Showing posts with label စာဖတ်ခန်း. Show all posts
Showing posts with label စာဖတ်ခန်း. Show all posts

Sunday, July 7, 2013

အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလိုပါပဲ။


အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။

သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။
အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလိုပါပဲ။ အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။ သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။

Tuesday, September 14, 2010

ရွေရတု အတွဲ ၁၀ အမှတ် ၂ စာဆောင်

shwe rathu 10 of2                                                            

Monday, July 5, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ သံဃာတော်များထံ လျှောက်ထားချက်.....


သံဃာတော် အရှင်မြတ် များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူး သဖြင့် တိုးတက်ခဲ့လေသည်။
ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။
တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။
မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။
အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာ ဒေန သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုး တစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘာသာရေးအမြင်အောက်မှာ ဆက်လက်ဖတ်ရှူပါ။
“ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော် အရှင်သူမြတ်များသည် ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များတွင် သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခု ခေတ်၌ပင် တောရွာများတွင် သံဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အချုပ်မှာ သံဃာတော် အရှင်မြတ် များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူး သဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသော အားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြား ဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍လာခဲ့သော ချေးညော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။
သို့ဖြစ်သောကြောင့် ယခု သံဃာတော် အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များ ဘုရား …။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော် မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။
အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ်ဆည်းကပ် သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားတို့ကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။
မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရား ကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြ၀ါဒ ပေးတော်မူခဲ့သည့် အတိုင်း “အပ္ပမာ ဒေန သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုး တစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစား နိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန်ဝတ္တရားများ ရှိပါသည်။ ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်တော်မူ ကြပါ ဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်း ကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များ သာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။”
သာသနာတော်ရောင် ထွန်းပြောင်ရေး
(၁၉၄၆၊ ဇန်န၀ါရီလ၂၀ ရက်နေ့တွင် အလယ်ပစ္စယံညီလာခံကြီး၌ မြွက်ကြားခဲ့သော မိန့်ခွန်းမှကောက်နုတ်ချက်)
[Gen_Aung_San6.jpg]
မိဘကျေးဇူး သိတတ်တဲ့ တို့ဗိုလ်ချုပ်
ကျွန်ုပ်တို့သည် မင်္ဂလာတရားတော် အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယ ပြုကြခြင်းသာ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည် ပုဂ္ဂိုလ်၏ အနိုင်မခံ အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊ အရှင်ဦးဝိစာရ သည် အသက် စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်ကြောင်း။ အင်္ဂလိပ်လူမျိုး တို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်ကြ၍ အင်္ဂလိပ်များ အား မည်သို့မျှ ဆန့်ကျင်ဘက် မပြုဝံ့သော အချိန်အခါတွင် အရှင်ဦးဝိစာရ ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူ ချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့ ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက် အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း

ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး မွေးမြူ ကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊ စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။ သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီး အတွက် အရိုးကြေ ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံ ကြိုးစားကြရမည်ဟု စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင် ဦးဝိစာရကဲ့သို့ အာဇာနည် အမြုတေ စိတ်ဓါတ်ကို ယနေ့မှစ၍ မွေးမြူကြစေလိုကြောင်း….
၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ အထိမ်းအမှတ် ကျောက်တိုင် နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြု ပြီးပြောခဲ့သော မိန့်ခွန်း…
စုဆောင်းတင်ပြသူ ဘလော့ဂါ အလင်းဆက်
(၃. ဇူလိုင်လ.၂၀၁၀)
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။

Friday, December 25, 2009

အွန်းလိုင်းပေါ် မှ ဘာသာရေးအမြင်များ မန်မာနိုင်ငံရဲ့ ဘာသာတရားဟာ အလွန်မတန်းမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါပြီးလား?


