Showing posts with label တိုက်တွန်းနှိုးဆော်ချက်. Show all posts
Showing posts with label တိုက်တွန်းနှိုးဆော်ချက်. Show all posts

Friday, June 21, 2013

"ရဟန်းအချင်းချင်းမှမစောင့်ရှောက်လျှင်မည်သူက စောင့်ရှောက်ကြမည်နည်း"

"ရဟန်းအချင်းချင်းမှမစောင့်ရှောက်လျှင်မည်သူက စောင့်ရှောက်ကြမည်နည်း" ဟူသောစကား၊ နာမကျန်းဖျားနာသောရဟန်းတစ်ပါးကို ကိုယ်တိုင်ပြုစုကုသရာမှ ဗုဒ္ဓပြောခဲ့သော စကားသည် ခေတ်အဆက်ဆက် မင်းတို့၏ စကားထက် ပိုမိုခိုင်မြဲပါပေ၏။

-ထိုစကားဖြင့်ပင်နှစ် နှစ်ထောင့်ငါးရာကျော်ခရီးကို ဖြတ်သန်းခဲ့သော သံဃာဟူသည့် လူတန်းစားတစ်မျိုး၏ စည်းလုံးမှုကြိုးမျှင်သည်ကား အံ့သြဖွယ်ကောင်း၏။

-သီဟိုဠ်ခေတ်တွင် စစ်ဘေးသင့်ချိန်ထွက်ပြေးရသော ရဟန်းတစ်ပါးနှင့်သာမဏေငယ်တို့သည် လူသားစားသည့်လူရိုင်းများနှင့်ကြုံရ၏။ သာသနာအတွက် သာမဏေရှိမှဖြစ်မည်..ငါကားအသက်ကြီးလှပြီဟူ၍ အသက်စွန့်ကာ သာမဏေကိုပြေးစေ၏။ သာနာကို ဤနည်းဖြင့်ဆောင်၏။

-သီဟိုဠ်ခေတ်ပျက်တွင် စားနပ်ရိက္ခာမရှိသောကာလ သံဃာတို့သည် ၇င်ပူသော သဲစိုကို ဝမ်းဗိုက်ပေါ်တွင် တင်ကာ ပိဋကတ်တို့ကို နှုတ်တက်ရွတ်ကြကုန်၏။ အာဟာရချိုတဲ့သဖြင့် သဲပုံကိုခေါင်းစိုက်ကာ ပိဋကတ်တို့ကိုရွတ်ကုန်၏။ ဤသို့သာသနာကို ဆောင်၏။

-ဝမ်းပျက်ရောဂါဖြင့် မထူနိုင်မထနိုင်ဖြစ်လျက်မှ သာသနာအတွက်ပြုစုသောကျမ်း မပြီးမည်စိုးသဖြင့် ညောင်ကန်ဆရာတော်ဦးဗုဓ်သည် ကုဋီအတွင်း နံရံတွင် ကျမ်းပြု၏။ ဤသို့ သာသနာကိုဆောင်၏။

-သာသနာအားဆွဲငင်သောကြိုးသည် ပိုးသားမျှင်ထက်နူးညံ့၏။ သို့သော် သံမဏိလွန်ကြိုးထက်မြဲမြံ၏။ နှစ် 2500 ခရီးကြမ်းတွင် ပိုမိုထင်ရှား၏။

-ဤသာသနာသမိုင်းသည်ဤသို့လာ၏။ သံဃာဟူသော Class သည် ထိုသို့ စောင့်ရှောက်လေ့ရှိ၏။ ဆောင်လေ့ရှိ၏။

-မင်းကွန်းဆ၇ာတော်သည် သံဃာငယ်များကို လူများပုတ်ခတ်သောအခါ စာနာနားလည်ပေးကြရန် မေတ္တာရပ်ခဲ့၏။ သီတဂူဆရာတော်ကို ဖမ်းမည်ပြုသောအခါ ဝင်ကာခဲ့၏။

-ယခု ဦးဝီရသူကိစ္စတွင် အဆိုပါ သံဃာထုကို ချည်သောကြိုးမျှင်သည် ပိုမိုထင်ရှားလာမည်ဟုထင်သည်။

-ထိုကြိုးမျှင်ကို နှစ်နှစ်ထောင့်ငါးရာကျော်အတွင်းမည်သည့်အဖွဲ့ကမျှ ဖြတ်တောက်နိုင်ခဲ့ခြင်းမရှိပေ။

