Showing posts with label ပြည်သူတစ်ဦး၏ ရင်ဖွင့်စာ. Show all posts
Showing posts with label ပြည်သူတစ်ဦး၏ ရင်ဖွင့်စာ. Show all posts

Wednesday, January 18, 2012

ဖိုးသောကြာရဲ့၏-အာရိုက်နိုင်ငံရေးမှာ ရုန်းထွက်ကြစေလို ဆောင်းပါးသို့ အရှင်ထာဝရမှာ တုန့်ပြန်စာ

ဖိုးသောကြာရဲ့၏-အာရိုက်နိုင်ငံရေးမှာ ရုန်းထွက်ကြစေလို ဆောင်းပါးသို့ အရှင်ထာဝရမှာ တုန့်ပြန်စာ

အခုလိုစာရေးသာပြီး ပြောဆိုလာတာကို ဦးဇင်း အသိမှတ်ပြုတန်းဖိုးထားပါတယ်။အမှန်းတရားဆိုတာ ဖုံးကွယ်လို့မရပါဘူးဆိုတာအားလုံးအသိပါပဲ။အခုလိုဝေဖန်းထောက်ပြတာ ကျေးဇူးဥပကာရတင်ရှိပါကြောင်း ပြောကြားချင်ပါတယ်။ဦးဇင်း အိန္ဒိယနိုင်ငံကနေ့ တရားမ၀င်စာအုပ်လုပ်ပြီး အမိမြန်မာပြည်လွတ်မြောက်ရေး အတွက် နိုင်ငံပေါင်းမြောက်များစွာကို သွားရောက်ပြီး နိုင်ငံတကာ အစိုးရတွေ မြန်မာနိုင်ငံသားတိုင်းရင်းသား အဖွဲ့စည်းတွေနဲ့ဆွေးနွေးမှုမြှောက်များစွာ ပြုလုပ်ခဲ့ပါတယ်။နော်ဝေကို အစည်းဝေတက်ဖို့ အကြောင်းဖြစ်လာခဲ့တဲ့ အချိန်မှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ သံရုံးက ဗီဇာထုတ်ပေးဖို့ အကြိမ်းကြိမ်းခေါ်တွေခဲ့ပါတယ်။တစ်ကယ်သွားဖြစ်မယ် ဆိုရင်လည်း ပြန်ရောက်တာနဲ့သံရုံးမှာ လက်မှတ်လာထိုးဖို့မှာလိုက်ပါတယ်။ဦးဇင်း ဒီနေ့ရာမှာအားလုံးကိုပြောချင်တာကတော့ အခုလိုဆုံးဖြတ်လုပ်ကိုင်ခဲ့တာလည်း ဦးဇင်းဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ဘယ်အဖွဲ့စည်းကမှာ ထောက်ခံပေးခဲ့တာ မဟုတ်ပါဘူး။နောက်ပြီး*FBEအဖွဲ့စည်းနဲ့မသတ်ဆိုင်ပါကြောင်း ပြောချင်ပါတယ်။ ဦးဇင်းတို့အစည်းဝေလာတက်တာ ဘယ်အဖွဲစည်းကမှာ ငွေပေးခဲ့တာ မဟုတ်ပါဘူး ဦးဇင်းရဲ့ရင်နှီတဲ့ မိတ်ဆွေတွေကသာ ထောက်ပံ့ကူးညီပေးခဲ့တာဖြစ်ပါတယ်။
အခုစာရေးလာသူရဲ့ မှားယွင်နေတာ တစ်ခုကို ထောက်ပြချင်းပါတယ် အဲဒါကတော့ ဒိန်းမတ်မှာ အဆိုင်လင့်လျှောက်တယ် ဆိုတာပါပဲ။ယူတိုးနိုင်ငံတွေရဲ့လောကို နားမလယ်လို ပြောတာလိုထင်ပါတယ်။အမှန်တစ်ကယ်လျှောက်ချင်းရင် ဗီဇာရှိတဲ့ နိုင်ငံမှာပဲ ပထမဆုံးလျှောက်ခွင့်ရှိပါတယ်။ဦးဇင်းအခုလိုလုပ်ခဲ့တာလည်း အားလုံးကို အသိပေးပြီး လုပ်ခဲ့တာဖြစ်နေလို့ ဘာမှာပြောစရာမရှိပါဘူး။တစ်နေကျရင် ဒီလိုဝေဖန်းရေးသားလာမယ် ဆိုတာကို ကြိုးတွက်ထားပြီးသားပါပဲ။ဦးဇင်းပြန်မေးချင်တာကတော့ ခင်ဗျာတို့ပြောနေတဲ့ ကိုယ်ပိုင်းအခွင့်ရေးကို လေးစားလိုက်နာမယ် ဆိုရင် အခုလို့စာရေနေစရာမလိုပါဘူး။ဒီမိုကရေစီလိုပြောပြီး ဒီမိုကရေစီနည်းကျမနေတက်တဲ့ ခင်ဗျာတို့လို့လူတွေရှိနေသ၍တော့ မြန်မာပြည်ဒီမိုကရေစီရမှာ မဟုတ်ပါဘူး။နောက်တစ်ချက် ဗိုလ်ချုပ်စကားနဲ့ပြောရရင် ခင်ဗျာတို့ စောက်ကျင့်တွေကို ပြင်ကြပါလို တိုက်တွန်းချင်ပါတယ်။ပြောတော့ နိုင်ငံရေးအကျဉ်းသားဟောင်းများတဲ့ လုပ်နေပြောနေတာက စည်းလုံးညီညွတ်ရေးကိုပြိုခွဲနေတာပါပဲ။
တစ်ဆက်ထဲ ထက်ပြောပါအုံးမယ် သမိုင်းဆိုတာ မရှိရင်လည်း အသာနေပါ အခုလိုတိုက်ခိုက်နေလို ခင်ဗျာအတွက် အကျိုးရှိပါလား ဦးဇင်းလုပ်ရက်အတွက် ဦးဇင်းမှာ တာဝန့်ရှိပြီးသားပါ အဲဒီကဖြစ်လာမယ် အကျိုးဆက်ကိုလည်း တွက်ထားပြီးသားပါ။လုပ်သင်လုပ်ထိုက်လို လုပ်တယ်လိုပြောပါရစေ။ မြန်မာတွေရဲ့စောက်ကျင့်တွေမကောင်းလို အခုလိုဒီမိုကရေစီနဲ့ဝေနေတာက ခင်ဗျာတိုကြောင်ဆိုတာ သိပါလား နောက်တက်လာတဲ့ လူငယ်တွေကို နေရာမပေးချင်းတဲ့ အတွက် စစ်အုပ်စုထောက်လှမ်းရေးပါလို စွပ်ဆွဲပြောချင်ရာပြောနေတဲ့ ခင်ဗျာတို့လို့ နိုင်ငံရေးသာမားလို့ အသံကုန်ဟစ်နေတဲ့ လူတွေကြောင် မြန်မာနိုင်ငံရေဟာ ရှေ့ကိုရောက်သင်ပါလျှက်မရောက်တာ အခုလိုစိတ်ထားတွေကြောင်းပဲဖြစ်ပါတယ်။နောက်ပြီး ပြည်တွင်းက လူတွေကိုပဲ အပြစ်တင်နေတဲ့ ခင်ဗျာတို့ဟာ တိုင်းပြည်အတွက် ဟန်းပြလုပ်ပြီး ဘေးထိုင်ဘုပြော ကိုယ်နဲ့စိတ်သဘောထားချင်းမတူးရင် အပြစ်ဖို့ အပြစ်ပြောဖို့လောက်ပဲ တက်တယ်ဆိုတာ ခင်ဗျာတိုနဲ့စကားပြောခဲ့တဲ့ အချိန်ကစလိုသိခဲ့ရပါတယ်။ခင်ဗျာတို့ပြောတော့ ကျွန်တော်တို့ဟာ လွတ်လပ်မှုကိုမြတ်နိုးပါတယ်။လေးစားတန်းဖို့ထားတယ် ဆိုတာဒါတွေပဲလား၊နိုင်ငံရေးအကျဉ်းသား အမည်ခံပြီး ဘ၀တူး အကျဉ်းကျသူတွေအပေါ် စာနာထောက်ထားဘူးပါလား၊ကိုယ်ရဲ့မိသားစုကို ပြည်ပခေါ်ထုတ်ဖို့ လုပ်နေတာကို နိုင်ငံရေးအကျဉ်းသားလို ပြောတာလား။တိုင်းပြည်ကို ရှောင်စားလိုဝကာမှာ မင်းတို့မလုပ်ကြနဲ့ပြောနေလိုရမှာလား၊ခင်ဗျာတို့ကိုယ်တိုင်း အစကောင်းအောင် လုပ်ခဲ့ပါလား။အခုမှာ သူများလုပ်တာကို အားမပေးတဲ့ အပြင်တိုက်ခိုက်နေတာကိုယ်က ခင်ဗျာကိုယ်တိုင်း လူလိမ်ဆိုတာကို ထုတ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။
တချိန်က ရင်ကော့ပြီး မော်ကြွားနိုင်ခဲ့တဲ့ဦးဇင်းတို့ ရွှေမြန်မာတွေဟာ ခုတော့ သူတပါးနိုင်ငံမှာ (ကျွန်) အဖြစ်ကုန်း ရုန်း လုပ်နေကြရပြီး ကိုယ့်နိုင်ငံမှာလည်း တရုတ်ရဲ့ စီးပွာရေး (ကျွန်) ဖြစ်ကြရပြီး ဒီအတိုင်း သွားရင် ရေရှည် မှာ တရုတ်က  မြိုသွားနိုင်တယ်ဆိုတာ ခင်ဗျာ မသိဘူးလား။ ထိုင်းမှာ မြန်မာတွေရော တိုင်းရင်သူ တိုင်းရင်သားတွေ ပါ အနှိမ် ခံ ရတာက ရင်နာစရာပါ။ မလေး စင်ကာပူ အတူတူကြီးပါပဲ။ ဒီလိုအချိန်မှာ အစိုးရရော အတိုက် ခံပါ မျိုးချစ် စိတ်ကို မွေးသင့်တယ်။ တိုင်းပြည်အတွက် စဉ်းစားသင့်တယ်ထင်လို့ပါတယ်။ခင်ဗျာကိုယ်တိုင်း၊တိုင်းပြည်ကိုချစ်တဲ့ သူဆိုတာကတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။
ပထမဆုံး အချက်အလက် တချို့ကို ခင်ဗျား သဘောမတူတာတွေကို ရဲရဲ တင်ပြလာတာ ကို ကျေးဇူးတင်ပါတယ်။ဦးဇင်းတို့ ဒီမိုကရေစီ မှာ မတူညီကြတဲ့ အတွေးအခေါ်ဆိုတာ ရှိကိုရှိရမယ်။ ဒီလို ရှိမှ အပြိုင်အဆိုင် တွေးမယ် ၊ ဖက်စုံတွေးမယ် ဒီကမှ အသစ်အသစ်တွေဖြစ်ပြီး တိုးတက်မှုတွေရှိမယ်။ နောက်မို့ ဆိုရင် အာဏာရှင်အောက်မှာလို အားလုံး ပုံတူ စက်ရုပ် တွေဖြစ် ကုန်ကြ ချီရဲ့။ ဒီအတွေး နောက်ခံနဲ့ ခင်ဗျားရဲ့ ဆွေးနွေးချက် ကို လုပ်တာပါ။ နောက် တချက် က မေးခွန်း ရှိကိုရှိရမယ်။ ဒီမေးခွန်းကိုဖြေရင်း ၊ ဆွေး နွေးရင်း နှစ်ဖက် အကျိုး ရှိလာ နိုင်တယ်။ ဒီကမှ တူညီမှုရရင်ရ မရ ရင် ကွဲပြား တဲ့ အတွေးအခေါ်သစ် တွေ ပေါ်ထွက်လာနိုင်တာပေါ့ဗျာ။
ဥပမာ ဦးဇင်းတို့ အိမ်နည်းချင်း ထိုင်းနိုင်ငံဟာ စစ်တပ်က အနောက်က အုပ်ချုပ်တဲ့ နိုင်ငံတခုပါ။ ဒီမိုကရေစီထွန်းကားတိုးတက်နေတဲ့ နိုင်ငံလည်း မဟုတ်တဲ့ အတွက် အားလုံး အတုယူဖို့ ဦးဇင်းဘယ် ပြောရဲပါ့မလဲ? ဘယ်နိုင်ငံမဆို ကောင်းတာကိုယူ မကောင်းတာကို ပယ်ပြီး ကိုယ့်နိုင်ငံ စရိုက် ယဉ်ကျေးမှု နဲ့ ကိုက် အောင် ဖေါ်ထုတ်ကြရမှာပေါ့။ ဦးဇင်း ပြောချင်တာကတော့ အစကတည်းက အစိုးရဖက်ရော အတိုက်ခံ ဖက်ပါက အတုယူစရာတွေရှိတယ်လို့ လက်ခံခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ချင်း မတူတာကိုလည်း ဖေါ်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအပြောင်းအလဲမှာ စစ်တပ်အစိုးရ ဟာ ဆင်းရဲသားတွေကို မမေ့သင့်ဖူး နောက် မိမိတို့စီးပွားရေး နားမလည်တာ ကို သတိရှိပြီး အိမ်နည်းချင်းတွေမှာ လို စီးပွားရေးကို နားလည်တဲ့ အရပ် သားလက်ထဲမှာ ထားပြီး ၀င်မရှုပ်ဖို့ ဆိုတဲ့ စေတနာ ကိုအခြေခံပြီးလုပ်ငန်းတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။
ဒီမှာ ဦးဇင်းတို့က လက်တွေ့ကျကျကိုအခြေခံပြီး စဉ်းစားစေချင်တာပါ်။ ဒါကြောင့် တော်လှန်ကြ ဆိုတဲ့ စစ်ချီသံတွေပဲ ထပ်တလည်လည် ပေးနေပြီး တကယ်တော့ အသံပဲရှိကြပြီး စစ်တပ်ကြီး က လေထဲမှာပဲ ရှိတယ်။ ဒီကြားထဲမှာ မြန်မာလူထု ဟာ နင်းပြား ဘ၀က မလွပ်ပဲ ဘာမှ မတိုးတက် လာဖူး။ လက်တွေ့သမား မျက်စိနဲ့ ကြည့်ရင် အိမ်နည်းချင်းနိုင်ငံကစစ်တပ် နဲ့ နိုင်ငံရေးစံနစ် ဟာ အတုခိုးစရာကောင်းလောက်အောင် ဘာကောင်းလို့လဲ လို့ ငြင်းချက် ထုတ်နိုင်ပေမဲ့ လက်ရှိမှာ အိမ်နည်းချင်းပြည်သူ တွေဟာ မြန်မာပြည်သူတွေ ထက်အများကြီး လွပ်လပ် တယ် အနေအထိုင် အဆင့်အတန်း မြင့်ကြတယ်။ အိမ်နည်းချင်းနိုင်ငံ မှာ တိုက်နဲ့ ကားနဲ့ တ၀ီဝီ ဖြစ်နေကြတဲ့ အချိန်မှာ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ တော့ ဓနိတဲ နဲ့ နွားလှည်း မြင်းလှည်း က မတက်နိုင်ကြသေးဖူး။ အများဖြစ်တဲ့ တောနေလူထု ကို ပြောတာပါ။ မြို့နေလူထု အများစုဟာလည်း အသက်ရှင်အောင် မနဲ ရုန်းကန်နေကြရတာပါ။ နိုင်ငံရေးစံနစ်နဲ့ အုပ်ချုပ်သူတွေကို ခဏဘေးချိပ်ထား ဦးဇင်းတို့ မြန်မာ နိုင်ငံသား တွေ အိမ်နည်းချင်းနိုင်ငံတွေလောက် နေနိုင်တာ ဦးဇင်းမြင်ချင်တာ ဦးဇင့်းစေတနာပါ။ ဒါကြောင့် တချို့အပိုင်းတွေမှာ လက်ရှိ နိုင်ငံ ရေး အာဏါကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်လူစုလို ခင်ဗျာ အတွေခေါ်တွေက ဖြတ်စည်းနေတာ သိသာထင်ရှားပါတယ်။ခင်ဗျာတို့နိုင်ငံရေးသမားတွေက မြောက်ပေးပြီး သံဃာတွေကို နိုင်ငံရေးထဲခေါ်လာပြီး တာဝန်ပဲစွာ နေထိုင်နေတာကို သံဃာတွေဘာပြောခဲ့ပါလဲ။အခုလည်း ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပြောရရင် ဦးဇင်းကိုယ်ပိုင်းအခွင့်ရေးပါ ဦးဇင်းလုပ်သင်တယ် ထင်လို့လုပ်တာဟာ ခင်ဗျာနဲ့မဆိုင်ဘူးလိုပြောချင်းပါတယ်။ သတ္တိရှိရင်ယောင်္ကျားတွေပဲဗျာ
ဦးဇင်းလည်း သိလို့ တတ်လှလို့ရယ် မဟုတ်ပါဖူး ကိုယ့်အမြင်ကိုယ့်အထင်လေးကို အများသိရအောင် အထူးသဖြင့် လူငယ် တွေ အမြင်ကျယ်အောင် စေတနာနဲ့ ပြန်ဆွေးနွေးတင်ပြတာပါ။ ခက်တာက ဦးဇင်းတို့ မြန်မာနိုင်ငံရေးမှာက၊ တချို့အတွက် မသိစိတ်မှာ လက်ဝဲ ယဉ်ကျေးမှုက ဆွဲကပ် နေပြီး ကိုယ်နဲ့အမြင်မတူတာနဲ့ ရန်သူလို့ သဘောထားချင်ကြတယ်။ ငြင်းကြတယ်ဆိုတာနဲ့ ချက်ချင်း ဆိုသလို အကြောင်းအရာ နဲ့ မူတွေကနေ သွေဖယ်ပြီး၊ ပုဂ္ဂိုရ်ရေး ဖက်ရောက်သွားကြပြီး မာန စိတ်တွေ ဖုံးလွှမ်းလာကြပြီး သူနိုင် ကိုယ်နိုင် ဖင်လှန်ငြင်းကြပါရော်။ အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြလည်း နားမ၀င်ကြတော့ဖူး ငါကိုမထိနဲ့ ငါ့ဆရာကို မထိနဲ့ ဆိုတဲ့ (ငါ) ဆိုတဲ့ မာနစိတ်တွေဝင်ကုန်ကြပြီး ပုဂ္ဂိုရ်ရေး တိုက်ခိုက်တာတွေ ၊ အထင် နဲ့ ရမ်းပြီးစွပ်စွဲ တာတွေ ပါလာကြပြန်ရောအခုလည်း ဦးဇင်းတို့ကို ဝေဖန်းလာကြတာကို ဦးဇင်းကတော့ အပြစ်မတင်ပါဘူး ကိုယ်နေတဲ့ နိုင်ငံမှာ လုပ်တဲ့ အစည်းဝေက လုပ်ဆောင်ချက်တွေတော့ မသိဘူး အကုန်သိမ်းကြုံးပြီး ဝေဖန်းတဲ့ ခင်ဗျာ အဆင့်တန်းကိုကြည်ရရင်တော့ အရက်သမားဖြစ်ဖို့က ရာခိုင်နူန်း၆၀လောက်မှာရှိမယ် ထင်ပါတယ်။
တကယ်တော့ ဆောင်းပါးဆိုတာက စာရေးသူရဲ့ အမြင် ကို သူဥာဏ်မှီသလောက်လေး တင်ပြလာတယ်လို့ ထင်မိပါတယ်။ ဦးဇင်းပြောချင်တာကတော့ တင်ပြလာရာမှာ ဘယ်အကြောင်းအရာလည်းဆိုတာအရေးကြီးပါတယ်။ စာဖတ်သူ ကလည်း သူ့ရဲ့ သူ့ ဘ၀အတွေ့အကြုံ ဗဟုသုတ အခြေခံပေါ်မှီပြီး နားလည် လိုက်တာကိုး။ ချင်းချင်းကွဲလွဲမှု မရှိနဲ့ဦး ဘယ်ဘယ် အဆင့်ကကြည့် တာလည်းဆိုတာ ကရှိ သေး တယ်။ တခါ ဘယ်ထောင့်ကကြည့်သလဲ ဆိုတာကလည်း ပါလာပြန်တယ်။ ဒါကြောင့် တခါတရံ စာရေးသူ ရဲ့ ဆိုလိုချက် ဦးတည်ချက် နဲ့ စာဖတ် သူတို့ ရဲ့ နားလည်မှု တွေဟာ လွဲချော် နေတတ်ပါတယ်။ ဆောင်း ပါးရှင် ရေးတိုင်းလည်း မှန်ရမယ် လို့မဆိုနိုင်ပါဖူး။ တခါတရံ ဆောင်းပါး ရှင်တွေ ကိုယ်နှိုက် လည်း အတွေးချော် နေတာတွေရှိတတ်ပါတယ်။ တခါတရံ လည်း နိုင်ငံရေး အနိုင်ရ လိုမှုနဲ့ ရာဇ၀င် အချက်အ လက် တွေကို တမင်ပြောင်းရေးတာတွေတောင် ရှိတတ်သေးတာပဲ။အခုခင်ဗျာရေထားတဲ့ အချက်လက်တွေ အမှန်ကြီးပဲလိုတော့ မအတွက်လိုက်ပါနဲ့အမှားတွေရှိတယ် ဆိုတာကိုတော့ သိပြုပါ။
ဦးဇင်းတို့မြန်မာနိုင်ငံဟာ ပါလီမန် ဒီမိုကရေစီ လက်ထက် က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ မှာ အလားအလာအရှိဆုံး အဆင့်မြင့် နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ မြန်မာ နိုင်ငံသားဟေ့ ဆိုပြီး ကမ္ဘာမှာ ရင်ကော့ပြီးလျှေက် နိုင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ဖက်မလိုက်အုပ်စု ကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့တဲ့ အတွက် အရှေ့အုပ်စု ရော အနောက်အုပ်စုကပါ မျက်နှာချိုသွေးကြရတယ်။တရုတ်-ကုလား ရန်ပွဲမှာ မြန်မာဝန်ကြီးချုပ် ဦးနု က ကြားလူ။ ဂုဏ်သရေရှိ လူကြီးမင်း။ လူတဦး တိုက်တလုံး ကားတစီး ငွေ ၈၀၀ ဆိုပြီးတောင် စိတ်ကူး ယဉ် ရဲကြတယ်။ ဒီလို စီးပွားရေးအောင်မြင်တာ နိုင်ငံခေါင်းဆောင် တွေက စီးပွားရေး နားလည် စေတ နာမှန်ကြလို့ပေါ့။ အခုတော့ အတိုက်ခံလုပ်ပြီး ကိုယ်အချင်အချင်ပြန်တိုက်ခိုက်နေတာကတော့ မကောင်းပါဘူး ခင်ဗျာကိုတိုင်း အရင်စပြီးလုပ်ပါလို့တိုက်တွန်းချင်းပါတယ်။
နိုဂုံးချုပ်ပြောချင်းတာကတော့ မျိုးချစ်စိတ်နဲ့ ကြည့်ရင် နိုင်ငံတိုင်းမှာ မျိုးချစ်သူတွေဟာ လူများစုပါ။ မိမိလူမျိုးနဲ့ တိုင်းပြည်ကို ချစ်ရင် မိမိလူမျိုးတွေ ဆင်းရဲ ဒုက္ခရောက်တာကို မကြည့်သင့်ဖူး ဆိုတဲ့စေတနာပါ။ နောက် အရေးကြီးတဲ့ ရည်ရွယ်ချက်က လူငယ်လူကြီး အများစု ဟာ လက်ဝဲ အယူအဆ တွေကသာ ဆင်းရဲသားတွေကို ငဲ့ငြှာတယ်ထင်ကြပြီး ၀ါဒမှိုင်း တိုက်တာကို ခံကြရတယ်လို့ ခံစားရမိတယ်။ ဒါကြောင့် ခေတ်နောက်ကျသွားပြီ ဖြစ်တဲ့ လက်ဝဲ အယူအဆ အစား ၀ါဒကျမ်းတွေလည်း ကြေညက်အောင်နားလည်ဖို့ မလို ၊ လူတန်းစား တစု က တခြားလူတန်းစားတွေကို ရန်သူအဖြစ်မြင်ကြပြီး ဖြုတ်-ထုတ်-သတ် ပွဲတွေကျင်းပပြီး အချိန်ဖြုန်းစရာမလို။ အရင်းရှင်လည်း မြန်မာပြည်သားပဲ ၊ ဆင်းရဲသားလည်း မြန်မာပြည်သားပဲ ၊ ကော်လိပ်ကျောင်းသား ၊ ဘုန်းကြီးကျောင်းသား၊ စစ်ဗိုလ် စစ်သား ၊ ရှမ်း ကချင် ကရင် ရခိုင် ချင်း တွေလည်း မြန်မာပြည်သားတွေပဲ။ အားလုံးကို ဆင်းရဲ တွင်း ထဲ ကန်ချမဲ့ အစား အများစု ကို လူစဉ်မှီ အောင် လူလတ်တန်းစား ဖြစ်အောင် (ဆွဲ) တင်နိုင်မဲ့ ဗိုလ်ချုပ်အောင်ဆန်း လျှောက်ခဲ့တဲ့ ဒီမိုကရေစီ နည်းအရ (နိုင်ငံရေး) အာဏါယူပြီး အများပြည်သူကို အကျိုးပြုမဲ့ စီးပွားရေးကို ကျင့်သုံးမဲ့ မျိုးချစ်စိတ်ကို အရင်းခံတဲ့ အကြောင်းကို ရည်ရွယ်ချက် နဲ့ အစ အကောင်းထည့်ဖေါ်ပြီး ခင်ဗျာကိုတိုင်းရှေ့ကလုပ်ပါ ဦးဇင်းနောက်က လိုက်ဖို့အစဉ်သင်ပါပဲလို့ပြောချင်းပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Ashin.Htavara (General Secretary)
All Buemses Monks Representative Committee.(ABMRC)
Email:uthavara@gmail.com, Monks.2011@gmail.com,
Bolg: http://ashin-htavara.blogspot.com/
http://www.facebook.com/ashin.htavara
- အာရိုက် နိုင်ငံရေး မှ ရုန်းထွက်ကြစေလို

