Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts
Saturday, February 19, 2011
ချိတ်ထမိန်ဝတ် ဗိုလ်ချုပ်ကြီးများသို့
ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့နေ.. DMWY
လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က ထင်ပါတယ်...။ တစ်နေ့ ဂျပန်တီဗီ ချယ်နယ် တစ်ခုကြည့်နေရင်းက မထင်မှတ်ပဲနဲ့ ဂျပန်လို OKAMA NO TENKOKU မြန်မာလို မိန်းမလျာတို့ရဲ့ နတ်ပြည် ဆိုတဲ့ အမေးအဖြေ အစီအစဉ်လေး တစ်ခုကို ကြည့်မိလိုက်ပါတယ်...။ အာရှနိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ မိန်းမလျာတွေရဲ့ ဘဝတွေကို စုံလင်အောင် သွားရောက် ရိုက်ကူးတင်ဆက်ထားတာပါ..။ အဲ့လိုကြည့်နေရင်းက မထင်မှတ်ပဲ မြန်မာဆိုတာ ပေါ်လာပြီး ဂျပန်သတင်းထောက်က မြန်မာပြည်က မိန်းမလျာတွေ အကြောင်းသွားရောက် ရိုက်ကူး ထားတာကို ဆက်လက်ပြသပါတယ်...။
အစပိုင်းမှာတော့ ဟိုတယ်တစ်ခုရဲ့ Reception Counter က မာန်နေဂျာနဲ့ စကားပြောပါတယ်..။ အသံကောရုပ်ကော လုံးဝမိန်းမပါပဲ..။ အဆိုပါအစီအစဉ်မှာ ဝင်ရောက် ဖြေဆိုသူတွေကော ကြည့်နေတဲ့ ကျွန်တော်အပါအဝင် အကုန်မှားပါတယ်..။ တကယ်တော့ အဆိုပါ မာန်နေဂျာ အမျိုးသမီးက မိန်းမလျာ တစ်ယောက် ဖြစ်နေတာပါပဲ။ နောက်ဆက်လက်ပြီးတော့ မြန်မာပြည်ရဲ့ မိန်းမလျာ မော်ဒယ်တစ်ယောက်ကို တွေ့ဆုံရိုက်ကူးပါတယ်...။ နောက်ရန်ကင်းဘက်ကိုသွား မိန်းမလျာ တစ်ယောက်အိမ်ကို ရိုက်ကူးပြီး အဆိုပါ မိန်းမလျာ အုပ်စုနဲ့ တောင်ပြုန်းပွဲတော်ကို ရန်ကုန်ကနေ ကားနဲ့ အဆိုပါ ဂျပန်သတင်းထောက်ကို ခေါ်ဆောင်သွားတာ ဆက်လက်ရိုက်ကူးပြသပါတယ်..။
ဂျပန်ပရိသတ်ကတော့ တဝါးဝါးနဲ့ပေါ့..။ ထုံးစံအတိုင်း ကြိတ်ကြိတ်တိုးနေတဲ့ တောင်ပြုန်းပွဲထဲမှာတော့ နတ်ကတော်တွေရော အနယ်နယ် အရပ်ရပ်က မိန်မလျာတွေ အစုံအလင်ပေါ့ဗျာ.. တွေ့တဲ့သူတွေနဲ့ အဆိုပါ ဂျပန်သတင်းထောက်က အင်တာဗျူး သူလည်းအကိတ် ငါလည်း အကိတ်ဆိုပြီး ပျော်ကြမြူးကြ နတ်ကနားပွဲရောက်တော့လည်း သိတဲ့ အတိုင်း နတ်ကတော်တွေကလည်း မာမီတွေပဲလေ..။ နတ်ကတော် အကြောင်းရှင်းပြတော့ မြန်မာ(၃၇)မင်းနတ်တွေရဲ့ ကတော်တွေက မိန်းမလျာတွေဆိုတော့ ဂျပန်သတင်းထောက်လည်း ပါးစပ်အဟောင်းသား.. ။ သြော်မြန်မာပြည်က (၃၇)မင်း နတ်တွေ ဘဝလေ...။
