Showing posts with label သ၀ဏ်လွှာ. Show all posts
Showing posts with label သ၀ဏ်လွှာ. Show all posts

Tuesday, October 18, 2011

“မင်းကိုနိုင်မွေးနေ့ပွဲသို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ”



ကျောင်းသား ကျောင်းသူ မိဘပြည်သူအပေါင်းတို့MKN 49th Birthday Message of ABFSU                                                            

ယနေ့ ကိုမင်းကိုနိုင်၏ အသက်(၄၉) နှစ်မြောက် မွေးနေ့ပွဲတွင် ယခု အောက်တိုဘာလ ၁၂ ရက်နေ့တွင် မော်လမြိုင်အကျဉ်းထောင်က လွတ်မြောက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ မနှင်းပွင့်ဝေ ခေါ် မဖြိုးဖြိုးအောင် ဖတ်ကြားခဲ့သည့် “မင်းကိုနိုင်မွေးနေ့ပွဲသို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ”ကို မိမိတို့မှ ကူးယူပြီး တဆင့်ပြန်လည်ဖြန့်ဝေပါသည်။

ညီညွတ်စွာဖြင့်
ဗကသများအဖွဲ့ချုပ်

Saturday, October 2, 2010

Appeal Letter to Sonia Gandhi on 2Oct2010 by BCD and Burmese Orgs in India(2)

Appeal Letter to Sonia Gandhi on 2Oct2010 by BCD and Burmese Orgs in India(2)                                                            

Friday, August 20, 2010

ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်



ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဟာ သောကြာနေ့ ည ၇ နာရီ လောက် အချိန် ရန်ကုန် စမ်းချောင်း အရပ် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ် မှာ အသည်း ကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။

သူဟာ မြန်မာပြည် လွတ်လပ်ရေး မရခင် ခေတ် သူ့ရဲ့ လူငယ် ဘဝကတည်း က နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား ခဲ့သူ တဦး ဖြစ်ပြီး မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ အရေး ပါတဲ့ ပင်လုံ ညီလာခံ ကို တက်ရောက် ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ က သူ ဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တဦးပါ။

မြန်မာပြည် ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် အမြဲလို ကြိုးပမ်း ခဲ့တဲ့ ရှမ်း နိုင်ငံရေး သမား တဦး ဖြစ်တဲ့ သူ ဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ အင်အားစုတွေ ၊တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ဝင်ရောက် ယှဉ်ပြိုင် ဖို့ အတွက် တွန်းအား ပေးခဲ့ ပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကို ဝင် ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP ပါတီ ကို တည်ထောင်သူ တဦး ဖြစ်ပြီး အဲဒီ ပါတီ မှာ နာယက တဦးအဖြစ် ကွယ်လွန် ချိန် အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဦးရွှေအုံး ဟာ အမှား ကို ဝန်ခံရဲ သလို စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တစိုက်မတ်မတ် ကြိုးစား လာတဲ့ ရှာမှရှား တဲ့ သူရဲကောင်း တယောက် ဖြစ်တယ် လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးပါတီ များ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်း သား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်း ရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် UNLD ရဲ့ သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ ပါတယ်။

ဦးရွှေအုံး ဟာ ကွယ်လွန်ချိန် မှာ အသက် ၈၈ နှစ် ရှိပြီ ဖြစ်ပြီး ကိုယ်တပိုင်း လေဖြတ် ဝေဒနာ ခံစားနေရ သူ ဇနီးသည် နဲ့ သား သမီး ၄ ဦး ကျန်ရစ်ပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

မြန်မာ့အာဏာပိုင်များ၏သတင်းဌာနဖြစ်သောသတင်းစာတွင်ပါရှိသော်နာရေးသတင်း

Thursday, June 17, 2010

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျရောက်သော ဇွန်၁၉ ရက်နေ့တွင်(၃၁) နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ် သ၀ဏ်လွှာ။



ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်မည့် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ၏ မွေးနေ့  အတွက် -

အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ထောင်တွင်း၌ အကျဉ်းကျခံနေရသော အရှင်ဘုရားအား အရှင်ဘုရား၏ မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါကြောင်း၊ ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏ မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌ အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အရှင်နေမိန္ဒ
အရှင်ထာဝရ            မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့။

(၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရရဲ့  မွေးနေ့ နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ ရဲ့ မွေးနေ့ ဟာ ရက် တူပါတယ် - ဇွန်လ ၁၉ ရက်နေ့  ဖြစ်ပါတယ်)။ မြလေးငုံအားကျေးဇူးတင်ပါသည်...

