Showing posts with label ဓါတ်ပုံ သတင်း. Show all posts
Showing posts with label ဓါတ်ပုံ သတင်း. Show all posts
Thursday, March 19, 2015
Monday, February 25, 2013
The White People Organzation မှ ဦးစီးသော ကွန်ပျူတာသင်တန်း "'ဓါတ်ပုံများ
အဖြူရောင်လူအဖွဲ့အစည်းဆိုတဲ့
ခေါင်းစဉ်ကလေးနဲ့
လှုမှုအကျိုးပြုလုပ်ငန်းလေးလုပ်မယ်ဆိုပြီးတော့
စိတ်ကူကိုယ်တူရှိတဲ့ဦးဇင်းတစ်ပါးနဲ့
ကျွန်တော် လုပ်ဆောင်ခဲ့ပါတယ်။
အဲလုပ်ငန်းလေးက
အခမဲ့ကွန်ပျူတာသင်တန်းလေးတစ်ခုဖွင့်မယ်ဆိုပြီးတော့
လုပ်ခဲ့ပါတယ်။ အခုတော့
အဆောက်အဦးကလေးက အကောင်အထည်ဖော်နေပါပြီး။
စက်ကလေးသုံးလုံးစတင်ဝယ်ယူပြီးပါပြီး။
ငါးလုံးလောက်အထိကို
ရည်ရွယ်ပြီးသင်ကြားပေးဖို့
လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
အခုမှ လုပ်ငန်းကလေးကစတယ်ဆိုတော့
ဘယ်ကနေ ဘယ်လိုစပြီးတော့လုပ်ဆောင်ရမယ်ဆိုတာ
အစတုန်းကတော့ တိတိကျကျမသိခဲ့ပေမယ်..
အခုတော့
ကူညီကြမယ်သူတွေရှိခဲ့ကြပါတယ်။
သင်ကြားပေးမယ်ဆရာအရေအတွက်က
လေးယောက်ရှိပါပြီ။
သူတို့ရဲ့ပညာဒါနလေးနဲ့သင်ကြားပေးမှာပါ။
သင်တန်းကြေးကို အခမဲ့ငွေကြေးမယူဘဲ
လူငယ်လူရွယ်တွေအတွက်
နည်းပညာဖြင့်
အသက်မွေးဝမ်းကြောင်းပြုနိုင်အောင်ဆိုတဲ့ရည်၇ွယ်ချက်ကလေးနဲ့
လုပ်ဆောင်ပေးနေတာပါ။
အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်အောင်
လုပ်ဆောင်ပေးနေပါတယ်။
သူငယ်ချင်းတို့တွေလည်း
ကူညီဆောင်ရွက်ပေးကြပါဦး။
အမှတ်(၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက် တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
အမှတ်(၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက် တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
Monday, December 17, 2012
မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ရဟန်းသံဃာဘုန်းတော်ကြီးများရဲ့အခန်းကဏ္ဍ
မြန်မာ့သမိုင်းကြောင်းတစ်လျှောက်
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ
ရဟန်းသံဃာဘုန်းတော်ကြီးများရဲ့
အခန်းကဏ္ဍဟာ အတော်ပင်အရာရောက် ထဲထဲဝင်ဝင် ရှိခဲ့ပါတယ်။
အခန်းကဏ္ဍဟာ အတော်ပင်အရာရောက် ထဲထဲဝင်ဝင် ရှိခဲ့ပါတယ်။
ဟိုအရင် ဘုရင်ပဒေသရာဇ်ခေတ်ကနေ ယနေ့ ခေတ်အထိပါပဲ။
သာသနာရေးဖက်မှာ ကျင်လည်ကြသူတွေဖြစ်ပေမယ့် တိုင်းပြည်နဲ့ လူမျိုး၊အချုပ်အခြာအာဏာနဲ့ဘာသာ သာသနာကို ထိခိုက်လာတဲ့အရေးတွေမှာ ဆရာတော်အရှင်သူမြတ်တို့ဟာ သာမန်လူများနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ နယ်ချဲ့ ကိုလိုနီခေတ် ၊ ဖက်ဆစ်ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးပြီး
တဲ့နောက် အခုထိ တွေ့ရပါတယ်။
သာသနာတော်အဓွန့် ရှည်တည်တံ့ဖို့အတွက် ဆရာဒကာညီညွတ်မှ ဖြစ်ပါမယ်။
ဆရာဖြစ်တဲ့ ရဟန်းသံဃာများ မကြောင့်မကျ သာသနာ့ဝန်ထမ်းဆောင်နိုင်ဖို့အတွက် ဒကာဖြစ်တဲ့သာမန်လူများက ပစ္စည်းလေးပါးပြည့်စုံအောင် ထောက်ပံ့လှူဒါန်ပေးကြရပါမယ်။
ဒကာတွေဆင်းရဲကျပ်တည်းပါလျှင် ဆရာတော်ရဟန်းသံဃာတို့လည်း ကျပ်တည်းဆင်းရဲ သာသနာ့ဝန် ထမ်းဆောင်ရန်ခက်ခဲပါတယ်။