Sunday, October 2, 2011

ဧရာဝတီ အမြဲတမ်းရှင်သန်ပါစေ


ဧရာဝတီ မြစ်ပေါ်မှာ ရေကာတာ မဆောက်လို့ မြန်မာပြည် တစ်ပြည်လုံး မီးမလင်းချင်နေပါစေ ဧရာဝတီမြစ်ကိုတော့ အဆုံးအရှုံး မခံနိုင်ပါဘူး။ အင်မတန်အေးမြပြီး ကြည်လင်တဲ့မြစ်ပေါ်ကိုဖြတ်သန်းပြီး တိုက်ခတ်လာတဲ့ လေကို ရှူရှိုက်လိုက်ရတဲ့ အရသာဟာ ရောင်စုံမီးတွေ ထိန်ထိန်လင်းနေတဲ့မြို့ပြရဲ့ ညတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။မြို့ပြတွေမှာ ထိန်လင်းနေတဲ့ ရောင်စုံမီးတွေဟာ လှပတယ်ဆိုပေမယ့် ငြိမ်းချမ်းမှုနဲ့ အေးမြမှုတွေကို မပေးနိုင်ပါဘူး။ ဒါကြောင့်.... ဘာနဲ့မှ မလဲနိုင်ပြီ ဒို့ဧရာဝတီ။ ထာဝရရှင်သန်လိမ့်မည် ဒို့ဧရာဝတီ လို့ပဲ ဆန္ဒပြုချင်ပါတယ်။

အရှင်အရုဏာ ။အိန္ဒိယနိုင်ငံ နယူးဒေလီမြို့

Saturday, September 24, 2011

ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ



ကြံ့ဖွတ်အစိုးရရဲ့ ကမ်းလှမ်းချက်အရ ပြည်တော်ပြန်မယ်ဆိုရင် ဒီအချက်အလက်တွေကို လက်ခံနိုင်၊ မနိုင် အရင်စဉ်းစားရအောင်လို့ မြန်မာသံရုံးတခုက ရတဲ့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။ အားလုံး ဝေဖန်ပိုင်းခြားပြီးတော့ ဆုံးဖြတ်နိုင်ကြပါစေ။

Saturday, September 10, 2011

မြန်မာ့သစ်တောရေးရာဝန်ကြီးဌာန ရန်ကုန်ရုံးချုပ် တာဝန်ရှိသူများမှ မမျှတမှုမျအား ဖြေရှင်းပေးပါရန်ပေးစာ

ကျနော် ၊ ကျမတို့  သည် သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရန်ကုန်(ရုံးချုပ်) ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများဖြစ်ပါသည် ။
၂၀၁၀ခုနှစ် ၅ လ ပိုင်းမှစတင်၍ နေပြည်တော်ရှိ သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ရုံးသို့ ၀န်ထမ်းအားလုံးသည် တဦးလျှင် ၂ လ ကြာ ၊ အလှည့်ကျစနစ်ဖြစ် သွားရောက် တာဝန် ထမ်းဆောင် ကြရန် စတင်စေလွှတ်ပါသည်။
ထိုသို့စေလွှတ်ရာတွင် ရန်ကုန်ရုံးချုပ်ရှိ တာဝန်ရှိသူအချို့  မှမျှတစွာတာဝန်ခွဲဝေခြင်း မရှိပဲ အထွေထွေ မန်နေဂျာ(GM)၊ဒုတိယအထွေထွေမန်နေဂျာ(DGM)တို့၏ဆွေမျိုးနီးစပ်တော်စပ်သောာဝန်ထမ်းများနှင့်၎င်းတို့နှင့် အပေးအယူပြုလုပ်ကာတပည့်မွေး ဆရာမွေး ပြုလုပ်နေကြသော ၀န်ထမ်းများအား အခြားဝန်ထမ်းများနည်းတူ နေပြည်တော်သို့တာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့ခြင်း မရှိပါ ။ ထိုဝန်ထမ်းများအား လာဘ်ပေး၊လာဘ်ယူ ကိစ္စများတွင်သာ အဓိကဆောင်ရွက်ရန် အနီးကပ်တပည့်မွေးမြူထားကြပါသည်။
နေပြည်တော်သို့သွားရောက်တာဝန်ထမ်းဆောင်ြကသော ၀န်ထမ်းများအတွက် ယာယီနေထိုင်ရန် ပေး ထားသောအဆောက်အဦးမှာလုံခြုံမှုမရှိပဲ မိမိတို့ဝန်ထမ်းများ၏ ပစ္စည်းများအားပြင်ပမှမကြာခဏဖောက်ထွင်း ခိုးယူ မှု့များ ခံကြရပါသည် ။ တာဝန်ရှိသူများကိုအကြောင်းကြားတင်ပြခဲ့သော်လည်း မည်သို့  မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းမရှိပါ ။ မိမိတို့ ရရှိသောလစာနှင့်ရန်ကုန်ရုံးမှပေးသောထောက်ပံ့ကြေး တစ်သောင်းခွဲသည် နေပြည်တော်တွင် တာဝန် ထမ်းဆောင်ရန်လုံလောက်ခဲ့ခြင်းမရှိသော်လည်း ဌာနမှ တာဝန်ပေးခဲ့သည့်အတွက် အခက်အခဲများကြားမှ မိမိတို့  အနေဖြင့်သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးဖြစ်ပါသည် ။ မိမိတို့သည် ဌာနမှ ထပ်မံတာဝန်ပေးချက်အရ နှစ်ကြိမ်ထက်မနည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် ၀န်ထမ်းများဖြစ်ကြပါသည်။
ယခုအခါတွင်လည်း ထပ်မံစေလွှတ်နေပြန်ပါသည်။ မိမိတို့အနေဖြင့် မိသားစုအခြေအနေ၊ရရှိသောလစာနှင့်ကုန်ကျစရိတ်များအရ အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ရန်မဖြစ်နိုင်ပါ။ အထွေထွေ မန်နေဂျာ(GM) ၊ ဒုတိယ အထွေထွေမန်နေဂျာ (DGM) တို့၏ နီးစပ်သူများ သည် နေပြည်တော်သို့ သာမန်ဝန်ထမ်းများနည်းတူ စေလွှတ် တာဝန် ထမ်းဆောင် သင့်သော်လည်း ယခုချိန်ထိ တကြိမ်တခါမျှ စေလွှတ်ခြင်းမရှိပါ ။
ထိုကဲ့သို့ မျှတမှု့မရှိသည် ကိစ္စရပ်များပေါ်ပေါက်နေပါသဖြင့်ပြောင်းလဲလိုက်သော ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန အမည်သစ်နှင့်အတူ ယခင် သစ်တောရေးရာဝန်ကြီးဌာန အမည်ဟောင်းအောက်တွင်ဖြစ်ပေါ်ခဲ့သောဌာနတွင်းဝန်ထမ်းများအပေါ် မမျှတမှုများပါအသစ်ပြုပြင်ပြောင်းလဲ ပေးပါရန်အခြေခံဝန်ထမ်းများမှ အင်တာနက်စာမျက်နှာများမှတဆင့်သက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြ တောင်းဆို လိုက်ရပါသည်။
                                                                            အခြေခံဝန်ထမ်းများ
                                                                       ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြန်မာ့သစ်လုပ်ငန်း
                                                                                   ပြည်တွင်းရောင်း/စက်ဌာန
                                                                                           ရန်ကုန်ရုံးချုပ်

Saturday, May 7, 2011

သိန်းစိန်ရဲ့  ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်သို့ အိတ်ဖွင့်ပေးစာ။


သို့

ဒေါက်တာဖေသက်ခင် -

စနစ်တွေ ပြောင်း၊ လူတွေ ပြောင်းတော့ အဟုတ်ကြီးထင်လို့ အားကိုးရှာသည်၊ မူတွေ မပြာင်းသေးပါလား?။

ပြည်သူတွေက ရွေးချယ်ထားပါတယ်ဆိုတဲ့ ၀န်ကြီးက ပြည်သူ့ အကျိုးကို မကြည့်ပဲ ခင်ဗျားတို့ ဆရာဝန်အချင်းချင်း အကျိုးစီးပွားကိုပဲ ပြန်ကြည့်နေတာလား?။

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်စိုး (ဆမ- ၉၅၄၅) မတရားပြုနေတာတွေကို တင်ပြပေးထားတာ (၁ လ) ပြည့်ပါပြီ။ လာရောက်စစ်ဆေးတာ အမှန်တရားကို မတွေ့ခဲ့လို့လား?။

ညွှန်ကြားရေးမှုးချုပ်မကလို့ ခင်ဗျား ကိုယ်တိုင်လာစစ်လည်း ဘာမှမထူးတော့ဘူးဆိုတာ ကျုပ်တို့ မြို့သားတွေအားလုံးသိလိုက်ပါပြီ။ ကျန်းမာရေးဝန်ကြီး အသစ် တစ်ယောက်ရဲ့ ပထမဦးဆုံး အပြုအမူက ဒီလိုပါလား?။ ခင်ဗျား မသိချင်ယောင်ဆောင်နေလည်း ထပ်ပြောပြဦးမယ်။

ခရမ်းမြို့က လူနာတွေကို နည်းနည်းလေးချောင်းဆိုးတာနဲ့ TB ရောဂါဖြစ်တယ်ဆိုပြီး ဆေးတွေ အတင်းသောက်ခိုင်း၊ နောက်ပြီး ခင်ဗျားတို့ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းတစ်တိုင်းလုံးရဲ့ TB ဆေး အထိရောက်ဆုံးဆုဆိုပြီး၊ ခင်ဗျားတို့ပဲ ဆုတော်ငွေ သိန်း (၇၀) ချီးမြင့်ခဲ့သေးတယ်လေ။ ခင်ဗျားတို့က လူသတ်သမားကို ဆေးထိုးအပ် ကိုင်ခိုင်းတာကိုး။ TB ရောဂါမရှိပဲ ဆေးသောက်ခဲ့ရတဲ့လူနာတွေ အားလုံးကို မေးကြည့်စမ်းဗျာ၊ တစ်ဝက်လောက်က သေသွားပြီဆိုတာ ခင်ဗျားတို့ သိရဲ့လား?။ (ဒေါက်တာမြင့်စိုးရဲ့  ဆရာကလည်း တိုင်းကျန်းမာရေးမှုးကိုး)။

ခင်ဗျားတို့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း လာစစ်သွားတာ ဟုတ်ပါတယ်၊ Internet Website နဲ့ DVB တို့မှာ တင်ပြခဲ့ရင် ခဏတစ်ဖြုတ် လာစစ်ပြတာက ခင်ဗျားတို့ အသစ်ပြောင်းလာကြတဲ့ လူကြီးတွေရဲ့ Formular လား?။

လူသတ်သမား ဆရာဝန်လုပ်ခဲ့တဲ့အကြောင်းတွေ၊ ဆိုင်ခန်းအကြောင်းတွေ၊ ဆေးတွေဈေးကြီးတာတွေ။ အရိုက်ခံရတဲ့အကြောင်းတွေ၊ လူနာတွေကို မတရားပြုနေတာတွေက မဟုတ်လို့လား? အစာအိမ်ပေါက်တဲ့ လူနာနှစ်ယောက် ကို သူ့ဆီမှာ တစ်ပါတ်လောက်ကုတယ်၊ ခွဲစိတ်လိုက်၊ ပြန်ချုပ်လိုက်နဲ့ သေခါနီးမှ ရန်ကုန်ဆေးရုံကြီးကို ပို့တာ ခင်ဗျားတို့ ရန်ကုန်ဆေးရုံကြီးက ဆေးမှတ်တမ်းကို ပြန်ကြည့်လိုက်စမ်းပါ။ အဲဒီလူနှစ်ယေက် ဗိုက်တွေကို လာကြည့်စမ်းပါဗျာ၊ ကျုပ်တို့မြို့မှာ ရှိပါတယ်၊ သက်ဆိုင်ရာမှ အသေချာ ဆောင်ရွက်ပေးစေချင်ပါတယ်။

(ခရမ်းမြို့ နယ်သူမြို့ နယ်သားများ)

မေလ (၈) ရက်၊ ၂၀၁၁ ခုနှစ်။

(ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်စိုး (ဆမ- ၉၅၄၅) မတရားပြုနေတာတွေကို ပြန်လည် ဖတ်ရှူရန်အတွက် - “ခရမ်းမြို့နယ်၏ အရက်စက်ဆုံး မြိုနယ်ဆရာဝန်ကြီးအကြောင်း သိကောင်းစရာ” http://www.niknayman-niknayman.co.cc/2011/04/blog-post_08.html)။

Thursday, February 24, 2011

ရင်လေးမိပါသည်မြန်မာပြည်

ကျွန်မရဲ့တကယ့်မြင်တွေ့ခဲ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပါ
သူငယ်ချင်းတို့တွေလည်းသားသမီးတွေမွေးထုတ်ခဲ့ရင်၊သားသမီးတွေရှိခဲ့ရင် သိသွားပြီးဆုံးမသွန်သင်စေချင်လို့ပါ။

ကျွန်မတို့မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ နောက်ထပ်မွေးဖွားလားတဲ့လူငယ်လူရွယ်တွေရဲ့ကြိုးစားအားထုတ်မှူ့ ပေါ်မှာမူတည်နေပါတယ်၊၊
အဲဒီလိုအနာဂတ်အတွက် ကျွန်မမြင်တွေ့ကြားသိရတဲ့အကြောင်းလေးကြောင့် အမှန်တကယ်ကိုပဲရင်လေးမိပါတော့တယ်ရှင်။

သင်တန်းကျောင်းတခု တကယ့်ကိုပိုက်ဆံရှိသားသမီး၊ အရာရှိတွေရဲ့သားသမီးတွေမှတတ်နိုင်တဲ့သင်တန်းတခုပါပဲရှင်။ သူတို့လေးတွေ သင်တန်းကျောင်းရဲ့ cyber cafee မှာ network ဂိမ်းကစားရင်း အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲတဲ့အခါမှာတော့ သူတို့တွေရဲ့ လက်နဲ့ ဦးနှောက်က ကစားတာလား ပါးစပ်ကကစားတာလားဆိုတာကျွန်မမသိတော့ပါဘူးရှင်။ ဆဲလိုက်တဲ့အဆဲမျိုးစုံ ၊အရပ်ထဲကအမူးသမားဆဲတာတောင် သူတို့လောက်မဆိုးဘူးထင်ပါတယ်၊ ကျွန်မတသက်နဲ့တကိုယ်မကြားဘူးတဲ့ ဆဲနည်းမျိုးစုံနဲ့ အပြိုင်အော် ဆဲနေကြတော့တာပါပဲ။ အဲဒီ cyber cafee မှာအလုပ်လုပ်တဲ့သူကလည်း ကိုယ့်ကိုပိုက်ဆံပေးထားတဲ့သူ ကိုယ့်သင်တန်းမှာ သိန်း ၁၀ နဲ့ချီပြီးတတ်ထားတဲ့သူဆိုတော့ ပြင်းပြင်းထန်ထန်မပြောရဲနဲ့ရှိနေရှာတယ်လေ။ ကျွန်မတွေးမိတာတော့သူတို့မိဘတွေ သူတို့သားသမီးတွေကိုပညာ တတ်ရင်တော်ရင်ပြီးပြီလားလို့သတ်မှတ်ထားကြတယ်ထင်ပါရဲ့၊၊ လူ့ယဉ်ကျေးမှူ့တွေသင်မထားကြဘူးထင်ပါ ရဲ့ အဲဒီကလေးတွေဟာများသော အားဖြင့်အိမ်ကကြိုပို့လုပ်နေတဲ့သူတွေပါပဲ၊ အသက်အရွယ်အားဖြင့် ၁၇ -၁၈တွေ ပဲရှိကြသေးတယ် မိန်းကလေးတွေကလဲ အရှက်နဲလိုက်ကြတာ လူရှိရဲ့နဲ့ကို သူတို့ရည်းစားတွေနဲ့ kiss ပေးနေကြလေရဲ့ ဒီလိုလူမြင်ကွင်းကျယ်မှာတောင်ဒီလိုဖြစ်နေရင် နောက်ကွယ်မှာဆိုဘယ်လိုနေကြမလဲ။ တွေးသာကြည့်ပေတော့ကိုယ့်ဆရာတို့ရေ၊ အော်အမေ၊ အဖေတို့ကတော့ ငါ့သားလေးငါ့သမီးလေပညာတတ်ကြီးဖြစ်ပါစေ၊ သူများထက်တော်စေတတ်စေခြင်လို့ နိုင်ငံခြားကိုလွှတ်ပြီး ပညာသင်ရမှာစိတ်မချလို့ မြန်မာနိုင်ငံတွင်းမှာနေပြီး နိုင်ငံခြားက Diploma တွေယူစေခြင်ကြတယ်၊ သားသမီးတွေကနိုင်ငံခြားသာမရောက်သွားသေးတာ နိုင်ငံခြားယဉ်ကျေးမှူ့ကိုတော့အပြည့်အ၀ကိုသုံးနေကြလေရဲ့၊၊

ဒီလိုလူတွေနောင်လာမဲ့အနာဂတ်မှာ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေများဖြစ်ခဲ့ရင် တို့နိုင်ငံရဲ့ အရေး တွေးပြိးရင်လေးမိပါတော့တယ်လေ။
မေးလ်သို့ ပေးပို့လာသော စာအားပြန်လည်တင်ပြပါသည်။