-ယခု ဦးဝီရသူကို သံဃာအချင်းချင်း ယိုင်းပင်းသည့် သဘောဖြင့် ကာကွယ်ဝန်းရံကြတော့မည်။

-ဒါကို နိုင်ငံရေးအရလဲ အမြတ်ထုတ်ကြတော့မည်။ ဘူးလုံးနားမထွင်းသူများကလဲ ဘုန်းကြီးစာချ လုပ်ကြဦးမည်။

-တိုင်းရေးပြည်ရေးကိစ္စများတွင် အမြော်အမြင်သည် အရေးကြီးလှပါ၏။ အမြော်အမြင်မရှိဘဲ စိတ်ခံစားချက်သက်သက်ဖြင့်သာ လုပ်ပါက အန္တရာယ်များလှ၏။

-သံဃာထုနောက်သို့သာ 90%ကျော်ဗုဒ္ဓဘာသာတို့ လိုက်ကြပေမည်။ သံဃာသည် အားမစမ်းသင့်သော အတန်းအစားမျိုးဖြစ်၏။ လက်၇ှိ အင်အားအကြီးဆုံးစစ်တပ်ထက် သက်တမ်းများစွာပိုရင့်သော အင်စတီကျူးရှင်းတစ်မျိုးဖြစ်၏။ ခေတ်ပေါင်းများစွာ စမ်းသပ်မှုကို ခံလာသော အဖွဲ့ဖြစ်၏။

-အာဏာနှင့်မပတ်သက်သောကြောင့် ရပ်တည်မှုပိုမိုခိုင်မာ၏။ သွေးကွဲရန် အခြားအဖွဲ့များထက်ခက်ခဲ၏။ ဝိနည်း အာဏာဒေသနာသည် ရဟန်းဥပဒေဖြစ်၍ ခြေထိုးရန်ခက်လေသည်။

-များစွာသတိထားဆင်ခြင်နိုင်မှ အဆင်ပြေပါမည်။

Wednesday, June 12, 2013

မိတ်ဆွေများနှင့်သူငယ်ချင်းများကို မေတ္တာရပ်ခံပါရစေ။


မလေးရှားမှာ မြန်မာနိုင်ငံတွေအသတ်ခံနေရတာကြောင်း သူတို့အတွက် ကျန်ရစ်ခဲ့သော မိသားစုများအတွက် FBမှာ မိမိဓါတ်ပုံလေးကို ခဏပြုပြီး အကြောင်းမဲ့ အသတ်ခံရသူတို့အားဂုဏ်ပြုပေးသောအားဖြင့် ဒီအနက်ရောင်ပုံလေးကိုတင်ပေးကြဖို့တိုက်တွန်းပါရစေ။
အခုတော့ မလေးရှားရောက်မြန်မာတွေ အသတ်ခံရတာကို ၀မ်းနည်းကြောင်း ပြသတဲ့အနေနဲ့ Profile Picture ကို အနက်ရောင်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ နောင်များမှာ ဘယ်ဘာသာဝင် ပဲ ဖြစ်ပါစေ၊ ဘာသာမဲ့ပဲ ဖြစ်ပါစေ အကြောင်းမဲ့ အသတ်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ ဖြစ်ပေါ်လာတိုင်း Profile ကို အနက်ရောင်အဖြစ် ပြောင်းလဲခြင်းကို လုပ်ဆောင်သွားပါ့မယ်။

ဆုတောင်းမိတာကတော့ နောက်ထပ် ဒါမျိုး Profile ကို Black out မလုပ်ချင်တော့ပါဘူး။

Sunday, March 10, 2013

ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..

ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..
အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..
အမေစုကို တွေ့ဆုံခွင့် ရဖို့ အမေစု ကိုယ်ရေးအရာရှိထံသို့ သူတို့အဖွဲ့ အကြိမ်ကြိမ် အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ကြသည်..။ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သူတို့အဖွဲ့ ညီလာခံသို့ တက်ရောက်ဂုဏ်ပြုလိုကြသည်...။ ညီလာခံကျင်းပခါနီး ၂ရက်အလိုထိ ဖိတ်ခေါ်စာက မရောက်လာသေး..။ ကျွန်တော်လည်း အသည်းအသန်ကြိုးစားပေါ့...။ ၆ရက်နေ့ မနက်ပိုင်းထိ ဖိတ်ခေါ်စာ ရောက်မလာသေး ညပိုင်းမှ ဖိတ်ခေါ်စာ ရောက်လာသည်..
တာဝန်ရှိသူ အဖွဲ့ချုပ်လူကြီးတဦး၏ လုပ်ဆောင်ပေးမှုကြောင့် ဖိတ်စာ အဆင်ပြေခဲ့သည်...
သူတို့အဖွဲ့ ညတွင်းချင်း လေယာဉ်ပျံ လက်မှတ်အတွက် ပြင်ဆင်ရသည်။ နောက်ဆုံး ၈ရက်နေ့ မနက် ()နာရီ လေယာဉ်ပျံ လက်မှတ် ရခဲ့ရသည်..Mr.Toshio Yamauchi တို့အဖွဲ့ မနက်လေးနာရီမှာ Check in ဝင်ရမှာ ဖြစ်တဲ့အတွက် ညကတည်းက လေဆိပ်မှာ သွားအိပ်ပြီး လေယာဉ် စောင့်စီးကြရသည်..။ ကိုယ်တိုင်လည်း ဘူတာမှ သွားတွေ့ပေါ့..။ ပရော်ဖက်ဆာ တဦးလည်းပါသည်..။ ကျွန်တော်လည်း သူတို့အစား ရင်တမောမောပေါ့..
နောက်ဆုံးတော့ ချောမောစွာနှင့် ၉ရက်နေ့ ၉နာရီ ညီလာခံကို အဖွဲ့ဝင် ၄ဦးလုံးတက်ခွင့်ရသည်...။ အမေစုနှင့်လည်း နှုတ်ဆက်ခွင့်ရသည်..။ သူတို့ထဲမှ တဦးက မြန်မာတိုက်ပုံအကျီဝတ်၊ ပုဆိုးကို ကျကျနနဝတ်ကာ အမေစုနဲ့ နှုတ်ဆက်ခွင့်ရသည့် ပုံလေးပို့လာသည်..
ကျွန်တော့်ထံ ကျေးဇူးတင်ရှိကြောင်း စာလေးရောက်လာသည်..။ ပီတိဖြစ်ရသည်...။ ၁၂ရက်နေ့ ဘဘဦးတင်ဦး မွေးနေ့တက်ရောက် ပြီးရင်တော့ သူတို့ ပြန်လာကြလေမည်..။ အမေစုကို တွေ့ခွင့်ရဖို့နဲ့ ညီလာခံ တက်ခွင့်ရဖို့ ဂျပန်လူမျိုးတွေ မည်သို့မည်မျှ ကြိုးစားခဲ့ကြ အပင်ပန်းခံခဲ့ကြတယ်ဆိုတာလေး သိရှိနိုင်ဖို့ပါ..
တခုတော့ အဖွဲ့ချုပ်သို့ အပြုသဘော အကြံပေးလိုသည်..။ အမေစုရဲ့ ကိုယ်ရေးအရာရှိရဲ့ အီးမေးလ်သို့ အဆိုပါ ဂျပန်ဒုဝန်ကြီးဟောင်းကိုယ်တိုင် တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် အီးမေးလ်ပို့ခဲ့သည်..။ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါ..Yes or No လေးတော့ အကြောင်းပြန်သင့်သည်..။ မိမိကိုယ်တိုင်လည်း အကြိမ်ကြိမ် မျက်နှာ ပူခဲ့ရသည်...။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ အမေစုနဲ့ အဆက်အသွယ် လုပ်ပေးရတဲ့ အမေစုရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူးကိုယ်တိုင် မည်မျှ ပင်ပန်းသည် အလုပ်များသည်ကို စာနာနားလည်ပါသည်..။ သို့ပေတည့် ဆက်သွယ်လာသူများအား အကြောင်းပြန်ကြားသင့်သည် ဟုမြင်မိသည်...။ ပြည်တွင်းသာမက ပြည်ပမှ ထောက်ခံအားများသည်လည်း ၂၀၁၅အတွက် အင်မတန်မှ အရေးကြီးလှပေသည်။
လူတိုင်းမဆက်သွယ်နိုင်သည့် အီးမေးလ်အား နိုင်ငံတကာမှ ဆက်သွယ်လာသည် ဆိုပါက ပြန်လည်ဖြေကြားနိုင်ရန် အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ကြောင်း အပြုသဘော အကြံပြုအပ်ပါသည်..
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်ပေသည်..
ဒီမိုဝေယံ

(
ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANMYANMAR COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)

