မဟုတ် ပုံနှိပ် သို့မဟုတ် မိတ္တူကူး ဖြန့်ဝေပါ။ အထူးသဖြင့် ကိုယ့်ရုံးမှာ သို့မဟုတ် ဆိုင်မှာ မိတ္တူကူးစက် copier ၊ ပုံနှိပ်ထုတ်စက် printer ရှိရင် ဒုတိယ နှစ်နည်းနဲ့ ဖြန့်ပါ။
၂။ ကိုယ့်ပြည်သူပြည်သားချင်း သစ္စာမဖောက်ပါနဲ့၊ ဒီစာတမ်း ပုလိပ်လက်မရောက်စေဖို့ သေချာအာမခံပါ။ အခုဆိုရင် သင်ဟာ နည်းလမ်းတွေသိသွားပြီဖြစ်တဲ့အတွက် လက်ဆင့်ကမ်းလိုက်ပါတော့။
မြန်မာပြည် အဓွန့်ရှည်ပါစေ။
Thursday, March 3, 2011
နိုင်ငံရေးအကျဉ်းသားသံဃာတော်များကူညီထောက်ပံ့ရေးအလှူခံဖြတ်ပိုင်း
အမျိုးဘာသာ သာသနာတော်အတွက်ဆောင်ရွက်ရင်း နအဖ စစ်အုပ်စုဧ။်မတရားဖမ်းဆီးထောင်ချခြင်းခံရသောသံဃာတော်များသည် မြန်မာနိုင်ငံ
အကျဉ်းထောင်အသီးသီးတွင်စားဝတ်နေရေး ကျန်းမာရေးချို့ တဲ့စွာဖြင့်နှစ်ရှည်ထောင်ဒဏ်များကျခံနေရပါသည်။ထိုအကျဉ်းကျသံဃာတော်များ
အားမိမိတို့ တတ်စွမ်းသမျှကူညီရန်ကြိုးပမ်းလ...ပ်ဆောင်လျက်ရှိပါသည်။အကျဉ်းကျသံဃာတော်(၂၀၀)ခန့် တွင်မိမိကူညီလိုသောသံဃာတော်
တပါးအားရွေးချယ်ကာ လစဉ်(၁၀)ဒေါ်လာလှူဒါန်း၍ ပစ္စည်းလေးပါးဒကာ ဒကာမအဖြစ်ခံယူခွင့်ရမည်ဖြစ်ပါသည်။အကျဉ်းကျသံဃာတော်များ
အားကူညီနိုင်ရေးအတွက်အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ ။
အကျဉ်းကျသံဃာအမည်-----------------------------------------------------
အကျဉ်းထောင်အမည်--------------------------------------------------------
ချမှတ်ခံရသည့်နှစ်----------------------
အလှူရှင်အမည်----------------------------------------------------------------
နေရပ်- ----------------------------------------------------------------
လှူဒါန်းငွေ- ----------------------------------------------------------------
ကောက်ခံသူ
ဆက်သွယ်ရန်-
အရှင်ပညာနန္ဒ ( နယူးယောက်) (Phone) (၃၁၅) ၇၃၂-၅၆၃၆ (၃၁၅)၆၀၁-၈၆၄၉ E-mail yadanaraye@gmail.com
အရှင်ဇ၀န ( မဲဆောက်-ထိုင်း) (Phone) 082 886 8722 uzawana611@gmail.com
အရှင်ဇာဂရ (ကံထွန်းသစ်) (၀င်စဂွန်ဆင်) (Phone) 260 445-0658 kanmikhin@gmail.com
(ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူများဆက်သွယ်ရန်ဖိတ်ခေါ်ပါတယ်)
Saturday, February 5, 2011
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံတကာ လူမှူကွန်ယက် International Network for Burma
၁။ မြန်မာနိုင်ငံ၏လိုအပ်ချက်များဖြစ်သော လူမှူ့ရေး၊ ပညာရေး၊ အခြေခံဒေသများ ဖွံ့ဖြိုးရေးအတွက်အစွမ်းကုန် ထောက်ကူပံ့ပိုးသွားရေး။
1. To support Social, Education and Regional Development in Burma.
၂။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒုတိယပင်လုံညီလာခံခေါ်ယူရေး အမျိုးသားလွတ်မြောက်ရးလုပ်ငန်းစဉ်များအားအစွမ်းကုန်ထောက်ကူပံ့ပိုးသွားရေး။
2. To support national reconciliation and Second Pinlong.
၃။ အမျိုးသားရန်ပုံငွေထူထောင်ပြီး နိုင်ငံအရေးလိုအပ်ချက်များအားထောက်ကူပံ့ပိုးသွားရေး။