ဒီကနေ ဦးဇင်းတို့မြန်မာနိုင်ငံရဲ့ ဘာသာတရားဟာ အလွန်မတန်းမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါပြီး ဟို လွန်ခဲ့သောဆယ်စုနှစ်အထဲတွင်အရှေ့မှဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံသည်အစ္စလာမ်ဘာသာဝင်နိုင်ငံအဖြစ် ခံယူသွားခဲ့သည်။
ထိုကိစ္စအတွက် ၀မ်းနည်းရမည်လား။ ၀မ်းသာရမည်လား ဝေခွဲရခက်နေစဉ်တွင်ပင် ယခု ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်၌ ထေရ၀ါဒနိုင်ငံပေါင်း များစွာပေါ်ထွန်းလာခဲ့ပါသည်။ သို့သော် ထိုသို့ ရေတွက်၍ ရလာသော ထေရ၀ါဒ နိုင်ငံသည် အနောက်မှဖြစ်သည်။ မည်မျှအထိ အနောက်ရောက်သွားသနည်း၊ သို့သော် အမေရိကန်သည် ထေရ၀ါဒ နိုင်ငံထဲမှ နိုင်ငံတစ်နိုင်ငံ အဖြစ်ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ဆိုရသော် အရှေ့မှ ထေရ၀ါဒနိုင်ငံ တစ်နိုင်ငံ ပျောက်ဆုံးသွားခြင်းနှင့် အနောက်မှ ထေရ၀ါဒနိုင်ငံများ တိုးပွားလာခြင်းတို့သည် မည်သို့ ဆက်စပ်နေသနည်း။ ထေရ၀ါဒနိုင်ငံသည် အနောက်သို့ အားနဲ့ မာန်နဲ့ တက်သွားပြီ။ အရှေ့မှ ထေရ၀ါဒနိုင်ငံများကျရှုံးတော့မည်လားဆိုသည်။