Monday, February 25, 2013

The White People Organzation မှ ဦးစီးသော ကွန်ပျူတာသင်တန်း "'ဓါတ်ပုံများ

အဖြူရောင်လူအဖွဲ့အစည်းဆိုတဲ့ ခေါင်းစဉ်ကလေးနဲ့ လှုမှုအကျိုးပြုလုပ်ငန်းလေးလုပ်မယ်ဆိုပြီးတော့ စိတ်ကူကိုယ်တူရှိတဲ့ဦးဇင်းတစ်ပါးနဲ့ ကျွန်တော် လုပ်ဆောင်ခဲ့ပါတယ်။ အဲလုပ်ငန်းလေးက အခမဲ့ကွန်ပျူတာသင်တန်းလေးတစ်ခုဖွင့်မယ်ဆိုပြီးတော့ လုပ်ခဲ့ပါတယ်။ အခုတော့ အဆောက်အဦးကလေးက အကောင်အထည်ဖော်နေပါပြီး။ စက်ကလေးသုံးလုံးစတင်ဝယ်ယူပြီးပါပြီး။ ငါးလုံးလောက်အထိကို ရည်ရွယ်ပြီးသင်ကြားပေးဖို့ လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ အခုမှ လုပ်ငန်းကလေးကစတယ်ဆိုတော့ ဘယ်ကနေ ဘယ်လိုစပြီးတော့လုပ်ဆောင်ရမယ်ဆိုတာ အစတုန်းကတော့ တိတိကျကျမသိခဲ့ပေမယ်.. အခုတော့ ကူညီကြမယ်သူတွေရှိခဲ့ကြပါတယ်။ သင်ကြားပေးမယ်ဆရာအရေအတွက်က လေးယောက်ရှိပါပြီ။ သူတို့ရဲ့ပညာဒါနလေးနဲ့သင်ကြားပေးမှာပါ။ သင်တန်းကြေးကို အခမဲ့ငွေကြေးမယူဘဲ လူငယ်လူရွယ်တွေအတွက် နည်းပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်အောင်ဆိုတဲ့ရည်၇ွယ်ချက်ကလေးနဲ့ လုပ်ဆောင်ပေးနေတာပါ။ အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်အောင် လုပ်ဆောင်ပေးနေပါတယ်။ သူငယ်ချင်းတို့တွေလည်း ကူညီဆောင်ရွက်ပေးကြပါဦး။
အမှတ်(၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက် တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

Tuesday, January 17, 2012

သူငယ်ချင်းတို့ရေ လာမယ် ၁၉ရက်နေ့မနက်ပိုင်း ကြည့်မြင်တိုင်က ရွှေည၀ါကျောင်းမှာ ငါတို့ ရှိနေကြမယ်။တိုက်တွန်းနှိုးဆော်ချက်

သူငယ်ချင်းတို့ရေ လာမယ် ၁၉ရက်နေ့မနက်ပိုင်း ကြည့်မြင်တိုင်က ရွှေည၀ါကျောင်းမှာ ငါတို့ ရှိနေကြမယ် အမှန်တရားအတွက် ဆရာတော်နှင့်အတူရပ်တည်ကြမယ် အမှန်တရားကိုမြတ်နိုးသူအဖြစ် သက်သေပြကြမယ် ငါတို့အသက်ရှင်နေသရွေ့ အမှန်တရားထွန်းလင်းတောက်ပနေစေရမ
ယ်

Thursday, December 29, 2011

မီးဘေးသင့်ပြည်သူများကို ဆက်သွယ်လှူဒါန်းလိုပါက

မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့ လှူဒါန်းလိုလျှင်....ဆက်သွယ်ပါ.... 095155891., 095104850, 095077986, ...

မီးဘေးသင့်ပြည်သူများကို ဆက်သွယ်လှူဒါန်းလိုပါက

မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့ လှူဒါန်းလိုလျှင်....ဆက်သွယ်ပါ.... 095155891., 095104850, 095077986, ...

Wednesday, December 28, 2011

တစ်နေ့ထက်တစ်နေ့ ဆက်ကာ ဆက်ကာ တိုးပွားနေဆဲ။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူစုံစွာ ဒီအဖွဲ့ထဲမှာ ရှိ၏။ ပြည်တွင်းက ပြည်ပက ... ။ နိုင်ငံရေးသမား၊ အနုပညာသမား၊ စီးပွားရေးသမား၊ ကျောင်းသား ... အယုတ်အလတ်အမြတ်မရွေး ညီညာစွာ ပါဝင်ကြကုန်သည်။