3. To raise fund to support charities in Burma.
၎။ ကျယ်ပြန့်ခိုင်မာသောစစ်မှန်ထိရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံတကာ လူမှူကွန်ယက်အဖြစ်တိုးချဲ့တည်ဆောက်သွားရေး။
4. To build stronger and effective network for Burma.
http://www.facebook.com/home.php?sk=group_183024041728371#!/home.php?sk=group_183024041728371&view=members
 ပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်
Thursday, December 9, 2010
ကိုယ့်ကြမ္မာကိုဖန်တီးဖို့ ဒို့ညီကိုတွေသွေးစည်းကြစို့
Dkba and Knu                                                            
Saturday, November 6, 2010
ကြေးမုံမှာ တင်ခံလိုက်ရသော ဒေါင်းအလံနှင့် နိုးဆော်စာများ
နအဖ ၂၀၁၀  ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
အတု အယောင် ရွေးကောက်ပွဲကြီးကို ကျနော်တို့ ဆန်ကျင် သပိတ် မှောက်ကြမယ်။ ဒီမိုကရေစီနဲ့ လူအခွင့် အရေးတွေနဲ့  တိုးတက်နဲ့ နိင်ငံတော်သစ်ကို တည်ဆောက် ကြမယ်။ လူမှု အထွေထွေ ရင်ဆိုင် နေရတဲ့ ကျနော်တို့  ဘ၀တွေ ကို တော်လှန် ပြောင်းလဲ ပြစ်ပြီး မျော်လင့်ချက် ရှိတဲ့ ဘ၀သစ်တွေကို တည်ဆောက်မယ်။ အမှောင်ခေတ်ကို ခွင်းပြီး အလင်း ခေတ်ကို အသစ်ကို တည်ဆောက် ကြမယ်။ အတုအယောင် ရွေးကောက်ပွဲကြီးကို ဆန်ကျင်တဲ့  နိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကြီးကို ကိုယ့်ပြည်နယ် အသီးသီးမှာ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီး လုပ်ဆောင် ဖို့အတွက် ပန်ကြား ပါတယ်။ ရန်ကုန်မြို့က အထွေထွေ သပိတ်ကြီး အစီအစဉ် ကိုတော့ အောက်ဖေါ် ပြပါ အစီအစဉ် အတိုင်း လုပ်ဆောင် သွာမယ်။ မပျက်မကွက် လာခဲ့ ကြပါဖို့ ပန်ကြားလို ပါတယ်။
ဘယ်နေ့ လဲ - နိုဝင်ဘာ ၇ရက်ဘယ်အချိန်လဲ - နံနက် ၁၀ နာရီဘယ်နေရာမှာလဲ- တာမွေအ၀ိုင်းဘာတွေလုပ်မလဲ - လှုံ့ဆော်မယ်။ ချီတက်မယ်။ ကန်ကွက် ဆန္ဒပြမယ်။ဘာတွေယူရမလဲ- အလံ။ ပိုစတာ၊ ဒေါ်စုပုံ။ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ နဖူးစီး တွေ ယူခဲ့ရမယ်။( လူတယောက်အလံတခု လုပ်နိုင်ရင်ကောင်းတယ်။ အလံကိုင် ဒုတ်ကို သေသေချာချာလုပ်ပါ။ )
( လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee )
Wednesday, October 20, 2010
ဗဒတ တပ်ပေါင်းစု၏ရွေးကောက်ပွဲဆန့် ကျင်ရေးလှုပ်ရှားမှု
ရန်ကုန်မြို့၊ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၀ ခုနှစ်။
ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်း စုအဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ၊ SAFFRON GENERATION၊ NEW GENERATION၊ မြေလတ်ကျောင်းသားများ အဖွဲ့ တို့ဖြင့် သြဂုတ်-စက်တင်ဘာလတို့တွင် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါသည်။
သံဃာ၊ ကျောင်းသား လူငယ်အင်အားစုများ တပ်ပေါင်းစုဖွဲ့၍ ၂၀၁၀ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား ဆန့်ကျင် သည့်လှုပ်ရှားမှုများကို ရန်ကုန်မြို့ နေရာအနှံ့အပြင်၊ မြန်မာနိုင်ငံအတွင်းရှိ တချို့မြို့များတွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ယခုလည်း တပ်ပေါင်းစု(ဗဒတ)သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နှင့် ၁၇ ရက်(စနေ၊ တနင်္ဂနွေ) နေ့များတွင် ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့သည့် “ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အခွင့် အရေးရှိသလို မဲမပေးပဲ နေနိုင်တဲ့ အခွင့်ရေးလည်း ရှိတယ်” စာသား ပါရှိသော ပို့စကဒ်များကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၂၀) မြို့ နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှု တရပ် အဖြစ် ပြုလုပ်ခဲ့ကြ ကြောင်း သိရပါသည်။ အဓိက ဖြန့်ချိခဲ့ သည့် မြို့နယ်များမှာ မရမ်းကုန်းမြို့နယ်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ ဒဂုံ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ တာမွေ၊ တောင်ဥက္က လာပ၊ သန်လျင်၊ ကျောက်တန်းနှင့် သုံးခွ စသည့်မြို့နယ်များဖြစ်ကြောင်း သတင်း ရရှိပါသည်။
