Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, April 20, 2013

မြန်မာလူငယ်တွေ ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေကြပါသလဲ ။

မြန်မာလူငယ်တွေ ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေကြပါသလဲ ။ .....?????? ပျော်လို့လား ။မြန်မာပြည်ကကွ ဆိုပြီး ရင်ကော့ ခေါင်းမော့ လို့ အမောက်ထောင်ပြချင်ကြလို့လား ။တက်မြေက်ကျွမ်းကျင်ထားတဲ့ ပညာရပ်တွေကို ပြည်ပမှာ ကြွားဝါ ပြသချင်လို့များလား ။ကျနော် ရဲ့ဝေ့နေတဲ့ မေးခွန်းရဲ့ အဖြေကို သိနှင့် နေကြမှာပါ ။အကြောင်းအရာများစွာရှိသည့်အနက် အခြေခံကျသည့်အများစုမှာ အလုပ်လက်မဲ့ ၁၀၉/၁၁၀ ဘ၀မှ ရုန်းထွက်လိုမှု ၊ အလုပ်ရှိသော်လည်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေလို့မရတဲ့ ၀င်ငွေအဆင့်အတန်း နိမ့်ကျဆုတ်ယုတ်နေမှ၊ု လစာနည်းပါးသည့် လုပ်ငန်းဌာန များတွင် အလုပ်ဟု ဆိုသော်လည်း တာဝန်ကျေပွန်စွာ မှန်မှန်ကန်ကန် လုပ်ဆောင်နေရရုံ သက်သက် မဟုတ်ပဲ ငွေမည်း(သို့)လုပ်ပိုင်ခွင့်ရရာနေရာ၌လုယက်တိုက်ခိုက်နေရာလုခြင်းများမှ လွတ်မြေက်ရုန်းထွက်လိုမှု ၊စသည့် ရှိရှိသမျှ ဒုက္ခ၊ဆင်းရဲခြင်းအပေါင်းက လွတ်မြောက်ရုန်းထွက်လိုတဲ့ ဆန္ဒများနှင့် ပြည်ပနိုင်ငံများသို့ ကြုံရာ ရရာ အလုပ်လုပ်ကြရင်း မိသားစု စားဝတ်နေရေး (သို့)ဘ၀တစ်ခု ထူထောင်လွတ်မြောက်ရေးအတွက် ရုန်းကန်ကြိုးစားရပါတယ် ။ဘာသာစကားနဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ လူနေမှု အကျင့်စရိုက်တွေ မတူကွဲပြားတဲ့ ရေခြားမြေခြား တိုင်းတပါးမှာ နှစ်နဲ့ချီ အနေကြာလာမှ အသားကျမဲ့ အခြေအနေမှာ စိတ်ဖိစီးမှု မျိုးစုံကို ခါးစီးကြိတ်ခံရင်း အဆင်ပြေဆုံးဖြစ်အောင် ကြိုးစားရုန်းကန်နေကြပါတယ်။ဘ၀မျိုးစုံ ၊ အခြေအနေမျိုးစုံက ကိုယ့်အကြောင်းနဲ့ ကိုယ် ရုန်းကန်နေကြရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာ ၊ လုပ်ခလစာနဲ့ အဆင်မပြေနိုင်တာ ဘာလို့လဲ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ။
တရားခံက ရှင်းရှင်းလေးပါ ။ဒီပြဿနာတွေ ကြီးထွားလာစေတာ ပြေလည်အောင်ဘယ်လိုဖြေရှင်းမှု မှမရှိပဲ ၊တိုင်းပြည်အပေါ်စေတနာတရားထားပြီး အမှန်အတိုင်းဖြေရှင်းမှု မရှိပဲ ကိုယ်ကျိုးကြည့် ဖိနှိပ်ရက်စက်စွာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါ် ပြည်သူ့အာဏာလုတဲ့ အစိုးရကြောင့်ပါ ။

Saturday, March 16, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း သီတဂူဆရာတော်

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း
သီတဂူဆရာတော်
----------------------------
လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။
နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။
အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။
အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။
ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။
အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။
ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။
နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate
ကိုဖွင့်ပေးသူ အောင်ဆန်းသမီး
နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။
အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို နည်းယူ
အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။
အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။
ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။
ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။
အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။
သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။

Credit by
သီတဂူစကား
http://www.sitagustar2020.net/2013/03/blog-post_16.html
---------------------------------------------------------------------------
ကို ထက် and 2 other people shared Wai Yan De Mo's photo.

Wednesday, March 6, 2013

လူငယ်နှင့် ဒီမိုကရေစီ နား၊ မျက်စိနဲ့ ပါးစပ်တွေကို ဖွင့်ကြရမယ့်ခေတ်ကိုရောက်ပြီဆိုတဲ့ မင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