မြန်မာနိုင်ငံတွင် အစပထမ၌ ရွှေကျင် သုဓမ္မာစသဖြင့် စတင်ဂိုဏ်းကွဲသည်။ ထိုဂိုဏ်းကွဲမှုသည် ရဟန်းသံဃာကြားများ၌ အတန်ကြာ အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ထိုကွဲပြားမှုသည် ထိုအချိန်မှ စတင်ပြီးနောက် ပြန်လည်ပေါင်းစပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သည့် အနအထားသို့ တဖြည်းဖြည်းရောက်လာရင်း ယခုဆိုလျှင် သီးသန့်နေထိုင်မှုအထိ ကွဲပြားနေသည်။ ထိုသို့ သံဃာကြား ကွဲပြားလာပြီးနောက် မြန်မာ့သာသနာသည် မိုးကုတ် မဟာစည်စသဖြင့် လူထုကြား စတင်ကွဲပြားလာသည်။ သူ့နည်းက မှန်တယ် ငါ့နည်းက မှန်တယ်ဆိုပြီး ကွဲပြားလာသည်။ ပုတ်ခတ်လာသည်။ ဝေဖန်လာကြသည်။ ဆရာတော် တစ်ပါး၏ စကားကို ငှါးပြောရလျှင် ရင်ထဲစိုက်နေသော အ၀ိဇ္ဇာလှံတံကို နှုတ်ဖို့ တရားစခန်းကို သွားရာ အပြန်တွင် ငါ့ဆရာတော်နည်းမှ မှန်တယ်ဆိုသော ဒိဋ္ဌိလှံတစ်ချောင်း အပိုအစိုက်ခံလိုက်ရသည့် အဖြစ်မျိုး မြန်မာ့သာသနာ့နယ်ပင် တွင်ဖြစ်ပေါ်နေသည်။
ထိုသို့ ကွဲပြားလာရင်း ဦးဇင်းတို့ မြန်မာနိုင်ငံသည် ဂိုဏ်းစိုက်ထူခြင်းကို ၀ါသနာပါသည်ဟု ဆိုရမည်လားမသိရလောက်အောင် ဂိုဏ်းရောဂါရလာသည်။ ထိုဂိုဏ်းစွဲရောဂါတို့သည် နောက်လိုက်ဘ၀မှ နေ၍ ရှေ့ဆောင်ဘ၀သို့ လိုချင်လာကြသည့် အနေအထားသို့ ရောက်လာကြသည်။ ထိုသို့ ဦးဇင်း မြန်မာနိုင်ငံမှာ ဂိုဏ်းကို မည်သို့ထောင်မည်နည်း။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာများသည် ထေရ၀ါဒဟု ပါးစပ်မှ သွေးစိမ်းရှင်ရှင် ထွက်အောင် အော်နေလင့်ကစား တကယ်တမ်း ဗုဒ္ဓ၏ တရားတော်ကို ထိထိမိမိ ထဲထဲဝင်ဝင် သိသူက ရှားသည်။
သို့သော် ဦးဇင်းတို့ မြန်မာတို့အားလုံးသည် မိမိကိုယ်ကို မိမိ ဗုဒ္ဓဘာသာဟု လုံးဝယုံကြည်ထားကြသည်။ ဤနေရာမှ အလွှဲများ စတင်လာသည်။ ဂိုဏ်းဂဏထောင်ချင်နေသော ပုဂ္ဂိုလ်များက “ချမ်းသာသော၊ အသိဉာဏ်ပညာမြင့်မားသော၊ ရာထူးအာဏာရှိသော” ပုဂ္ဂိုလ်များကို ကပ်ကြသည်။ ထိုသို့ မိမိ ၀ါဒကို ဘုရားရှင်၏ စကားလုံးများဖြင့် ရိုက်သွင်းသည်။ ယုံကြည်လာသော လူကုံထံများမှ အထောက်အပံ့ကို ရယူ၍ ဘုရားရှင်၏ စကားလုံးများကို ပုံစံပြောင်းကာ ၀ါဒဖြန့်သည်။ ထို့နောက် ထမီကို သာသနာ့အလံလုပ်ကာ ဂိုဏ်းထောင်လာကြပြီး ကျူရှင်ပြီး ကျူရှင်တက်ကာ ကိုယ့်ကိုယ်ကို ငါ ဗုဒ္ဓဘာသာဟုသိသော နိုင်ငံတကာရောက် ဗုဒ္ဓဘာသာဝင်တို့ကို စတင်ဆွဲဆောင်သည်။ မြူဆွယ်သည်။ အစွန်းရောက်စေသည်။ နည်းပညာကို အသုံးပြု၍ ၀ါဒဖြန့်နေကြသည်ကို နိုင်ငံတကာရောက် ရွှေမြန်မာများ သတိထားသင်ပါသည်။

ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့ လက်ရှိ စာတတ်ပေတတ် ဘုန်းတော်ကြီးများက မိမိ၏ စာတတ်ပေတတ် တပည့်သံဃာတော်များကို နည်းပညာနဲ့ နီးစပ်လျှင် အာရုံပျက်ပြားလွယ်သဖြင့် စာကိုသာ တစိုက်မတ်မတ် ကျက်ခိုင်း ရွတ်အံခိုင်းနေမှန်း သိသဖြင့် ၀ါဒဖြန့်သူများ၏ အကြိုက်ဖြစ်နေသည်။
ထို့အတူ ဦးဇင်းတွေရှိရသော အွန်လိုင်းပေါ်မှ ဗုဒ္ဓဘာသာဆိုသူများသည် တကယ်တမ်း ဒီတရားဟာ ဗုဒ္ဓတရားတော် အမှန်လား။ အမှန်မဟုတ်ဘူးလားဆိုသည်ကို သိသည့်သူများက အလွန့်အလွန်နည်းပါးလာသည်။ တစွန်းတစ ဆွဲထုတ်ထားသော ဘုရားရှင်၏ တရားတော်ကို အဆုံးအထိ ယူမထားသော တရားများကို ကျမ်းကိုး ကျမ်းကားများဖြင့် ရေးသားထားသည်ကို အမှန်ဟု ယုံကြည်လာကြသည်။ အပြင်စာပေလောကတွင် စာပေစိစစ်ရေး ထား၍ ရသော်လည်း အွန်းလိုင်ပေါ် မှ အမှားတစ်ခုတွင် အကန့်အသတ်မဲ့ လုပ်နိုင်ခြင်းက ကန့်သတ်ဖို့ ခက်ခဲလာသည်။
သို့ဖြင့် ထေရ၀ါဒနိုင်ငံသည် မြန်မာနိုင်ငံ၏ အနောက်သို့ အရှိန်အဟုန်နှင့် တက်သွားတော့မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံတွင် ပေါ်လာသော ဂိုဏ်းအသီးသီးများက ထေရ၀ါဒနိုင်ငံဆိုသည့် အခေါ်အဝေါ်ကို မြန်မာနိုင်ငံမှ ကျရှုံးစေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံသည် ကြောင်ကျား ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပေတော့မည်။ကို အထူးပင် စိုးရိမ့်ဖွယ်ဖြစ်ပါသောကြောင်း ရေးသားရခြင်းဖြစ်ပါသည် ။
စာရေးသူ နေမင်းသိန်းရာဇာ ၂၀၀၇