Monday, June 14, 2010

(၆၅) နှစ်ပြည့် အမေ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာအတွက် ဆုတောင်းသ၀ဏ်လွှာ



၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့မှာဖြင့် ကျွန်ုပ်အလွန်လေးစားချစ်ခင်ရပါသော မြန်မာ
ပြည်သူပြည်သားအပေါင်းတို့၏ နိုင်ငံရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးအလုံးစုံသော
လူ့အခွင့်အရေးများစွာအတွက်စကြာဝဠာတံတိုင်းကြီးသဖွယ် မားမားမတ်မတ်ရင်ဆိုင်
ကာကွယ်ဖြေရှင်းရပ်တည်ပေးလျှက်ရှိသော၊ လွတ်လပ်ရေးပိသုကာ၊မျိုးချစ်ဗမာလူမျိုးတို့
၏ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏အာဇာနည်သွေးအနှစ်သမီးအစစ်ဖြစ်သော၊သူရိန်နေမင်း
သဖွယ်အလင်းပေးစွမ်းနေသော အမေဒေါ်အောင်ဆန်းစုကြည် ကမ္ဘာမြေလူ့လောကသို့
ရောက်ရှိခဲ့သည်မှာ(၆၅)နှစ်တိတိပြည့်မြောက်တော့မည်ဖြစ်ပါသည်။၎င်းဇွန်လ(၁၉)ရက်နေ့
သည်အင်မတန်မှကျက်သရေမင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံသောအမေဒေါ်အောင်ဆန်းစုကြည်
၏မွေးနေ့ရက်မြတ်မင်္ဂလာပင်ဖြစ်ပါသည်။
အမေဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့မှသည်နောက်နောင်နှစ်ပေါင်းများစွာ
တိုင်အမေလူ့လောကတွင်သက်ရှိထင်ရှားရှိနေသ၍မြန်မာပြည်သူပြည်သားများ မတရားညှဉ်း
ပန်းနှိပ်စက်ခံရမှု၊လူ့အခွင့်အရေးချိုးဖောက်ခံရမှုအစရှိသည်တို့အားဆက်လက်ကာကွယ်ရပ်
တည်ပေးစွမ်းနိုင်ပါစေအမေ။ခုအချိန်မှာသားတို့အနေနှင့်အမေ့အားပြန်လည်ကာကွယ်ပေးနိုင်
စွမ်းမရှိသည့်အတွက်လွန်စွာမှစိတ်မကောင်းဝမ်းနည်းရသော်လည်း၊အမေ၏ဦးဆောင်လမ်းပြ
သည့်လမ်းမပေါ်သို့မလွဲမသွေဆက်လက်လျှောက်လှမ်းပြီ်းစည်းကမ်းကျနသာယာသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကိုရောက်အောင်သွားပါ့မယ်အမေ။အမေရဲ့မွေးနေ့ရက်မြတ်မှ
သည်နောင်နှစ်ပေါင်း၊သမိုင်းပေါင်းများစွာတိုင် အမေစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း
တို့နှင့်ပြည့်စုံပြီး တရားမျှတမှုမရှိသော ၊ လူသားမဆန်သော ၊ နအဖစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်
ညှဉ်ပန်းနှိပ်စက်မှုအောက်မှမြန်မာပြည်သူပြည်သားအပေါင်းတို့နှင့်အတူအမြန်ဆုံးကျွတ်ထွက်လွတ်မြောက်နိုင်ရမည်ဟု သတင်းကမ္ဘာဤနေရာမှသားတို့ယုံကြည်စွာနှင့်တောင်းဆုပြုလိုက်ပါ တယ်အမေ။
အမေ့ထံသို့သားတို့ပို့သလိုက်သောဆုတောင်းမေတ္တာသည်မည့်သည့်အတားအဆီးအနှောင့်အ
ယှက်မှမရှိဘဲဖြောင့်ဖြူးသာယာစွာဖြင့် အမေ့ထံသို့ရောက်ရှိပါစေသား ဟုလူတွေကြား၍နတ်
တွေသိရန် တိုင်တည်သစ္စာပြုလိုက်ပါတယ်အမေ။
                                                          အမေ့အားအစဉ်အမြဲလေးစားဦးညွှတ်လျှက်
                                                  သားမောင် ရဲရဲတောက် BurmaPaparazi