နောက်ဆုံး အဆိုပါ ဂျပန်သတင်းထောက် ပြန်ခါနီးမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မိန်းမလျာ အဖွဲ့ ပြန်လိုက်ပို့တဲ့ အခန်းက အလွန်းဇာတ်ခန်းပေါ့..။ မျက်ရည်တစမ်းစမ်းနဲ့ သတင်းထောက်ကို နှုတ်ခမ်းနီဆိုးပေးပြီး နောက်တစ်ခေါက် ပြန်လာဖို့ ပြောရင်း ဇာတ်သိမ်းလိုက်ပါတယ်..။ အဲ့ဒီမှာတင် အဆိုပါ တီဗီရိုက်ကွင်း ထုတ်လွှင့်ချက်ကို လာကြည့်တဲ့ ဂျပန်တွေ အံ့သြကုန်ကြပါလေရော.. နိုင်ငံအသီးသီးကို ရိုက်ကူးတင်ပြသွားရင်းက မြန်မာပြည်မှာ မိန်းမလျာတွေ တခြားနိုင်ငံတွေနဲ့ မတူ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရတာကိုပါပဲ..။ အဆုံးမှာတော့ နိုင်ငံတကာမှာ ရိုက်ထားတဲ့ မိန်းမလျာတွေရဲ့ ဘဝရိုက်ကွင်းတွေကို ပြန်ပြရင်း မဲခွဲဆုံးဖြတ်ပါတယ်..။ ကျွန်တော်တို့ မြန်မာပြည်က မိန်းမလျာတွေ လွတ်လပ်ပါတယ် ဆိုတဲ့ ထိုင်းနိုင်ငံကို ကျော်တက်ပြီး မြန်မာပြည်ကို သွားရောက် ရိုက်ကူးခဲ့တဲ့ သတင်းထောက် ဆုရရှိခဲ့ပါတယ်.။ OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကိုတော့ ပရိသတ်တွေ အားလုံးရဲ့ဆန္ဒအရ မဲအများဆုံးနဲ့ မြန်မာပြည်က ရရှိသွားပါတယ်..။ ကြည့်နေတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း နှစ်ယောက်ကတော့ ဝမ်းသာရမလိုလို ဂုဏ်ယူရမလို အီလည်လည်နဲ့ပေါ့ဗျာ။ အဆိုပါ ရုပ်သံကို ကြည့်မိကြတဲ့ ဂျပန်က မြန်မာပရိသတ်တွေလည်း ရှိကြမှာပါ..။
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်း လာရောက်စဉ်က စပြီး ချိတ်ထမီ စတင် ဝတ်ဆင်လာတာပါ...
လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဆိုပေမယ့် ဂျပန်လူမျိုးတွေ သတင်းထောက်တွေ မြန်မာပြည်ရဲ့ ယခုလတ်တစ်လော အခြေအနေတွေကို ကြိုမြင် ကြိုသိနေလို့ OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကို ကြိုပေးတာများလားဆိုတာ.. စဉ်းစားစရာ ဖြစ်လာပါတယ်...။ ပြီးခဲတဲ့နှစ် ၆လပိုင်းက စပြီး မြန်မာဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်တွေ ချိတ်ထမီကို ဆင်မြန်း ဝတ်ဆင်လာကြတာ အများသိကြတဲ့ အတိုင်းပါပဲ.. ဒီရက်ပိုင်းအတွင်း ပြည်ထောင်စုနေ့ အခမ်းအနားမှာတော့ တပ်ချုပ်ကြီးနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေ ပြိုးပြိုးပျက်ပျက် ဖြူဖြူပြာပြာ နီနီဝါဝါတွေနဲ့ ယိမ်းအဖွဲ့များ သဖွယ် ထွက်ပေါ်လာကြပါတယ်..။