Thursday, December 24, 2009

Saturday, December 12, 2009

18 နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုးဒဏ်အခံရဆုံးနိုင်ငံများတွင်း မြန်မာနိုင်ငံပါဝင်

18 နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုးဒဏ်အခံရဆုံးနိုင်ငံများတွင်း မြန်မာနိုင်ငံပါဝင် Voice (6 6) e Book
အောက်မှာပေါ်ချင်တာဒီမှာရေး

Friday, December 11, 2009

Min Ko Naing Book_ နောက် ကြည့် မှန် မင်းကိုနိုင်။

အမှန်တရား အတွက် တိုက်ပွဲဝင် ပေးဆပ်သော သူ အားလုံးကို လေးစားလျှက်ပါ.....အာဇာနည် တို့ရဲ့ စိတ်ဓါတ်တို့ စီးဝင် နှိုးထ ကြပါစေ.....'" ကြယ်တွေ မှာလည်း ကြယ်လူကြီး ကြယ်ကလေး တွေ ရှိတယ်။ ဓူဝံကြယ် က..အဖိုးကြီး မို့
တနေရာထဲ ငုတ်တုတ် ထိုင် စဉ်းစား နေတာ ပေါ့။ ခုနှစ်စင်ကြယ်က ကလေး တွေ မို့
ကုန်းပိုးစီးတမ်း ကစား နေကြတာ၊ အခြေ မခိုင်ပဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဘူးပါတယ်။
ဒါပေမဲ့ အဲဒီထဲ မှာ လူတွေ အတွက် အသုံးတည့်လို့ နာမည် မှည့် ခံ ထားရ တဲ့ ကြယ်တွေ
တပွင့်မှ ပါမသွားဘူး။ တကယ်တော့ ကြယ်တွေ ရဲ့ ဘ၀ မှာ အဖော်နီးတာ အဖော်ဝေးတာ
အရေးမကြီးပါဘူး။ လောက အတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်…”

“ ကျောခိုင်းရာ မှာ.. ဘာဖြစ်ကျန် ခဲ့မှန်း မသိသူ တွေ အတွက် နောက်ကြည့်မှန် တချပ် လှူချင် တာ…” လို့ ဆောင့်ကြီး အောင့်ကြီး ပြောလိုက်တဲ့.. မခင်အေး ရဲ့ အပြစ်တင် စကား အတွက်.. ဒါကတော့ .. လို့ စာနာနေမူ။ အဲဒါ တွေ ကြားထဲက.. သံယောဇဉ် ကြိုးတွေကို ဘယ်လို ဘယ်ပုံ ထုံးနှောင် ဖြေလျော့ ခဲ့ သလဲ ဆိုတဲ့.. အချစ် နဲ့ တော်လှန်ရေး အပေါ် ခံယူ ချက် တွေ ကိုတော့.. မင်းကိုနိုင် ရဲ့ ကိုယ်ပိုင် အသံ လို့ပဲ ယုံယုံကြည်ကြည် ကြားယောင်ရင်..ခပ်ဖွဖွ ရေရွတ် ကြည့်နေမိ တော့သည်။