Tuesday, February 8, 2011

ဖျက်လူနှင့်ဖျက်မိုး



ဖျက်မိုး
ယခု အချိန်ကာလ ဒီဇင်ဘာလသည် လပွတ္တာ ဒေသအတွင်း စိုက်ပျိုးထားသော စပါးများ ရင့်မှည့်သည့် အချိန်ကာလ ဖြစ်သည်။ ဤဒေသရှိ တောင်သူများ အနေဖြင့် နိုဝင်ဘာလကုန်မှ စတင်၍ ဇန်န၀ါရီလအထိအောင် သက်လျင်၊ သက်လတ်၊ သက်ကြီး အစရှိသည့် စပါးများအား သက်တမ်း အလိုက် ရိတ်သိမ်းမှုအား ပြုလုပ်ရပါသည်။ ပုံမှန် ရာသီဥတု အခြေအနေ ဆိုပါက ယခု ကာလသည် မိုးတိမ် ကင်းစင်သော ကာလဖြစ်ပြီး တောင်သူ လယ်သမားများ အတွက် မျှော်လင့်ချက်များနှင့် ပြည့်ဝသော ကာလ၊ ငွေရွှင်သော ကာလဖြစ်သည်။

လပွတ္တာ ကဲ့သို့သော မြစ်ဝကျွန်းပေါ် ဒေသရှိ တောင်သူများ အတွက်မူ ယခုနှစ် ယခုအချိန်သည် အခြားဒေသ များရှိ တောင်သူများထက် အရေးကြီး၏။ သူတို့အတွက် နာဂစ်မုန်တိုင်း ဒါဏ်ရာများ ကျက်စပြုနေ အချိန်၊ ပြီးခဲ့သော ဇူလိုင်လကုန်မှ စတင်၍ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) အစပြုသော ကူညီပံ့ပိုးရေး အဖွဲ့အစည်း တော်တော်များများ ရပ်ဆိုင်းသွားခဲ့သော အချိန်၊ နာဂစ်မုန်တိုင်း လွန်ပြီးနောက်ပိုင်း ပထမဦးဆုံး သေသေချာချာ ပြန်လည် ပြုလုပ်နိုင်ခဲ့သော စပါး စိုက်ပျိုးရေးနှင့် ၎င်းမှ ရရှိလာမည့် အမြတ်အစွန်း စသည်ဖြင့် မျှော်လင့်ချက်တို့ ပြန်လည် နိုထစ ပြုလာသော အချိန်လည်း ဖြစ်သည်။ သို့သော် ရာသီဥတုက တောင်သူတို့အား မျက်နှာသာ မပေးခဲ့ပါ။ ဂီရိမုန်တိုင်း စတင် အားယူချိန်မှ စ၍ မကြာခဏ ဆိုသလို ရွာသွန်းနေသော မိုးသည် တောင်သူတို့၏ မျှော်လင့်ချက် တစ်စိတ်တစ်ပိုင်းအား ပျောက် ကွယ်စေခဲ့သည်။ အထူးသဖြင့် မိသားစု အင်အား နည်းပါး၍ လုပ်အား မလုံလောက်သော မိသားစုများ အနေဖြင့် ပို၍ ထိခိုက်ရသည်။

စပါးရိတ်သိမ်းသည့် ကာလတွင် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ပတ်သက်၍ လပွတ္တာမြို့နယ်ရှိ တောင်သူတစ်ဦး ဖြစ်သူ ဦးစိုးဝင်းမှ “ဒီအချိန်မှာ မိုးရွာတယ်ဆိုတော့ ပေါ်ဆန်း (သက်ကြီး) ပဲစိုက်စိုက်၊ ကောက်ကြီး (သက်လတ်စပါး) ပဲစိုက်စိုက်၊ သက်ငယ်ပဲစိုက်စိုက် အနည်းနဲ့ အများတော့ ထိခိုက်မှု ရှိတာပဲ။ ဦးလေးက ပေါ်ဆန်းတွေ စိုက်ထားတယ်။ စပါးတွေက မမှည့်သေးဘူး။ ဒါပေမယ့် မိုးများတော့ အပင်တွေ ကျိုးကုန်တယ်။ ဒါကြောင့် အဖျင်းအမှော်တွေ များလိမ့်မယ်။ အပင်တွေ ကျိုးကုန်တော့ လိုအပ်တဲ့ အာဟာရတွေ အသီးတွေဆီကို မရောက်နိုတော့ဘူး။ အနည်းဆုံး တစ်ဧကကို လေးငါးတင်းတော့ အထွက် နည်းမယ် ထင်တယ်။ သက်လတ်နဲ့ သက်ငယ် စိုက်တဲ့ လူတွေ ပိုဆိုးမယ်။ သူတို့က ကောက်ရိတ်တုန်း၊ ရိတ်ပြီးကာစဆိုရင် မိုးမစိုအောင် မလုပ်နိုင်ရင် အညှောင့် ထွက်ကုန်မှာပဲ။ အနည်းဆုံး တစ်ဧကကို ဆယ်တင်းလောက်တော့ အထိအခိုက် ရှိမယ် ထင်တာပဲ။” ဟု ပြောခဲ့သည်။ လပွတ္တာ ဒေသအတွင်း တစ်ဧက ပျမ်းမျှ စပါး အထွက်နှုန်းမှာ ၅၀ တင်းခန့်သာ ရှိသဖြင့် အခါမဟုတ် မိုးကြောင့် တောင်သူများ၏ ထိခိုက်မှုအား မှန်းဆ ကြည့်နိုင်မည် ထင်သည်။

ဖျက်လူ
လွန်ခဲ့သော ၆ လခန့်က ၂၀၁၀ ဇွန်လ၌ မိုးစပါးများ စတင် စိုက်ပျိုးမည့် အချိန်တွင် လပွတ္တာ ဒေသရှိ တောင်သူများ အတွက် မျိုးစပါးဝယ်ယူရန် အခက်အခဲများ ပေါ်ပေါက်ခဲ့သည်။ နာဂစ်လွန် ကာလ ၂၀၀၉ ခုနှစ် အတွင်း စိုက်ပျိုးခဲ့သည့် စပါးများ၏ အထွက်နှုန်းမှာ မျှော်မှန်းထားသလောက် မရရှိခဲ့ခြင်း၊ အခြား စားဝတ်နေရေး အခက်အခဲပေါင်း များစွာကို ဖြေရှင်းနေရခြင်းကြောင့် တောင်သူ လယ်သမား မိသားစုများအတွက် ၂၀၁၀ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မျိုးစေ့ ၀ယ်ယူရန် မတတ်နိုင်ပဲ ဖြစ်ခဲ့ရသည်။

၎င်းအခက်အခဲအား ဖြေရှင်းနိုင်ရန် ဌာနဆိုင်ရာများနှင့် အလှူရှင် အဖွဲ့အစည်းများ တတ်နိုင်သလောက် ၀ိုင်းဝန်း ပံ့ပိုးခဲ့ကြသည်။ ထိုကဲ့သို့သော အချိန်တွင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် အပါအ၀င် ပုပ္ပလိက ကုမ္ပဏီများမှ တောင်သူများ၏ အခက်အခဲအား ၀ိုင်းဝန်းကူညီ ဖြေရှင်းရန်ဟုဆိုကာ တောင်သူများအား စိုက်စရိတ် ထုတ်ချေးခြင်း၊ မျိုးစေ့ ထုတ်ပေးခြင်းအား ရက်ရက်ရောရော ဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ ပြောကြားချက်အရ ထိုကဲ့သို့သော ကုမ္ပဏီ (၁၀) ခုခန့် ဧရာဝတီတိုင်းအတွင်း လုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။ ဦးပိုင်လီမိတက် အနေဖြင့် တစ်ဧကလျှင် စိုက်စရိတ် ၅ သောင်းအား အတိုးငွေ ၂ ကျပ် နှုန်းဖြင့် မည်သူမဆို ချေးယူနိုင်ကြောင်း၊ စပါး ပေါ်ပါက ဒေသပေါက်ဈေးနှင့် တွက်ချက်ကာ စပါးအား ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ကျေးရွာ ဥက္ကဌများမှ တဆင့် ဆော်သြကာ အချို့ နေရာများတွင် တောင်သူများအား ခေါ်ယူ ပေးအပ်သည် အထိပင် ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကျေးရွာ ရယက ဥက္ကဌများအား သက်သေပြုကာ ငွေချေးယူမှု စာချုပ်များအား ချုပ်ဆိုခဲ့ကြသည်။ သို့သော် စာချုပ်မိတ္တူများအား ငွေချေးယူသူ တောင်သူများအားလည်းကောင်း၊ ကျေးရွာ ဥက္ကဌများအားလည်းကောင်း ပေးအပ်ခဲ့ခြင်း မရှိခဲ့ပေ။

စပါးပေါ် ချိန်ကာလ ဖြစ်သည့် ယခုအချိန်တွင် အခါမဟုတ်သည့် မိုးနှင့်အတူ ကျေးရွာသားများထံ ရောက် ရှိလာသည်မှာ ဦးပိုင်လီမိတက်မှ ကိုယ်စားလှယ်များ ဖြစ်သည်။ တောင်သူများ အနေဖြင့် အခါမဲ့ မိုးဒါဏ်ကို ခံစားနေရချိန်တွင် မဖိတ်ခေါ်ပဲ ရောက်ရှိလာသော ဧည့်သည်ဖြစ်သော်လည်း မိမိတို့၏ စာချုပ် ကတိအရ ချေးငွေကို စပါးဖြင့် ပေးဆပ်နိုင်ရန် ကြိုးပမ်း ကြရသည်။ ပြဿနာက ထိုအချိန်တွင် ပေါ်လာသည်။ တောင်သူများ ငွေချေး စာချုပ် ချုပ်ဆိုစဉ်က စပါးဖြင့် ချေးငွေကို ပြန်လည် ပေးဆပ်ရာတွင် ဒေသပေါက်ဈေးဖြင့် ပေးချေရန်ဟူ၍ သဘော တူညီထားရှိသော်လည်း ဦးပိုင်မှ ကိုယ်စားလှယ်များမှ တင်း (၁၀၀) လျှင် (၃၈၀,၀၀၀) ကျပ် သတ်မှတ်ကြောင်း၊ မြို့အရောက် သယ်ယူ စရိတ်ကို တောင်သူများမှ ပေးချေရမည် ဖြစ်ကြောင်း ပြောဆိုလာသည်။ လက်ရှိ ကာလ လပွတ္တာမြို့ရှိ စပါး တင်း (၁၀၀) ပေါက်ဈေးမှာ (၄၀၀,၀၀၀) ကျပ်မှ (၄၂၀,၀၀၀) အထိဖြစ်သည်။ စပါးတင်း (၁၀၀) သယ်ယူရန် အတွက် အရပ်အခေါ် ဒိန်းဒေါင်း (ထော်လာဂျီ) တခေါက် ငှားခမှာ ပျမ်းမျှအားဖြင့် (၁၅,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ် အထိဖြစ်သည်။ သို့ဖြစ်၍ ဦးပိုင်သို့ ချေးငွေကို စပါးဖြင့် ပေးဆပ်ရန်မှာ တောင်သူများအတွက် တင်း (၁၀၀) ပေးရတိုင်း ပေးရတိုင်း (၅၀,၀၀၀) ကျပ်မှ (၆၀,၀၀၀) ကျပ်အထိ အရှုံးပေါ်မည့် သဘော ဖြစ်နေသည်။ ထို့အပြင် ပုံမှန် စံနှုန်းအားဖြင့် (၁) တင်းသည် (၄၆) ပေါင် ဖြစ်သော်လည်း အဖျင်းအမှော်နှင့် ရေစိုနေမှုအတွက်ဟုဆိုကာ မည်သည့် စပါးကိုမဆို ဦးပိုင်က (၁) တင်းကို ပေါင် (၅၀) ဖြင့် သတ်မှတ်၍ ပေါင်နှုန်းဖြင့် ၀ယ်ယူသည်။ တောင်သူများ အတွက် တင်း (၁၀၀) ပေးရတိုင်း (၈) တင်းခွဲခန့် ပိုပေးရမည့် သဘော ဖြစ်သည်။ အတိုးနှုန်း ၂ ကျပ် တိုးအား မက်မော၍ ငွေချေးလိုက်မိကာမှ ခေတ်သစ် ချစ်တီးနှင့် တွေ့ကြရသည်။

ဥပမာအားဖြင့် လပွတ္တာမြို့ မြောက်ဘက်ရှိ ကျေးရွာ တစ်ခုမှ တောင်သူ ဦးခွေးလေး၏ ဖြစ်စဉ်အား လေ့လာကြည့်ရာ သူသည် လယ် (၁၀) ဧက ပိုင်ဆိုင်သဖြင့် ချေးငွေ (၅) သိန်း ချေးခဲ့မိသည်။ ယခု ပြန်ဆပ်ရမည့် ချေးငွေအား စပါးတင်းဖြင့် တွက်ချက်ကြည့်ရာ ၅၀၀,၀၀၀/၃,၈၀၀ = (၁၃၂) တင်းဖြစ်သည်။ တင်း (၁၀၀) လျှင် ၈ တင်းခွဲခန့် ပိုပေးရမည် ဖြစ်သောကြောင့် (၁၃၂) တင်းတွင် (၁၂) တင်းခန့် ပိုပေးရမည် ဖြစ်သည်။ သို့ဖြစ်၍ စုစုပေါင်း ပေးဆပ်ရသည့် စပါးတင်းပေါင်းမှာ (၁၄၄) တင်းဖြစ်သည်။ (၁၄၄)တင်း၏ လပွတ္တာမြို့ပေါ် ပေါက်ဈေး မှာ ၁၄၄ x ၄၁၀၀ = (၅၉၀,၄၀၀) ကျပ် ဖြစ်သဖြင့် ခြားနားချက် (၉၀,၄၀၀) ကျပ်ဖြစ်သည်။ ငွေချေးခဲ့သည့် ကာလ (၄) လ ဖြစ်သည့်အတွက် (၁) လအတွက် ပေးရငွေ (၂၂၆၀၀) ကျပ် ဖြစ်သည်။ စာချုပ်ပါ လစဉ်ပုံမှန် အတိုးငွေမှာ ၂ ကျပ်တိုး ဖြစ်သောကြောင့် တစ်လလျှင် (၁၀,၀၀၀) ကျပ် ကျသင့်ကာ တစ်လအတွက် စုစုပေါင်း ပေးရငွေပေါင်းအား တွက်ချက်ပါက ၃၂,၆၀၀ ကျပ် ဖြစ်သည်။ ဦးပိုင်လိမီတက်မှ ၂ ကျပ်တိုးဖြင့် ချေးငွေ ထုတ်ပေးသည်ဟုဆိုကာ စေတနာရှိ သယောင်ယောင် ချေးငွေ ထုတ်ပေးကာ နံမည်ယူခဲ့သော်လည်း အမှန်တစ်ကယ်အားဖြင့် အတိုးနှုန်းမှာ ၆ ကျပ် သာသာ ဖြစ်နေသည်။ မြန်မာ့ချေးငွေ လုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထက် ၂ ဆ ကျော်နေသည်။ တောင်သူ ဦးခွေးလေးက “နားလှည့် ပါးရိုက် ခံလိုက်ရ သလိုပဲ။ အပေါ်ကို ဆွဲတင် မလိုလိုနဲ့ ပစ်ချတာပဲ။ ငါက ချေးထားတာ နည်းတော့ တော်သေးတယ်။ အချို့ဆို ၁၀ သိန်း၊ သိန်း ၂၀ ချေးထားတာ။ အဲဒီလူတွေတော့ ခုထက်ထိ စပါး မပေးကြသေးဘူး။” ဟု ပြောခဲ့သည်။

လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ အများအပြားတွင် အထက်ပါကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက်နေ၍ တောင်သူများနှင့် ဦးပိုင်လီမိတက် အကြား တင်းမာမှုများ ပေါ်ပေါက်နေကြောင်း သိရသည်။ ကျေးရွာအုပ်စု ဥက္ကဌတစ်ဦးမှ “ဟိုရက်ပိုင်းက မ.ယ.ကမှာ အစည်းအဝေးခေါ်ပြီး ညှိတာတွေရှိတယ်။ ဒါပေမယ့် မ.ယ.ကလည်း ဈေးနှုန်းကို မသတ်မှတ်ပေးနိုင်ဘူး။ တောင်သူတွေက စပါး (၂) တင်းအတွက် ပေါင် (၁၀၀) ပေးရတာကိုတော့ သဘောတူကြတယ်။ ဦးပိုင်က စာချုပ်ထဲမှာ တစ်မျိုး၊ အပြင်မှာ တစ်မျိုးလုပ်နေတာ အားလုံး သိတယ်။ ဒါပေမယ့် သူတို့က ရန်ကုန် ဆန်ကုန်သည်ကြီးများ အသင်းက သတ်မှတ်တဲ့ ဈေးလို့ ပြောနေတော့ ဌာနဆိုင်ရာတွေကလည်း ဘယ်သူမှ ပြတ်ပြတ်သားသား ပြန်မပြောရဲကြဘူး။ ကျွန်တော့်ရွာက ချေးငွေများတဲ့ တောင်သူတွေကတော့ ပြန်မပေးသေးဘူး။ စပါးဈေး ပြတ်ပြတ်သားသား ဖြစ်တဲ့အထိ စောင့်မယ်ပြောတယ်။ နောက်နေ့မှာလည်း ရွာထဲမှာ ဦးပိုင်နဲ့ တောင်သူတွေကြား ညှိဖို့ အစည်းအဝေး ပြန်ခေါ်ထားတယ်။ အခုဟာက ပေါ်တင်ကြီး စာချုပ် ဖောက်ဖျက်တာဆိုတော့ ကျွန်တော်တို့ကတော့ ကုမ္ပဏီဘက်က မလိုက်နိုင်ဘူး။” ဟု ပြောသည်။

အထက်ပါ ဖြစ်ရပ်များအား လေ့လာ ကြည့်ပါက ဖျက်မိုးဆိုသည်မှာ ကျွန်တော့်တို့ မတွန်းလှန်နိုင်သော အရာ၊ ဘယ်လိုမှ မတတ်နိုင်သော သဘာဝ တရားဖြစ်သည်။ တရားဖြင့် ဖြေနိုင်သည်။ ကံကို ပုံချနိုင်သည်။ သို့သော် ဖျက်လူမှာကား ကျွန်တော်တို့ လူသားများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုသာ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွေ တောင်လို ပုံနေသော၊ စစ်အာဏာရှင်များ၏ မိသားစု စီးပွားရေး အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းက ကျွန်တော်တို့၏ ထမင်းရှင် ဖြစ်သော အားနည်းသူ တောင်သူမိသားစု လူတန်းစားများ ပေါ်တွင် ပေါ်ပေါ်ထင်ထင် ဗိုလ်ကျ အနိုင်ကျင့် နေသည်ကို မြင်သည့်အခါ ရင်ထဲတွင် မခံချင် စိတ်များ ဖြစ်ရသည်။ အခြား ဖြစ်ရပ်များစွာ ရှိမည်။ သို့သော် ယခုဖြစ်ရပ်ကို အနီးကပ် လက်တွေ့ မြင်တွေ့ နေရသည့် ကျွန်တော်မှာ တားဆီးနိုင်သည့် အင်အား မရှိသည့်အတွက် ပိုမို ခံစားရသည်။ နောက်ဆုံးတွင် မိမိကြုံတွေ့ရသည့် ဖြစ်ရပ်ကို အခြားသူများအား သိရှိစေခြင်းဖြင့် တစ်စုံတစ်ရာ အဖြေပေါ် ပေါက်လာရန် မျှော်လင့်မိသည်။ ဤ post အား ဖတ်ရှုမိသူများ အနေဖြင့် လက်တလော ပေါ်ပေါက်နေသည့် တောင်သူများနှင့် ဦးပိုင်လီမိတက် အကြားမှ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရှိပါက အကြံပြုရန်၊ ကိုယ်တိုင် ဖြေရှင်းပေးနိုင်သည့် အနေအထားတွင် ရှိပါက ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  အီမေလ်သို့ပေးပို့လာချင်းကိုဖော်ပြပါသည်.......