ဒါပေမယ့် ကွာခြားချက်တွေ ကြည့်ရအောင်ဗျာ.. မြန်မာပြည်ရဲ့ မိတ်ကပ်လောကကို နှစ်ပေါင်းများစွာ အုပ်စိုးလာတာ မြန်မာပြည်ရဲ့ အလှဖန်တီးရှင် မိန်းမလျာတွေပါပဲ..။ မိန်းမတစ်ယောက်ရဲ့စိတ်နဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်နှစ်ခု အမြင်နှစ်မျိုးရှိပြီး ဖိုမစိတ်နှစ်ခုလုံးကို သိနေတဲ့ အတွက် အောင်မြင်တာပါ..။ ထို့အတူ မြန်မာပြည်ရဲ့ မိန်းမလျာ ချိတ်ထမီဝတ် ဗိုလ်ချုပ်ကြီးများဟာလည်း ကုလသမဂ္ဂရဲ့ ယောင်္ကျားလို ပြတ်ပြတ်သားသား မရှိတဲ့ စိတ်ကိုသိနေပြီး စကားအမျိုးမျိုး မိန်းမလို မိန်းမရပြောတတ်တဲ့ အာစီယံရဲ့ အကြောင်းကို သိနေ နောကြေနေတဲ့ အတွက် ယခုအချိန်အထိ မိန်းမလျာတို့ရဲ့ နတ်ပြည် အဖြစ်ဆက်လက် အုပ်စိုးနေနိုင်တာပါပဲ..။
တပ်ချုပ်ကြီးမှ ချိတ်ထမီဝတ် နတ်ချုပ်ကြီးအဖြစ်
မြန်မာပြည်ရဲ့ မိန်းမလျာတွေကတော့ မိတ်ကပ် အတတ်ပညာ၊ နတ်ကတော် စတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့သူ အများစု ဖြစ်ကြပေမယ့် ချိတ်ထမီဝတ် အဖွဲ့ကတော့ အာဏာနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ပိုင်စိုးပိုင်းနင်း အနှစ်(၂၀)ကျော် မတရား အဓမ္မ ရယူနေကြတာပါ..။ အားနွဲ့တဲ့ ကမ္ဘာကျော် မြန်မာအမျိုးသမီး တစ်ယောက်ကိုလည်း နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင် တတ်တာလည်း ချိတ်ထမီဝတ် မိန်းမလျာ အဖွဲ့ပါပဲ..။
ကျွန်တော်တို့ ရှစ်လေးလုံး အရေးအခင်းကြီး အတွင်းကလို မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်း ရှိခဲ့မယ် ဆိုရင်တော့ ယခုလို အလှပညာလည်း မတတ်၊ နတ်ကတော်လည်းမဟုတ်၊ ရှောက်သီးဆေးပြားလည်း မရောင်းတတ်ပဲ... ချိတ်ထမီဝတ်နေတဲ့ ဗိုလ်ချုပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင်သင့်ပါတယ်..။ နို့မဟုတ်ရင် ဒီထက်ပိုဆိုးပြီး ချိတ်ထမီကနေ အတင့်ရဲပြီး စကပ်တို့ ဂါဝန်တို့ မဝတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး..။ အစမှာ စမ်းဝတ်ကြည့်ရင်း နောက်ပိုင်း ကန့်ကွက်မယ့်သူ မရှိလို့ ဆက်လက် ကျူးလွန်လာရင် မြန်မာပြည်ရဲ့ အလှဖန်တီးရှင်များအနေနဲ့ သိက္ခာကျပါတယ်...။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်းမှ မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများ ချိတ်ထမီဝတ်ဆင်မှုကို ကန့်ကွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်..။
သရော်စာ...
အကို ဒီမိုဝေယံအားကျေးဇူးတင်ပါသည်။
Saturday, January 8, 2011
မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်...
