Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Tuesday, December 31, 2013

နှစ်သစ်ဆုတောင်း ၂၀၁၄။

နှစ်သစ်ဆုတောင်း
2014 ခုနှစ်သည် ဘလောဂ့်ရပ်ဝန်းတွင်သာမက မြန်မာပြည်သူ၊ပြည်သားအားလုံးရဲ့ တူညီသောမျှော်လင့်ချက်များ ပြည့်ဝစေနိုင်မယ့် နှစ်တစ်နှစ်၊သို့မဟုတ် အလင်းရောင်မြင်နိုင်သော၊ကြည့်နိုင်သောနှစ်တစ်နှစ် ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ စက်တင်ဘာထာဝရ ဆုတောင်းပေးလိုက်ပါတယ်။ 2014 ခုနှစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ ဘ၀များကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ကြပါစေ...။ ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ...။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...။

စက်တင်ဘာထာဝရ။

Saturday, January 12, 2013

မွှေးနေ့အမှတ်တရ စကား

၂၉နှစ်မြောက် မွှေးနေ့ အမှတ်တရများပေးပို့ကြသော မိတ်ဆွေ-သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးရဲ့မေတ္တာစေတနာကြောင့် ကျမ္မာလျှက်ပါ။၂၉နှစ်မှာစပြီး အသက်ရှင်နေသ၍ တိုင်းပြည်နှင့်ပြည်သူအကျိုးကို အတတ်နိုင်ဆုံးကြိုးစားပါမယ်။အမှားများရှိခဲ့ပါလျှင် ခွင့်လွတ်ပေးကြဖို့တောင်းပန်ပါတယ်။၂၉နှစ်တိုင်တိုင် မိဘ၀တ္တာရားမပျက် ဆုံးမပေးခဲ့သော အဖေနှင့်အမေကို မွှေးနေ့မှာ ကျမ္မာစေကြောင့် သားရဟန်းဆုတောင်းပေးပါတယ်။လောကကြီးမှာ ထင်းတုံးမဖြစ်ဖို့အရေးကြီးကြောင်းဆုံးမပေးခဲ့သော မွှေးဇာတိ နောင်တော်ကြီးရွာ၊ သဲအိမ်ကျောင်းစု တေဇိန္တာရာမကျောင်း ကျေးဇူးတော်ရှင်ဆရာတော်ဘုရားအား တပည့်တော်ရဲ့မွှေးနေ့မှာ ဦးတင်လျှက်ပါဘုရား

Friday, January 11, 2013

မွေးနေ့တူ ညီတော် အရှင်တေဇာဝုဓ(သီရိလင်္ကာ)အမှတ်တရစကားအသံ

 
၁၂.၁.၂၀၁၃ နေ့မွေးနေ့ရှင်ဖြစ်သော နောင်တော်ကြီး အရှင်ထာဝရ မွေးနေ့မွေးရက်မှ စပြီး နောင်နှစ်ပေါင်းများစွာ ဘာသာအကျိုး၊ သာသနာအကျိုးတွေ ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ။ ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းစွာဖြင့် ဘ၀ခရီးလမ်းကိုဖြတ်သန်းနိုင်ပါစေ။
မွေးနေ့တူ ညီတော်
အရှင်တေဇာဝုဓ(သီရိလင်္ကာ)

Monday, December 31, 2012

ရွှင်သောနှလုံး ကြည်သောအပြုံးနဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ


ဦးဇင် နှစ်သစ်မှာ နိုင်ငံအကျိုး ၊ သာသနာ့ အကျိုး ၊ မြန်မာပြည်သူပြည်သား အကျိုး သယ်ပိုးရွက်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ် ဖြစ်နိုင်ပါစေလို့ ဆုမွန်မြတ် ပို့သလိုက်ပါတယ် ၊ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျမ္မားခြင်း ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံပါစေ ။ ဒါကာကြီးနှင့်ဒါကာမကြီး ( ဂျပန် ၊ တိုကျို )

ဆရာသန်းတင်ဆင့် နှစ်သစ်မှာ နိုင်ငံအကျိုး ၊ သာသနာ့ အကျိုး ၊ မြန်မာပြည်သူပြည်သား အကျိုး သယ်ပိုးရွက်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ် ဖြစ်နိုင်ပါစေလို့ ဆုမွန်မြတ် ပို့သလိုက်ပါတယ် ၊ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျမ္မားခြင်း ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံပါစေ ။ သ ( ဂျပန် ၊ တိုကျို )