အပြန်အလှန်အမှီသဟဲပြုနေတဲ့ လူမှုဆက်ဆံရေးတစ်ခုပါ။
ဒါကြောင့်
မြန်မာ့လူမှုနယ်ပယ်မှာ ထိပ်ဆုံးက နေရာပေးခံထားရတဲ့ ဆရာတော် ရဟန်းသံဃာများရဲ့
အခန်းကဏ္ဍကို ဖျက်ဆီးမှေးမှိန်အောင်လုပ်လျှင် မိမိယုံကြည်ကိုးကွယ် ကျင့်ကြံ့ အားထုတ်တဲ့
ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို ဖျက်ဆီးနေတာနဲ့ အတူတူဖြစ်နေတယ်ဆိုတာ သတိရှိဖို့လိုပါတယ်။
—
Wednesday, December 12, 2012
Friday, December 23, 2011
ယနေ့ မနက်ပိုင်းက နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သတင်း၊ ဓာတ်ပုံ)
Royal Nay Pyi Taw Hotel သို့ရောက်ရှိစဉ် ဓာတ်ပုံ(AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ အဖွဲ့ဝင် ၇ဦးပါအဖွဲ့ဟာ ယနေ့မနက်ပိုင်းက နေပြည်တော်သို့ ပါတီမှတ်ပုံတင်ရန် အစိုးရရုံးဆိုက်ရာ နေပြည်တော်သို့ ရောက်ရှိလာပါတယ်...။ မနက်(၁၀)နာရီမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့ညနေ(၆)နာရီမှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်..။
ဟိုတယ် ဝန်ထမ်းများ ကြိုဆိုနေစဉ်
နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာစဉ်.. (AP)
အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘဘဦးတင်ဦး၊ အမေစု၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း.. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့စုံစဉ်။ (ဓာတ်ပုံ Messenger News Journal)
အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘဘဦးတင်ဦး၊ အမေစု၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း.. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့စုံစဉ်။ (ဓာတ်ပုံ Messenger News Journal)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ဆုံစဉ်။ Messenger News Journal (Facebookမှ)
Sunday, November 20, 2011
မြဘုရားဘေး စိမ်းစိမ်းဝေးသွားသည့်တိုင် စိန်ခေါ်ပျက်ရယ် မပြုကြသင့်ပါ .... (အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာသော ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ)
နိုဝင်ဘာလ ၂၀ ရက်နေ့ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကို နိုင်ငံရေးအကျဥ်းသားဟောင်းများ စုပေါင်းပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ် နတ်စင်လမ်းထောင့် က ရွှေည၀ါ စာသင်တိုက်မှာ ပြုလုပ်နေကြတာပါ။ပွဲမတိုင်ခင် နိုဝင်ဘာ ၁၉ရက်နေ့ ပြင်ဆင်မှုတွေလုပ်နေကတည်းက နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ထိုးတောင်းဆိုပွဲကို လဲ ပြုလုပ်ခဲ့ပါတယ်။တက်ရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းများက ၀ိုင်းဝန်းစုပေါင်းလက်မှတ်ထိုြး ကသလို ရွှေည၀ါ စာသင်တိုက်မှ သံဃာတော်များကလည်း ၀င်ရောက် လက်မှတ်တွေ ထိုးကြတာကို တွေ့ ရပါတယ်။ ဒီနေ့ ပွဲမှာလည်း လက်မှတ်တွေ ၀ိုင်းထိုးကြပြီး နိုင်ငံတော် သမ္မတဆီ ကိုလက်မှတ်တွေ တင်ပြပေးပို.မှာဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ နဲ့  နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ေ ရး၊ ပြည်တွင်းစစ်ရပ်စဲရေး၊လက်မှတ်ထိုးတောင်းဆိုပွဲကို ၀မ်းတွင်းမြို. မြဘုန်းရှင်ဘုရား၊ မလိုင်မြို. ရတနာဦးစေတီတော်၊မြင်းခြံမြို့  ဆုတောင်းပြည့်ဘုရား၊ လယ်ဝေးမြို့ သမိုင်းဝင်ဆုတောင်းပြည့်ချက်မဘုရားဝန်း။ စစ်ကိုင်းတိုင်းကလေးမြို. ရွှေဘုံသာဘုရားကြီး၊ ဇီးကုန်းမြို. မြသိန်းတန်ဘုရား၊ကချင်ပြည်နယ် မီုးကောင်းမြို. ရွှေသာလျှောင်းဘုရား၊ ညောင်ဦးမြို. ဇေယျာဝတီဘုန်းတော်ကြီးကျောင်းစာ သင်တိုက်၊မတွေးမြို.မကွေးမြသလွန်ဘုရားဝန်း၊မိတ္ထီလာမြို့ ၊ ကျောက်ပန်းတောင်းမြို.၊သာစည်မြို. ၊ပျော်ဘွယ်မြို့ ဘုရားငါးဆူဘုရား စတဲ့ မြန်မာနိုင်ငံအရပ်ရပ် ဒေသအသီးသီးတို့ မှာလည်း ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပွဲများ ပြုလုပ်ကြမှာဖြစ်ပါတယ်။
Tuesday, November 15, 2011
ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းသို့ ရွှေ့ကြပြီ
မန္တလေး မဟာမုနိဘုရားကြီး မဟာဗုဒ္ဓ၀င်ဗိမာန်တော်၌ နိုဝင်ဘာလ ၁၅ ရက်နေ့
နံနက်ပိုင်းမှစတင်ပြီး ဆန္ဒပြတောင်းဆိုနေကြသော သံဃာတော် ငါးပါးသည် ယခုအခါ
မစိုးရိမ်တိုက်ဟောင်းသို့ ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သိရသည်။
မစိုးရိမ်တိုက်ဟောင်း ဆရာတော်က ....
မစိုးရိမ်တိုက်ဟောင်း ဆရာတော်က ....
Saturday, August 27, 2011
၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ဗိုလ်သန်းရွှေ၏ သားမက် ကောင်စစ်ဝန် ဇော်ဖြိုးဝင်းရဲ့ သံရုံးဧည့်ခန်းဆောင်မှာ တွေ့ရတဲ့ အာဏာရှင်ကြီး ဓာတ်ပုံ..
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ယူနန်ပြည်နယ် တက္ကသိုလ်မှ ဒုကျောင်းအုပ်နဲ့ အဖွဲ့မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေသားမက် ခင်သန္တာရွှေရဲ့ခင်ပွန်း ဦးဇော်ဖြိုးဝင်းအား လာရောက် တွေ့ဆုံခဲ့ပါတယ်...။
ကဲဆက်ကြည့်ရအောင်..
ဆွေးနွေးတာတွေကတော့ ယူနန်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ လာရောက်ပညာသင်ယူဖို့ကိစ္စနဲ့ အပြန်အလှန် တက္ကသိုလ်ပညာရေးစံနစ်တွေ လေ့လာဘို့ဆွေးနွေးခဲ့ကြပါတယ်..။ ကောင်စစ်ဝန်မှလည်း မြန်မာကျောင်းသားတွေ တက်ရောက် ပညာသင်ကြားဖို့ စိတ်ဝင်စားကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်..။ ဒါကတပိုင်းပေါ့..။
မြန်မာနိုင်ငံ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲတွေ အပြီးမှာတော့ အရပ်သားအစိုးရ ဖြစ်နေပါပြီလို့ ကမ္ဘာကို ကြေငြာခဲ့ပါတယ်..။ ကြေငြာတာလား ကြေညာတာလားဆိုတာ စဉ်းစားကြည့်ရအောင်..။ ခုတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ နိုင်ငံတကာ ဧည့်ခန်းမဆောင်မှာ ယခုထိ ချိတ်ဆွဲထားတဲ့ ပြီးခဲ့တဲ့လ ၂၅ရက်နေ့က ပူပူနွေးနွေး ဓာတ်ပုံလေး ကြည့်ကြရအောင်..။ ယခင်အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံကို ယခုထက်ထိ ချိတ်ဆွဲထားတာကို မြင်တွေ့ရမှာပါ..။ အရပ်သားအစိုးရ ဆြိုပီး ပြောင်းတာ (၅)လပြည့်ပါတော့မယ်..။ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဟာ သမ္မတဖြစ်တယ်လို့ ဆိုပါတယ်...။ ကဲဟုတ်ပြီ ဒါဆို သံရုံးဆိုတာ နိုင်ငံတကာရဲ့ ပြယုဂ်လို့ မြင်ပါတယ်...။ ဒီတော့ ဧည့်ခန်းဆောင်မှာ သမ္မတကြီးဦးသိန်းစိန်ပုံ မဖြစ်သင့်ဘူးလား...။