ဒီနေ့ည APသတင်းဓာတ်ပုံတွေ လျှောက်ကြည့်နေရင်းက တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ပြီးခဲ့တဲ့နှစ် အိန္ဒိယခရီးစဉ်အတွင်း မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံ တစ်ပုံကို သတိထား မိလိုက်ပါတယ်..။ အရင်ကလည်းဒီပုံကို သတိထားမိပေမယ့် ခုမှအမေစု အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလောင်းတဲ့ နေ့ကသတင်းဓာတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်မိရင်းနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ..။ တော်တော်များများလည်း တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ဒီဓာတ်ပုံကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေ့ည သတင်းရေးမယ် စိတ်ကူးထားတာက နအဖရဲ့ မြောက်ကိုရီးယားနဲ့ လျွှို့ဝှက်တည်ဆောက်နေတဲ့ ဖျောက်ဆိတ်ပင် ရေဒါစခန်းအကြောင်းပါ..။ ရေးဖြစ်တာကတော့ ဒေါ်ကြိုင်ကြိုင် ငရဲမကြောက် ဖိနပ်စီးထားတဲ့ အကြောင်း ရေးဖြစ်သွားတာပါ..။
ပုံAP
တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပြီးခဲ့တဲ့နှစ့် ဇူလိုင်လက အိန္ဒ္ဒ္ဒိယနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ ပုံမှာ တပ်ချုပ်ကြီးက ဖိနပ်ချွတ်ပြီး ဒေါ်ကြိုင်ကြိုင်ကို ဖိနပ်စီးထားလျှက် တွေ့ရတာပါ..။ ကဲကော်ဇောနီ ခင်းထားတဲ့ ဘုရားပရဝဏ် အတွင်း ဖိနပ် စီးခွင့်ရှိမရှိ သိရအောင် အောက်ကပုံနဲ့ ယှဉ်ကြည့်ရအောင်ဗျာ... ။ စီးခွင့်ရှိတယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်ပါတယ်..။ စီးခွင့်ရှိမရှိ ဆိုတာကိုတော့ အိန္ဒိယက ဆရာတော် အရှင်ထာဝရကို မေးကြည့်ပေးပါဦးမယ်။ဒီပုံမှာတော့ အားလုံး ဖိနပ်ချွတ်ထားတာ တွေ့ရပါတယ်..။ ၂၀၀၇ခုနှစ် နံပတ်တစ် တရားခံ တပ်ချုပ်ကြီး ကတော့ ဖိနပ်စီး ထားမထား သိရအောင် ခြေသလုံးပေါ်အောင် ပုဆိုးတောင် မ... ပြထားလိုက်ပါသေးတယ်..။ (သတင်းရေးတော့မယ် ဆိုတာသိလို့ထင်ပါတယ်)..။
ဆိုလိုချင်တာကတော့ ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်အပေါ်မှာ ဘယ်လောက်အထိ သြဇာညောင်းမညောင်းနဲ့ ပြောင်းပြန် တွေးကြည့်ရင်လည်း ဒေါ်ကြိုင်ကြိုင် တပ်ချုပ်ကြီးအပေါ် ဘယ်လောက်အထိ သြဇာ ပါဝါရှိတယ် ဆိုတာပါပဲ..။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တစ်သက်မှာ အမြဲမရောက်နိုင် တစ်ခေါက်တစ်ခါသာ ရောက်ဖြစ်တဲ့ ဒီလိုဘုရားပွင့်ရာ အရပ်က မဟာဗောဓိစေတီတော်မှာ ဖိနပ်မစီးပဲ မပူဇော်နိုင် ဓာတ်ပုံအရိုက် မခံနိုင်တော့ဘူးလားဗျာ..။ နောက်အောက်မှာ လည်း ကော်ဇောနီခင်းထားတာပါ...။ ဒီလိုပုဂ္ဂိုလ်တွေကို လက်အုပ်ချီ ပူဇော်နေသူတွေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကတော့ စဉ်းစားဆင်ခြင်စရာပါပဲ.။