Tuesday, February 1, 2011

စစ်ကိုင်းမြို့ ပါရမီရပ်ကွက် မြိုနယ်အခွန်ဦးစီးရုံးမှ ဝန်ထမ်းများမှာ ပြည်သူများကို လည်ပင်း မညှစ်ရုံတစ်မယ် ဒါးပြတိုက်သလို ငွေများစွာအား အတင်းအကျပ် တောင်းမြဲတောင်းနေကြခြင်းအား စုံစမ်းအရေးယူပေးပါရန်

….။
ငွေအမြဲတမ်း မဟားဒယား အကြောင်းမျိုးစုံပြတောင်းနေသော ဝန်ထမ်း ၂ ယောက်၏အမည်မှာ
၁ ။ ဒေါ်ခိုင်ခိုင်လတ်
၂ ။ ဒေါ်အေးငြိမ်းအိ

ကျွန်တော်၏ ကိုယ်တွေ့
ကျွန်တော်မှာ မိဘ ၂ ပါးရယ် အကို ၁ယောက်ရယ် ညီမလေး၁ ယောက်ရယ်ရှိပါတယ်…။

ယ္ခုဖြစ်ရပ်မှာ ပုံစံ( ၁၇ ) လုပ်ခဲ့သောကျွန်တော်၏ ကိုယ်တွေ့အမှန်တစ်ကယ်ဖြစ်ရပ်ဖြစ်ပါသည် …ပုဂ္ဂိုလ်ရေးလုံးဝမပါဝင်ကြောင်း ဘုရားရှင်အား တိုင်တည် သစ္စာထား၍ ကျိန်တွယ် ပြောပြ လိုက်ရပါတယ်…။
ဖြစ်နိုင်ပါက စုံစမ်းအရေးယူပြီး ပုံစံ( ၁ရ )လုပ်သောအခါတိုင်း ကျွန်တော်တို့လို အစိုးရဘဏ်မှာ ၀င်ငွေခွန်ဆောင်ပြီးသားသူများအတွက် ကျပ် ၁သောင်း ပတ်ဝန်းကျင် လောက်သာ ချမှတ်ပေးပါရန်နှင့် ၄င်း ဝန်ထမ်း ၂ နှစ်ဦးအား ငွေအမြဲတမ်းညှစ်မှု့ဖြင့် လိုအပ်သလို အရေးယူပေးပါရန် နှင့် အရေးယူပေးနိုင်သော အထက်အရာရှိများအား ထပ်ဆင့် လက်ဆင့်ကမ်း ဆင့်ပွားပေးကြပါရန် လေးစားစွာဖြင့် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။
ကျွန်တော်၏ အမည်ရင်း မဖော်ပြခြင်းအားသည်းခံပေးပါရန်..အကြောင်းမှာမူ အမည်ရင်း ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော်ကိုယ်တိုင် နှင့် နယ်ခံဖြစ်သောကျွန်တော်၏မိဘများမှာနောက်လာမယ့် ကိစ္စများ တွင် ဒုက္ခရောက်မည် စိုးသောကြောင့်ဖြစ်ပါသည်… L ….။
ဖြစ်စဉ်…။ ကျွန်တော်၏ မိဘများမှာ စားသောက်ဆိုင်လေး ဖွင့်ထားကြပါတယ်…ကျွန်တော်မှာမူ ၁၀ တန်းအောင်၍ ရန်ကုန်မြို့ကြီးသို့တက်ရောက်၍ မိဘများကိုအလုပ်အကြွေးပြုချင်သောကြောင့် ကိုယ်ဒူးကိုချွန်ကာ သင်တန်းတွေကြိုးစားတက်ပြီး အလုပ်တွေ တစ်ခုပြီးတစ်ခုလုပ်လာကာ ယ္ခုနောက်ဆုံးတွင် ဒေါ်လာစား လခရသော ရေနံ ကုမ္ပဏီတစ်ခုတွင် လခစားဝန်ထမ်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်ခင်ဗျား…။
ကျွန်တော်၏ မိဘအပေါ်သိတက်မှု့နှင့် ကြိုးစားမှု့ကြောင့် ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ စေလွှတ်မှု့အခွင့်လမ်း တစ်ခုပေါ်ပေါက်လာခဲ့ရပါတယ်…။
အဲဒီမှာစတွေ့တာပါပဲခင်ဗျာ….သန်းခေါင်စာရင်းက စစ်ကိုင်းဇာတိဆိုတော့ ပုံစံ( ၁၇ ) ကစစ်ကိုင်းကိုပြန်လုပ်ရတော့တာပါပဲ….။
ကုမ္ပဏီမှ ကျွန်တော်ရဲ့ စီနီယာ အကို အမများလည်း ရှေ့ကနဦးကတည်းက နိုင်ငံရပ်ခြား သွားနေကြတာတွေ လုပ်သက် ၂ နှစ်အတွင်းကျွန်တော်မြင်တွေ့ ကြားသိနေရပါတယ်…ဒီလို ရန်ကုန်မြို့တော်ကြီးမှာတောင်.. ပုံစံ( ၁ရ ) လုပ်ကြတဲ့အခါတိုင်းမှာ ရုံးက လစာထုတ်တိုင်း MFTV BANK မှ လစဉ် ၀င်ငွေအခွန်ထမ်းဆောင်ပြီးကြောင်းထောက်ခံစာတွေနဲ့အတူ သွားခဲ့ကြတာ ယ္ခုချိန်ထိ ကျသင့်ငွေ ကျပ်ငွေ ငါးထောင် ( ၅၀၀၀ ) ပဲတောင်းခံပါသတဲ့..ပေးနေကြရပါသတဲ့။ ဒါလောက်ကတော့ဖြစ်သင့်ပါတယ် ပေးလို့ ကြည်ဖြူ လျှောလျှော လျှူလျှူ ပေးနိုင်ပါတယ်..။
ကျွန်တော်ကိုယ်တိုင် အဲဒါလုပ်ဖို့ အတွက်ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါတယ်ခင်ဗျ ။
ဇာတ်လမ်းက အဲဒီ အခွန်ရုံးကိုရောက်တယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ချိုချိုသာသာပဲ ပုံစံ ၁၇ လုပ်ချင်လို့ ပါ ။ ဘာတွေလိုအပ်ပါသေးလည်း အရင်မေးပါတယ်…ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာလိုပါတယ်ဆိုလို့  ကျွန်တော်မှာ တောင်နဲ့မြောက် တကယ် ကို အပြေးလွှား သွားခဲ့ရပါတယ်…။
ရဲစခန်းက ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက တကယ်သဘောကောင်းကြပါတယ်…ကိုယ်လိုတာရလို့ သဘောကောင်းတယ်လို့ ပြောတာ မထင်စေချင်ပါဘူး…ပုံစံထဲ ဘောင်ထဲကနေ သဘောကောင်းချင်းကို ဆိုလိုတာပါခင်ဗျာ..။ ထောက်ခံစာလုပ်ပြီးလို့ အကို့ ကျွန်တော် ဘာများလုပ်ပေးရမလည်း မေးတော့..ရပါတယ် စာရွက်ဖိုးသာ ပေးပါတဲ့ ၅၀၀ ပဲတောင်းပါတယ်ခင်ဗျာ..။ ကျွန်တော် ဖလားထဲကို ၁၀၀၀ တန်ထည့်ပေးခဲ့ပါတယ်.။
အားလုံး စုံလို့ အခွန်ရုံးပြန်ရောက်လာခဲ့ပါတယ်…။ ဒုဦးစီးမှုး အဲဒီဒေါ်ခိုင်ခိုင်လတ်ကို တွေ့ရဖို့ အရေး စာရေးမ အေးငြိမ်းအိ ဆိုတဲ့ ကျွန်တော်ထက်ငယ်မယ့်ပုံရတယ် သူကိုတွေ့ရတာနဲ့တင် စိတ်ညစ်မိတာများဗျာ….မျက်နာက တလောကလုံး သူ့လုပ်စာ စားနေတဲ့ရုပ်နဲ့ မျက်နာကို ချီနေတာပဲ..။
သူတင်မကပါဘူး သူ့အရာရှိ ဒေါ်ခိုင်ခိုင်လတ် ပိုဆိုးသဗျာ ..။ အဲဒီ အမျိုးသမီးဗျာ မျက်နာထားက တော်တော် တင်းထန်ပါတယ်…သူ့ဆီက ပိုက်စံလာတောင်းတဲ့ ပုံစံမျိုးနဲ့ကို ဟောက်လိုက် ဆိုလိုက်ပြောလိုက်နဲ့ဗျာ…။
ပုံစံ (၁၇) လုပ်ချင်လို့ဆိုတော့ ၁ ယောက်ကို ၄သောင်းပေးရပါမယ်တဲ့ဗျာ…ဘယ်နှယ့် ရန်ကုန်မှာတောင် ဘယ်ချိန်လုပ်လုပ် ငါးထောင်ပဲ ……ကျွန်တော်လည်းမခံပါဘူး ရန်ကုန်မှာတောင် ဒါလောက်ပဲကျတာ ဒီမှာ ကျွန်တော် အဲဒီလောက်မပေးနိုင်ဘူးပေါ့…နောက်ပြီး ကျွန်တော့်မှာ ကုမ္ပဏီကနေ လစဉ် ၁၀ % ရာခိုင်နှုန်း အစိုးရအား ပေးဆာင်ထားကြောင်းနဲ့ MFTV BANK မှ အခွန်ထမ်းဆောင် ကင်းရှင်းကြောင်း ထောက်ခံစာ ပါလာပါတယ်ဆိုပြီး ပြလိုက်ပါတယ်…။
အဲဒါဆို သန်းခေါင်စာရင်းလေးပြပါဆိုလို့ ကျွန်တော် ပါလာတဲ့ စာရွက်စာတမ်း အစုံလိုက်ကိုသူ့ကိုပေးလိုက်ပါတယ်…။ စာရွက်ကြည့်ပြီး သြ….ဦး--- ရဲ့သားကိုးတဲ့….  …။ စတင်ပြီး အပြစ်ရှာပါတော့တယ်…။ မင်းအဖေက စားသောက်ဆိုင်ပိုင်ဆိုင်တာကို အခွန်ဘယ်တော့မှ မဆောင်ဘူး ပတ်ပြေးနေတာတဲ့…..ကျွန်တော် တော်တော် အံ့သြ သွားတာပါ..တကယ်လည်း အဲဒါကိုမသိပါဘူး….။
မင်းအဖေက တကယ့် အခွန်ဆောင်ရင် သိန်းကို ဆယ်နဲ့ချီပြီးဆောင်ရမယ့်ဟာကို ငါတို့က စည်းကျပ်ခွန် အနေနဲ့ နားလည်မှု့နဲ့ ၁ နှစ်ကို ၁၂၀၀၀၀ ( တစ်သိန်း နှစ်သောင်း ) ကို ၆လ ၁ခါ ၆သောင်းစီပဲခွဲ ဆောင်ခိုင်းတာကို မဆောင်ဘူး အခွန်မဆောင်ပဲ ရှောင်ပြေးနေတာတဲ့…။ အဲဒါအခွန် ၆ သောင်းဆောင်မယ်ဆိုမှ ပုံစံ (၁၇ ) လုပ်ပေးမတဲ့ဗျာ…အကြီးဆုံးဦးစီးမှုးကိုလည်း မင်းပြောတဲ့ ၅၀၀၀ နဲ့ရအောင်ပြောပေးမတဲ့ဗျာ…။
ကျွန်တော်က အဲဒါက အဖေပိုင်တာပဲ ကျွန်တော်နဲ့မှ မဆိုင်တာ နိုင်ငံခြားသွားတာ အဖေမှမဟုတ်တာ…ကျွန်တော်ကလည်း အခွန်ကင်းရှင်းကြောင်း အကုန်ပါနေပီပဲ ဘာမှမဆိုင်တာ မဟုတ်ဘူးလားမေးတော့ .. အဲဒါက ဝင်ငွေခွန် အဲဒါက လုပ်ငန်းဝင်ခွန်နဲ့ ရှုတ်ရှက်ခတ်နေအောင် ဘာတွေပြောမှန်းမသိပါဘူးဗျာ…ဒါနဲ့ပဲကျွန်တော်လည်း စိတ်လျှော့ပြီး အဖေကိုအခွန်ဆောင်ဖို့တွက် ဖုန်းနဲ့လှမ်းမေးတော့…
အဖေ………….ဟင် မင်းအကိုကြီး သွားဆောင်ပေးထားတာ ၂လပဲရှိသေးတယ်တဲ့…
ကျွန်တော်….ဟာ ဒါဆို အကိုကြီးကိုမေးဦးမှပဲ…။ ကိုကြီးရေ ဒီလို ဒီလို အကျိုးအကြောင်းပြောပြလိုက်တော့…
အကိုကြီး……..တောက် xxxxx ကောင်မတွေ ငါဆောင်ပြီးသားကို ပတ်ပြေးနေတယ်ပြောတယ် ဟုတ်လား အေး..ငါခုပဲလာခဲ့မယ် ..အဲဒီမှာစောင့်နေ…။
အကိုကြီးစာရွက်စာတမ်းတွေကိုင်ပြီး ဒေါသတွေနဲ့ ရောက်လာပါတယ်…အဲဒီ ခိုင်ခိုင်လတ် အခန်းထဲဝင်သွားပါတယ်…အကိုက စာရွက်တွေပြပြီး ဆောင်ထားတာ ၂လပဲရှိသေးတယ် ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလိုတွေပြောတာလည်းဆိုတော့….ဝေ့လည်ကြောင်ပတ်နဲ့ စကားလမ်းကြောင်းတွေလွှဲပြီး အဲဒီဆောင်ထားတဲ့ အခွန်ကိုတောင်းတာ မဟုတ်ပါဘူး..ကြိုတင်ခွန်ဆောင်ဖို့တောင်းတာပါ ဆိုပြီး လေသံတွေလျှော့သွားပါတယ်..(စောနက လေသံထက်အနည်းငယ်ပေါ့) ။
ကြိုတင်ခွန်က ဘာလို့ဆောင်ရတာတာလည်းမေးတော့ …စားသောက်ဆိုင်တိုင်း ပေးပြီးပြီ မင်းတို့ပဲ မပေးသေးတာလို့ ဆိုပြန်ပါတယ်…။ ဒါနဲ့ အကိုကြီးလည်း ဟုတ်ကဲ့ အဲဒါဆို ခဏနော် ဆိုပြီး ကျွန်တော့်ကိုခေါ်ပြီး အပြင်ထွက်လာပြီး သူ့ရဲ့ နီးစပ်ရာ သူငယ်ချင်း စားသောက်ဆိုင်တွေကို အမြန်ဆုံးမောင်နှင်ပြီး လိုက်ပြီး စုံစမ်းမေးမြန်းကြပါတယ်…ဘယ်သူမှ မဆောင်ရသေးပါဘူးတဲ့…ကဲ နည်းမျိုးစုံနဲ့ အရှက်မရှိစတမ်း တောင်းနေတာနော်…။ ဒါနဲ့ပဲ အခွန်ရုံးပြန်လာ အကိုကြီးက အချက်အလက်နဲ့ ပြောတော့…အဲဒီမိန်းမ မျက်နာက စိတ်ပျတ်လက်ပျတ်နဲ့ အရှက်မရှိစွာနဲ့ …ဒါက ဒီလို အလွယ်ပြောလိုက်တာပါ…အမှန်က နိုင်ငံခြားသွားတဲ့လူတိုင်း ကြိုတင်ခွန်ဆောင်ရတာတဲ့… ။ မဆောင်ရင် လုံးဝကို ပုံစံ(၁၇) မပေးနိုင်ပါဘူး လို့ပေါ်တင်ကိုပြောပါတယ်ဗျာ…။ သွားတာက ကျွန်တော်ပါ..ခုက အဖေပိုင်ဆိုင်တာကို အခွန်လည်းဆောင်ပြီးပါပြီ….မဆိုင်တာတွေကို အတင်းထပ်ခါထပ်ခါ ပုံစံမျိုးစုံနဲ့ လှည့်ပတ်တောင်းနေတာပါဗျာ ကဲ။
ပြီးတော့ မျက်နာထားတင်းတင်းနဲ့ မင်းတို့ ကို အပေါ်ကတောင်းတဲ့အတိုင်း မတောင်းချင်လို့… ဒါကိုမင်းတို့က ဖြစ်ပျက်နေတယ်လည်းဆိုရော..ကိုကြီးက ကောင်းပြီး ကျွန်တော်တို့ ဆောင်မယ် ..ဆောင်ရင် အရင်က ဆောင်ထားသမျှတွေကို ခင်ဗျာတို့ ဘောက်ချာနဲ့ လက်မှတ်ထိုးပေးပါ.. ခုလက်ရှိဆောင်တာရော ထိုးပေးပါလို့ပြောတော့… အို….အဲဒါတော့ဘယ်ဖြစ်မလည်းတဲ့… ဘောက်ချာလက်ခံတောင်းတော့ အတော် ကြောက်ကန်စွာငြင်းပါတယ်..။ ကဲ ပြည်သူများ အရာရာ ခံဘက်ကကြီးပါပဲဗျာ….။ အလုပ်သွားလုပ်တာလည်းမဟုတ်ပါဘူးဗျာ ကုမ္ပဏီက သင်တန်းတက်ခိုင်းလို့ သွားတက်ရမှာပါဗျာ နိုင်ငံခြားလည်းမရောက်ဖူးတော့ သွားချင်တာပေါ့ဗျာ…မိဘ တွေကဆို နိုင်ငံခြား သွားရလို့ဆိုပြီး ဂုဏ်တွေယူပြီး တပြုံးပြုံးဖြစ်နေကြတာလေ အဲလိုရိုးသားကြတဲ့ နယ်ခံတွေပါဗျာ..။
ကျွန်တော်တို့မှာ ကျားကြောက်လို့ ရှင်ကြီးအားကို ရှင်ကြီးကျားတက်ဆိုးနေတဲ့ အဖြစ်နဲ့တိုးနေတာပေါ့ဗျာ…ဘယ်တက်နိုင်မလည်း သူတို့ပေးမှ သွားရမယ့်အဖြစ်ကိုဗျာ အဲဒါနဲ့ အကိုလည်း ၆သောင်းဆောင်….ကျွန်တော်လည်း ၅၀၀၀ ထပ်ပေး ..ကဲ စစ်ကိုင်းက ပုံစံ (၁၇) ရလာခဲ့ပါပြီဗျာ…။
ကုမ္ပဏီ ကနိုင်ငံခြား ထပ်လွှတ်ရင်တောင် အကိုနဲ့ ဖေဖေ မေမေ တို့ကို သနားလွန်းလို့ သွားရဖို့တွက် စစ်ကိုင်းက ပုံစံ (၁၇) လုပ်ရမှာတောင် ကြောက်နေပါပြီဗျာ… ကယ်ကြပါဦး အရပ်ကတို့ရေ….ဒါက စစ်ကိုင်းက ပုံစံ (၁၇) လုပ်ပုံလုပ်နည်းပါခင်ဗျ…ရန်ကုန်သူ ရန်ကုန်သား တခြားနယ်သား တွေတောင် ဒီလောက် ခက်မယ်မထင်ပါဘူး….ဟူးးးးးး…။
အရှင်ဘုရား တပည့်တော်တို့ကို သနားညှာတာသောအားဖြင့်..ဤလို ဝန်ထမ်းများအား အမြန်ဆုးံ ဆုံးမအရေးယူနိုင်သောသူ ပေါ်ပေါက်လာပါစေ….။ ဤစာရသောသူများလည်း ကျွန်တော်နှင့် ရိုးသားသော နယ်သူနယ်သား မိဘ မောင်နှမ များအား သနားသောအားဖြင့် လက်လှမ်းမှီရာ လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့် ကူညီပေးပါရန်….လေးစွားစွာ ဖြင့် အသနားခံ တောင်းပန်အပ်ပါသည်ခင်ဗျား….။
ကျေးဇူးတင်လွန်းစွာဖြင့်
စစ်ကိုင်းသား …။

Wednesday, December 1, 2010

မင်းဆွေ(သို့) ဖားတစ်ကောင်ရဲ့ သရုပ်မှန်

နွားမင်းဆွေ                                                                 လွန်ခဲ့တဲ့ (၃)ရက်လောက်က ရန်ကုန်သားလေးဆိုသူမှ  တိရိစ္ဆာန်နာမည်နဲ့လူ ငါးမင်းဆွေဆိုသူရဲ့ အတွင်းရေးတွေ အကြောင်း  ပေးပို့လာတဲ့စာကို ဖော်ပြလိုက်ပါတယ်.. နွားတစ်ကောင်ရဲ့ သရုပ်မှန်ဆို ပိုကောင်းမလားပဲ...။
ရန်ကုန်သားလေးနှင့် အစ်ကိုဒီမိုဝေယံအား ကျေးဇူးတင်ပါသည်..။

Thursday, September 23, 2010

မြန်မာပြည်တွင်လုပ်သည်(Made in Myanmar)



မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင်အဲဒါအကောင်းပြောတာမဟုတ်ဘူး...ရွဲ့တာပဲ။မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ဂဲဟုအသံထွက်သည်။
(စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့်အသံထွက်ပါထည့်ထားပေးသည်။)ဆောင်းပါးမှာပဲထဲမှာရောဖို့ခဲကိုသေချာထုခွဲထားတယ်ဆိုလို့မစားရပါပဲသွားကျိန်းသွားတယ်။အားရပါးရများဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း
..ရောဆဲရောလတ္တံ့လို့သိရတယ်။အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။
နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ဆရာဝန်မဖြစ်လိုက်တဲ့ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီးကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူးအတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကိုရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။မြန်မာပြည်တွင်လုပ်သည်။

နိုင်ငံတကာမှလေ့လာလိုသူများသွားရောက်လေ့လာနိုင်ပါသည်။နောက်တစ်ခုက ပုစွန်ထုပ်ခါင်းထဲ ခဲထည့်တာ။အဲဒီခဲကိုကြတောဂဲလို့အသံမထွက်ဘူး။ ခဲပဲ။ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ပုစွန်ထုပ်တွေကအမေကျော်ဒွေးတော်လွမ်းပြီး ...အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေတော့ ...မြန်မာပြည်သူပြည်သားတွေအတွက်အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။

အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ ....အင်မတန်မှစေတနာကောင်းတဲ့တို့လူမျိုးပါတကား။ဒါကလည်းမြန်မာပြည်တွင်လုပ်သည်ပဲ။ဒါတင်မကသေးဘူး။တကမ္ဘာလုံးကြိုက်တဲ့နေရာသွားရှာကြည့်ချက်နို့ဆီလိုခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှရွှေဥာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေကနို့ဆီကို ရှိတဲ့ chemical တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။
မြန်မာပြည်တွင်လုပ်သည်။တွေးကြည့်ရင်းနဲ့တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့
တို့နိုင်ငံသားတွေကပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။

မြန်မာအပူကျဆေးတစ်မျိုးဆိုရင်ပါရာစီတမောကိုအမှုန့်ကြိတ်ပြီးမြန်မာမှုပြုလိုက်လို့အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။မြန်မာတိုင်းရင်းဆေးအစပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။မော်တော်ကားမောင်းတတ်တယ်ဆိုတာမဆန်းပါဘူး။အတော်လေးလွယ်တာပါပဲ။ဒါပေမယ့်တကမ္ဘာလုံးကဒရိုင်ဘာတွေဘယ်လောက်တော်တယ်ပြောပြောတုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ဘယ်သူမှ
မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။
အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အ၀တ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး
မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင် အလတ်စားယာဉ်ဖြစ်ပြီ)
ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ
ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။
ဖရဲသီးရောင်းရင်ဓားမှာဆေးသကြားသုတ်ထားတဲ့လူမျိုးလည်းသိပ်များများမရှိလောက်ဘူး။အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ဂျပန်ကလာတဲ့ကားတွေညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင်အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်းမြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကိုကလေးတွေကိုပဲဖတ်ခိုင်းကြည့်ကိုယ့်တို့သီကင်ဝါတွေအတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊သုံးမရတာအတော်လေးသဘောပေါက်လောက်ပြီ။တကမ္ဘာလုံးမှာစားဖို့မသင့်တော်ဘူးလို့တညီတညွတ်တည်းသတ်မှတ်ထားတဲ့စားအုန်းဆီကိုပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ကွက်လပ်ကွက်လပ်ရဲ့စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။
(ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင်ဘိန်းပြန်စိုက်ရမလားလို့လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။
ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။မိတဲ့အခါကြတော့ကွန်တိန်နာနဲ့ကိုမိတယ်.....။) Made in Myanmar တွေချည်းပါပဲ။အစားအသောက်တွေမှာExpiryDateဆိုတာပါတယ်။မုန့်လုပ်ငန်းတွေကအဲဒါမထည့်ရင်ရောင်းလို့မရဘူး။တစ်ပါတ်တစ်ခါဆိုင်တွေဆီသွားပြီး၊ကျန်တဲ့မုန့်ထုပ်တွေ၊Expiredဖြစ်သွားတာတွေကိုသွားသိမ်းတယ်လို့တော့မတွေးပါနဲ့။ExpiryDateအသစ်လာကပ်ပေးတယ်။အံ့ဖွယ်ဥာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။မြန်မာပြည်တွင်လုပ်သည်။

အကြော်ကြော်ရင်ထပ်ခါတလဲလဲကြော်တယ်။ပြည့်ဝဆီတွေဟာဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး
သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ထည့်ကြော်နေပြီဆိုတော့
နောက်ဆိုရင်recycleလုပ်မရတဲ့ဘာမဆိုထည့်ကြော်ဖို့စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းကပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊
replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော
မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။ သေဒဏ်ပေးခံလိုက်ရတဲ့
နို့မှုန့်ထဲမယ်(လ်)မင်းရောတဲ့တရုတ်ကသက်ကြီးရွယ်အိုလင်မယားခမျာမြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့တဖွဖွပြောသွားခဲ့ရှာမှာ။အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း
ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။အကင်တွေကဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်းဖြစ်ကတက်ဆန်းဆိုတော့ကျန်းမာရေးနဲ့လွှတ်ကိုညီညွတ်တော့တာပါပဲ။မြန်မာပြည်တွင်လုပ်သည်။

ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း
မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း
ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ
အိုင်ဆက်အိုလက်မှတ်ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ ... မြန်မာတွေက
ပါရမီရှုင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။
အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။
ကိုယ့်ဘာသာကိုယ်မရောင်းခင်ချိန်ကြည့်ရင်လေးပိဿာလောက်ရှိရာကနေသူတို့ချိန်ရင်
နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို
အင်ဂျင်နီယာကောင်းမပီသဘူးတော့အထင်မခံနိုင်ဘူး။
သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။
တွေ့လား .. မင်တစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား
အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း
ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။
မြန်မာပြည်တွင်လုပ်သည်။အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင်တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ဒီထက်နားလည်တဲ့ငနဲတွေကြတော့ဓာတ်ဆီကိုရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။
ကြုံဖူးသူများသိကြမှာပါလေ။မြန်မာတွေရဲ့ထိုးထွင်းဥာဏ်နဲ့ပြည့်စုံမှုမှာတော့စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။....ဒါလည်းမြန်မာပြည်တွင်လုပ်သည်။သနပ်ခါးထဲမြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။
မြန်မာပြည်တွင်လုပ်သည်။သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင်သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။
မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။ ပြည်တစ်ဦး၏ပေးစာ........