မေးခွန်းထုတ်ရပါတော့မယ်...။ လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူပါလဲ..။ ယခင်တပ်ချုပ်ကြီးသန်းရွှေလား၊ သမ္မတကြီးဦးသိန်းစိန်လား...။ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဟာ သမ္မတကြီးဦးသိန်းစိန်ဆိုရင် သမ္မတကြီးပုံထားပေါ့ ခုတော့ မြင်ရတဲ့အတိုင်း.. ဘာသဘောလဲဗျာ...။ ဒါဆိုရင် လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေက အမတ်မင်းတွေလည်း နေ့စဉ်နေ့တိုင်း အဏာရှင်ကြီးဦးသန်းရွှေကို ဦးထိပ်ထားနေရသလို ဖြစ်မနေဘူးလားဗျာ....။ တရုတ်သံရုံးဆိုတာ မြန်မာပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ နေရာပါ...။
သမ္မတကြီးဦးသိန်းစိန် အနေနဲ့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က ရုံးခန်းမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အပြေးအလွှား အချိန်နီးမှ ကပ်ပြပြီး အော်ချက် လုပ်မနေပါနဲ့ဗျာ...။ ဗိုလ်သန်းရွှေပုံပဲ ကပ်ထားလိုက်ပေါ့...။ အတုအယောင် ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်တွေ အနေနဲ့လည်း မိမိတို့ ဘယ်သူအကျိုးကို ထမ်းရွက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်ကြပါဦး။ စိတ်တော့မဆိုးပါနဲ့ ရိုင်းတယ်ဆို ခွင့်လွှတ်ပါ.. ဂျိုစောင်းလေးတော့ နည်းနည်းလေး ပွတ်ကြည့်လိုက်ကြပါဦး။ ကဲယခုလက်ရှိတိုင်းပြည်မှာ ဘယ်သူအာဏာအရှိဆုံး ဆိုတာ သဘောပေါက်လောက်ပါပြီ။ တိုင်းပြည်မှာ ယနေ့လက်ရှိ အရေးကြီးနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဧရာဝတီမြစ်ဆုံဆည်အရေး စတဲ့ပြဿနာပေါင်းစုံဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိလည်း စဉ်းစားတွေးခေါ်ကြည့်ကြပါ..။
ဒီဓာတ်ပုံတွေကို ဘာညာဆိုပြီး ငိုကျော်ဆန်းတို့ မုန်လာဥတော့ လာမလုပ်ပါနဲ့ဗျာ...။ အထောက်အထား အခိုင်အလုံရှိပါတယ်..။ ကဲကျွန်တော်တို့ အားလုံးလည်း မျက်စိလေးတွေ များများဖွင့်၊ နားလေးတွေ နည်းနည်းစိုက်ပြီး ပြည်တွင်းက အခြေအနေတွေ မျက်လုံးလေးဖွင့် နားလေးစွင့်ပြီး ဆက်လက် နားထောင် ကြည့်ကြတာပေါ.။ လောလောဆယ်တော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးအား အာဏာပိုင်များမှ ရိုးသားစွာပဲ အဖြေထုတ်စေချင်ကြောင်း၊ ရိုးသားမှုကိုပဲ အခြေခံသင့်ပါကြောင်း၊ တာဝန်သိ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ရိုးသားစွာ တောင်းဆိုအပ်ပါတယ်...။
Monday, August 8, 2011
သာဓု ပရိယတ္ထိ စာသင်တိုက်မှာ ဒီနေ့ကျင်းပတဲ့ ၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ မြင်ကွင်း။ (ဓာတ်ပုံ - ဧရာဝတီ)
Tuesday, July 19, 2011
Subscribe to:
Posts (Atom)