ပြီးခဲ့တဲ့လက ကြေးမုံသတင်းစာမှာ ပါတဲ့ တပ်ချုပ်ကြီးတို့ မိသားစု ဘုရားပရဝဏ်အတွင်း အလှူဒါန ပြုနေတဲ့ ပုံမှာလည်း အာလုံးက ဖိနပ်ချွတ်ပြီး လှူဒါန်းနေပေမယ့် မြေးဖြစ်သူကတော့ ဖိနပ်စီးလျှက်နဲ့ တွေ့ရတဲ့ပုံကို ကိုနစ်နေမန်း ဘလော့(ဂ်)မှာ ဖတ်လိုက်ရပါတယ်..။ နအဖနဲ့ အပေါင်းအပါ တွေရဲ့ဘာသာတရား အပေါ် သက်ဝင်ယုံကြည်မှု တကယ်ရှိမရှိဆိုတာ အာဏာနဲ့သာသနာ ယှဉ်လာတဲ့ အခါမှာ အာဏာအတွက် ငရဲမကြောက် သာသနာကိုတောင် ဘယ်လို စော်ကားခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်..။ အခုလတ်တလော လုပ်တိုင်းဖြစ်နေပြီး အကုသိုလ်ကံတွေ အကျိုးမပေးသေးတဲ့ အချိန်မှာတော့ မိုးမမြင်လေမမြင် သွေးနားထင်ရောက်စရာ ဖြစ်နေပေမယ့်.. မိမိပြုခဲ့တဲ့ ကြီးမားတဲ့ အကုသိုလ်ကံ စေတနာတွေဟာ တစ်နေ့ မလွဲမသေ မိမိထံ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။

ပုံ GETTY IMAGE
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးအတွက် စံနမူနာယူစရာ အဖွဲ့ချုပ်ရုံးရှေ့ ဆွမ်းလောင်းပွဲမှာ ရဟန်း၊ သံဃာ၊ သီလရှင်တွေကို ဖိနပ်ချွတ်လျှက် အရိုအသေပြု ခဲ့ပုံကို ပြင်သစ်အမျိုးသမီး သတင်းထောက်က မှတ်တမ်းတင်ခဲ့ပါတယ်..။ အစ်ကိုဒီမိုဝေယံအားကျေးဇူးပါတယ် Friday, November 5, 2010
နအဖ ဝါဒဖြန့် သတင်းစာပါ... လေကြောင်းလိုင်း မှားယွင်းဖော်ပြချက်

ဓာတ်ပုံ...AP (လေယာဉ်အင်ဂျင်အား မီးငြိမ်းသတ်နေပုံ ပေါက်တူး၊ ဂေါ်ပြားတွေတော့ မပါပါဘူး)

ထူးခြားတာကတော့ နိုဝင်ဘာလ၅ရက် နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကာတာလေကြောင်းခရီးသည်တင် လေယာဉ်ကြီး စက်ချွတ်ယွင်း၍ အရေးပေါ် ဆင်းသက်ခဲ့ရဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချထားပါတယ်.. Qantas ကို ကာတာဆိုပြီး လုပ်ချလိုက်တာပါ..။ ကာတာလေကြောင်းလိုင်း အနေနဲ့ နာမည်ဖျက်မှုနဲ့ မြန်မာသတင်းစာ ၂စောင်ကို တရားစွဲသင့်ပါတယ်..။
(Qantas) ကို ကာတာလို့ ဘာသာပြန်တယ်ဆိုတော့ ..ဒါဆို.. ကြေးမုံ အင်္ဂလိပ်လို The (Mirror) ကိုလည်း မိလ္လာလို့များ ဘာသာပြန်မလားတော့ မပြောတတ်ပါဘူး.. မိလ္လာသတင်းစာပေါ့...
အောက်မှာ ၃ရက်နေ့ထုတ် မိလ္လာသတင်းစာပါ .. သတင်းလေးတစ်ပုဒ်ပါ.... အသွင်သဏ္ဍာန်က စုတ်ပျက်ပြီး အနှစ်သာရသံုံးမရတဲ့ နအဖခေတ် အတင်းစာပါ..
အစ်ကို ဒီမိုဝေယံအားကျေးဇူးတင်ပါသည်.......

Thursday, October 7, 2010
မင်းတုန်းမင်းလောက်တော့ သနားတယ်
နေပြည်တော်ရွှေနန်းတည် မင်းတရားကြီး ဦးသန်းရွှေသည် လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးနေသော နေ ပြည်တော်၏ ညရှုခင်းအား ကြည်နူးစွာ ငေးမောရင်း တွေးတောနေမိသည်မှာ ...
“အင်း ... ငါတည်ထားတော်မူတဲ့ နေပြည်တော်ကြီးကဖြင့် အလွန်ကြီးကျယ်တာပေကပဲ။ ဇေယျာသီရိဗိဗ္မာန် ကြီးဆိုလည်း အမေရိကန်သမ္မတအိမ်ဖြူတော်တောင် ရှုံးရမယ်။ လမ်းမကြီးတွေ ဖောက်ထားတာကလည်း ကမ္ဘာ့အဆင့်မီတွေချည်းပဲ။ ဓာတ်တိုင်တွေမှာထွန်းထားတဲ့ မီးလုံးတွေကလည်း တလုံးကို တသိန်းကျော်တန် ရဲ့။ ရှေးရှေးတုန်းက မင်းတုန်းမင်းတို့ ရတနာပုံနန်းတော် တည်ခဲ့တယ်ဆိုတာ ငါကိုယ်တော်မြတ်ရဲ့ နေပြည် တော်ကြီးနဲ့ ယှဉ်လိုက်ရင် အသေးအဖွဲ ဖြစ်သွားရောမဟုတ်လား”
ထိုသို့ အတွေးပေါက်သွားမိသော ဦးသန်းရွှေက “ဟင်း ... ဟင်း၊ မင်းတုန်းမင်းလောက်တော့ သနားတယ်” ဟု ပါးစပ်မှ ရေရွတ်မိလေသည်။ ထိုစဉ် အမှောင်ထဲမှနေ၍ ...