ကျန်ရစ်ခဲ့တဲ့ နှစ်ဟောင်းမှာ ကျနော်တို့တွေ ပြင်ပလေကို အတူတကွ ရှူရှိုက်ခွင့်မရခဲ့ကြပေမယ့်....နှစ်သစ်မှာ လွတ်လပ်စွာ ပျံသန်းခွင့်ရအောင်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ
မြန်မြန်လွတ်တော့ဟေ့ နားတွေကန်းနေလား ခဏခဏသတိပေးနေရတာ 
အကိုမင်းကိုနိုင်နှင့်နိုင်ငံရေး အကျဉ်းသားများ အားအမြန်ဆုံး လွှတ်ပေးပါရှင့်..
အမေ့အပြုံးကိုမြင်ခွင့်ရဖို့ ကိုမင်းကိုနိုင် နဲ့ နိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံး လွှတ်မြောက်ပါစေလို့ ထပ်ခါထပ်ခါဆုတောင်းပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိတာမို့ လွှတ်ဖို့နီးလာပါပြီ .....။
စိတ်မကောင်းစရာတွေပဲ ကြားနေရတယ်နော်....နှစ်သစ်မှာတော့ စိတ်ချမ်းသာစရာတွေ တွေ့မြင်ခံစားနိုင်ပါစေ...

နေ့စွဲတစ်ခုကိုမျှော်လင့်ချက်ပေးသလို ပေး လိုက် ....စောင့်တဲ့သူတွေကစောင့်လိုက်....ဟိုလူနဲ့တွေ့ ဒီလူနဲ့တွေ့ ....နားထောင်ကောင်းအောင်တွေပြော ...ကဲ .....

Tuesday, December 27, 2011

မျှော်လင့်ချက်တွေ စုထားတဲ့ အသံ

ယခုအချိန်ထိ စုစုပေါင်း လူ ၈၄၃ ယောက် ပါ၏။ တစ်နေ့ထက်တစ်နေ့ ဆက်ကာ ဆက်ကာ တိုးပွားနေဆဲ။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူစုံစွာ ဒီအဖွဲ့ထဲမှာ ရှိ၏။ ပြည်တွင်းက ပြည်ပက ... ။
နိုင်ငံရေးသမား၊ အနုပညာသမား၊ စီးပွားရေးသမား၊ ကျောင်းသား ... အယုတ်အလတ်အမြတ်မရွေး ညီညာစွာ ပါဝင်ကြကုန်သည်။

ကျွန်ုပ်တို့အားလုံးကို ညီအောင်ညှိထားသောအရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဦးတည်ရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဟစ်ကြွေးမှုက တစ်သံတည်း။
နေ့စဉ်မပြတ် တစ်ရံမလတ် ဟစ်ကြွေးနေကြ၏။
ယင်းသည်ကား ...


Friday, December 23, 2011

ရက် ၆၀ တိတိ မပျက်ကွက်သော တောင်းဆိုမှုများ

(23th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ
တောင်းဆိုသူများ၏ အမည်များနှင့် ဓါတ်ပုံအချို့ကို ဖေါ်ပြလိုက်ပါသည်။
D Nyein Lin
ကဲ့ပြောပြန်ပြီနောက်တစ်ယောက်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တဲ့။ပြောနေမယ့်အစား အလုပ်ကသက်သေပြလိုက်ပါတော့။ ယုံကြည့်ချက်ကြောင့်အကျဉ်းကျနေတဲ့ တို့တွေရဲ့နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးပါတော့။

မင်းကိုနိုင်.. ဆိုတာ.. ဘယ်သူလဲ..
(၈.၈.၈၈) မှာဒီမိုကရေစီလုထုအရေးတော်ပုံကြီးမြန်မာပြည်မှာဖြစ်ခဲ့တယ်။
(၈၈၈၈)ကို ရာဇ၀င်ပြောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက စခဲ့တယ်။
(၈၈၈၈)ကြောင့် ဦးနေ၀င်း မဆလ အာဏာရှင်ပြုတ်ကျသွားတယ်။
မင်းကိုနိုင်..ကျောင်းသားခေါင်းဆောင်.. မင်းကိုနိုင်..သူဟာ........

Thursday, December 22, 2011

ကျွန်ုပ်တို့ Groupရဲ့ အမြင်နဲ့ ဆန္ဒ

 Friday, December 23, 2011 at 12:39am
မြန်မာနိုင်ငံမှာကြံ့ဖွံ့အစိုးရနှင့်လက်တွဲပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်မယ်လို့
ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
ကြံဖွံ့အစိုးရထံ မှတ်ပုံတင်ကာ ကြားဖြတ်ရွေးကောက်ပွဲ မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချ ကြေငြာခဲ့သည်။
၁၉၉၀ ရလာဒ်နှင့် ဂန္ဒီခန်းမကြေငြာ စာတမ်းကို ကျောခိုင်းကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ ပါသော်လည်း အရပ်သားအမည်ခံ စစ်ခေါင်းဆောင်များဖက်မှ ပျော့ပျောင်းသော လိုက်လျောမှုတစုံတရာကို မရရှိခဲ့ပါ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများနှင့် ပါတ်သက်၍ ပြောကြားရာတွင် ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသား ဆိုသည်ကို မိမိလက်မခံကြောင်းနှင့် ...