Sunday, August 22, 2010

“ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရဲ့ရင်ဖွင့်စကားများ”


“ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရဲ့ရင်ဖွင့်စကားများ”
မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)

(၁)


ဒီလိုဗျ..၊ ကျွန်တော်က နအဖတပ်မှာ ကလေးစစ်သားလဲဖြစ်ခဲ့ဘူးသလို ၊ ရေတပ်မှာ ( တပ်ကြပ်ရကာနီး )ဒုတပ်ကြပ်ဘ၀ထိဖြတ်သန်းလာခဲ့တဲ့ ၊ တပ်မှာနှစ်ကျော့ ပြန်စစ်သားဖြစ်ခဲ့တဲ့ တပ်မတော်သားဟောင်းတစ်ယောက်ပါ ၊ ကျွန်တော်ကြုံတွေခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေ ၊ နာကျည်းစရာတွေကို အများပြည်သူကို တင်ပြချင်တာကြောင့်  ခုလို ရေးသားဖေါ်ပြလိုက်ရတာပါ ။

ကျွန်တော့နာမည်ရင်းက ဆန်းမင်းထွေး ပါ ၊ ဇာတိက ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၁၃၃ ရပ်ကွက်ကပါ ၊ မိသားစု ဘ၀အခြေအနေကြောင့် ငါးတန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ၊ ကိုယ့်ဘ၀ကိုယ်ကျောင်းမှ အသက်ရှင်ရပ်တည်နိုင်မှာဖြစ်တာကြောင့် ၁၂ နှစ်သားအရွယ် ကလေးဘ၀နဲ့တင် စားပွဲထိုး ၊ ရပ်ကွက်ထဲ ရေရောင်း ၊ ဓါတ်ဆီဆိုင် စာအုပ်ထပ်ပေး ၊ ဈေးရောင်း ၊ ရေခဲထုတ်ရောင်း ၊ ဖရဲသီးစိတ်ရောင်း ဘ၀စုံအလုပ်စုံမှာ ဖြတ်သန်းကျင်လည်ခဲ့ရပါတယ် ။

၁၉၉၉ ခုနှစ် (အသက်၁၄နှစ်) မှာ ၊ ရထားပေါ်ဈေးလိုက်ရောင်းရာကနေ ၊ ရွှေညောင်ဘူတာအရောက် ရထားပေါ်ကအဆင်းမှာ အမြှောက်တပ်တခုက တပ်ကြပ် တစ်ယောက်က “ ညီလေး ..မင်းဘယ်ကလဲ”လာမေးပြီး ၊ ဈေးလှည့်ရောင်းနေသူတယောက်မှန်း လဲသိရော “ခုလိုပင်ပင်ပန်းပန်းလုပ်နေမဲ့အစား တပ်ထဲဝင်လိုက် ပါလားကွ ၊ မင်းဘ၀ပြောင်းလဲသွားမယ် ” ၊ တပ်မှာ အခွင့်အရေးတွေဘယ်လိုရှိတယ်ဆိုတာမျိုး ပြောပြီးစည်းရုံးလာပါတယ်၊ မလုပ်ချင်ပါဘူးငြင်းလိုက်တော့“မင်းမှာ မှတ်ပုံတင်မပါဘူးမလား ၊ မင်းကိုခုဖမ်းလိုက်လို့ရတယ် ၊ ထောင်ထဲရောက်သွားမယ်”ဆိုတာမျိုးတစစခြိမ်းခြေက်ပါတော့တယ် ၊ အဲဒိတုံးက ကလေးဆိုတော့ ကြောက်တာပေါ့ ၊ “အဖမ်းတော့မခံပါရစေနဲ့ ၊ စစ်ထဲဝင်ဆိုဝင်ပါ့မယ်”ဆိုပြီး သူခေါ်သွားရာနောက်လိုက်သွားဖြစ်ပါတယ် ။

တောင်ကြီးမြို့ကြိုးတံတားနားက စစ်သားစုဆောင်းရေးနေရာလေးတခုမှာ ကျွန်တော့ကိုထားသွားပါတယ် ၊ ရောင်းစားခဲ့တဲ့ သဘောမျိုးပါ ၊ စစ်သားစုပေးရင် ပေးတဲ့ (အဲဒီတုံးက ငွေဘယ်လောက်ပေးမှန်း ၊ ဆန်အိတ်ပေးမှန်းမသိသေးပါဘူး) ပိုက်ဆံတွေယူပြီး သူထွက်သွားပါတယ် ၊ ထောင်ကျသွားသလို ဘယ်မှလဲ မထွက်ရပဲကျန်နေခဲ့ပြီး တပါတ်လောက်နေမှ ကျန်တဲ့ စုဆောင်းခံထားရသူတွေနဲ့အတူ (စုစုပေါင်း ၇ ယောက်)ကို တပ်ကြပ်ကြီးတယောက်ဦးစီးပြီး မန္တလေးက စစ်သားစုဆောင်းရေးကို ပို့လိုက်ပါတယ် ၊ အမှန်က စုထားတာ ၉ ယောက်ပါ ၊ ၂ ယောက်က ကြားရက်မှာထွက်ပြေးသွားခဲ့တာပါ ။ အဲ့ဒီထဲမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးအရွယ်တွေ ကျွန်တော်အပါဝင်၆ယောက်ရှိပါတယ် ၊  အသက်ပြည့်ပြီ်းတာ တစ်ယောက်ထဲပါ ပါတယ် ။

မန္တလေးစစ်သားစုဆောင်းရေးရောက်တော့ ကျွန်တော်ပိုပြီးဝမ်းနည်းသွားတယ် ၊ အရမ်းလဲလန့်သွားပါတယ်၊ အဲ့ဒိမှာစုထားတဲ့လူ အားလုံး၂၀၀၀ကျော်လောက် ရှိပါတယ် ၊ အဲ့ဒိထဲမှာအသက်မပြည့်ပဲစုဆောင်းခံရတဲ့လူက ပိုများပါတယ် ၊ ကျွန်တော်တို့ ရောက်သွားတော့ အဲ့ဒိကတာဝန်ခံအဆောင်မုးက စည်းကမ်းချက်တွေ ပြောပါတယ် ၊ အဓိက က ထွက်မပြေးဘို့ပါ ၊ ပြီးတော့ ထမင်းသွားစားခိုင်းပါတယ် ၊ ထ္မင်းစားဆောင်ရောက်တော့  အန်ချင်စိတ်ကို မနည်းမျိုသိပ် ထားရတယ် ၊ ကျွန်တော့်အတွက်တော့ အရှင်လပ်လပ် ငရဲခန်းထဲရောက်နေသလိုပါပဲ၊ ထ္မင်းက လုံးတီးဆန်၊ ၀က်စာလို နီရဲပျော့ပြဲပြီး တူးစော်ကလဲနံ ၊ မနပ်တဲ့ ဟာကမနပ်ဘူး၊ ဟင်းကျတော့လဲ မုံညင်းရွက်ရေလုံပြုပ်မှာ တီကောင်ကပါလာသေးတယ် ၊ ငါးခြောက်လေး၂ကောင်နဲ့ကျွေးတယ် ၊ အဲ့ဒိထက်ဆိုးတာက အိပ်ဆောင်ပြန်ရောက် တော့ ဂျပိုးမွေ့ရာ ခြင်ပန်ကာနဲ့အိပ်ရမယ်လိုပြောကြတယ် ၊ ဘာကိုဆိုလိုမှန်းမသိဘူး ၊ ညကျမှ အဖြေပေါ်တယ် ၊ ကြမ်းပြင်ကဂျပိုးကကိုက် အပေါ်က ခြင်ကကိုက်နဲ့ တညလုံးကောင်းကောင်း အိပ်မရပဲမိုးစင်စင်လင်းခဲ့ရတယ် ၊ ပိုဆိုးတာက အပေါ့အပါးသွားချင်ရင်တောင်နေ့ဘက်ဆို အပေါ်အကျီချွတ်ပြီး ဘောင်းဘီတိုလေးနဲ့ သွားရတယ် ၊ ညဘက်ဆိုရင် တကိုယ်လုံးချွတ်ပြီ်း သွားရတယ် ၊ ထွက်ပြေးမှာစိုးလို့ အချုပ်သားတွေလိုလုပ်ထားတာပါ ၊ အရင်ရောက်နှင့်တဲ့ အရွယ်ခပ်ကြီးကြီးတွေ ကို ၀ါးရင်းတုတ်နဲ့ကင်းစောင့်ခိုင်းထားပြီး အိမ်သာသွားရင်နောက်ကလိုက်ခိုင်း ထားသလို ရိုက်ခွင့်လဲပေးထားပါတယ် ။

စုဆောင်းရေးမှာနှစ်ရက်နေပြီးတော့ ပထမဆုံးစလုပ်ရတာက ပုဇွန်ကန်တူးရတာပါ ၊ လူတယောက်ကိုတကျင်း(ဆယ်ပေပတ်လည်တစ်ပေအနက်)တူးရပါတယ် ၊ မပြီးရင်မပြန်ရပါဘူး ၊ ပြီးမှကိုပြန်ရတာပါ ၊ ၁၃နှစ်၁၄နှစ်ကလေးတွေကို အရွယ်နဲ့မမျှတဲ့အလုပ်တွေခိုင်းတာများ ၊ ရုပ်ရှင်တွေထဲက ဖက်စစ်တွေချွေးတပ်ဆွဲခိုင်း တာကျနေတာပါပဲ ၊ အရွယ်နဲနဲကြီးတဲ့သူတွေကလုပ်နိုင်ပြီး စောစောပြန်ရကြတော့ ပြန်သွားပြီးစားသောက်ထားနှင့်တာမှာ ကျွန်တော်တို့လိုမလုပ်နိုင်မကိုင်နိုင်လို့ ညနေခြောက်နာရီကျော်မှပြီးတဲ့သူတွေ ပြန်ရောက်တော့ စားစရာဟင်းမရှိတော့ပါဘူး ၊ ထမင်းနဲ့ ငါးပိရေကြဲကိုပဲစားရပါတော့တယ် ။

အဲဒီလို ပုဇွန်ကန်တူး ၊ အဆောက်အဦးဆောက် ၊ ရေမြောင်းဖေါ် ၊ သစ်ပင်ခုတ် ၊ ခြုံရှင်း အလုပ်မျိုးစုံတလလောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက   တိုင်းဗိုလ်(၈)လေ့ကျင့်ရေးတပ် ၊ နမ့်စံရေကျ ဆိုတာကို သင်တန်းတသုတ်စာလူ၂၄၀ ပို့တာမှာ ပါသွားပါတော့တယ် ၊ ရောက်တာနဲ့ စစ်တပ်လုပ်နည်းလုပ်ဟန် တွေအတိုင်း အရပ်တိုင်း ပေါင်ချိန်လုပ်ပါတယ် ၊ ထောက်၂၅ ပစ္စည်းခေါ်တဲ့ စစ်ဝတ်တန်စာထုတ်ပေးပါတယ် ၊ နောက်နေ့မှာ သင်တန်းဖွင့်ပွဲလုပ်ပြီး စစ်သင်တန်း တွေ စတက်ရပါတော့တယ် ၊ မနက်ဆိုလေးနာရီခွဲထရပြီး ငါးနာရီထိုးမှာတန်းစီရပါတယ် ၊  တန်းစီချိန်မှာ နောက်ဆုံးတန်းစီသူ ၉ ယောက်က အပြစ်တခုခုပုံမှန်ပေး ခံရပါတယ် ၊  တနေကုန်မှာ ထမင်းစားချိန်တွေမှာ တစ်နာရီလောက်ပဲနားရပြီး အချိန်ပြည့်သင်တန်းတက်နေရတာပါ ၊ သင်နေစဉ် မိနစ်၄၀ လောက်မှာတခါ ၅မိနစ် ပေးနားတာမျိုးတော့ရှိပါတယ် ၊ ညနေ ၄နာရီမှာ သင်တန်းပြီးပြီး ၅နာရီထိလုပ်အားပေးဆိုပြီး မြောင်းပေါက် ၊ ထင်းခွဲ ၊ စိုက်ခင်းရေလောင်းအလုပ်တွေ လုပ် ရပါတယ် ၊ စနေတနင်္ဂနွေသင်တန်းပိတ်ရက်တွေမှာတော့ တနေကုန်လို လုပ်အားပေးရပါတော့တယ် ၊ တောင်ပေါ်ပြောင်းခင်းတွေကနေ ပြောင်းဖူးအိတ်တွေကို ထမ်းချရပါတယ် ၊ နွားလှည်းမှာ ပြောင်းဖူးအိတ်တွေတင်ပြီး နွားမဟုတ်ပဲ သင်တန်းသားရဲဘော်တွေနဲ့ ၀ိုင်းဆွဲခိုင်းတာမျိုးတွေလဲရှိပါတယ် ၊ ညနေစာစားပြီးလို့လဲ အနားမရပါဘူး ၊ ညပိုင်း ၇ နာရီကနေ ၁၀နာရီထိုးတဲ့အထိ ပြောင်းဖူးတွေကိုအခွံခွာရပါတယ် ၊ တပ်မတော်သားလို့မဖြစ်ခင် သင်တန်းသားဘ၀မှာထဲက နိုင်ငံနဲ့ လူမျိုးအတွက်မဟုတ်ပဲ တပ်ကအရာရှိတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလို မတရားခိုင်းစေခံရမှုတွေရှိခဲ့တာပါ ။

ကျောက်ခဲရေညှစ်ဆိုသလို အတင်းအကြပ်ခိုင်းစေမှုတွေကြောင့် ဒါဏ်မခံနိုင်သူတွေ ထွက်ပြေးကြပါတယ် ၊ ပြန်မိလာတဲ့အခါ သင်တန်းမှုးအရာရှိကနေစပြီး သင်တန်းအရာခံဗိုလ် ၊ သင်တန်းဆရာတွေအဆင့်ဆင့်က သေလောက်အောင် ပုံနေအောင်ရိုက်ပါတယ် ၊ ပြီးရင် တန်းစီကွင်းမှာ သင်တန်းသားအားလုံးကို တန်းစီ ခိုင်းပြီး ထွက်ပြေးတဲ့သူကို အားကောင်းမောင်းသန်၂ယောက်ကို လက်တွေခြေတွေကိုကိုင် မှောက်ပေးခိုင်းထားပြီး သင်တန်းသားတွေအလှည့်ကျ တယောက် တချက်စီရိုက်ရပါတယ် ၊ ရဲဘော်ချင်းမို့ညှာတာစိတ်နဲ့ အားမပါပဲရီုက်မိတဲ့သူကို ပြန်မှောက်ခိုင်းပြီး ဒီလိုနာအောင်ရိုက်ရတယ်ကွလို့ ရိုက်ပြပါတယ် ၊ ပြီးရင် ထမင်း စားဆောင်နားကမြေပြင်မှာ ထိပ်တုံးခတ်ပြီး တပါတ်ဆယ်ရက်ထားပါတယ် ၊ အရိုက်ခံရတယ်ဆိုတာမှာ ပြေးသူရဲ့တပ်စိတ်တပ်စုကရဲဘော်တွေပါ အရိုက်ခံ ကြရတာပါ ၊ အဲဒီလို ကြောက်နေအောင် ညှင်းပန်းနှိပ်စက်မှုတွေနဲ့လည်း ထွက်မပြေးရဲအောင်လုပ်ထားပါတယ် ။ အိမ်တွေကိုခိုးဆက်သွယ်လို့ မိဘတွေလိုက်လာ တဲ့အခါ ငွေတောင်းသလောက်ပေးနိုင်တဲ့သူတွေကတော့ မိဘတွေနဲ့တွေ့ခွင့်ရသလို တချို့ပြန်တောင်ပါသွားကြပါတယ် ၊ ငွေမပေးနိုင်ရင်တော့ တွေ့ခွင့်တောင် မပေးပါဘူး ။

ကျွန်တော်တို့သင်တန်းက ၄/၂၀၀၀ ပါ ၊ သင်တန်းမဆင်းခင်တလလောက်အလိုမှာ ကိုယ်ပိုင်နံပါတ်ကျပါတယ် ၊ ကျွန်တော့ကိုယ်ပိုင်နံပါတ်က တ/၁၄၇၈၃၇ ပါ ။ သင်တန်းကာလ စုစုပေါင်းလေးလခွဲအပြီးမှာတော့ သင်တန်းဆင်းရပါတယ်၊ ပြီးတော့ ခမရ (၅၀၆)သီပေါ-နမ့်မလိုင်အပိုင်ကိုပို့လိုက်ပါတယ် ၊ ရောက်ရောက်ချင်း တပ်ရင်းမှာ လုပ်အားပေးလိုက် ၊ ကင်းစောင့်လိုက်နေရပြီး နှစ်လလောက်နေတော့ ကျောက်မဲကို ဒုတပ်ကြပ်တစ်ယောက် ၊ ကျွန်တော်တို့ရဲဘော်သုံးယောက် ၊ တိုက်/စည်းသင်တန်း တစ်လသွားတက်ရပါတယ် ၊ သင်တန်းကပြန်ရောက်ပြီး တပါတ်မှာပဲရှေ့တန်းပါသွားပါတော့တယ် ။
ရှေ့တန်းပါသွားချိန်မှာ ကျွန်တော့အသက်က ၁၅ နှစ်ပဲရှိသေးပါတယ် ၊ ရွက်ဆစ်အဖွဲ့တွေနဲ့တိုက်ရပါတယ် ၊ MA1သေနတ်တစ်လက်၊ကျည်၂၄၀ ၊ ခေါက်ပေါက်တူး တစ်လက် ၊ ဓါးမတစ်ချောင်း နဲ့ ရိက္ခာတစ်ပါတ်စာကိုသယ်ပိုးရပါတယ် ၊ တစ်တောဝင်တစ်တောင်တက် မနိုင်ဝန်ထမ်းပြီးသွားနေရလို့ ပင်ပန်းလာလွန်းတော့ သတ်ချင်လဲသတ်လိုက်ပါတော့ဆိုပြီး ပစ်လှဲနေတာမှာ စစ်ကြောင်းမှုး ဗိုလ်ကြီးရဲ့ထိုးကြိတ်ကန်ကျောက်တာခံရပါတယ် ၊ တပ်စိတ်တစ်စိတ်ထဲက အကြီးတွေက ၀ိုင်းကူသယ် တွဲခေါ်လုပ်ကြပါတယ် ၊ ရှေ့တန်းမှာသုံးလလောက်နေပြီး ငှက်ဖျားဖြစ်လာတော့ တပ်ကိုပြန်ပို့လိုက်ပါတယ် ။ နောက်တန်းတပ်ရင်းပြန်ရောက်ပြီး ဆေးကုရင်း နှစ်လလောက်အကြာမှာ ပထမအကြိမ်ထွက်ပြေးခဲ့ပါတော့တယ် ။