“ဟေ့ကောင် ... သန်းရွှေ၊ မင်းနဲ့ငါနဲ့ မိန်းမစွံတဲ့နေရာကော ပြိုင်မလားကွ” ဟူသော မင်းတုန်းမင်းတရားကြီး၏ အောင်မြင်ခံ့ညားလှသည့် အသံကြီး ထွက်ပေါ်လာပေရာ တယောက်တည်းရှိသော မိန်းမကိုတောင် သူများ အကျ ယူထားရသည့် ကျွန်ုပ်တို့၏ မင်းတြားကြီး ဦးသန်းရွှေခမျာ ဇက်ပု၍သွားရပါတော့သည်။
ကြပ်ပြေး-ကြမ်းပိုး

Saturday, March 27, 2010
Monday, January 4, 2010
တစ်ခါတုန်းကဘုရင်တစ်ပါးဟာငြိမ်းချမ်းမှူကိုအကောင်းဆုံးသရုပ်ဖော်ဆွဲပြနိုင်မယ့် ပန်းချီဆရာကို ဆုပေးမယ့် အကြောင်း တစ်တိုင်းပြည်လုံးကိုကြေငြာလိုက်တယ်......

တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ ငြိမ်းချမ်းမှူကို
အကောင်းဆုံးသရုပ်ဖော်ဆွဲပြနိုင်
မယ့် ပန်းချီဆရာကို ဆုပေးမယ့် အကြောင်း
တစ်တိုင်းပြည်လုံးကို ကြေငြာလိုက်တယ်......
တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ပန်းချီဆရာတွေလဲ သူတို့ အစွမ်းကုန်ဆွဲထားတဲ့
ပန်းချီတွေနဲ့  လာရောက်ယှဉ်ပြိုင်ကြတယ်…
အဲဒီပန်းချီကားတွေ အားလုံးထဲမှာမှ ဘုရင်ဟာ ပန်းချီကား နှစ်ချပ်ကို
ရွေးချယ်လိုက်တယ်..
ပထမ ပန်းချီကားကတော့ ….
အရမ်းကိုလှပပြီးငြိမ်းချမ်းလွန်းတယ်…
အလွန်စိမ်းလန်းလှတဲ့ တောင်ကြီး တစ်တောင်ကနေ ရေတံခွန်လေးဟာ တည်ငြိမ်စွာ
စီးဆင်းနေတယ်….
စီးဆင်းနေတဲ့ရေတွေဟာ လှပတဲ့ စမ်းချောင်းလေးထဲကို စီးဝင်သွားတယ်…
ရေတံခွန်နဲ့ တောင်ကြီးရဲ့ အရိပ်တွေဟာ … စမ်းချောင်းလေးထဲမှာ ပေါ်လွင်နေတယ်…
ကောင်းကင်ကြီးဟာလဲ… အပြာရောင်သန်းနေပြီး တိမ်ဖြူလေးတွေ တည်ငြိမ်စွာ ရှိနေတယ်…..
အဲဒီပန်းချီကားကို ကြည့်ရတဲ့ လူတိုင်း ဒါဟာ တစ်ကယ့်ကို ငြိမ်းချမ်းမှု
ပန်းချီကားပဲ လို့ လက်ခံလိုက်ကြတယ်…
ဒုတိယ ပန်းချီကားကတော့…
ကျောက်ခဲတွေ နဲ့  အလွန်ကြမ်းတမ်းတဲ့တောင်ကြီးတစ်တောင်ရယ်…
အရှိန်အဟုန်အပြင်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကြီးရယ်…
ရေတံခွန်က ရေတွေ ဒလဟော နဲ့ မုန်တိုင်းကြီးလိုစီးဝင်နေတဲ့ ချောင်းကြီးရယ်..