Wednesday, December 21, 2011

ဒို့ အသံများသည် ရင်တွင်းမှတဆင့် အွန်လိုင်း၊ အွန်လိုင်းမှတဆင့် ပြင်ပသို့....

20th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ 
အခုအချိန်မှာ အင်တာနက်ပေါ်က လူမှုရေး ကွန်ယက်တခုဖြစ်တဲ့ face bookပေါ်မှာ (ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး) အတွက် တောင်းဆိုနေတဲ့ Group လေးတခုဖွဲ့ထားပါတယ်။ ကိုပေါ့်ကိုချစ်ရင်၊ လေးစားရင်၊ သူ့လုပ်ရပ်တွေကို ထောက်ခံတယ်ဆိုရင် ၀ိုင်းဝန်းအင်အားဖြည့်ပြီး ကျနော်တို့ခေါင်းဆောင်လွတ်မြောက်ဖို့ကိုဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
တောင်းဆိုလိုသူများအနေနဲ့ face book account ရှိသူဖြစ်ပါက ဒီနေရာ ကို နှိပ်ပါ။
face book အကောင့် မရှိသေးသူများအနေနဲ့ face book account ပြုလုပ်ရန် ဒီနေရာ ကိုနှိပ်ပါ။ 
မင်းကိုနိုင် ဆိုသည်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုလျက် ဒီမိုကရေစီ တောင်းဆိုသော ပြည်သူတို့အား ကိုယ်စားပြုသည့် နာမည် ဖြစ်သည်။ ထို့ကြောင့် မင်းကိုနိုင်အား နိုင်ငံရေး အကျဉ်းချထားခြင်းသည် ဒီမိုကရေစီ လိုချင်သော မြန်မာပြည်သူတို့အား နိုင်ငံရေး မလုပ်အောင် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။ ယခုလက်ရှိ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ ဘက်တော်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေပြလိုလျှင် မည်သည့် မြန်မာနိုင်ငံသားမှ ဒီမိုကရေစီကြောင့် နိုင်ငံရေးအကျဉ်းသား မဖြစ်စေရ ဆိုသည့် ဂုဏ်ကို ဖော်ဆောင်ရမည်။
ကျနော်တို့ ရဲ့ ကျောင်းသားခေါင်းဆောင်တွေကို ၂၀၁၂ ဇန္န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့ မှာ လွှတ်နိုင်တယ် လို့  မိတ်ဆွေ တစ်ယောက် က သူသိသမျှ ၀မ်းသာ အားရ လာပြောရှာပါတယ်။ကျနော်ကလည်း အားကျမခံ ပြန်ပြော လိုက်ပါတယ်။ အဲဒီနေ့ မလွှတ်ရင် ၅-၁-၂၀၁၂ နေ့ ကစပြီး ကျနော်(ဦးဝင်းချို)ကတော့..

Monday, December 19, 2011

ဒီအသံတွေ တနေ့ထိရောက်စေရမယ်

(18th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။
Wishin all the best and happy birthday Ko Ko Gyi. Hope you and our 88 brothers release soon. We stand with you and Free all Burma's political prisoners!
ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးချက်ချင်းလွှတ်...

ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါ။
အပြစ်မရှိဘဲ စစ်အာဏာရှင်၏ မတရားအကျဉ်းချထားခြင်းကို ခံနေကြရသူများဖြစ်သည်။
(19.12.2011)
ကဲ သူငယ်ချင်းတို့..မိတ်ဆွေတို့ရေ..စကားတခွန်းတော့ ...

Sunday, December 18, 2011

ဒို့တတွေ ကြိုးစားနေသရွေ့ မရှုံးသေးဘူး။

(18th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။
D Nyein Lin
တုနှိုင်း၍မရတဲ့ ယုံကြည့်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါတော့။
စစ်မှန်သော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူး ။
ကို သိန်းစိန်ရဲ့ ဒီမိုကရေစီကြီးက စစ်မှန်တယ်ဆိုရင်တော့ ကိုမင်းကိုနိုင်အပါအဝင်
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်ပါတော့.........
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို
ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ။ ။
‎88 မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုသမ္မတကြီးဦးသိန်းစိန်အစိုးရအနေနဲ...