ရွှင်သောနှလုံး ကြည်သောအပြုံးနဲ့နှစ်သစ်မှာ ပျော်ရွင်ပါစေ။အေးချမ်းသော ဘ၀ လိုချင်တဲ့အရာ ထပ်တူရှိနိုင်ပါစေ။
အရှင်ထာဝရ

Tuesday, November 8, 2011

အမြဲထာဝရရှိနေမယ်

အမြဲထာဝရရှိနေမယ်

Thursday, June 9, 2011

မွေးနေ့သစ္စာ ဆုမွန်လွှာ (နှမငယ် အောင်ဆန်းစုကြည်သို့) မောင်စွမ်းရည်

မွေးနေ့သစ္စာ ဆုမွန်လွှာ
(နှမငယ် အောင်ဆန်းစုကြည်သို့)
မောင်စွမ်းရည်
ဇွန် ၉၊ ၂၀၁၁
ငါတို့နှမ
နှောင်အဖွဲ့က လွတ်ရပြန်ပြီ
သည်တချီ။
သူလွတ်သော်ငြား
အများပြည်သူ၊ လူအပေါင်းက
နှစ်ပေါင်းငါးဆယ်၊ ခြောက်ဆယ်အတွင်း
ကိုယ့်မင်းကိုယ်ချင်း၊ စစ်ဗိုလ်မင်းက
ကိုယ့်ပြည်အတွင်း
ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရွာအတွင်း
ထောင်သွင်းခံရ၊ သည်ဘ၀ကို
လွတ်မှပျော်အံ့၊ သစ္စာဆန့်ခဲ့
မေတ္တာပြန့်လျက်၊ မတန့်မနား
အားကြိုးမာန်တက်၊ ခရီးဆက်
အားလုံးအတွက် အားလုံးအတွက် ...တဲ့။

စုမွေးနေ့
သည်ယနေ့မှ၊ နေ့ပေါင်းများစွာ
မိုင်ပေါင်းများစွာ၊ ရှေ့မှာတိုက်ပွဲ
တူဆင်နွဲအံ့၊
တိုက်ပွဲတရာ သာစေသတည်း။
တိုက်ပွဲတထောင် အောင်စေသတည်း။
တိုက်ပွဲတသိန်း ဟိန်းစေသတည်း။
အောင်ပွဲသိမ်း၊ ငြိမ်းချမ်းစေသတည်း။http://moemaka.com/index.php?option=com_content&task=view&id=9079&Itemid=1

Monday, June 28, 2010

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ အမှတ်တရ ဆုတောင်း

မတရားအကျဉ်းချခံထားနေရတဲ့ ဘလော့ဂါ နေဘုန်းလတ်ရဲ့  ယနေ့  ကျရောက်သော မွေးနေ့ မှသည့် နှစ်ပေါင်းများစွာတိုင်းအောင် ပျော်ရွင်နိုင်ပါစေ့ လို့ဆိုတောင်းပေးရင် တိုင်းပြည်နှင့်လူမျိုး အကျိုး အတွက် သင့်ရဲ့ ပေးဆပ်မှုတွေကို ဦးဇင်းတို့အားလုံး လေးစားတန်းဖိုးထားပါကြောင်းနှင့် ကိုနေဘုန်းလတ်နှင့် အတူး ကျဉ်းသားများအားလုံး လွတ်မြောက်ပါစေလို့ ဆန္ဒပြုအပ်သည် စက်တင်ဘာထာဝရ

Friday, April 16, 2010

သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အတွက် ဆုတောင်းမေတ္တာပို့ ပေးကြပါရန် မြန်မာပြည်သူပြည်သားအပေါင်းအား အလေးအနက် နူးညွှတ်စွာ ပန်ကြားအပ်ပါတယ်။




































၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ရေပက်လောင်းကာ ပျော်ရွှင်ကြည်နူးကြသော ပြည်သူအပေါင်းတို့  သွေးမြေကျခဲ့ရသည့် ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုအစဉ်အလာသမိုင်းကြောင်းအား အကျဉ်းတန်စေခဲ့ရုံသာမက အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ တစ်နေ့  ဖြစ်ခဲ့ရပါတယ်။

အပြစ်မဲ့ပြည်သူတို့ ၏ အသက်သွေးဆုံးရှုံးစေခဲ့သော ဤနေ့ အား မြန်မာရိုးရာသင်္ကြန် အစဉ်အလာသမိုင်းတွင် သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် ဖြစ်စေရန် မှတ်တမ်းထားအပ်ပါတယ်။