—- သံယောဇဉ် ဆိုတာ ခဏလောက် ခွါချ ထား လို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင် ဆောင်နေကြရုံပဲ ညို။ တခါတလေ မှာ သံယောဇဉ် ဟာ သတ္တ၀ါတွေ အတွက် ခံစားချင်စရာ အကောင်းဆုံး ထွေးပွေ့မူ ဖြစ်ပေမဲ့ လိုအပ်တဲ့ အခါ မှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့် အတွက် ဖိနပ် တရံ လိုပဲ အနစ်နာ ခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါတွေ ကို အလေး အမြတ် သိမှတ် ပါတယ်။ ဒါပေမဲ့ ရေနစ်လို့ ကူးကြပြီ ဆိုရင်ဖိနပ်ကို စွန့်ရတာပဲ ညို….


ကျွန်တော် လေးစားတဲ့ နိုင်ငံရေးသမား တယောက်ဖြစ်သလို၊ ကဗျာဆရာ တယောက် အနေနဲ့လည်း နှစ်သက်တဲ့ (ကို)မင်းကိုနိုင် ရဲ့ ကဗျာတွေကို ရသမျှ ဝေမျှ လိုက်ပါတယ်။ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သူများ၊ မူလ ဖော်ပြတဲ့ အွန်လိုင်း မီဒီယာများကို ကျေးဇူး အထူးတင်ပါတယ်။ မှားနေတာများရှိရင် ပြင်ပေးကြပါ။ ဒီထဲမှာ မရှိသေးတာ ရှိရင်လဲ မျှဝေပေးစေချင်ပါတယ်။
အီမေလ်သို့ ပေးပို့လာခြင်းကို ဖော်ပြပေးပါသည် ။စာအုပ် ပိုင်းရှင်များကို တောင်းပန်ပါသည်။ Min Ko Naing Book_final သစ္စာ အမျိုးသားရေးအတွက် အသက်ပေးသွားသော ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ်၏သွေး မနီသေးလျှင် အသင်တို့ သွေးပက်ဖြန်းပေး၍ ရဲဆေးတင်ပေးကြပါလေ။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍ မချင့်မရဲ သတ္တိနည်းလျှင် သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍ ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု မထောက်မညှာပြုမိပါလျှင် အသင်တို့၏ မညွတ်ပျောင်းသော ခွပ်ဒေါင်းလက်ဖြင့် ဝိုင်းညှပ်အပြစ်ပေးကြပါလေ။ မပြီးပြတ်သေး တော်လှန်ရေးအတွက် ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ တာဝန်တရပ်ကျေပြွန်မှတ်၍ ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည် ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍ သင်တို့ ရှိရာ ကျွန်ုပ်လာမည် ရင်ဖွင့် ကြိုကြပါလေ။ မင်းကိုနိုင်

မက်စရာအိပ်မက်လည်းမရှိဘူး ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ် နောက်ကျနေပြီ အသိကညှင်း ဘိန်းစားဘိန်းပြတ်သလို ကဗျာငတ်ခဲ့ပါတယ် စာငတ်ခဲ့ပါတယ် အမြတ်တနိုးနဲ့ မစားရက် မသောက်ရက်ခဲ့သမျှ လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ ဒဏ်ချိုချို ဘဝတိုတို သားရည်ယို ငေးကောင်းတုန်း ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို ဖျောက်ပြမှာကို သိနေလည်း ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။ ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့ မျက်လှည့်ပွဲ ပြီးတော့မယ် ပြန်စရာကလည်း အိမ်မရှိဘူး မက်စရာအိပ်မက်လည်းမရှိဘူး အိတ်ထဲလက်နှိုက်တော့ မနေ့ည နောက်ဆုံးရထားလက်မှတ် အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။ မင်းကိုနိုင် (စစ်တွေထောင်တွင်းစပ် ကဗျာ)