ဒေါသထွက်နေတဲ့ ကောင်းကင်ကြီး ( မိုးကြိုးတွေပစ် ၊ လျှက်စီးတွေ လက် ၊
မိုးတွေလဲ သည်းအောင်ရွာနေတယ် )
မြင်ရတဲ့လူတိုင်းအတွက်တော့ ဒီပန်းချီကားက
ငြိမ်းချမ်းမှူအသွင်မဆောင်တဲ့အပြင် ကြောက်မက်ဖွယ်တောင် ကောင်းနေတယ်…
ဒါပေမယ့်….ဘုရင်ကြီး ဒုတိယ ပန်းချီကားကို သေချာကြည့်လိုက်တဲ့အခါ…..
ရေတံခွန်ကြီး ရဲ့ အတွင်းဘက်နားမှာ ရှိတဲ့
လှိုဏ်ခေါင်းငယ်လေးထဲမှာ…ငှက်မိခင်ကြီးနဲ့ ငှက်သားလေးတွေကို
အသိုက်လေးတစ်ခုနဲ့ တွေ့ လိုက်တယ်…
ဒီလောက် ကြမ်းတမ်းတဲ့ ရေတံခွန် …မိုးကြိုးသွားတွေ… ရေစီးတွေ အားလုံးထဲမှာ
ခုလိုငှက်မိခင်ကြီး နဲ့ ငှက်သားပေါက်လေးတွေ အသိုက်ထဲမှာ
ငြိမ်းငြိမ်းချမ်းချမ်းလေးပျော်ရွှင်စွာနေနေကြတယ်….
ငှက်လေးတွေကို သရုပ်ဖော်ထားတာကြည့်လိုက်တာ ပတ်ဝန်းကျင်ကြမ်းတမ်းမှူကို မေ့သွားတယ်….
ဘယ်ပန်းချီကားကို သင်ရွေးချယ်သင့်တယ်ထင်ပါသလဲ…..
ဘုရင်ကတော့ ဒုတိယ ပန်းချီကားကို ရွေးချယ်ခဲ့ပါတယ်…
ဘာလို့ လဲဆိုတာ သင်သိရဲ့ လား…
“ ငြိမ်းချမ်းမှူဆိုတဲ့ အရာဟာ …. အသံဗလံတွေ မရှိမှ….. ဒုက္ခတွေမရှိမှ
…ခက်ခဲကြမ်းတမ်းတာတွေ မရှိမှမဟုတ်ပါဘူး….. ငြိမ်းချမ်းမှူဆိုတာ…. အဲဒီလို
အခတ်အခဲ ဒုက္ခတွေ ရဲ့ အလည်မှာ ဖြစ်နေပစေ… ကိုယ့်အသည်းနှလုံးထဲမှာ
တည်ငြိမ်မှူ ရနေမှသာ တကယ့်ငြိမ်းချမ်းမှူအစစ်အမှန်ဖြစ်တာပါ…" ဆိုပြီး
ဘုရင်ကြီးက ရှင်းပြလိုက်ပါတယ် ပေးပို့သူ ရွှေဝါရောင် အရှင်နေမိန္ဒအားကျေးဇူးတင်ပါတယ်။
Wednesday, September 30, 2009
နိုင်ငံရေး ဆိုတာ သိလား
သောကြာနေ့ ညနေ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက သူ့တပည့်တွေကို ကျောင်းပိတ်ရက်မှာ အိမ်စာ အဖြစ် ပေးသွားရန်အတွက် "နိုင်ငံရေး ဆိုတာ ဘယ်လဲ။ ကျောင်းပိတ်ရက်(၂)ရက်မှာ လေ့လာထား။ ကျောင်းပြန်ဖွင့်တဲ့ရက်ကျရင် တပည့်တို့ အဖြေပေးရမယ် ကြားလား"ဟု မှာကြားလိုက်သည်။
မင်းအာသံ လို့ အမည်ရတဲ့ ကျောင်းသားတစ်ယောက်က သူ့ဆရာရဲ့ ပဟေဠိကို ဖြေကြားနိုင်ဖို့ အဖေကို ပူဆာတော့ သူ့အဖေက "နိုင်ငံရေး ဆိုတာ သား နားလည်အော ရိုးရိုးရှင်းရှင်း ပြောရရင် အခု အဖေတို့ အိမ်ထောင်လိုပဲပေါ့။ အဖေက ငွေရှာပေးတဲ့သူ။ စီးပွားရေးပေါ့။ သားရဲ့ အမေက ရလာတဲ့ပိုက်ဆံကို စီမံခန့်ခွဲတဲ့သူ ဆိုတော့ အစိုးရပေါ့ကွယ်။ အဲ သားက ပြည်သူလူထုပေါ့။ သားရဲ့ ညီလေးက တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ ရှင်းပြီလား"ဟု ပြန်ဖြေပေးလိုက်ရာ မင်းအာသံမှာ ပျော်မဆုံး စိတ်ကူးယဉ်နေလေတော့သည်။