မနက်ဖြန်ကျရောက်မည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ မှ စ၍ (၃) ရက်တိုင်တိုင် ဘုရားကျောင်းကန်စေတီပုထိုးများတွင်လည်းကောင်း၊ မိမိတို့  ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမှုပြုရာ နေရာဌာနများတွင်လည်းကောင်း၊ မိမိတို့  နေအိမ်များတွင်လည်းကောင်း မြန်မာပြည်သူပြည်သားအပေါင်းတို့ မှ အပြစ်မဲ့စွာ သေဆုံးသွားကြရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတ္တ၁ပို့ ဆုတောင်းပေးကြပါရန် အလေးအနက် နူးညွတ်စွာ ပန်ကြားအပ်ပါတယ်။ မိမိတို့ မိသားစုများ ဆွေမျိုးသင်္ဂဟများ မိတ်ဆွေအပေါင်းအသင်းများ နီးစပ်ရာ သိကွမ်းသူများအား ယခုဆုတောင်းမှုအား စုပေါင်း ပြုလုပ်ပေးကြပါရန်ကိုလည်း လက်ဆင့်ကမ်း အသိပေး မေတ္တာရပ်ခံပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့် အချိန်အခါတွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- မြန်မာပြည်သူလူထုအပေါင်းတို့  ဘေးအန္တရာယ်အသွယ်သွယ်မှ အစဉ်အမြဲ ကင်းဝေးကြပါစေသား။

အသက်ဆုံးရှုံးခဲ့ကြရသောသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။ ပေးပို့သူကိုနစ်အားကျေးဇူးတင်ပါသည်........

မြန်မာရိုးရာအတာသင်္ကြန်အကြတ်နေ့တွင် အသက်သွေးဆုံးရှုံးခဲ့ရသည့် ညီအစ်ကိုယ် မောင်နှမအားလုံး ကောင်းရာသုဂတိလာပါစေလို့ မိသားစုများနှင့်အတူး ဆုတောင်းမေတ္တာပို့သအပ်ပါသည် စက်တင်ဘာထာဝရ

Wednesday, January 27, 2010

Imprisoned Comedian Turns 49


While popular Burmese comedian Zarganar spent his second consecutive birthday behind bars in remote Myitkyina prison in northern Burma on Wednesday, a small group of dissidents celebrated his 49th birthday at a Buddhist monastery in Chiang Mai in Thailand.

“We offered alms this morning to the monks in commemoration of Ko Zarganar’s birthday,” said fellow comedian Godzilla of the well-known Burmese troupe Thee Lay Thee A-nyeint. “After all, he has made a real sacrifice for his people. We wish that he––and all the other persons who have made such sacrifices––live long and free from danger.” Zarganar’s sister-in-law, Ma Nyein, told The Irrawaddy on Wednesday that Zarganar is suffering from the skin disease pruritus. “I last saw him on Dec. 7, 2009. Like other families of political prisoners, we expect him to be released this year, but it all depends on the Burmese authorities.”

“He is a very funny man who inspires confidence,” said Kyaw Thu, a famous Burmese actor. “He is a true artiste and I very much appreciate his good deeds and brave spirit.”

Zarganar was sentenced to 35 years in prison for his involvement in the humanitarian relief effort in the Irrawaddy delta after Cyclone Nargis devastated the region in 2008.

For years he has been a thorn in the side of Burma's ruling generals, constantly criticizing them and the government with sharp wit and fierce political satire.

Born Thura to a political family, his parents were well-known writers Nan Nyunt Swe and Daw Kyi Oo.

Zarganar graduated in dental medicine from Rangoon University in 1985.

Adopting the stage name “Zarganar,” meaning “tweezers,” he performed amateur stage comedy shows at Rangoon universities until in 1986, he formed the “Mya Ponnama Anyeint” troupe.

He quickly became known for his “than gyat,” a kind of traditional satirical show popular during Thingyan, the Burmese New Year.

He got away with a highly popular play, “Beggar,” which savagely ridiculed the late dictator Gen Ne Win and his cronies.

Zarganar was arrested for participating in the nationwide uprising in 1988. He was in prison for the next five out of six years.

Between 1997 and 2006, he was banned frequently from show business by the military authorities for making controversial video documentaries and holding interviews with foreign media.

Zarganar wrote a screenplay based on late Gen Aung San's biography and also directed three short videos and a movie to raise HIV/AIDS awareness with the help of local NGOs.