(၂)

တပ်ကနေသီပေါ ၊ သီပေါကကနေမန္တလေး ရထားစီးပြီးထွက်ပြေးခဲ့ပါတယ် ၊ မန္တလေးဘူတာမှာ တောင်းစားနေတဲ့အဖိုးအဖွားနှစ်ယောက်က သနားလို့ကျွေးတဲ့ ထမင်းတောင်စားခဲ့ရပါသေးတယ် ၊ ပြီးတော့ ရန်ကုန်ရထားစီးပြန်ခဲ့တာမှာ တောင်ငူဘူတာနားရောက်တော့ လက်မှတ်စစ်ခံရပါတယ် ၊ လက်မှတ်မရှိတော့ ဖမ်းထားပြီး တောင်ငူဘူတာရောက်တဲ့အခါ ရုံပိုင်ကြီးရုံးခန်းကိုခေါ်သွားပါတယ် ၊ ရုံပိုင်ကြီးက ဘူတာထဲမှာသန့်ရှင်းရေးလုပ်ခိုင်းပါတယ် ၊ ပြီးတော့ ဆုံးမစကား ပြောပြီးပြန်လွှတ်လိုက်ပါတယ် ။

ဘူတာထဲမှာ ရထားစောင့်နေတုန်း လူကြိးတယောက်ရောက်လာပြီး ကောင်လေးမင်းအလုပ်လုပ်မလားလာမေးပါတယ် ၊ ဘာအလုပ်လဲဆိုတော့ ကွမ်းသီးကောက် ရမှာ တခြင်း၂၀၀ ရမယ်တဲ့ ၊ ဆယ်ရက်လောက်လုပ်ပြီး ပိုက်ဆံစုပြီးမှပြန်ရင်ကောင်းမယ်ဆိုပြီး လိုက်သွားပါတယ် ၊ တောင်ငူမြို့တနေရာရောက်တော့ အိမ်တအိမ် မှာဝင်ပြီး ဒီမှာတယောက်ခေါ်လာပြီဆိုပြီးပြောပါတယ် ၊ အဲဒီကမိန်းမကြီးတယောက်က ကျွန်တော့ကိုကြည့်ပြီး ဖြစ်ပါ့မလားပြောပါတယ် ၊ ကျွန်တော်ကလဲ ကွမ်း သီးကောက်တာကိုပြောတာမှတ်ပြီး ကျွန်တော်လုပ်နိုင်ပါတယ်လို့ပြောလိုက်တော့ ၀ိုင်းရီကြပါတယ် ၊ အေး မင်းလုပ်နိုင်ဘို့အဓိကပဲ ၊ ခုတော့သွားနားနေလိုက်ဦး ဆိုပြီး အခန်းတခုထဲကိုခေါ်သွားပါတယ် ၊ ကျွန်တော့ကိုခေါ်လာတဲ့သူကို ငွေတချို့ပေးပြီး နောက်လဲဒီလိုအချဉ်လေးတွေများများခေါ်ခဲ့ဘို့မှာတာကြားရတော့ ကျွန်တော့စိတ်ထဲဘ၀င်မကျဖြစ်သွားပါတယ် ၊ အခန်းထဲမှာ ကျွန်တော်နဲ့ရွယ်တူလေးတွေကနေ အသက်၃၅/၄၀လောက်ထိ အရွယ်စုံ လူ၂၀လောက်ရှိနေပါတယ် ၊ အဲဒီထဲကတယောက်က ကျွန်တော့ကိုနေရာပေးပါတယ် ၊ အပေါ့ပါးသွားဘို့နေရာပြပေးပါတယ် ၊ ကျွန်တော်က သူတို့ကို အကိုတို့ကွမ်းသီးကောက်တာ တနေ့ ဘယ်လောက်ဘိုးကောက်ရလဲဗျ ၊ မေးကြည့်တော့ ငါတို့ကကွမ်းသီးကောက်ရတာမဟုတ်ဘူး၊ပေါ်တာမိထားတာတဲ့ ၊ မင်းပြီးတော့သိမှာပါတဲ့ ၊ ဟာ .. ဘယ်လို ဖြစ်တာလဲ  ကျွန်တော် တော်တော်အံ့သြသွားတယ် ၊ ထမင်းစားချိန်အပြင်ထွက်လာဘို့ခေါ်တော့ ကျွန်တော်ပြောလိုက်တယ် ၊ ကျွန်တော်မလုပ်တော့ဘူး ၊ ပြန် တော့မယ်ဆိုတော့ ဗလကောင်းကောင်းအိမ်ရှင်ယောက်ကျားတယောက်က ကျွန်တော့မျက်နှာကိုလက်သီးနဲ့ထိုးပြီး အေး မင်းအခုဒါဘာလဲသိပြီမဟုတ်လား ၊ ဒီမှာ အ၀င်ပဲရှိတယ် ၊ အထွက်မရှိဘူးကွ ၊ မင်းတို့ထက်မိုက်လို့ဒီအလုပ် လုပ်စားနေတာ ၊ ထွက်ပြေးရင်သေဘို့သာပြင်ထားဆိုပြီး အခန်းထဲပြန်ထည့်ပိတ်ထားပါတယ် ၊ ထမင်းလဲမကြွေးတော့ပါဘူး ၊ ကျွန်တော်လဲကြောက်တော့ ဘာမှမပြောရဲဘူး ၊ ကျန်တဲ့အကြီးတွေတောင် ငြိမ်နေကြတာကိုး ၊ ဘာလဲဗျာ .. ဗမာပြည်မှာ ဥပဒေမရှိတော့ဘူးလား ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာလဲခံရ ၊ ပေါ်တာဆွဲတာလဲခံရနဲ့ ၊ လွတ်လပ်ရေးရပြီးတဲ့နိုင်ငံမှ ဟုတ်ရဲ့ လားဗျာ ။

အဲဒီလိုနဲ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ကို ဟိုင်းလတ်ကားတစီးပေါ်တင်ပြီး ကရင်ပြည်နယ် ဘောကလိဆိုတဲ့နေရာကိုခေါ်သွားပါတယ် ၊ အဲဒီမှာစစ်တပ် လဲရှိနေပြီး ကျွန်တော်တို့ကို စစ်တပ်စခန်းချတဲ့စေတီကြီးတစ်ဆူဘေးက အိမ်ကြီးမှာထားပါတယ် ၊ အဲဒီမှာ ကျွန်တော်တို့အရင် အရွယ်စုံလူလေးဆယ်လောက် ရောက်နှင့်နေပါတယ် ၊ အဲဒီမှာ အိပ်ရင်လဲမြေကြီးပေါ်ကိုယ့်ပုဆိုးကိုယ်ခြုံအိပ် ၊ စားတော့လဲဖက်ပေါ်ပုံစားပါပဲ ၊ အပေါ့အလေးတောင် စဥ့်အိုးကြီးနှစ်လုံးထားပေး ထားပါတယ် ၊ အငယ်တွေထဲက အလှည့်ကျသွန်ရပါတယ် ၊ တရက်ကျတော့ တယောက်ကိုဆန်နှစ်ပြည်စီသယ်ပြီး စစ်တပ်စခန်းချတဲ့ဆီသွားရပါတယ် ၊ ကျွန်တော် တို့ကိုထား ထားတဲ့အိမ်ရှင်နဲ့ ဗိုလ်ကြီးတယောက်နဲ့ အပြန်လှန်စကားပြောကြပြီး ကျွန်တော်တို့က စစ်တပ်ထဲမှာနေခဲ့ကြရပါတော့တယ်။

ညသန်းခေါင်ကျတော့ ကျွန်တော်တို့ကိုနှစ်ယောက်စီတွဲခိုင်းပြီး လက်တဘက်စီတွဲလျက်ကြိုးတုပ်ပါတယ် ၊ ထွက်ပြေးရင်ပစ်သတ်မယ်ပြောပါတယ် ၊ ဗိုလ်ကြီးကိုယ် တိုင်က သူ့ရဲဘော်တွေကိုထွက်ပြေးတဲ့ကောင်ပစ်သတ်လို့ တခါထဲအမိန့်ပေးလိုက်တာပါ ၊ ပြီးတော့သယ်ရမဲ့ လက်နက်ကြီးကျည်တွေ ၊ ကျည်ဆံတွေ ၊ ရိက္ခာထုတ် တွေ ၊ ဝေပေးပါတယ် ၊ ပြီးတော့ စစ်ကြောင်းနဲ့အတူ ညဖက်ကြီးပဲ ခရီးထွက်ရပါတော့တယ် ။ 

ငှက်ဖျားပျောက်ကာစမှာတပ်ကထွက်ပြေးလာခဲ့တဲ့ကျွန်တော် တပ်သားတုန်းကထက်ပိုတဲ့ အလေးအပင်တွေထမ်းပိုးပြီး တတောင်ဆင်းတတောင်တက်မှာ သုံးရက် မြောက်လဲကျရော ခနခနလဲတော့တာပါပဲ ၊ ချော်လဲလို့မထနိုင်ရတဲ့အထဲ ငါကိုင်တုပ်ဆဲပြီး သေနတ်ဒင်နဲ့ထုတာ စစ်ဖိနပ်နဲ့ကန်တာကိုပါထပ်ခံရပါတယ် ၊ တောင်း ပန်လို့လဲမရပါဘူး ၊ ငါ-ိုးမသား တွေ , မင်းတို့ကိုခေါ်ခိုင်းထားတာ ပိုက်ဆံပေးထားရတယ်ကွ ၊ အလကားခေါ်တာမဟုတ်ဘူး ၊ မင်းတို့တန်ရာတန်ကြေးပြန်ပေး ရမယ်တဲ့ ၊ အလိုလိုနေရင်း ငွေဝယ်ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀ ပြန်တွေးလိုက်တိုင်းစိတ်နာစရာပါဗျာ ။

ဆယ်ရက်လောက်သွားနေရပြီးမှ တောထဲမှာထိုင်ထားတဲ့ ဗျူဟာစခန်းတခုကိုရောက်ပါတယ် ၊ အဲဒီမှာတညအိပ်ရပြီး နောက်နေ့မနက်မှာ နောက်တန်းပြန်မဲ့ စစ် ကြောင်းနဲ့ ကျွန်တော်တို့ကိုပြန်ထည့်ပေးလိုက်ပါတယ် ၊ အပြန်လမ်းမှာ ကျွန်တော်ငှက်ဖျားပြန်ထလာပြီး လမ်းဆက်မလျှောက်နိုင်ဖြစ်ပါတယ် ၊ စစ်သား တယောက် က ခရီးကြာတယ် ၊ မသွားနိုင်ရင်ပစ်သတ်လိုက်လို့ပြောပါတယ် ၊ စစ်သားတယောက်ကမျက်နှာကို သေနတ်နဲ့ချိန်ပြီး အသေခံနေခဲ့မလား ၊ ဆက်လိုက်မလား မေးပါတယ် ၊ ကျွန်တော်တကယ်မလျှောက်နိုင်တာပါဆရာရယ်ပြောတာကို ရင်ဝဆောင့်ကန်လိုက်ပါတယ် ၊  အတူပါတဲ့ ဘ၀တူနှစ်ယောက်က “သူတကယ်ဖျားနေ တာပါဆရာ ၊ ကျွန်တော်တို့တွဲခေါ်ပါ့မယ်  ”ဆိုမှ အေး ၊ ဒါဆိုလဲ ခရီးမဖင့်စေနဲ့ ၊ မဟုတ်ရင်ဒီကောင့်ကိုသတ်မိလိမ့်မယ် ဆိုပြီးထွက်သွားပါတယ် ။

လမ်းမှာတစ်ရက်ပြီးတစ်ရက် တောင်တစ်တောင်ပြီးတစ်တောင်ဖြတ်သန်းပြီး ကျွန်တော်လည်းသတိရတစ်ချက်မရတစ်ချက်နဲ့ စစ်တပ်စခန်းချရာ ဗောကလိကို ပြန်ရောက်ခဲ့ပါတယ် ။ ကျွန်တော်တို့အရင်နေခဲ့ရတဲ့ ဂိုထောင်လိုအိမ်ကြီးထဲမှာပဲပြန်နေရပါတယ် ၊ အဲဒီအိမ်မှာ စစ်တပ်မှာသုံးတဲ့ ပယ်ဒီဇင်းခေါ်တဲ့ ငှက်ဖျား ဆေးတွေတိုက်ပါတယ်၊သုံးရက်လောက်နေပြီး ကျွန်တော်နဲနဲသက်သာလာတော့ ဒီကောင် ဒီခန္ဓာကိုယ်ဒီကျန်းမာရေးနဲ့အလုပ်မဖြစ်ပါဘူး၊ ပြန်သာလွှတ်လိုက်ပါလို့ စစ်ဗိုလ်တယောက်ကပြောတာကြောင့် အိမ်ရှင်ကသူ့သားနှစ်ယောက်ကို တောင်ငူဘူတာလိုက်ပို့ခိုင်းပြီး ပိုက်ဆံငါးရာပေးရထားပေါ်တင်လွှတ်လိုက်ပါတယ် ၊ ကျွန်တော်လဲ ရထားပေါ်ရောက်တာနဲ့ စိတ်ဒုံးဒုံးချအိပ်လိုက်တာ ရန်ကုန်ရောက်လို့သူများနှိုးမှပဲ နိုးပါတော့တယ် ၊ ဒီလိုနဲ့ သေအံ့မူးမူးအခြေနေဆိုးတွေကနေ လွတ်မြောက် အိမ်တခေါက်ပြန်ရောက်ခဲ့ပါတော့တယ် ။ 

(၃)

အိမ်ပြန်ရောက်သွားတော့ ကျွန်တော့အိမ်မှာ ကျွန်တော့မိသားစုမဟုတ်သူတွေနေ နေကြတယ် ၊ ကျွန်တော့မိသားစုက ပြောင်းသွားပြီလေ ၊ ဘယ်ပြောင်းသွားလဲ မသိကြဘူးတဲ့ ၊ ကျွန်တော်လဲ အဖေဖွင့်ထားတဲ့ တောင်ဥက္ကလာက လမ်းဘေးကွမ်းယာဆိုင်လေးကို သွားလိုက်တယ် ၊ အဖေ့ဆိုင်ရောက်တော့ ကျွန်တော့ကိုကြည့် ပြိး အဖေမမှတ်မိဘူး ၊ အိမ်နဲ့ဝေးကွာသွားခဲ့ရတဲ့ တနှစ်ဆိုတဲ့ကာလမှာ ကျွန်တော့ရုပ်တော်တော်ပြောင်းသွားခဲ့တာကိုး ၊ “အဖေ” လို့ ကျွန်တော်ခေါ်လိုက်မှ သေချာစူးစိုက်ကြည့်ပြီးမှတ်မိသွားတယ်ထင်တယ် ၊ ဆိုင်ပြင်ထွက်လာပြိး “ ဟာ..သားကြီး ၊ မင်းဘယ်လိုဖြစ်လာတာလဲ ၊ အဖေတို့စိတ်ပူနေတာကွ ၊ မင်းဈေးရောင်းသွားပြီးပြန်မလာတာ ၊ သတင်းလဲမကြား ဘယ်စုံစမ်းရမှန်းလဲမသိနဲ့ မင်းအမေဆို နေ့ရှိသရွေ့မင်းအတွက်မျက်ရည်ကျနေတာ ၊ ညညလဲမအိပ်ဘူး၊ မင်းပုံစံကလူနဲ့တောင်မတူဘူး ၊ မင်းဘယ်တွေသွားပြီးဘာတွေဖြစ်လာတာလဲ၊အဖေ့ကိုပြောစမ်း” ဆိုတော့ ကျွန်တော်လဲဖြစ်ခဲ့တာအလုံးစုံ အဖေ့ကိုပြောပြပါတယ်။

အဖေက တောက်ခေါက်ပြီး “လူမဆန်လိုက်တာကွာ ၊ အေးလေ ..ပြီးခဲ့တာပြီးပြီပေါ့ ၊ သူတို့အုပ်ချုပ်နေတာပဲ ၊ ဥပဒေရှိတာမှမဟုတ်တာ ၊ ဘယ်မှလဲတိုင်ရတာမှ မဟုတ်ပဲ ၊ ငါ့သားနေပြန်ကောင်းလာအောင်သာကြိုးစား ၊ မင်းပုံကအားမရှိဘူး ၊ အစားတခုခုစားလိုက်ဦး”ဆိုပြီး လ္ဘက်ရည်နဲ့မုန့်မှာကျွေးပါတယ် ၊ ဒါပေမဲ့ ကျွန်တော့ဝမ်းက အစာလက်မခံပါဘူး ၊ စားတာတွေအကုန်ပြန်အံပါတယ် ၊ အဖေက သားဘယ်လိုဖြစ်တာလဲ ၊ ဖြည်းဖြည်းချင်းကုန်အောင်စားလိုက်လေတဲ့ ၊့  သားဘယ်လိုမှမစားနိုင်ပါဘူးအဖေရယ်ဆိုတော့ မဖြစ်သေးပါဘူး ၊ ဆေးခန်းပြမှပါဆိုပြိး ဆိုင်ပိတ် ဆိုက္ကားငှားပြီးကျွန်တော့ကို အိမ်ခေါ်သွားပါတယ် ၊ အဖေက အိမ်ရှေ့ကနေ အမေ့ကို ဟေ့ဒီမှာ ဘယ်သူပြန်ပါလာလဲလာကြည့်ပါဦးကွ ၊ ဒီမှာလာကြိုပါဦးဆိုတော့ အမေပြေးထွက်လာပြီး အကြာကြီးကြောင်ကြည့်နေပါတယ် ၊ ပြီးတော့ကျွန်တော့ကိုဖက်ပြိး ချုန်းပွဲချငိုတော့တာပါပဲ ၊ အဖေက ကဲပါကွာ..မင်းသားပြန်ရောက်လာပြီပဲ ၊ငိုမနေပါနဲ့တော့ ၊ ကလေးလဲဖျားလာတာ နားပါစေဦး ၊ ငါအပြင်သွားလိုက်ဦးမယ် တဲ့ ၊ အမေက အရိုးပေါ်အရေတင်ဖြစ်နေတဲ့ကျွန်တော့ကိုယ်ကို ရေအေးနဲ့ရေနွေးစပ်ပြီး ရေပါတ်တိုက်ပေးအ၀တ်လဲပေးလုပ်ပေးပြီး နားနေခိုင်းပါတယ် ၊ ညနေအဖေပြန်လာတော့ ပိုက်ဆံနဲနဲပါလာပြီး အမေ့ကို ရော့ ကလေးကိုဆေးခန်းသွားပြပေးလိုက်တဲ့ ၊ ငါဆိုင်ပြန်ထွက်မှပါဆိုပြိး ပြန်ထွက်သွားပါတယ် ။

အမေကဆိုက္ကားတစ်စီးငှားပြီး ကျွန်တော့ကိုဆေးခန်းလိုက်ပို့ပေးပါတယ် ၊ ဆရာဝန်ကိုဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီးတဲ့အခါ ၊ ဆရာဝန်ကလဲစမ်းသပ်ပြီးတဲ့အခါ အမေ့မှာပါတဲ့ပိုက်ဆံလေးနဲ့မလောက်အောင် ကုန်ကျမှာဖြစ်နေပါတယ် ၊ သနားတတ်တဲ့ဆရာဝန်မို့ ပါသလောက်ပဲယူပြီး ဆေးထိုးပေး သောက်ဆေးတွေပေး လုပ်ပါတယ် ၊ ဒီလိုနဲ့ ဆေးခန်းတွေပြောင်း ဆရာဝန်အများကြီးကိုအသနားခံလုပ်ပြီး သုံးလေးလနေတော့မှ ပြန်ကျန်းမာပါတယ် ၊ နဲနဲလေးပြန်ကောင်းလာတာနဲ့ ဆေးကုဘို့တင်ခဲ့တဲ့ကြွေးတွေအတွက် ၊ မိသားစုအတွက် အလုပ်ပြန်လုပ်ရပါတော့တယ် ။

ပထမတော့ ရပ်ကွက်ထဲကမုန့်လုပ်တဲ့အိမ်မှာ လခစားဝင်လုပ်ရင်း ညဘက်ကိုဆိုက္ကားနင်းပါတယ် ၊ နောက်ပိုင်းတော့ဆိုက္ကားပဲတနေကုန်နင်းပါတော့တယ် ၊ ကိုယ်ဘာသာ ဆိုက္ကားလေးရိုးသားစွာနင်းစားနေတော့လဲ သူတို့နဲ့မလွတ်ပါဘူး ၊ ရဲက သတင်းပေးလုပ်ပေးရမယ် လုပ်လာပါတယ် ၊ ဆိုက္ကားနင်းရင်း ပြေးလေးပြေး သတင်း ၊ မူးယစ်ဆေးဝါးသတင်း ၊ နိုင်ငံရေးလုပ်သူများသတင်း ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းကစားဒိုင်သတင်း ၊ ဘာပဲဖြစ်ဖြစ် ဆိုက္ကားနင်းရင်း ရတဲ့သတင်းစု ပေးဘို့ခိုင်းတာပါပဲ ၊ တနေ့ ရ၀တဥက္ကဌကလှမ်းခေါ်ပြီး ရပ်ကွက်အရံမီးသတ်လုပ်ဘို့ပြောပါတယ် ၊ “မလုပ်ချင်ပါဘူးဥက္ကဌရယ်” ပြောတာမရပါဘူး ၊ “မင်းအတွက် လဲအဆင်ပြေစေရမှာပါကွ”ဆိုပြီးအတင်းပြောနေတာနဲ့ မလုပ်လဲရမှာမဟုတ်တာကြောင့် ရပ်ကွက်အရံမီးသတ်ဖြစ်ခဲ့ရပြန်ပါတယ် ။