Wednesday, December 14, 2011

တနေ့တခြား ပို၍ကျယ်လာသော ပြည်သူ့အသံများ

(14th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။
အခုအချိန်မှာ အင်တာနက်ပေါ်က လူမှုရေး ကွန်ယက်တခုဖြစ်တဲ့ face bookပေါ်မှာ (ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး) အတွက် တောင်းဆိုနေတဲ့ Group လေးတခုဖွဲ့ထားပါတယ်။ ကိုပေါ့်ကိုချစ်ရင်၊ လေးစားရင်၊ သူ့လုပ်ရပ်တွေကို ထောက်ခံတယ်ဆိုရင် ၀ိုင်းဝန်းအင်အားဖြည့်ပြီး ကျနော်တို့ခေါင်းဆောင်လွတ်မြောက်ဖို့ကိုဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
တောင်းဆိုလိုသူများအနေနဲ့ face book account ရှိသူဖြစ်ပါက ဒီနေရာ ကို နှိပ်ပါ။
face book အကောင့် မရှိသေးသူများအနေနဲ့ face book account ပြုလုပ်ရန် ဒီနေရာ ကိုနှိပ်ပါ။ 

ကျွန်တော်တို့အနေနဲ့ မတရားဖမ်းဆီးခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ တောင်းဆိုနေတာထက်စာရင် သူတို့ကို အပြစ်ပေးထားတဲ့ ပုဒ်မတွေဟာ စစ်အစိုးရလက်ထက်က မတရားအပြစ်ပေးခံထားရတာပါ ဆိုတာကို အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ လူအခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းကသိအောင် လက်ရှိအစိုးရလက်ထက် တရားရုံးတွေက ပြန်လည်စစ်ဆေးပြီး မတရားဖမ်းဆီးခဲ့သူတွေကို ပြန်လည်တရားစွဲဆိုဖို့ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဝိုင်းဝန်း ပံ့ပိုးကြရင် ပိုကောင်းလိမ့်မယ်ထင်တယ်။

Tuesday, December 13, 2011

ကမ္ဘာ့နေရာအသီးသီးမှ အသံများ

(13th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။


Min Naing
‎"""ကိုမင်းကိုနိုင်နှင့်တကွ အားလုံးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးသည် တိုင်းသူပြည်သားအားလုံး ပဓာနကျသောတာဝန်ဖြစ်သည်။""" ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ် က တိုင်းပြည်လွတ်လပ်ရေး အတွက် ဦးဆောင်ခဲ့ သလို စစ်အာဏာရှင် လက်အောက်မှ ပြည်သူတွေ လွတ်မြောက်ရေးအတွက် အရှင် ဂန္ဘီရ-ကိုမင်းကိုနိုင် နှင့် ဦးခွန်ထွန်း တို့  ၃ ယောက်ကို ချက်ခြင်းလွှတ်ပေးပါ။။။ ပါတီဝင် ၁၀သန်းထက် သူတို့ ၃ ယောက် ပိုအရေးကြီးသည်ဟု မြင်သည်။

Monday, December 12, 2011

(12th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ
ကိုမင်းကိုနိုင် လွတ်မြောက်ရေး ..... ဒို့ အရေး ဒို့ အရေး
၈၈ကျောင်းသားခေါင်းဆောင်များ ...အမြန်လွှတ်ပေး အမြန်လွှတ်ပေး
နိုင်ငံရေး အကျဉ်းသားအားလုံး ........ ချက်ချင်းလွှတ် ချက်ချင်းလွှတ်

Free Min Ko Naing Now......!
Free Min Ko Naing Now......!
Free Min Ko Naing Now......!
ငါတို့အဖိုးနဲ့အဖွားတောင်းဆိုနေတာလဲ .......... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ အမြန်ဆုံးလွှတ်ဖို့ ။
ငါတို့ခမည်းတော်နဲ့မယ်တော်တောင်
းဆိုနေတာလဲ ...... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ အမြန်ဆုံးလွှတ်ဖို့။
ငါတို့ မျိုးဆက်တွေတောင်းဆိုနေတာလဲ ...... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ
အမြန်ဆုံးလွှတ်ဖို့။

ငါတို့ ဦးရီးတော်နဲ့အရီးတွေတောင်းဆိုနေတာလဲ ...... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ
အမြန်ဆုံးလွှတ်ဖို့။
ငါတို့ နောင်တော်နဲ့အမတော်တွေတောင်းဆိုနေတာလဲ ...... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ အမြန်ဆုံးလွှတ်ဖို့။