He became best known for his performances of A-nyeint Pwe, a form of theatre that combines dance, music, opera and comedy, which at times is politically and socially driven and seeks to make light of the stresses of everyday life.

Continually pushing the envelope against government censorship, Zarganar formed a comedy troupe called Thee Lay Thee A-nyeint, which performed mostly in Rangoon and delighted audiences with satirical skits lampooning the military junta.

In 1991, Zarganar was awarded the Lillian Hellman and Dashiel Hammett Award, given by the Fund for Free Expression, a committee organized by New York-based Human Rights Watch.

He was arrested on Sept. 26, 2007, for participating in the nationwide “Saffron Revolution.” He and his friend, actor Kyaw Thu, made a public show of offering food and water to Buddhist monks as they prepared to lead anti-government protests. Moreover, he urged the public to support the monks in radio interviews with exiled media.

After Cyclone Nargis devastated in Irrawaddy delta in early May 2008, Zarganar organized a group of about 400 Burmese volunteers to provide disaster relief to survivors in cyclone-ravaged areas.

He was rearrested on June 4, 2008, after a raid at his home in which the authorities seized his computer, about US $1,000 in cash and three CDs containing footage of May’s cyclone devastation, the opulent wedding of junta leader Snr-Gen Than Shwe’s youngest daughter and the film “Rambo 4,” in which Hollywood star Sylvester Stallone fights Burmese government soldiers in a mission to rescue kidnapped Westerners.

In November 2008, Zarganar was sentenced to 59 years in prison. Rangoon Divisional Court later reduced the prison sentence to 35 years after an appeal by his family. In December 2008, he was transferred to Myintkyina prison in Kachin State in the country's far north.

ဒီနေ့ကျရောက်သော ဇာဂနာရဲ့ (၄၉)နှစ်မြောက်မွှေးနေ့အမှတ်တရ ဆုတောင်း

ဒီနေ့ကျရောက်သော ဇာဂနာရဲ့ (၄၉)နှစ်မြောက်မွှေးနေ့အမှတ်တရ ဆုတောင်း

Tuesday, January 12, 2010

အရှင်ထာဝရ၏ ရွှေရတုမွေးနေ့ အမှတ်တရ

ဘိုးဘွားရိပ်သာတစ်ခုတွင် တွင်တွေ့ ရသော စာလေးတစ်စောင်ပါ။*

*သား !*

*သား...ငယ်ငယ်တုန်းကပေါ့ အချိန်တွေအများကြီးယူပြီး
အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊*

*ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီတက်အောင်၊
နှာရည်တွေကျရင်
သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့
နိုင်စရာလေးတွေပေါ့။ခုချိန်မှာ ဒါလေးတွေက
အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ အတွက်
စိတ်မကောင်းဖြစ်ရတယ်။*

*ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ဆက်ပြောရမဲ့
စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား! *

*သား...သားမှတ်မိအုံးမလား။သားငယ်ငယ်က အခေါက် ၁၀၀ လောက်
အဆိုလေ့ကျင့်ခဲ့ရတဲ့
ကလေးသီချင်းလေးတပုဒ်ကိုလေ။အဲဒီသီချင်းလေးတပုဒ်ကို အမေ
ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊တစ်နေ့
တစ်မျိုး
မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့
အမေရဲ့တက်သလောက်မှတ်သလောက်
ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။ *

*သား....... ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက
ဘဝလေးလို့ဖြစ်နေပါပြီ။သား..... အခုဆိုရင်
အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။ အစားစားတဲ့
အခါလဲ
အကျီတွေ ညစ်ပတ်ကုန်တယ်၊ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။
*

*သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ခုချိန်မှာ
အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။သား
နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။ *

*သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။သားရဲ့နွေးထွေးတဲ့ လက်ကို
ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ
ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။*

* သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။မိဘဆိုတာ ဘာနဲ့မှ
မလဲနိုင်တဲ့
အရာတခုပါ။မိဘထက် အရေးကြီးတာ မရှိပါဘူး။ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ
အစားထိုးလို့ရတဲ့ အရာတွေပါ။မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို
ဘယ်တော့မှလဲ
ပြန်မရနိုင်မဲ့ အရာပါ။ မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့်
အတူတူ မိဘ
တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့
မမေ့လျှော့ပါနဲ့လို့ပြောကြားချင်ပါတယ်။*

* ဘာသာပြန်(moon)*

uthavara 12-1-1984