ကြယ်ကြွေသတို့သား သူငယ်ချင်း မင်းဟာ ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။ သူငယ်ချင်း မင်းဟာ ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။ သူငယ်ချင်း မင်းဟာ ကိုယ့်အနာ ကိုယ့်လျှာနဲ့ ပြန်သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။ သူငယ်ချင်း မင်းဟာ ကိုယ့်အရေပြား ကိုယ်လွှာ ကိုယ့်အရိုးကို အပ်လိုသွေး ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့ ကျကျနန လှခဲ့ပြီးပြီပဲ။ သူငယ်ချင်း သွားနှင့် သူငယ်ချင်း ကြယ်အစင်းစင်း ကြွေတဲ့ ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို စွမ်းသမျှ ကုစားဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ မင်းရဲ့ ကဗျာတွေ မာတိကာစီဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကျောင်းနံရံတဝိုက် ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့ ငါတို့ .......... ။ မင်းကိုနိုင် (၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)


"... ... ... ... " တိုက်ပိတ်လို့  ဝစီပိတ်ခဲ့ရ အဲဒီနှုတ်ခမ်းနဲ့ ဖွဲ့ကြည့်တဲ့ဂီတ အံ မ ကျ ဘူး ... ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး အဖြူရောင်ကသိုဏ်းရှုခဲ့ရ အဲဒီ့ မျက်လုံးတွေနဲ့  ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ အံ မ ကျ ဘူး ... လောကဓံကထိုးလိုက်တဲ့ မေးရိုးအကျိုးကြီးနဲ့ လောကကို ပြန်ပြုံးပြနေရတာကိုက အံ မ ကျ ဘူး ... မင်းကိုနိုင် (Q မှတဆင့်)

ကံခေသူ မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (- ဆိုရင်) ကျနော် အချစ်ရေးမှာ ကံခေသူ ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (- ဆိုရင်) မိသားစုဘဝမှာ ကျနော် မလိမ္မာခဲ့ လူမိုက်ဟာ ကံကောင်းနေမှန်း မသိလို့ မခံစားပေမဲ့ လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။ လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။ လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။ မင်းကိုနိုင် စစ်တွေထောင်တွင်းစပ်ကဗျာ ပေးပို့သူ နိုင်နိုင် (ALD)

မရှိခဏ မြွေကြီးလို့သာ နဂါးဖြစ်လာတာ ထောင်ပြစရာ အမောက်ကမရှိဖူး လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ မာန်တက်စရာ ထီးရိုးမရှိဖူး ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ အစုန်သမားက လန့်အော် အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ တကယ်ပြစရာ အသက်လဲမရှိဖူး လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး မင်းကိုနိုင် စစ်တွေထောင်တွင်းစပ်ကဗျာ

ဘောလုံးသမား သူငယ်ချင်းများ ပိုးကုန် အချိန်ကုန် စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ ငါတို့လက်တွေ မိုးစက်တွေကို ဆုပ်ကိုင် ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။ ဂိုးအသွင်းမခံရဖို့ အနိုင်ဂိုးဖိသွင်းဖို့  ဘောလုံးကွင်းမရှိသေးတော့အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။ လေသွင်း လေထုတ် အလုပ်နှစ်ခုပညာ ပယောဂ မပါပဲ တတ်ခါစ... တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ တကယ်ပါ ဒါတွေဟာ ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။ "တစ်သက် ထာဝရ သတိရနေမယ်" အဲဒါတွေက ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို "ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။ တွေ့ဆုံခွဲခွာ မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ် ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ စားမြုံ့ ပြန်မယ်လုပ်ခါမှ မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ... အလီတွေရွတ် ချွတ်ကြည့်လည်းမရ ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ ဘယ်သူ့ ပယောဂ လည်းဟေ့... မဟုတ်ဘူး ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။ ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက် တစ်ယောက်မျက်နှာ တစ်ယောက်မမြင် ခုတော့ တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင် ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။ မင်းကိုနိုင်