ငါတို့ပြည်သူတွေတောင်းဆိုနေတာလဲ ...... ယုံကြည့်ချက်ကြောင့် အကျဉ်းကျသူတွေ အမြန်ဆုံးလွှတ်ဖို့။
အုပ်ချုပ်သူလူကြီးမင်းများ နားလေးများကြားတယ်ဆိုရင် ...... ယုံကြည့်ချက်ကြောင့် ထောင်အသီးသီးမှ အကျဉ်းကျသူတွေကိုအမြန်ဆုံးလွှတ်ပေးပါတော့။

အမြန်ဆုံးလွှတ်ဖို့။
Free Min Ko Naing and all political prisoners now
 
မြန်မာပြည်မှာနေသည်။ မြန်မာလိုပဲပြောပါမည်။
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါ။
ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးချက်ချင်းလွှတ်...

  Ye Yint Tun
ကိုမင်းကိုနိုင်နှင့်တကွနိုင်ငံေ၇းအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးပါခင်ဗျား။(12.12.11)7:53AM

 
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်
Free Min Ko Naing and Free all political prisoners in Burma!

ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါ။
အိုလောက..........

Sunday, November 27, 2011

ဖဲကြိုးဖြူနေ့(သို့)ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့


ယနေ့(၂၅.၁၁.၂၀၁၁) နေ့လည်၁နာရီမှစတင်၍ မြောက်ဥက္ကလာ၊ဗဟန်း၊တာမွေနဲ့၊ရွှေဂုံတိုင်ရုံးချုပ်သွားရာ လမ်းတစ်လျှောက် ဗမာ့ကျောင်းသားလူငယ်များမှဒီမိုကရေစီအင်းအားစုများနှင့် ပူးပေါင်းကာ ယနေ့ ၂၅.၁၁.၂၀၁၁ ရက်နေ့ကျရောက်သော ကမ္ဘာ့အမျိုးသမီးများအကြမ်းဖတ်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ ၍ စတေကာများ  ဘက်စ်ကားများပေါ်နှင့် လမ်းတစ်လျှောက် ဓာတ်တိုင်များ လူမြင်ကွင်းများတွင်လိုက်လံ ဖြော်ပခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။
        .............................................................................................................
ပြီး ခဲ့တဲ့နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဘာလီမှာရောက်နေတဲ့သမ္မတ ဦးသိန်းစိန်မှ မြန်မာသတင်းထောက်တွေကို သီးသန့်သတင်းစာရှင်းပွဲတခုလုပ်ပေးခဲးပါတယ်။
ယုံကြည်ချက် ကြောင့်အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးမလားလို့မေးတာကို ဖြေပုံက ရှင်းပါတယ်။ သူ့စကားလုံးအတိအကျဆိုရင် ယုံကြည်ချက်ကြောင့်ဆိုတဲ့ဟာကတော့ပြောရမှာခက်တယ်။ ကျနော်တို့က ယုံကြည်ချက် ဆိုတာကတော့လက်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က ဒါ အရေးယူထားတာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှု ကျူးလွန်ထားတဲ့သူတွေလည်း အကျဉ်းထောင်ထဲမှာ အများကြီးရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျားတို့ပြောမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာနာရာ ကျမယ် ဆိုပြီးဖြေသွားပါတယ်။
ဟုတ်ကဲ့...သမ္မတကြီးအဖြေကို ဖြည့်စွတ်မေးခွင့်ရချင်ပါတယ်။ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား....၂၆.၁၀.၂၀၁၁ရက်နေ့မှစတင်ပြီး သာမာန်အကျဉ်းသားတွေသာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး အော်...သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲဟု သာမာန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေးလိုက်လျောရမည့်အစား....မည်သည့်အကြောင်းကြောင့်ရေဖြတ်ခဲ့ပါသနည်း....မည်သည့်အတွက်ကြောင့်တိုက်ပိတ်ခဲ့ပါသနည်း...မည်သည့်အရေးကြောင့်ထောင်ဝင်စာပိတ်ခဲ့ပါသနည်း...ယနေ့ ကျရောက်သော ကမ္ဘာအမျိုးသမီးများအကြမ်းဖတ်မှု ပပျောက်ရေးနေ့ တွင် သမ္မတကြီးအား သိစေလိုသည်မှာ...မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့် တစ်ကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏အကြမ်းဖတ်ခံ နေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှပီပီပြင်ပြင် လက်ခံပြောကြားပေးစေလိုပါသည်။
ဝလုံး -ကျောင်းသားလူငယ်