အဲဒီမှာ ဒုက္ခရောက်ရပြန်တာပါပဲ ၊ ကိုယ့်မိသားစုအလုပ်ကိုယ်မလုပ်ရတော့ပဲ မီးစစ် ၊ ဧည့်စာရင်းစစ် ၊ ဘာလုံခြုံရေးတာဝန်မှန်းမသိတာတွေလုပ် ၊ ရဲတွေနဲ့ လှည့်ကင်းလိုက် ၊ သန့်ရှင်းရေး ၊ လုပ်အားပေးဆိုတာတွေလဲပါသေး ၊ နေ့တိုင်း ရဲကင်းမှုးတပ်ကြပ်ကြီးခိုင်းတဲ့ အရက်ဆိုင် ၊ ဓါတ်ဆီမှောင်ခိုဆိုင် ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းတဲ့ဒိုင် ၊ တည်းခိုခန်းတွေဆီက ဆက်ကြေး(လိုင်းကြေး)လဲ သွားတောင်းပေးရဆိုတော့ ကိုယ့်အတွက် ဘယ်အချိန်သွားလုပ်တော့မလဲ ၊ တနေ့ တနေ့ ခွဲတမ်းလိုလို မုန့်ဖိုးလိုလိုရတဲ့ လေးငါးရာနဲ့ ဘာမှလုပ်မရဘူး ၊ သူတို့ကျတော့ ရသမျှအကုန် မယားကြီးမယားငယ်ခွဲပေးနေတာ ၊ရဲမြို့နယ်မှုးကို တစ်သိန်းခွဲ ၊ စခန်းမှုးကိုတစ်သိန်း ၊ အပိုင်ဒုရဲအုပ်နယ်ထိန်းကို တစ်သိန်း ၊ ရဲကင်းမှုးနေရာချထားပေးတဲ့အတွက် တပ်ကြပ်ကြီးက လစဉ်ပေးနေရပါတယ်တဲ့ ၊ ရ၀တ ဥက္ကဌတွေကိုလဲ ခွဲတမ်းပေး ဘီယာတိုက်ရသေးသလို အောက်ကရဲ ၊ မီးသတ်တွေကိုလဲ မျှကျွေးနေရတာမို့ နားလည်ပေးကြပါဆိုပြီး တနေ့ဝင်ငွေ လေးငါးသောင်း ထဲက လေးငါးရာလေးပဲပေးပြီး ခိုင်းပဲခိုင်းတတ်ကြတာပါ ။

ရပ်ကွက်ထဲကလူတွေက မျက်စေ့နောက်လာပြီး မခေါ်ချင်မပြောချင်ဖြစ်လာတာကလွဲရင် ကျွန်တော့အတွက် ဘာမှအကျိုးမရှိတာကြောင့် မီးသတ်ထဲကပြန်ထွက် ဘို့စိတ်ကူးပြီး ဥက္ကဌကိုပြောလိုက်ပါတယ် ၊ ဥက္ကဌက “ မင်းက ရပ်ကွက်အတွက် ဒီလောက်လေးမှမလုပ်ချင်ဘူးလား ၊ ဒီလောက်မှမလုပ်ချင်ရင် ဒီရပ်ကွက်ထဲ မနေနဲ့ ၊ မင်းကိုလဲ ပေးကျွေးနေတာပဲတဲ့” တဲ့ ၊ “ဘာမှပေးကျွေးနေတာမဟုတ်ဘူး ၊ ဘာရပ်ကွက်အတွက်မှလဲမဟုတ်ဘူး ၊ ဘာခံစားခွင့်မှမရှိပဲ ကျွန်တော်တို့ပဲ ငတ်နေတာ” ပြောတော့ စကားတွေများကြရော ၊ မင်းငါ့အကြောင်းသိမယ်တဲ့ ၊ ကျွန်တော်လဲ ထပြန်လာတာပေါ့ ၊ ည(၇)နာရီလောက်ကျတော့ ရ၀တရုံးက တယောက်ရောက်လာပြီး ရုံးကို ခုလိုက်ခဲ့ပါတဲ့ ၊ ဘာကိစ္စလဲဆိုတော့ ရုံးရောက်ရင်သိမှာပေါ့တဲ့ ၊ ရုံးလဲရောက်ရော ရဲနှစ်ယောက်က ကျွန်တော့ကို လက်ထိပ်ခတ် တာခံလိုက်ရရော ၊ ဘာဖြစ်လို့ခတ်တာလဲဆိုတော့ “မင်းက စစ်ပြေးဆိုတာ ငါတို့သိတယ် ၊ ငါတို့အတွက်မလုပ်ပေးချင်မှတော့ မင်းထောင်ထဲမှာသာနေပေါ့ကွာ”တဲ့၊ ဘယ်လိုမှတောင်းပန်လို့မရပဲ ကျွန်တော့ကိုအချုပ်ထဲ ထည့်လိုက်ပါတယ် ။

နောက်နေ့ကျတော့ လသာအချုပ်ကိုပို့ပါတယ် ၊ လသာအချုပ်မှာ တစ်ပါတ်နေပြီးတော့ လေတပ်ကတပ်ထိမ်းကားတစ်စီးနဲ့ ကျွန်တော့ကိုလာခေါ်ပါတယ် ၊ ကား ပေါ်မှာ ကျွန်တော်လိုစစ်ပြေး ၃ယောက်ပါ ပါသေးတယ် ၊ ပြီးတော့ ရဲစခန်းတွေဝင်ပြီးခေါ်တာ စစ်ပြေး ၉ယောက် ဖြစ်သွားပါတယ် ၊ ပြီးတော့ သမိုင်းက အမှတ်-၃ တပ်မတော်တပ်ထိမ်းကိုပို့လိုက်ပါတယ် ၊ အဲဒိမှာ ကျွန်တော်တို့ကို နာမည်မေး ၊ ကိုယ်ပိုင်နံပါတ်မေး ၊ တပ်ရင်းမေးပြီး မှောက်ခိုင်းပြီးဆယ်ချက်စီရိုက်ပါတယ် ၊ အ၀င် ဆယ်ချက်အထွက်ဆယ်ချက် ထုံးစံလုပ်ထားပါသတဲ့ ၊ အဲဒီမှာ အချုပ်ခန်း၇ှစ်ခန်းရှိပြီး အခန်းတိုင်းမှာ အမှုမျိုးစုံနဲ့ရဲဘော်တွေ ရှစ်ယောက်ကိုးယောက်စီ ရှိနေ ပါတယ် ၊ အဲဒီအချုပ်မှာ နေ့တိုင်းမနက်၇နာရီကနေ ညနေ၅နာရီထိ ထမင်းစားချိန်ကလွဲရင်မနားတမ်းအလုပ် လုပ်ရပါတယ် ၊ ကျွန်တော်က စိုက်ခင်းတွေ ရေ လောင်းရပါတယ် ၊ တစ်လထားပြီးတော့မှ အမှတ်(၁)စစ်ကြောရေးတပ်ကိုပို့လိုက်ပါတယ် ၊ ပြန်ထွက်တော့လဲ မှောက်ပြီးဆယ်ချက်ရိုက်ခံပြီးမှ ကားပေါ်တက် ရပါတယ် ။

အမှတ်(၁)စစ်ကြောရေးရောက်တော့လဲ ဒီလိုပဲ အရိုက်ခံရပြန်တာပါပဲ ၊ အလုပ်တွေလုပ်ရပြန်တာပါပဲ ၊ အဲမှာက ညဘက်ပါ အလှည့်ကျကင်းစောင့်ရပါသေးတယ်၊ ပုံစံပေးထားတာတဲ့ ၊ ကင်းအမှတ်စဉ်အော်လို့ တိုးရင်လဲအရိုက်ခံရပါတယ် ၊ စကားသံကျယ်တယ်ဆိုပြီးလဲ အရိုက်ခံရပါတယ် ၊ ရှိသမျှ အမေနှမအမတွေ ကိုင်တုတ် ပြီးလဲ အဆဲခံရပါတယ် ၊ ဆိုးတဲ့ကင်းမှုးက တမျိုးမဟုတ်တမျိုးအပြစ်ရှာပြီးရိုက်သလို မူးတဲ့ကင်းမှုးကလဲ  တမျိုးမဟုတ်တမျိုးရစ်ပါတယ် ၊ တစ်လခွဲလောက် အချုပ် ခံထားရပြီးမှ ကျွန်တော့ကိုအမှုစစစ်ပါတယ် ၊ အဲဒီမှာ ကျွန်တော်အရမ်းအံ့သြသွားရပါတယ် ၊ အမှုစစ်တဲ့တပ်ရင်းမှုး (ဒုဗိုလ်မှုးကြီး)ပြောတာကြည့်လေ ၊ မင်းက ခွင့်မဲ့ဖြစ်တာမကြာသေးဘူးဆိုတော့ ပြန်လုပ်လိုက် ၊ ဒါဆိုတပ်အချုပ်လောက်ပဲကျမယ် ၊ ပြန်လုပ်မလားတဲ့ ၊ ဟာမဟုတ်ဘူးအဘ ၊ ကျွန်တော် ခုအချုပ်ထဲ ရောက်တာတောင် သုံးလရှိတော့မယ် ၊ ပြေးခဲ့တာလဲ တနှစ်လောက်ရှိပါပြီခင်ဗျာလို့ပြောလိုက်တော့ အဲဒါတွေပြောမနေနဲ့ ၊ ဒီမှာ မင်းမှတ်တမ်းမှာ ခွင့်မဲ့ပျက် ကြေငြာထားတာ တစ်လကျော်လောက်ပဲရှိသေးတယ် ၊ အရေးကြီးတာက မင်းပြန်လုပ်မလုပ်စဉ်းစားဘို့ပဲ ၊ မင်းအရင်တပ်မှာမလုပ်ချင်ရင် ငါတပ်ပြောင်းပေးမယ် ၊ ခုတပ်မတော်မှာ လစာတွေလဲတိုးနေပါပြီကွ ၊ မင်းပြန်လုပ်သင့်တယ် ၊ စဉ်းစားထားကွာ ဆိုပြီးနောက်တပါတ်မှ အမှုပြန်စစ်ဘို့ ပြန်ချိန်းလိုက်ပါတယ် ။

အချုပ်ထဲပြန်ရောက်တော့ အတူနေသူတွေက အခြေအနေ၀ိုင်းမေးကြပါတယ် ၊ ကျွန်တော်ပြန်ပြောပြတော့ အားလုံးက “အဲဒါပေါ့ကွ ၊ နိုင်ငံတော်ကို ချစ်ချင်ယောင် ဆောင်ပြီးခိုးနေကြတယ်ဆိုတာ ၊ ငါတို့တပ်ကထွက်ပြေးတယ် ၊ ပြဿနာတက်မှာစိုးတော့ ဘယ်သူမှပြေးပြီစာရင်းမပြပဲ ငါတို့လစာတွေ ၊ ရိက္ခာတွေ ၊ ခံစားခွင့်တွေ ကို နှစ်နဲ့ချီထုတ်စားနေတာ ၊ ခုမိလာပြီ ပြဿနာပေါ်ပြီဆိုမှ တစ်လဘက်ဒိတ်လေးပြပြီး ခွင့်မဲ့ပျက်ကွက်လုပ်တာ ၊ ဒါ အရာရှိတွေတတ်တဲ့ ငါတို့ကိုနင်းပြီးခိုးစားတဲ့ နည်းတွေအများကြီးထဲက တနည်းပဲရှိသေးတယ် ၊ ရှေ့တန်းမှာ သေစရာရှိငါတို့ပဲသေတာ ၊ ချမ်းသာတော့ သူတို့အရာရှိတွေပဲချမ်းသာနေတာ ၊ ဘယ်ရဲဘော်မှ ပြောင်ပြောင်ယောင်ယောင်မရှိဘူး ၊ အရာရှိတွေချမ်းသာဘို့ ငါတို့ကလှေကားထစ်လုပ်ပေးမနေတော့ဘူးကွာ” ပြောကြပါတယ် ၊ ထောင်ကျမှာစိုးလို့ ချီတုံချတုံ ဖြစ်နေတဲ့ကျွန်တော် ရဲဘော်ကြီးတွေပြောတာစဉ်းစားပြီး ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ပါတယ် ၊ “ထောင်ပဲအကျခံတော့မယ် ၊ အသေမခံတော့ဘူး” ။

ဒီလိုနဲ့ နောက်တပါတ်ပြန်စစ်တဲ့အခါ ကျွန်တော်က ပြန်မလုပ်တော့ဘူးဆိုတာပြောပါတယ် ၊ ဗိုလ်မှုးကလဲ ပြန်စဉ်းစားပါဦး အကြိမ်ကြိမ်ပြောပါတယ် ၊ နောက်ဆုံး ဘယ်လိုမှပြန်စည်းရုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာ အသက်(၁၆)နှစ်ဝန်းကျင်သာရှိတဲ့ကျွန်တော့ကို ထောင်(၁)နှစ်ချလိုက်ပါတော့တယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ဒါဏ်ရာတွေအများကြီးရခဲ့ရတဲ့ ကျွန်တော့အသိမှာ စစ်တပ်ဆိုတာ ဥပဒေကို လိုတမျိုးမလိုတမျိုးလုပ်တတ်တယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်သားမိလိုက်ပါတယ် ။

အင်းစိန်ထောင်ရောက်တော့ ပထမတော့ (၄)ဆောင်ပုံစံခန်းမှာနေရပါတယ် ၊ တပါတ်လောက်နေပြီးတော့ ထောင်ဆေးရုံမှာဆေးစစ်ပြီးတော့ အသက်မပြည့်ဘူး ၊ ကလေးဆိုပြီး (၃)ဆောင်ခလေးခန်းကို ပို့လိုက်ပါတယ် ၊ ကလေးတွေထဲမှာ ကျွန်တော်က လူကောင်ကြီးအသက်ကြိးဖြစ်တာကြောင့်ရော စစ်သားဖြစ်တာကြောင့် ရော ဗာရာ(တန်းစီး ၊ ပုံစံပြ၊ တောင်ယာ ၊ မလ္လာ ၊ ရေကန် ၊ ဖိုကြိး ဘုတ်ကိုင်စတဲ့ ထောင်ဝါဒါကို အုပ်ချုပ်မှုပိုင်းကူရတဲ့ အကျဉ်းသားတွေထဲက အငယ်ဆုံးရာထူး) လုပ်ရပါတယ် ၊ ကျွန်တော်က ညစောင့်ဗာရာပါ ၊ အင်းစိန်ထောင်မှာ ခွန်နှစ်လနေပြီးတော့ မိတ္ထီလာထောင်ကို တခြားအကျဉ်းသား၂၀၀လောက်နဲ့အတူ ပြောင်းရပါ တယ် ၊ မတ္ထီလာထောင်မှာ သုံးလလောက်နေပြီး ထောင်လျှော့ရက်၂လလောက်ရတာကြောင့် ကျွန်တော်ပြန်လွတ်ခဲ့ပါတယ် ။ ထောင်ကပြန်လွတ်လွတ်ချင်း တောင် မိတ္ထီလာမှာ စစ်သားတယောက်က ညီလေးစစ်ထဲဝင်မလား လာလုပ်နေပါသေးတယ် ၊ ထောင်လွှတ်လက်မှတ်ပြပြီး ခုပဲစစ်ပြေးမှုနဲ့ထောင်ကထွက် လာတာဆိုမှ ပြန်လှည့်ထွက်သွားပါတယ် ၊ ဘာကြောင့်များ ဒီလောက် အဓမ္မစစ်သားစုချင်နေရတာလဲဗျာ…။

အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲလဲနေပါတယ် ၊ ကျွန်တော့ကိုတွေ့တော့အမေ ထုံးစံအတိုင်းငိုပါတယ် ၊ ကျွန်တော်က အမေမငိုနဲ့ ၊ ကျွန်တော်ယောက်ကျားပဲ ၊ ဘာမှမဖြစ်ဘူးအမေ့ကိုပြောတော့ အမေက ငါ့သားလေးငယ်ငယ်လေးနဲ့ကံဆိုးရှာလိုက်တာနော်တဲ့ ၊ အဲဒီတုံးက အမေ့ကို ဘာမှပြန်မ ပြောဖြစ်ခဲ့ပေမဲ့ ခုနေအသိမျိုးသာရှိခဲ့ရင် ပြန်ပြောမိခဲ့မှာ “အမေရယ် ..ကျွန်တော် ကံဆိုးတာမဟုတ်ပါဘူး ၊ စနစ်ဆိုးထဲက သားကောင်တယောက်ဖြစ်ရတာပါ ၊ ဘာရာဇ၀တ်မှုမှလဲမကျူးလွန် ဘယ်သူ့အပေါ်မှလဲမကောင်းမလုပ်ရပဲ ကျွန်တော့ဘ၀ဒီလိုတွေတွေ့ကြုံခဲ့ရတာ ၀ဋ်မဟုတ်ဘူးအမေ ၊ စစ်ဗိုလ်ချုပ်တွေကိုယ်ကျိုး ရှာဘို့ ချနင်းခံရတဲ့ အပြစ်မဲ့ပြည်သူမြောက်များစွာထဲ ကျွန်တော်လဲအပါဝင်ဖြစ်ခဲ့တာပါအမေရယ် ”…လို့ ။

ကျွန်တော်ပြန်ရောက်တဲ့နေ့ကစပြီး အမေထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ် ၊ ကျွန်တော်လဲဘ၀ရပ်တည်ရေးအတွက် ဆိုက္ကားနင်းရပြန်ပါတယ် ၊ လူတွေ ကလဲ စစ်ထွက် ထောင်ထွက်ဆိုပြီးမခေါ်ချင်မပြောချင်ကြဘူး ၊ ဘ၀ကြီးစိတ်ပျက်စရာပါဗျာ ၊ ကိုယ်ကျူးလွန်ရတာလဲမဟုတ်ပဲ စစ်ထဲထောင်ထဲတွေရောက်ခဲ့ရတာ၊ လူတွေက နားလည်မပေးနိုင်ကြပါဘူး၊ အဖြစ်မှန်သေချာသိကြရရင်တော့ ဘယ်လိုနေမလဲပဲ ။

ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့ ၊ ကျွန်တော့ဘ၀ကလဲ ပြဿနာနဲ့ကင်းကင်းကိုမနေရပါဘူး ၊ တနေ့ဆိုက္ကားနင်းနေရင်းလှည့်ကင်းပတ်လာတဲ့ ရဲစက်ဘီးနဲ့ ကျွန်တော့်ဆိုက္ကားမတော်တဆငြိရော ၊ ကျွန်တော်ဆင်းတောင်းပန်တာကိုမရပဲ ဆဲဆိုပြီးလှိမ့်ထိုးလာရော ၊ အသားနာလာတော့ကျွန်တော်လဲ ဘယ်လိုမှသီးမခံနိုင် တော့ပဲ ဆိုက္ကားမှာညရေးညတာဆောင်ထားတဲ့တုတ်နဲ့ရိုက်ပလိုက်ရော ၊  ပြီးတာနဲ့ အုံနာအိမ်နင်းပြေးဆိုက္ကားအပ်ပြီး ညတွင်းချင်းပြေးတာပဲ။ ဗိုလ်တထောင်ဘုရား မှာ ညအိပ်ပြီးမနက်ကျ ဘုရားရှေ့ကထွက်လာတော့ ရေတပ်ကအသိတယောက်နဲ့တွေ့လို့ အကျိုးအကြောင်းပြောပြတော့ သူက “ဒီလိုဆိုညီလေး တပ်ထဲသာ ပြန်ဝင်လိုက်တော့ ၊ မဟုတ်ရင်မင်းကွိုင်တက်မယ် ၊ ဒို့တပ်မှာတော့လူသတ်ပြီးပြေးလာတဲ့သူတောင်အေးဆေးပဲ ၊ မင်းစစ်တပ်ယူနီဖေါင်းသာဝတ်ထား ၊ ရဲလောက် ကိုပါးခေါ်ရိုက်လို့ရတယ်”တဲ့ ၊ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်လတ်တလောဘေးကင်းပြီးရောဆိုပြီး “အဖမ်းမခံရရင်ဝင်မယ်ဗျာ”ဆိုတော့ ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတာ သံလျှက်စွန်းရေတပ်ဝန်းအပြင်ကလဘက်ရည်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါရော ၊ အဲဒီမှာ သူကကျွန်တော့ကိုအသက်တွေ ၊ အတန်းတွေ မေးပါတယ် ၊ စာတရွက် နဲ့လိုက်မှတ်ပါတယ် ၊ အဲဒီအချိန် ကျွန်တော့အသက်က ၁၈နှစ်ပြည့်ဘို့လိုနေပါသေးတယ် ၊ သူကအသက်ကို ၁၈ ပြည့်ပြီးပြီပြော ၊ ပညာအရည်အချင်းကို ခုနှစ်တန်း လို့ပြောသင်ပေးပါတယ်၊ ပြီးတော့သူရေးထားတဲ့စာရွက်ပေါ်လက်မှတ်ထိုးခိုင်းပြီး ရေတပ်စုဆောင်းရေးကအရာရှိတယောက်(ဗိုလ်ကြီးထင်ကျော်)နဲ့ ၀င်တွေ့ပါတယ်၊
အဲဒီဗိုလ်ကြီးဆီက လက်မှတ်တစောင်သူ့ဘာသာလုပ်လာပြီး ရေတပ်ဆေးရုံမှာ ကျွန်တော့ကိုဆေးသွားစစ်ပါတယ် ၊ ပေါင်မပြည့်ဘူး ၊ ပြီးတော့ဆေးကျပါတယ် ၊ သူကဘာမှမပူနဲ့ပြောပြီး ပိုက်ဆံဝင်ပေးတော့ ဆေးအောင်သွားပါတယ် ၊ ပြီးတော့တပ်တွင်းသက်သာဆိုင်ကိုခေါ်သွားပြိး ကျွန်တော့ကိုဆံပင်ညှပ်ခိုင်းထားပါတယ် ၊ ပြီးရင်လဘက်ရည်ဆိုင်ကိုလိုက်လာခဲ့ပြောပြီးထွက်သွားပါတယ် ။

အမှန်က ကျွန်တော်နောက်တစ်ကြိမ်ထပ်ရောင်းစားခံရတာပါ ၊ သူကကျွန်တော့အရင်သွားပြီး ဈေးသွားဖွင့်နေတာပါ ၊ ဆေးအောင်ပြီးသား ၊ အသက်လဲ ပြည့်တယ်၊ခုနှစ်တန်းတတ်တယ် ၊ စီဂရုထားလို့ရတယ်ဆိုပြီးဈေးဖွင့်နေတာပါ ၊ ကျွန်တော့ကိုတပ်ထဲသွင်းဘို့ သူကလေးသောင်းခွဲတောင်းတာ လေးသောင်းနဲ့ဈေး တည့်သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာ သူနဲ့စကားပြောတဲ့သူတွေ(ရေတပ်စုဆောင်းရေးတာဝန်ယူထားသူတွေပဲ)နဲ့ ပြိးရင်လိုက်သွားလိုက်တော့ဆိုပြီး သူထွက် သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာထိုင်နေတုန်းပဲ တပ်ကြပ်ကြီးတယောက်ထပ်ဝင်လာပါတယ် ၊ ကျွန်တော်နဲ့အတူရှိနေသူတွေက “ဆရာကြီး ၊ ဒီမှာတယောက်ရှိ တယ် ၊ ယူမလား ”မေးလိုက်ပါတယ် ၊ ကျွန်တော့အချက်အလက်တွေကိုကြည့်ပြီး တပ်ကြပ်ကြီးက “မင်းတို့ဘယ်လောက်နဲ့ယူလိုက်တာလဲ”မေးပါတယ် ၊ “ကျွန်တော်တို့လေးခွဲနဲ့ခေါ်ထားတာ ၊ ဆရာကြီးယူမယ်ဆို ငါးသောင်းတော့ပေး”ဆိုပြီးပြန်ပြောရာက တည့်သွားတော့ အဲဒီဆရာကြီးနဲ့လိုက်သွားလိုက်တော့ဆိုပြီး လွှဲလိုက်ပါတယ် ၊ သေချာစဉ်းစားကြည့်ရင် ပြည့်တန်ဆာမကို ခေါင်းတွေ အငှားထည့်ချိန်ဈေးစကားပြောနေသလိုပါပဲ၊မတတ်နိုင်ဘူလေ ၊ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတော့လဲ ငြိမ်နေပြီး ခေါ်ရာလိုက်ခဲ့ရတာပါပဲ ။

ဆရာကြီးနဲ့လိုက်သွားပြိး သံလျှက်စွန်းရေတပ်စစ်သားစုဆောင်းရေးမှာ တစ်လလောက်နေရပါတယ် ၊အဲဒီမှာ စုဆောင်းခံထားရသူ ၁၁ယောက်ရှိပါတယ် ၊ အသက်
မပြည့်သေးတဲ့သူ ၃ယောက်ရှိပါတယ် ၊ ကျွန်တော်နဲ့ ၁၂ ယောက် အဲဒီမှာရှိတဲ့တပ်ရံပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့လုပ်နေတဲ့ အုန်းဆီစက်မှာအလုပ်လုပ်ရပါတယ် ၊ ၀င်းသူဇာဆိုင်တွေကိုလိုက်ဖြန့်တဲ့ အုန်းဆိဗူးတွေကို ပါကင်လုပ်ပေးရပါတယ် ၊ စုဆောင်းရေးမှာရှိနေထဲက ကိုယ်ပိုင်နံပါတ်ကျပြီး ယာယီရေးတစ်ရာကဒ် (အဖြူ) ထုတ်ပေးထားပါတယ် ၊ ကိုယ်ပိုင်အမှတ် ရေ/၃၅၈၈၁(ပည၉၄)ပါ ၊ ပြီးတော့ ဟိုကဒီကစုလာတဲ့ရဲဘော်သစ် ၂၄၀ နဲ့ အမှတ် ၁ လေ့ကျင့်ရေးသင်တန်းကျောင်း (ဖေါင်ကြီး) ကိုပို့လိုက်ပါတယ် ၊ အဲဒီမှာရောက်ရောက်ချင်းတန်းစီိတော့ ရဲပြေးစစ်ပြေးပါရင်လက်ထောင် ၊ ဘာမှမလုပ်ဘူး ၊ တာဝန်ပေးဘို့သက်သက်ပဲ ၊ ခုမပြောပဲ နောက်မှ သိရင်တော့အရေးယူခံရမယ်ပြောပါတယ် ၊ လူ၃၀လောက်လက်ထောင်ကြပါတယ် ၊ ကျွန်တော်ကမထောင်ပဲ ငြိမ်နေလိုက်ပါတယ် ၊ လက်ထောင်တဲ့ စစ်ပြေးတွေရဲပြေးတွေကို တကယ်လဲအရေးမယူပါဘူး ၊ စစ်သင်တန်းတောင်မတက်ခိုင်းတော့ပဲ စားဖိုဆောင်ပို့တာ ၀ါးခုတ်ခိုင်းတာလုပ်ပါတယ်(ရတဲ့ဝါးကို သင်တန်းဆရာတွေနဲ့သင်တန်းမှုးရောင်းစားတာပါ) ၊ ကျွန်တော်တို့သင်တန်းက အပါတ်စဉ် ၅/၂၀၀၄ ပါ ၊ ကျွန်တော်က ခွဲ၂ ၊ တပ်စု၃ ၊ ဒုတပ်စုမှုးပါ ၊ ပထမသင်တန်းကျောင်းကလိုပါပဲ ၊ အလုပ်လုပ်လိုက် ၊ စစ်ပညာသင်လိုက် ၊ ပြေးတဲ့ကောင်ကိုရိုက်လိုက်ပါပဲ ၊ အရင် တိုင်းဗိုလ် ၈ ထက်တောင်ရက်စက်တယ်ထင် ရပါသေးတယ် ။ လေးလခွဲသင်တန်းပြီးတော့ ပညလာခွဲပြီး အေဂရုဘီဂရုစီဂရု လာခွဲပါတယ် ၊ ပည ကအဲဒီတော့မှရတာပါ ၊ ကျွန်တော်က ပည၉၄ ယာဉ်မောင်း သင်တန်းရတာပါ ၊ အဲဒီကနေ သီလ၀ါဆိပ်ကြီးက ရေတပ်သင်တန်းကျောင်းမှာ ရေကျွမ်းသင်တန်းတစ်လတက်ရပါတယ် ၊ ပြိးတော့ အဲဒိကနေ ရွှေဘို တထပ(၂) ကို အယောက် ၃၀ ယာဉ်မောင်းသင်တန်း သုံးလခွဲသွားတက်ရပါတယ် ။ သင်တန်းဆင်းတော့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ၊ ရေတပ်ပင်မပစ္စည်းထိမ်းတပ် (ရပပ)ကိုပြန်ရောက်လာပါတယ် ။

သင်တန်းမတက်ခင်က သင်တန်းဆင်းရင် ခွင့်တစ်လဆီရမယ်ပြောပေမဲ့ တကယ်တန်းကျတော့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်(တရခ)ကို တိုင်းပြောင်းပါတယ် ဆိုပြီး ခွင့်တပါတ်ပဲပေးလိုက်ပါတယ် ၊ ခွင့်ကနေပြန်ရောက်တော့ လမ်းတင် FiveStar ဂိတ်ကိုခေါ်သွားပြီး လကုန်ရက်ထုတ်ရမဲ့လစာကိုထုတ်မပေးပဲ ပို့ပေးလိုက် မယ်ပဲပြောပါတယ် ၊ လမ်းမှာတာဝန်ခံခေါ်သွားတဲ့တပ်ကြပ်ကြီးက မင်းတို့မှာလစာတွေပါတာပဲဆိုပြီး လမ်းစရိတ်အတွက်ပေးလိုက်တဲ့ငွေကိုလဲထုတ်မပေးပဲဝိုက် ထားလိုက်တော့ လစာထုတ်ခဲ့တဲ့သူတွေက၀ယ်စားရပေမဲ့ ကျွန်တော်နဲ့နောက်တယောက်(လှမင်းစိန်)ကတော့ ၂ရက်နဲ့တနပ်ထမင်းငတ်ခဲ့ပါတယ် ။ တပ်သားဘ၀ ကတော့ နေရာတိုင်းအနိုင်ကျင့်ခံဘ၀တွေပါပဲ ။

တနသာင်္ရီရေတပ်စခန်းဌာနချုပ်ရောက်တော့ လေ့ကျင့်ရေးမှာစုငွေဆိုပြီးတစ်လနှစ်ထောင်ဖြတ်ထားတဲ့ငွေရော ၊ မထုတ်ခဲ့ရတဲ့လစာရော ပန်ကြားလွှာရေးပြီး တောင်းပါတယ် ၊ လှမင်းစိန်က လစာပါလာပေမဲ့စုငွေမပါလာပါဘူး ၊ ကျွန်တော်ကဘာမှမပါလာပါဘူး ၊ ထပ်ပြီးပန်ကြားလွှာတင်တော့ ဘယ်လိုလွဲလဲမသိဘူးဆိုတဲ့ မရေမရာအဖြေပဲရပြီး နှစ်လနေတော့ အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း ၊ ပြင်စဘုကျွန်း ကိုရောက်သွားပါတော့တယ် ။ အဲဒီမှာ ပည(၁၄)လုံခြုံရေးတာဝန်ယူ ထားသူတွေက နောက်မှရောက်လာသူတွေကို ပညခွဲခြားပြီးနှိမ်ပါတယ် ။ အဲဒီအချိန်ကျွန်းစခန်းမှုးက ဗိုလ်မှုးစိုးလင်းအေးပါ ၊ ဗိုလ်ကြီးက နောက်ပိုင်းမန္တလေးစည် ပင်ပြောင်းသွားတဲ့ အောင်ဆန်းထွန်းပါ ၊ စခန်းတာဝန်ခံကဒုအရာခံဗိုလ် ဆရာကြီးခင်မောင်မြင့်(လက်ရှိမောရ၀တိရေတပ်စခန်းဌာနချုပ်/မော်လမြိုင်မှာ)၊ ဖြစ်ပါတယ် ၊ အဲဒီမှာ တပ်စုလေးစုခွဲထားပါတယ် ၊  ရန်နိုင်(ပင်လယ်ပြင်ထွက်တဲ့စစ်သဘောင်္) ၊ တပ်ရင်ကင်း ၊ဖက်ထိပ် ၊ ရေတပ်အခေါ်ဝပ်ကင်းဗာရီ ၊ အလှည့်ကျ လုပ်ရပါတယ် ။

ရေတပ်မှာနေတာကတော့ စားသာပါတယ် ၊ ကျွန်းတွေမှာသစ်ခိုးထုတ်တဲ့ သစ်စင်တွေလိုက်ဖမ်းပြီး ရတဲ့သစ်တွေေ၇ာင်းစားပါတယ် ၊ ခိုးလှေတွေဖမ်းတယ် ၊ ပိုက်ဆံကောက်တာလဲရှိတယ် ၊ မရရင်ပြေးရင်ပစ်မြှုတ်တယ် ၊ လှေဖမ်းမိရင် ရေတပ်စခန်းဌာနချုပ်ကိုမအပ်ပဲ စခန်းကလူတင်ဖြောင်လိုက်တာလဲရှိတယ် ၊ နိုင်ငံ တော်ကိုအအပ်ပြရင်လဲ အကုန်ဖြုတ်ယူထားပြီး အပ်တယ်အမည်ခံယုံအခွံပဲအပ်ပါတယ် ၊ ဘယ်လိုရှာရှာဝင်ငွေချည်းပါပဲ ၊ အရာရှိအဆင့်က တစ်လကို သိန်း၃၀ ကျော်ဝင်ငွေရှိပြီး ရဲဘော်တွေကတော့ ငါးသောင်းကနေ တစ်သိန်းနိးပါးလောက် အလျင်းသင့်သလိုအပိုငွေ ရပါတယ် ။ ၀င်ငွေရှိတဲ့နေရာမို့ ရဲဘော်တွေကရေရှည် နေချင်ရင် ဌာနချုပ်(ရေးရုံး)ကို ပိုက်ဆံပေးရပါတယ် ။

ကျွန်တော်ကသီိးသန့်လာဒ်မထိုးတော့ အဲဒီစခန်းမှာ ၁ နှစ်လောက်နေတော့ ဌာနချုပ်မှုးအဲဒီအချိန်ဗိုလ်မှုးချုပ် (အခု ဧရာဝတိရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်ချုပ် ) ၀င်းရှိန် လာစစ်တော့ ၊ ယာဉ်မောင်းတွေများနေတယ်ဆိုပြီး ဌာနချုပ်မော်တော်ယာဉ်ကို အပြောင်းပါသွားပါတယ် ၊ အဲဒိမှာ ယာဉ်စက်ပြင်အကူလုပ်ရပြီး ဒုဗိုလ်မှုးကြိးတင်ဦး (AQ1)ကားကို တွဲဘက်မောင်းပေးရပါတယ် ၊ တစ်လကို စာရင်းမှာ ဆီကိုယ်တာ ၆ ဂါလံရပေမဲ့ တကယ်တမ်း ၂ ဂါလံပဲရပြီး G2က ဖြတ်အုပ် တာခံရပါတယ်၊ ကျွန်တော်တို့ကားသမားတွေကလဲ ကုန်းတက်ကနိုင်ငံတော်အတွက် ကုန်းဆင်းကကိုယ့်အတွက်ဆိုပြီး Free ပဲလှိမ့်ရိုက်ပြီး ရသလောက်ခိုးတာပါပဲ၊ 
အဲဒီမှာလဲ ၁ နှစ်နေရပြိး မိခင်တပ်ဖြစ်တဲ့ အမှတ် (၅၂)ရေတပ်ပစ္စည်းထိမ်းတပ် ပြန်ရောက်သွားပါတယ် ၊ အဲဒီမှာ ယာဉ်နောက်လိုက်နဲ့ပဲနေရပါတယ် ၊ တပ်မှုးကပဲ ဖြတ်အုပ်ထားတော့ အဲမှာတော့ ဘာခွဲတမ်းမှမရပါဘူး၊ အဲဒီကနေ ၁ နှစ်လောက်နေပြန်တော့ မလိကျွန်းကိုအပြောင်းပါသွားပြန်ပါတယ် ၊ ပထမတော့ ကျွန်းပါတ် လမ်းဖေါက်နေတဲ့လုပ်ငန်းခွင်အတွက် ကွန်ဒေါင်းလေးမောင်းရပါတယ် ၊ အဲမှာလဲ ရွာသားတွေကိုအတင်းအဓမ္မလုပ်အားပေးခေါ်ခိုင်းတာပါပဲ ၊ ရောက်ပြီး ၃ လ လောက်မှာ ကျွန်တော် ဒုတပ်ကြပ်ဖြစ်ပါတယ် ။

အဲဒိကနေ ၆၃ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားအတွက်ဆိုပြီး တော်လှန်ရေးပလိပ်လျှောက်ဘို့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်ကနေတဆင့် ရန်ကုန်ကိုပို့လိုက်ပါတယ် ၊ ရန်ကုန်ရောက်တော့ ရေတပ်သဘောင်္ကျင်းကအဆောင်မှာနေပြီးလေ့ကျင့်ရပါတယ် ၊ ဒါပေမဲ့လူများနေလို့ဆိုပြိးအင်အားလျှော့တဲ့အထဲ မှာကျွန်တော်ပါသွားပြီး ဌာနချုပ်ကိုပြန်ရပါတယ် ၊ အဲဒီကနေ မလိကျွန်းပြန်ရောက်တော့ ရန်ကုန်ကိုအပြောင်းထွက်ထားတယ်လုပ်ပြန်ပါတယ် ၊ မင်းလိုက်လာတဲ့ သဘောင်္နဲ့ပြန်လိုက်သွားဆိုပြီးပြန်ထည့်ပါတယ် ၊ အဲဒီအချိန်လကုန်ဘို့၂ ရက်အလိုဆိုတော့ လစာထုတ်သွားမယ်ပြောတာမပေးလိုက်ပါဘူး ၊ ရန်ကုန်ရောက်တော့ တက္ကစီငှားပြီးအိမ်အရင်ပြန်သွားပြိး အဖေ့ဆိကပိုက်ဆံတောင်ပေးရပါတယ် ၊ နောက်နေ့မှ တပ်သွားသတင်းပို့ပါတယ် ။

ပင်မရေတပ်ပစ္စည်းထိန်းတပ်(ရပပ)မှာ .ယဉ်နောက်လိုက်လုပ်ရပါတယ် ၊ ခံပြင်းတာက ကိုယ့်ထက်အများကြီး Junior ကျတဲ့ ၄၀(ကိုယ်ပိုင်နံပါတ်အစ)က ကားတက်မောင်းနေရပြီး ကိုယ်ကနောက်လိုက်ပဲလုပ်နေရတာပါ ။ ဒါတောင် တပ်ကြပ်အတွက် စာရင်းပါနေပြီလို့ဖြစ်နေပြိးသားပါ ၊ တရားဝင်ကြေးနန်း မ၀င်သေး တာပဲရှိပါတယ် ၊ နာဂစ်မုန်တိုင်းဖြစ်တော့ အရာရှိနဲ့အရာခံတွေကိုကျတော့ ကိုယ့်အိမ်ပြင်ဘို့အိမ်ပြန်ခွင့်ပေးပြီး ကျွန်တော်တို့ကိုကျတော့ တပ်ပြန်လည်တည် ဆောက်ရေးလုပ်ရမယ်ဆိုပြိး အိမ်ပြန်ခွင့်မပေးပါဘူး ၊ ကျွန်တော့မှာ မိသားစုအခြေအနေလေးသိချင်တာတောင် သိခွင့်မရပါဘူး ၊ ဒိကြားထဲ မေလ(၆)ရက်နေ့မှာ တပ်တွင်းမိသားစုအကုန်လုံးခန်းမ၀င်ရမယ်ဆိုပြီး အဲဒီမှာလူကြီးတွေကောင်းမယ်စီစဉ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေကိုထောက်ခံရမယ် ၊ ထောက်ခံမဲမပေးမနေရပဲလို့ တပ်မှုးကပြောပါတယ် ၊ (၇)ရက်နေ့ကျတော့ ကျွန်တော်တို့(၅) ယောက်ကို ဆရာကြီးတစ်ယောက်အင်ချပ်ထားပြီး အလုပ် လုပ်ဖို့လွတ်လိုက်ပါတယ် ၊ ကျွန်တော် တို့ (၅)ယောက်ထဲက(၂)ယောက်ကနေခဲ့တယ် ၊ ကျွန်တော့တို့(၃)ယောက်က ပူပန်စိတ်တွေနဲ့ကိုယ့်အိမ်ကိုယ်ခိုးပြန်ကြတယ် ၊ ကျွန်တော့အိမ်ရောက်သွားတော့ အိမ်က အနောက်ဖက်တစ်ခြမ်းကပြိုကျနေတယ် ၊ ကျွန်တော့်လည်းအိမ်မှာဝိုင်းကူရင်းနဲ့တပ်ကိုမပြန်ဖြစ်ဘူး ၊ ၁၁ရက်နေ့ကျမှတပ်ကိုပြန်ဖြစ်တယ် ၊ ကျွန်တော် တပ်ကိုပြန်ရောက်တော့ တပ်ရေးဗိုလ်ကြီးက ရုံးခန်းထဲခေါ်ဆူပါတယ် ၊  ကျွန်တော်တို့လည်း သတိဆွဲပြီးငြိမ်နေပါတယ် ၊ နောက်တော့ ကျွန်တော့တို့ကို တာဝန် ခံတဲ့ဆရာကြီးကို ဒီကောင်တွေပြန်သွားတာခင်ဗျားကြီးမသိဘူးလား ၊ ခင်ဗျားတော်တော်စောက်သုံးမကျတဲ့လူပဲ ၊ တပ်ကလစာလိမ်ယူပြီး တပ်မှာဘာလုပ်ဖို့နေ နေလည်းလို့ပြောတော့ ကျွန်တော်တို့လည်းသီးမခံနိုင်ဖြစ်လာတာနဲ့ “ ဗိုလ်ကြီးအပြစ်ရှိတာကျွန်တော်တို့ပါ ၊ ပြောချင်ရင်ကျွန်တော်တို့ကိုပဲပြောပါ ၊ ဆရာကြီး ကိုတော့အဲဒီလိုမပြောပါနဲ့”လို့ပြောတော့ “မင်းတို့ကဘာကောင်တွေလဲ ၊ မနေ့ကမဲပေးရမယ်ဆိုတာမင်းတို့မသိဘူးလား၊ ဒါစစ်စည်းကမ်းဖောက်ဖျက်တာပဲ၊ မင်းတို့က အာဏာဖီဆန်တာလား ၊ စစ်တပ်မှာအမိန့်ပဲရှိတယ် မင်းတို့နားမလည်ဘူးလား” ဆိုပြီး စ ထိုးပါတယ် ၊ ကျွန်တော်တို့လည်းအပြစ်လုပ်မိထားတော့ ငြိမ်ခံနေပါသေးတယ် ၊ နောက်တော့ တရားလွန်လာတော့ သီးမခံနိုင်ဖြစ်ပြီး ကျွန်တော်တို့သုံးယောက်လဲ ပြန်ပြီးဝိုင်းထိုးလိုက်တယ် ၊ အရင်က မကျေနပ်တာတွေ ပါပေါင်းပြီး ၀ိုင်းရိုက်ကြတာဘာဖြစ်ပြီးကျန်ခဲ့လည်းတော့မသိဘူး ၊ ကျွန်တော်တို့သုံးယောက်လည်း ရိုက်ပြီးတစ်ယောက်တနေရာဆီထွက်ပြေးခဲ့ပါတယ် ။ ဒီလိုနဲ့ ကလေးစစ်သားနှစ်ကျော့ပြန်ဖြစ်ခဲ့ရတဲ့ ကျွန်တော့ရဲ့နအဖတပ်သားဘ၀ ပြီးဆုံးခဲ့ပါတယ် ။




ခုကျွန်တော်တင်ပြသွားတာကျွန်တော်ဖြတ်သန်းရုမ်းကန်ခဲ့ရတဲ့အဖြစ်အပြတ်လေးပါ