မျှော်လင့်ခြင်း ဆန္ဒနဲ့ဘဝ တထပ်ထဲကျဖို့ဆိုတာက ကူပွန်လေးတစောင်ထဲကိုင်ပြီး ကံစမ်းမဲ ပထမဆုကို စောင့်မျှော်နေတာပါ။ ငါတို့တွေကိုက တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။ ဓာတ်စာအမျိုးမျိုးကို အိပ်ရာထဲက ပူစာနေတဲ့ လူမမာနဲ့တူနေပြီမှန်းလဲ သိပါရဲ့။ အမေခွံ့ကျွေးသမျှ (တကျိကျိအော်ပြီး) ပါးစပ်လိုက်ဟ ငှက်ပေါက်ကလေးဘဝက ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။ လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ နေ့ညတွေ မတူကြ ငါ့အိပ်မက်တွေ ပြောပြမဲ့ မနက်တွေမှာ နင်က အိပ်မောကျခါစ။ "နှင်း" သီချင်းထဲကလိုပေါ့ "ခုတော့ပင်လယ်ပဲရှိတယ်" ဆိုတဲ့ အပိုဒ် ငါကျော့ဆိုနေလိုက်မယ်။ တနေ့မှာတော့ ငါကောက်ထားသမျှ ခရုခွံတွေနဲ့ အရုပ်ကလေးတွေ လုပ်ပြဦးမယ်။ မျောက်ကလေးတွေ သန်းရှာနေတဲ့ အရုပ်လဲပါ။ မင်းကိုနိုင် (စစ်တွေထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ရေးဖွဲ့သည်။)

ရှစ်လေးလုံး တိုင်းတပါးကျွန် စစ်တပ်ကျွန် ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့ ကျောင်းနံရံတဝိုက် ဒေါင်းအလံပြန်စိုက်မယ်။ မင်းကိုနိုင

အောက်မှာပေါ်ချင်တာဒီမှာရေး

Thursday, December 10, 2009

9 Dec 2009 Diary

ဒိတ်မတ်နိုင်ငံ ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံ တက်ရောက်မည် ၀န်းကြီးချုပ် သိန်းစိန်အား လိုက်ပါပို့ဆောင်သူများနှင့်အတူ တွေ့ရစဉ်


အောက်မှာပေါ်ချင်တာဒီမှာရေး

Monday, December 7, 2009

7-July ကျောင်းသား အရေးတော်ပုံ

အောက်မှာပေါ်ချင်တာဒီမှာရေး

အမြင့်ပျံခွပ်ဒေါင်း ( သို့ မဟုတ် ) ဆလိုင်းတင်မောင်ဦး

အောက်မှာပေါ်ချင်တာဒီမှာရေး

၁၉၇၄ ခုနှစ် ဦးသန့် ဈာပန အရေးတော်ပုံ သမိုင်းမှတ်တမ်း

အောက်မှာပေါ်ချင်တာဒီမှာရေး

သားသတ်သမား စိန်လွင်

အောက်မှာပေါ်ချင်တာဒီမှာရေး

ကလေးများ ၏ ဒေါသမာန်

အောက်မှာပေါ်ချင်တာဒီမှာရေး

တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း - မတ်လ (၁၆)ရက်

အောက်မှာပေါ်ချင်တာဒီမှာရေး

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (သို့)ဖုန်းမော် ကျဆုံးသည့်နေ့

အောက်မှာပေါ်ချင်တာဒီမှာရေး

ဖုန်းမော် အရေးအခင်း (သို့) သွေးစွန်းသော တနင်္ဂနွေနေ့

အောက်မှာပေါ်ချင်တာဒီမှာရေး

ဒီပဲယင်း အရေးအခင်း

အောက်မှာပေါ်ချင်တာဒီမှာရေး