Thursday, May 20, 2010

အဖွဲ့ ချုပ်နှင့်ထပ်တူဝမ်းနည်းကြောင်းသ၀ဏ်လွှာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သခင်စိုးမြင့် (၈၇ နှစ်) သည် လူကြီးရောဂါဖြင့် ယနေ့ နေ့လည်ပိုင်း ၁ နာရီခွဲတွင် ရန်ကုန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီးဖြစ်ပါသည်.

ရန်ကုန်တိုင်း အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဆုံးပါးသွားခြင်း ဖြစ်တယ်လို့သိရပါတယ်.....

''တနာရီခွဲမှာ အိမ်မှာ ရိုးရိုးတန်းတန်း အိပ်နေရင်းကနေ ဆုံးသွားတာ။ နှလုံးကြောင့်မို့တော့ ထင်ပါတယ်။ အိမ်နားက ဆရာဝန်ကတော့ လာပြီးတော့ သေဆုံးကြောင်း အတည်ပြုပါတယ်။ သူ့မှာ ရင်ကျပ်တဲ့ ရောဂါတော့ ရှိတယ်။ နှလုံး အားနည်းတာလည်း ရှိတယ်။ ခဏခဏ မူးလဲတတ်ပါတယ်။ အခုဟာက သက်တောင့်သက်သာပဲ ဆုံးသွားတာပါ'' ဟု မြေးတဦးဖြစ်သူ မခိုင်ဝင့်ရည်က ပြောတယ်။

သေဆုံးချိန်တွင် သားသမီး ၅ ဦးနှင့် မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။




သခင်စိုးမြင့် ဘဘ ဦးစိုးမြင့် သည် ၂၀-၅-၂၀၁၀ နေ့ ခင်း တစ်နာရီတွင် ဘ၀တစ်ပါးသို့ ပြောင်းသွားသည်ဟုကြားသိရသည့်
အတွက် အဖွဲ့ ချုပ် အဖွဲ့ ဝင်များနှင့် ထပ်တူ မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း

စက်တင်ဘာထာဝရ

Monday, January 25, 2010

ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်ခြင်း ၃ နှစ့်ပည့် အထိမ်းအမှတ် လွမ်းသ၀ဏ်

ရောင်းရင်းများခင်ဗျား
ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်ခြင်း ၃ နှစ့်ပည့် အထိမ်းအမှတ် လွမ်းသ၀ဏ် လေးကိုမျှဝေလိုက်ပါတယ်။
ပြည်သူ့ကဗျာဆရာ

အဖိနှိပ်ခံပြည်သူအတွက်

ကလောင်လက်နက်

ထက်မြက်စွာသွေး

သွက်လက်ကာမနှေး

အချက်အလက်ဖြာ ကဗျာစီရေး

ဇာမဏီသွေးနဲ့ တိုက်ပွဲဝင်ခဲ့ ၊ ။

ပြည်သူတွေလွတ်ကြောင်းထောက်လို့

ပြည်သူတွေအထွဋ်ကောင်းရောက်ဖို့

ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ ကဗျာစပ်ဖွဲ့ ။ ။

စာပေသဒ္ဓါဖြိုးတဲ့

ဆရာမိုးရဲ့ စာနုရင်ပြင်

ကဗျာဥယာဉ်နန်းမှာ

ကဗျာပန်းတကာတွေဟာ

လန်းဖြာဝေဆာ

ပြည်ရွာအနှံ့

ရနံ့လှိုင်နေဆဲ ၊ ။

ဆရာမိုးရဲ့လက်ရာ

အခက်ဖြာ ကဗျာပန်းတွေကလှသမို့

လွမ်းနေရပ ထာဝစဉ်အမြဲ ။ ။
ကြိုင်လှမောင်မောင်
၂၀၁၀-၀၁-၂၂