ကျောင်းမဖွင့်ခင် ညပိုင်း ရောက်တော့ သူ့ ညီလေးက ဝမ်းကြီးဝမ်းငယ် စွန့်ပြီး ချမ်းနေ၍ အော်ငိုလိုက်ရာ မင်းအာသံ လန့်နိုးသွားလေသည်။ ဒါနဲ့ သူ့ ညီလေး အဖြစ်ကို တွေ့တော့ အမေဖြစ်သူကို နှိုးလေတော့သည်။ အမေဖြစ်သူက ဆက်လက် အိပ်ပျော်မြဲ အိပ်ပျော်နေရာ သူ့အဖေ အား ရှာတော့ အိပ်ခန်းထဲ မတွေ့တာနဲ့ အပြင်ဘက်အခန်းများတွင် သွားရှာရာ အိမ်ငှားမိန်းကလေးတစ်ယောက်ရဲ့ အခန်းတွင် သွားတွေ့၍ မခေါ်ရဲဘဲ ဒီအတိုင်း ပြန်လာပြီး စဉ်းစားမိသွားရာ အဖေ ပြောသည့် နိုင်ငံရေး ဆိုတာ ဒီအထိတောင် ရှုပ်ထွေးပဲလား ဆိုတဲ့အသိ ပေါ်လာတော့သည်။
နောက်တစ်နေ့ ကျောင်းရောက်သွားတော့ သူ့ဆရာက "ကဲ နိုင်ငံရေး ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သူသိသလဲ" မင်းအာသံ ကြားလိုက်တာနဲ့ တက်ကြွစွာ မတ်တတ်ရပ်ပြီး "ကျနော် သိတယ် ဆရာ"၊ "ဟာ တော်လှချည်းလား၊ ဆိုစမ်းပါဦး တပည့်ရေ"ဟု ဖွင့်ပေးလိုက်ရာ မင်းအာသံ က "နိုင်ငံရေးဆိုတာ အရမ်း အရမ်းကို ရှုပ်ထွေးလေးနက်ပါတယ် ဆရာ။ အစိုးရက အိပ်ပြီးရင် မထတော့ဘူး။ အိပ်ပုတ်ကြီးတယ် ဆရာ။ စီးပွားရေး ကလည်း ဖောက်ပြန်နေတော့ ပြည်သူလူထုက အရမ်း ဒုက္ခရောက်တာပေါ့။ ဟို တိုင်းပြည်ရဲ့ အနာဂတ်ဆိုတဲ့ ကောင်ကလည်း စုတ်ပြတ်သတ်အောင် နှံစော်လိုက်တာ ဆရာရယ်"ဟု အားရပါးရ ပြောလိုက်လေသတဲ့။
အောက်မှာပေါ်ချင်တာဒီမှာရေး

Friday, August 21, 2009
(အဟမ်း အား အားမအားအား ဒီစာကိုဖတ်ပါ မဖတ်ရင် အရေးယူမယ်)
ဒို့တာဝန် အရေးသုံးပါး
တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး
ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး
ပြည်သူ့သဘောထား
တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ
ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အနောက်)
နိုင်ငံများအား ဆန့်ကျင်ကြ
နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ
စိုးမိုးရေး
အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်
ဖြစ်ပေါ်လာရေး
ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား
တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး
စီးပွားရေး ဦးတည်ချက် (၄) ရပ်
ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ
ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
(ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း
ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး
နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည်
တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး
လူမှုရေး ဦးတည်ချက် (၄) ရပ်
တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို
များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက
ထုံးသုတ်ပစ်ရေး
မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး
တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့်
နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး

Subscribe to:
Posts (Atom)