ဗဒတ တပ်ပေါင်းစုတွင် ပါဝင်ကြသော လူငယ်၊ ကျောင်းသားအင်အားစုများသည် အဆိုပါ ပို့စကဒ်ပေါင်း တစ်သောင်းခြောက်ထောင်ကျော်ကို ရန်ကုန်မြို့ရှိ လူနေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းမများ၊ ရုပ်ရှင်ရုံများတွင် နည်းအမျိုးမျိုးဖြင့် ပြည်သူများထံ ဖြန့်ကြဲဝေငှခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယခုကဲ့သို့ ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)အနေနဲ့ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲမှာ မဲလုံးဝ မပေးရေး ပို့စကဒ် ဖြန့်ဝေတဲ့ လှုပ်ရှားမှု လုပ်ရသည့် ရည်ရွယ်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ တွင် ပယ်မဲပေးတာနဲ့ လုံးဝ မဲသွားမပေးသည့် ကွာခြားချက် တို့ကို ဗကသများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်ပေါင်းစု ပြောရေး ဆိုခွင့်ရှိသူ ကိုရန်နိုင်က ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။
“ကျနော်တို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမထည့်ဖို့ နှိုးဆော်တဲ့ အနေနဲ့ ဒီပို့စကဒ်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ အဲဒီ လှုပ်ရှားမှု လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခုချိန်မှာ ပြည်သူတွေက ၀ိုးဝါးနေတယ်ဗျာ။ ဘယ်ပါတီကို မဲထည့်ရမှန်း မသိဘူး၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘယ်လိုဆောင်ရွက်ရမှန်း မသိဘူး ဖြစ်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုအနေနဲ့ မဲလည်း ပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နဲ့လည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ အသိ၊ ပြည်သူတွေ တဦးတယောက်ချင်းစီမှာ အခွင့်အရေး ရှိတယ်ဆိုတဲ့အသိကို ပြည်သူတွေအထဲမှာ ပြန့်နှံ့သွား အောင် သိရှိသွားအောင် အဲဒါကို နှိုးဆော်တဲ့အနေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့တာပါ။”
“တချို့နေရာတွေမှာတော့ ကြံ့ဖွတ်တွေရဲ့ စည်းရုံးမှုကတကြောင်း၊ နအဖအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကတကြောင်း၊ တဖက်ကလည်း ရယက တွေ မယကတွေ စစ်အာဏာရှင်တွေရဲ့ ဖိအားပေးမှုကတကြောင်း ပြည်သူလူထုက မဲမပေးပဲ မနေရဲလို့ မဲရုံကိုသွားမယ်၊ သွားပြီးတော့ အဲဒီမဲတွေကို ပေးတဲ့အခါမှာလည်း ပယ်မဲဖြစ်အောင် ပေးလိုက်မယ် ဆိုပြီးတော့ ပြောတာဆိုတာတွေ ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ကျနော် ပြောချင်တာ ဘာအဓိကလည်း ဆိုတော့ အဲဒီလို မဲရုံကို သွားလိုက်ပြီးဆိုတာနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကနေ အသိအမှတ်ပြုတယ်ဆိုပြီတော့ စစ်အာဏာရှင်တွေက ပြောမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုက အသိအမှတ်ပြုတယ်၊ ပါဝင်ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီးတော့ အသိအမှတ်ပြုရာ ရောက်တယ်။ သူတို့မှာ အဲဒီလို ဖြစ်စေချင်တဲ့ဆနတွေ ရှိတယ်။ အဲဒီလို ရှိတဲ့အခါကျတော့ အဲဒီလို အဖြစ်မခံနိုင်လို့ ပြည်သူလူထု အနေနဲ့ မဲရုံကို လုံးဝမသွားပဲနဲ့ တတ်နိုင်သလောက်နေမယ်၊ မဲမပေးပဲနဲ့ တတ်နိုင်သလောက်နေမယ်၊ နေပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အတွက်ကို ပြည်သူကို မဲမပေးဖို့အတွက်ကို ကျနော်တို့က နှိုးဆော်တာ။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့၊ မြန်မာနိုင်ငံ ပြည်သူလူထုကြီးရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်သူတိုင်းဟာ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုပြီးတော့ ပြောဆိုတယ်။ ဒီစကားကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲနဲ့ တခြားလူ ပြောသွားလည်း ကျနော်တို့ က လက်ခံရမှာပဲ။ ဒါဟာ မှန်တယ်၊ မျှတတယ်။ ဒါကြောင့် ဒါကို လက်ခံရမယ်။ လက်ခံပြီးတော့ ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ လုံးဝမဲမပေးပဲနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားဖို့ကို ပြည်သူလူထုအနေနဲ့က လုပ်ပိုင်ခွင့်ရှိတယ်။ ဒါ ပြည်သူတဦးတယောက်ချင်းစီရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီလုပ်ပိုင်ခွင့်ကို ပြည်သူတွေအနေနဲ့ အကျိုးရှိရှိနဲ့ ဒီအချိန်မှာ အသုံးချဖို့ လိုအပ်တယ်လို့ ပြောချင်တယ်
သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့မှ လူငယ်ကျောင်းသားအင်အားစုများသည် ယခုကဲ့သို့ ညီညီညွတ်ညွတ်နှင့် တပ်ပေါင်းစုဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို မဲမပေးဘဲ သပိတ်မှောက်ရေး ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်လာကြသည့် အခြေအနေနှင့်ပတ်သက်၍ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။
“ကျနော်တို့က အရင်ကတည်းက ကျောင်းသားထု ခေတ်အဆက်ဆက်က စစ်အစိုးရကို ဆန့်ကျင်ခဲ့တာလေ။ မတရားတာတွေ့ရင်တော့ ဂရုကို မစိုက်ပဲ ဆန့်ကျင်ခဲ့တာ။ ကျနော်တို့ ကျောင်းမဖွင့်ခင်ကတည်းက ကျောင်သားအဖွဲ့တွေက သူဟာနဲ့သူ ဒီ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို လုပ်နေကြတယ်။ ခု တပ်ပေါင်းစု ဖွဲ့လိုက်တဲ့အချိန်မှာ ဘယ်လို ဖြစ်လာကြလဲဆိုတော့ ကျနော်တို့ လူငယ် အင်အားတွေ ကျောင်းသားအင်အားတွေ စုစုစည်းစည်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့လုပ်ငန်းတွေ အများကြီး ပိုပြီး လုပ်လာနိုင်တယ်။ ပိုပြီး အားရကျေနပ်မှု ရှိလာတယ်။ ပိုပြီးလည်း ထိရောက်လာတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ၂၀၁၀ ရွေးကောက်ပွဲ တခုတည်းမှ မဟုတ်ဘူး။ ကျနော်တို့ တပ်ပေါင်းစု ဖွဲ့လိုက်တာက၊ လူငယ် ကျောင်းသား အင်အားစုတွေက ကျနော်တို့ ရည်မှန်းချက်က ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားပြီ၊ ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေကို ပြင်လို့ရအောင် လုပ်မယ်။ ကျနော်တို့ မကြိုက်တဲ့အချက်တွေ ပြင်ပေးပါ ဆိုပြီးတော့ ဆက်ပြီးတော့ လှုပ်ရှားမှုတွေ လုပ်မယ်။ ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်အမိန့်နဲ့ သူရဲ့နာမည်စာရင်း တင်လိုက်တဲ့ သူတွေ လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါတယ်ဆိုတဲ့ အဲဒီလိုမျိုးအချက်တွေကို ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလ တွေမှာလည်း တပ်ပေါင်းစုကျောင်းသားလူငယ်တွေအနေနဲ့ ဒီဟာကို ဆက်ပြီး ဆန့်ကျင်သွားဖို့ အစီအစဉ်တွေ ရှိတယ်။ ပိုပြီးလည်း ထိထိရောက်ရောက် လုပ်လာ နိုင်မယ်။”
အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်..
Tuesday, September 28, 2010
Sunday, September 26, 2010
သူရဲကောင်း ဖိတ်စာ
ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင်စနစ် ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံးလူဖြစ်နေသည် ကို မမေ့ပါနှင့် ။ ထိုသို့ပြောလိုက်၍ သင့်ကို  မြှောက်ပြောတာဟု မထင်ထားပါနှင့် ။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ ။ ဘာကြောင့် ကျွန်တော် ထို့သို့ပြောရသည်ကို ရှင်းပြပါမည် ။ သင်သည် မြန်မာနိုင်ငံသားဟု သင့်ကိုယ်သင့် ခံယူထားလျှင် သင့်နိုင်ငံတိုးတက် ကောင်းမွန်ရေးကို သင်ကိုယ်တိုင်လုပ်ဆောင် ရပေမည် ။  အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် တွေးခေါ်ပြီး တကယ်လက်တွေ့ ကျကျ လုပ်ကြဖို့ အရေးကြီးနေပြီ  ။ အဘက်ဘက်က ဆုတ်ယုတ်နေသော ကျွန်ူပ်တို့ တိုင်းပြည်ကို တကယ်ကောင်းစားစေချင်လျှင် သင့်ကိုယ်သင် အရင်ပြင်ရမည် ဖြစ်သည် ။  လူတကာ လက်ညိုးဝိုင်းထိုး နေသာ အာဏာရှင်တွေ သက်ဆိုးရှည်ရေး လမ်းစဉ်ကို သင့်ကူညီထောက်ပံ့ပေးနိုင်သလို ဒီမိုကရေစီ လမ်းဖောက်နေသူများကို ကူညီပေးနိုင်သူမှာလည်း သင်သာ ဖြစ်သည် ။ သင့်၏ ခွန်အားများကို အကျိုးရှိစွာ အသုံးချမည်လော ၊ တိုင်းပြည်ကို နွံနစ်သထက်နစ်လာအောင် ကူ၍ တွန်းချမည်လော ။ သေချာစွာ ဆင်ခြင်စဉ်းစားသင့်သည် ။ သင် အတိတ်က မှားခဲ့ကောင်း မှားခဲ့နိုင်ပါသည် ။ သို့သော် ပုစ္စုပ္ပန် လုပ်ရပ်များတွင် သင့်အမှားတွေ ပြင်ဆင်ပြီး  အနာဂတ် တွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့်  တိုင်းပြည်အတွက် ဆက်လက်ကြိုးစားကြဖို့သာ ရှိပေသည် ။
ကျွန်ူပ်တို့ အားလုံး တော်လှန်ရေးဇတ်ကားများ ၊ ဇတ်ကြမ်းကား ရုပ်ရှင်များ ကြည့်ဖူးကြသည် ဟု ထင်မိပါသည် ။ ထိုဇတ်ကားများ ကြည့်သည့်အခါ ပြည်သူလူထု အား အကြမ်းဖက်သူ လူဆိုးတို့မှ ညင်းပန်းနှိပ်စက်သည့် အခန်းများတွင် ကယ်တင်ရှင် သူရဲကောင်းများ မြန်မြန်ရောက်လာ စေရန် ကြည့်နေရင်း မျှော်လင့်မိကြသည် မဟုတ်ပါလော ။ ထိုဇတ်ကားများ သည် ဒါ၇ိုက်တာ၏ ဇတ်ညွှန်းအတိုင်း ကနေကြသည်ကို သိလျှက်နှင့်ပင် သူရဲကောင်းတို့ ရောက်လာချိန်ကို မချင့်မရဲ စောင့်စားရင်း အားမလို အားမရ  ဖြစ်ခဲ့ကြဘူးသည်ကို ပြန်လည် အမှတ်ရ ကြည့်ပါ ။ ထို့ကဲ့သို့ သူရဲကောင်း ရောက်လာ၍ ရန်သူလက်တွင်းမှ ပြည်သူလူထုကို ကယ်တင်ခန်းများ ကြည့်ရသည့် အခါတွင် စိတ်တွင် ကြည်နူးကာ လက်ခုပ်လက်ဝါး တီးကာ အားပေးသည့် လူများကိုပင် အများအပြားတွေ့ရှိရပါသည် ။  ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ ပြည်သူလူထုသည် အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်မည့် သူရဲကောင်းကို စောင့်မျှော်လျှက် ရှိပါသည် ။ သို့သော် မည်သူမည်ဝါ သူရဲကောင်းလုပ်ရမည်ဟု သတ်မှတ်ထားချက် မရှိပါ ။ ထို့ကြောင့် သူရဲကောင်းတွေကို ချစ်မြတ်နိုးသော  ကျွန်ူပ်တို့ တမျိုးသာလုံး  သူရဲကောင်း ဖြစ်အောင် ကြိုးစားနိုင်ဖို့ အခါအခွင့်သင့်လေပြီ ဖြစ်သည် ။ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင်ကယ်တင်ပေးမည့် သူရဲကောင်းသည် သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည် ။ အခြားသူများကို သူရဲကောင်းဘွဲ့အပ်နှင်းဖို့ စောင့်နေမည့်အစား သင့်ကိုယ်သင် သူရဲကောင်းဘွဲ့အပ်နှင်းလိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည် ။
"မြတ်ဗုဒ္ဓကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆုံးမလမ်းပြခဲ့ဘူး တယ်"  ။ " ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း " ဟုတ် ဗိုလ်ချုပ်အောင်ဆန်းက ကဗျာ တပုဒ်ထဲတွင် ရေးပြခဲ့ဘူးတယ် ။ ဒီစကားတွေကို ဥပမာထားပြီး ကျွန်တော်တို့ ကြိုးစားကြရမယ် ။ တကယ်ရွေးစရာ လမ်းမရှိတော့လို့ တိုက်ပွဲဝင်ကြပါစို့လို့ လိုက်လံ နိုးဆော်နေတာပါ  ။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်နေတာလည်း အားလုံးမျက်မြင် ကိုယ်တွေ့ပါဘဲ ။ ၂၂ နှစ်တော်လှန်ရေး ဆင်နွှဲခဲ့တာ မအောင်မြင်ပါဘူးလို့ ပြောလာတဲ့သူတွေကို ပြန်မေးကြည့်ပါအုံး  ။ ၂၂ နှစ်လုံးလုံးတိုင်းပြည် ဘဏ္ဍာတွေကို  စိတ်ကြိုက်အသုံးချခဲ့ ပြီး ပြည်သူလူထု ဘ၀ကို လက်နက်ပြအုပ်စိုးထားတဲ့ အစိုးရ ကကော တိုင်းပြည်အတွက် ဘာတွေများ လုပ်ပေးပြီးပြီးလဲ ။ လွန်ခဲ့တဲ့ ၂၂ နှစ် က ပြည်သူလူထု ရပ်တည်ရတဲ့ အခြေအနေထက် အခုအခြေအနေ ပိုမိုဆိုးရွားလာတာ ဘယ်သူကြောင့်လဲ ။ ဆက်ငုံ့ခံနေရင်တော့ အမျိုးပျေက်မှာ သေချာတယ် ။ အာဏာကို လွန်စွာ တွယ်ကာမက်နေတဲ့ လူတွေက မေတ္တာတရားဆိုတာ နားမလည်ကြတော့ဘူး ။ ဘုရားတွေ လှည့်တည်နေတဲ့ သူတို့တစ်တွေကဘဲ သံဃာတွေကို သတ်ပြခဲ့တယ် ။ အဲဒါသာသနာကို စော်ကားတာလား ၊ ချီးမြှောက်တာလား စဉ်းစားစရာ မလိုတော့ဘူး ။ လူမျိုးနဲ့သာသနာ တည်မြဲစေဖို့ အတွက်  ကြိုးစားရမည့် အချိန်အခါမှလည်း သင့်က အဓိကကျဆုံး လူသားဖြစ်ပေသည် ။ သင့်ပတ်ဝန်းကျင်တွင်  ကြီးဆိုးနေသည့် မတရား အဓမ္မမှုများ ကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဝတ္တရား ပင်ဖြစ်လေသည် ။
ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သူတို့နားလည် အောင်  အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တဲ့ လူတွေ သူတို့ အနားမှာ တစ်ယောက်မှ မရှိပါဘူး ။ ဖြစ်ချင်တာဖြစ်  ပစ်သာပစ် ကွာ ဆိုတဲ့ သူတို့ ပါးစပ်ဖျားက အမိန့်စကားအောက်မှာ အသက်ကွယ်ကာ ပျောက်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ  နည်းတော့တာ မဟုတ်ဘူး ။ တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာတာ နိုင်ငံတော် သီချင်းတောင် ခင်ဗျာတို့ လွတ်လွတ်လပ်လပ်ဆိုလို့ ရတော့လို့လား ။   ကျွန်တော်သိတဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာ လူထုက အုပ်ချုပ် အာဏာအပ်နှင်းတာ ဖြစ်တယ် ။ လူထုဆန္ဒကို လည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ် ။  အခုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တောင် မရှိဘူး ။ ဒါဟာ  ဒီမိုကရေစီ လမ်းစဉ် ကို ချည်းကပ်တာ မဟုတ်ဘူး ။ ဖက်ဆစ်စနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာ ။ ဒါတွေကို ငုံခံနေစရာ အကြောင်းမရှိဘူး  ။ ပြည်သူ့ဆန္ဒဖော် တွေကို ဖော် ထုတ်ပြသရမယ် ။ သမိုင်းကြွေးတွေ ဆပ်စရာ အများကြီး ဘဲ ၊ ထပ်ပြီး အကြွေးတင် မခံကြတော့နဲ့ ရသလောက် တော့ နိုင်ရာတာဝန်ထမ်းပြီး ဆပ်ဖို့ကြိုးစားပေးကြပါ ။နောင်လာမည့် မျိုးဆက်တွေကို ကျွန်ူပ်တို့ကဲ့သို့ စနစ်ဆိုးကြီးရဲ့ ဒဏ်ကို  မခံစားရစေဖို့ ယခုချိန်က စပြီး အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ်ကြရမည်  မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေသည် ။
ကျွန်ူပ်တို့လိုချင်သော အုပ်ချုပ်ရေး ပုံစံကို ကျွန်ူပ်တို့ ကိုယ်တိုင်ပင် ဖန်တီးရယူရမည် ။ ကျွန်ူပ်တို့ တိုင်းပြည်အား ငြိမ်းချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ကို အမှန်တကယ်  လိုလားလျှင် ကျွန်ူပ်တို့ လက်တွဲကာ ၀ိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည်  ။ထိုသို့သော တရားမျှတ၍  ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော အုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  လူထုဆန္ဒဖော်ထုတ်ပွဲ များ ကျင်းပ၍  တောင်းဆို တိုက်ပွဲဝင်ရန်  ကြံစည်ကြိုးကုတ် အားထုတ်လုပ်ဆောင် သင့်သည့် အချိန်အခါ သို့ရောက်ရှိလာပေမည် ။ တိုက်ပွဲဝင်ရာတွင်  လည်း အချိန်တိုတိုနှင့် အထိရောက်ဆုံးဖြစ်အောင် ကျွန်ူပ်တို့ဘက်မှ  စီစဉ်ထားရှိကြရမည်  ဖြစ်လေသည် ။ ယခုတိုက်ပွဲသည် ကျွန်ူပ်တို့ တိုင်းပြည် အတွက်  နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲ ဖြစ်သည်ဟု ဆုံးဖြတ်ကာ မကြေက်မရွံ့ နောက်မတွန့်ဘဲ တိုက်ပွဲဝင်ကြလျှင် မုချအောင်မြင်မှု ရမည် ဖြစ်သည် ။  သင်၏  သတ္တိနှင့်စွမ်းရည်ကို ယုံကြည်သလို့ သင်၏ တိုင်းပြည်အပေါ်ထားရှိသော တိုင်းပြည် ကို ချစ်မြတ်နိုးစိတ် ကိုလည်း ကျွန်ူပ် အကြွင်းမဲ့ ယုံကြည်ပါ၏ ။ ထိုကြောင့် နောင်အခါဝယ်  မြန်မာပြည်၏ ဒီမိုကရေစီ သူရဲကောင်း ပါလို့ ပြည်သူလူထု နူတ်ဖျားမှ ရွတ်ကာ စိတ်ဝယ် တသသနှင့် တမ်းတရသည့် သူရဲကောင်းလာမည့် သင့်ကို  ကျွန်ူပ်မှ တိုက်ပွဲဝင်ရန် လေးစားစွာ ဖိတ်ခေါ် အသိပေး အကြောင်းကြားလိုက်ပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
Thursday, August 26, 2010
“ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့်NLD ခေါင်းဆောင်များသို့ တိုက်တွန်းအားပေးနှိုးစော်လွှာ”
မောင်ချင့်ချိန်
လေးစားရပါသောဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ၊ နအဖစစ်အုပ်စုရဲ့တဘက်သတ် လက်ခမောင်းခတ်စိန်ခေါ်မှုတွေနဲ့ ၊ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့မချိတင်ကဲဖြစ်နေမှုတွေကြောင့် တိုက်တွန်းအား ပေးနှိုးစော်လွှာအဖြစ် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အောင်သီးအောင်ပွင့်အဖြစ်ပေါ်ထွက်လာခဲ့တဲ့NLDဟာ ၁၉၉၀ထဲက လူထုရဲ့တပ်ဦးပါတီ ဖြစ်ခဲ့တာပါ ၊ လူထုကလဲ ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ပါတီအဖြစ်ရော၊ခွပ်ဒေါင်းအလံကိုတရားဝင်ကိုင်ဆွဲခွင့် ရခဲ့တဲ့ပါတီအဖြစ်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ပါတီ အဖြစ်နဲ့ပါ ခုချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး ၊ လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေး ၊ အာဏာရှင်ဆန် သောအစိုးရမျိုး နောင်ဘယ် သောအခါမှမပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး ၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည် ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ၊ ပြည်သူလူထု၏ဘ၀ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အကျိုးပြုနိုင် စေရေးဆိုတဲ့ မှန်ကန်တဲ့ဦးတည် ချက်တွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုအားလုံးရဲ့ဦီးဆောင်ပါတီအဖြစ် တည်ရှိခဲ့ သလို စစ်အာဏာရှင်တွေရဲ့ အဓိကထားဖြိုခွင်းတိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလဲ မြင်သိခံစားရပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ကျွန်တော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ်မျှော်လင့် အားထားခဲ့ဘူးပါတယ် ၊ ၁၉၉၀ ကစလို့ နှစ်၂၀ဆိုတဲ့အချိန်ကာလမှာ မချင့်မရဲအားမလိုအားမရဖြစ်ခဲ့ရတာတွေချည်းသာ ဖြစ်ပြီး NLD ကိုယ်တိုင်ကလဲ အာဏာပိုင်တွေရဲ့တဘက်သတ် ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ်အရာမထင်ဖြစ်ခဲ့ရသည့် အတွက် ပြည်သူအပေါင်းအားအနူးအညွတ်တောင်းပန်ခဲ့တာကို ၂၀၁၀ခု ၊ ဧပြီလ (၆)ရက်နေ့ ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာတွေ့ခဲ့ရပါတယ် ၊ အဲဒီကြေငြာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ဒီမိုကရေစိအရေးတော်ပုံကို မည်သည့်အခါမှကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဆိုတာကြောင့်ရော ၊ အဲဒီမတိုင်ခင် မတ်လ၂၉ ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲယုံကြည်မှု ခိုင် ခိုင်မြဲမြဲဆက်လက်ဖြစ်တည်စေခဲ့ပါတယ် ။
ဒါပေမဲ့ လက်ခုတ်လက်ဝါးတီးပြီးအားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးတဲ့အတွက်လဲ သို့လောသို့လော ဖြစ်နေမိဆဲပါပဲ ၊ ဒီမိုကရေစီ အင်အားစုအားလုံးကထောက်ခံတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆုတ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေသွေဖီနေပြီလို့လဲ မြင်နေမိပါတယ် ၊ စစ်အုပ်စုကလဲ ၁၉၉၀ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချ လိုက်ပြီဆိုတဲ့အကြောင်း နိုဝင်ဘာ(၇)ရက်နေ့ကိုရွေးကောက်ပွဲရက်သတ်မှတ်ကြေငြာ လိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ် ၊ ဒီအတွက် စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တခု ဖြစ်ပေမဲ့ မပြည့်စုံ သေးဘူးလို့တော့ထင်ပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ဘုန်းကြီးစာချလုပ်တယ်လို့မထင်စေချင်ပါ ၊ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ်၂၀ က ပျော့ပြောင်းမှုတွေကိုမြင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလိုဖြစ်မှာစိုးလို့ သတိပေးအကြံပြုရခြင်းသာဖြစ်ပါတယ် ၊ စစ်အုပ်စုဟာ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်းဥပေက္ခာပြုတာလဲ နှစ်၂၀ရှိပါပြီ၊ဘယ်နိုင်ငံကိုမှဂရုမစိုက်ပဲ လုပ်ချင် သလိုလုပ် ရွှေ့ချင်သလိုရွှေ့ခဲ့တဲ့ အမျိုးသားညီလာခံNCဆိုတာကိုလဲ ၁၅နှစ်ကြာအချိန်ဆွဲခဲ့ပြိးပါပြီ ၊ အနိုင်အထက်ပြုခြိမ်းခြောက်မှု ၊ မဲလိမ်မဲခိုးမှု တွေနဲ့ လဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင်လုပ်သွားခဲ့ပြီးပါပြီ ၊ ကြံ့ဖွတ်အဖွဲ့ကို ပါတီ အဖြစ်ပြောင်း ၊ စစ်ဗိုလ်ချုပ်တွေ အရေခွံချွတ် ပြောင်ပြောင်တင်းတင်းလုပ်နေပါပြီ ၊ ဒါကိုပဲ ရွေးကောက်ပွဲကိုသပိတ်မှောက် တယ် ၊ မဲသွားမပေးသပိတ်မှောက်ကြဆိုနေကာမျှနှင့် စစ်အုပ်စုလုပ်ရပ်များကိုဟန့်တားနိုင်ပြီ ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိမ်းသိမ်းထားနိုင်ပြီ ၊ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်ထားနိုင်ပြီ မယူဆစေချင်ပါ ။
စစ်အုပ်စုကနည်းလမ်းစုံဖြင့်ထိမ်းချုပ်ထားသော ၀န်ထမ်းများ ၊ စစ်သားများ ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွားပေးကြ မှာပဲဖြစ်ပြီး စစ်အုပ်စုကလဲ ဘယ်သူမဲလာပေးပေးမပေးပေး (၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြုခဲ့သလို) ကြံ့ဖွတ်၇၅%စစ်ဗိုလ် ၂၅% လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေငြာမှာပဲဖြစ်ပါတယ် ၊ ၁၉၉၀ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့ကထဲက ၊ တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်ခဲ့ကထဲက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမဲ့လုပ်ကြံဇတ် ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ် ၊ လူထုခေါင်းဆောင်ရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲ ဟုတ်မဟုတ် စောင့်ကြည့်နေ ဘို့ လိုမယ်ဆိုတဲ့မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ထင်ပါတယ် ၊ စောင့်ကြည့်နေဘို့မလိုတော့သလို သပိတ် မှောက်ကန့်ကွက်နေယုံနဲ့လဲ မရပါဘူး ၊ ပျက်အောင်ကိုဖျက်ရမှာပါ ၊ NLD ကဦးဆောင်ပြီး ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ် ကိုင်ပြီး တောင်းဆို တိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကိုတားဆီးရမှာလို့ထင်ပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ နိုင်ငံရေးဆိုတာဆုံးခန်းတိုင်သည်မရှိပေမဲ့ ခုအခြေ အနေကတော့ ဗမာ့နိုင်ငံရေး သမိုင်းရဲ့အချိုးအကွေ့ကြီးတစ်ခ၊ NLD ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အခြေအနေ ၊ ပြည် သူတွေကိုယ့်ကံကြမ္မာကိုဖန်တီးရတော့မဲ့အချိန်ပဲ လို့ ထင်ပါတယ် ၊ ကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့် ခုပဲရွေးကောက် ပွဲသက်တမ်းနှစ်၂၀ကို ပြည်သူတွေအားလုံး ခါးခါးသီးသီးဖြတ်သန်းခဲ့ရပြိးပါပြီ ၊ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့်သင့်ပါသေးရဲ့လား ၊ နိုင်ငံတကာက၀င်ကူရှင်းပေးဘို့ မျှော်လင့်ချင်ပါသေးသလား ၊ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုးအနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ခေါင်းစဉ်တပ်လာမဲ့ စစ်အုပ်စုဒါဏ်ကို ကျွန်တော်တို့ပြည်သူတွေ နောင် ဘယ်လောက်ထပ်ခံကြရဦ့းပါမလဲ ။
၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုမဖြေရှင်းပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်မပေးပဲ လုံးဝ ရွေး ကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကိုစိန်ခေါ်သင့်ပါပြိ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစိအင်အားစုတွေနဲ့ချိတ်ဆက်ပြီး ၊ နိုင်ငံတကာ အစိုးရတွေနဲ့ချိတ်ဆက်ပြီး စစ်အုပ်စုသူ့သဘောသူဆောင်လုပ်မဲ့ နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မဲ့ လူထုတိုက်ပွဲကြီးကို ဦးဆောင်မှုပေးဘို့ အချိန်ရောက် ပါပြီဆိုတာ တိုက်တွန်းအားပေး နှိုး စော်လိုက်ရပါတယ် ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်