အခုလက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားကို အကောင်းမြင်တဲ့သူတွေ ကလည်း “ဟာ ကောင်းလာပြီ၊ အများကြီးပြောင်းလဲလာပြီ”လို့ပြောတယ်။ အဆိုးမြင်တဲ့သူတွေကလည်း “တကယ့်တကယ် ပြောပလောက်အောင် ဘာမှရသေးတာ မဟုတ်ဘူး”ဆိုပြီးပြောတယ်။ အစ်ကို့အမြင်ကို သိပါရစေ။
ကျွန်တော် ဒီစကားကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက် က ပြောပြီးသားပါ။ ကျွန်တော် ထောင်ကထွက်လာလာချင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတဲ့ကိစ္စကို တစ် ၀က်ကြီးများတောင်လို့ ပြောစေချင်တဲ့သူကလည်း အတင်းပြောခိုင်းပါတယ်။ ဒီလောက်ကောင်းနေတာလို့ ပြောပါတယ်။ တချို့တွေကတော့ အဲလိုမဟုတ်ဘူး။ တစ်ဝက်တည်းရှိတာ၊ နည်းတယ်လို့ပြောလိုက်လို့ တိုက်တွန်းတာလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ အကောင်းမြင်၊ အဆိုးမြင်တွေမဖြစ်အောင်လို့ အမြဲဂရုစိုက်တယ်။ ပကတိ အတိုင်းပဲမြင်တယ်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိသည်ပဲမြင်တယ်။ ဒါပေမဲ့ ကျွန်တော်ဆက်ပြောရမှာက ကျွန်တော်တို့က ငါးလိုသတ္တ၀ါတွေ၊ ကျွန်တော်တို့အတွက်က ရေများဖို့တော့လိုတယ်။ ငါးဟာ ရေမှာအသက် ရှင်ကြရတာ၊ ကူးခပ်ကြရတာ။ အဲဒီတော့ ဒါဟာ ကျွန်တော်တို့အတွက် တစ်ဝက်ကိစ္စမဟုတ်ဘူး။ အသက်ကိစ္စ။ အဲဒီတော့ ရေကို ကျွန်တော် တို့ရသင့်တဲ့အထိ အပြည့်အ၀ရအောင်တော့ ကျွန်တော်တို့ အားထုတ်ရလိမ့် မယ်။ အဲဒီတော့ အဆိုးအကောင်းကိုပြောလို့ရှိရင် တိုင်းတာတဲ့ပေတံက အမျိုးမျိုးရှိတယ်။ ဒီကနေ့ ရောက်နေတဲ့အနေအထားကိုက ကျွန်တော်တို့ သူများပေးသနားလို့ ရောက်နေတာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ရုန်းကန်ပြီးတော့ မီဒီယာသမားက မီဒီယာသမားတာဝန်ကျေလို့၊ ပြည်သူ က ပြည်သူ့တာဝန်ကျေလို့၊ ရဟန်းက ရဟန်းတာဝန်ကျေလို့၊ တက်ကြွ လှုပ်ရှားတဲ့သူတွေကလည်း ကိုယ့်အလုပ်ကို တာဝန်ကျေကျေလုပ်လို့ ဒီအနေအထားရောက်လာတာ။ ငြင်းပယ်လို့မရတဲ့အရွေ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က နောက်ထပ်နောက်ထပ်ကိုလည်း သူများက ဘယ်လောက်ပေးရင်တော့ ငါတို့ဘယ်လောက်ရမယ်ဆိုတဲ့ အတွေးမျိုး ထက်စာရင် ရောက်တဲ့နေရာကနေ ထပ်ပြီးတော့ ရှေ့ကိုတိုးအောင်၊ တိုး တဲ့အခါမှာလည်း ခြေလှမ်းသွက်အောင်၊ ကျွန်တော်တို့လုပ်ကြရမှာ။ အား လုံးလက်တွဲကြရမှာပါ။
ကိုထွန်းဝေ စာမျက်နှာကူးယူဖော်ပြပါသည်။https://www.facebook.com/tun.wai.10

Monday, March 4, 2013

သံဃာတော်များသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်


သံဃာတော်များသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်
-------------------------------------------------------------
ဘုရားဂုဏ် ၉၊ တရားဂုဏ် ၆၊ သံဃာ့ဂုဏ် ၉။ ဒါကို ကြည့်ပြီးတော့ သံဃာတော်များက “၉၆၉”ဆိုပြီး သင်္ကေတပြုထားခြင်း ဖြစ်ပေသည်။ ဒါကြောင့် ဒီသင်္ကေတကို တန်ဖိုးထားတတ်ဖို့ လိုပါသည်။
မြန်မာ့တိုင်းရင်းသားမှန်သမျှ “၉၆၉” စိတ်ဓာတ်ရှိကြစမ်းပါ။ ဘယ်လူမျိုး ဘယ်ဘာသာဝင်မျှ ကြောက်စရာ မလိုပါဘူး။ သို့သော် တစ်ဦးကောင်း တစ်ယောက်နဲ့တော့ မရနိုင်ပါ။ အားလုံး ညီညွတ်ရပေမည်။
သံဃာတော်များသည် ပါတီကိစ္စကိုလည်း ရှေ့တန်းမတင်။ အုပ်ချုပ်မှုကိစ္စကိုလည်း ဦးစားမပေး။ အမျိုးသားရေးစိတ်ဓာတ်သက်သက်ဖြင့် နိုင်ငံရေး လုပ်နေကြခြင်းဖြစ်သည်။ အာဏာရဖို့လည်း မဟုတ်ပါ။ ရာထူးလိုချင်လို့ မဟုတ်ပါ။
ဘုရားသားတော်ပီပီ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ပါ။
တစ်ကြောင်းတည်းသော ရည်ရွယ်ချက်မှာ . . .

နိုင်ငံနှင့် သာသနာကို သစ္စာရှိရှိ စောင့်ရှောက်ကာကွယ်သွားမည်သာ ဖြစ်သည်”။
နိုင်ငံနှင့် သာသနာကို မျက်ကွယ်ပြုရင်တော့ မည်သည့်စနစ်၊ မည်သည့်လမ်းစဉ်၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ လက်ခံမည် မဟုတ်ပါ။ ဒီအချက်ကို အုပ်ချုပ်ရေးအကြီးအကဲများ၊ ပါတီခေါင်းဆောင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်များ၊
နိုင်ငံရေးသမားများ ကောင်းကောင်းကြီး သတိပြုကြပါကုန်။
သံဃာတော်အရှင်မြတ်များ၏ ပုံစံကွက်သည် “နိုင်ငံနှင့် သာသနာ၊ မြန်မာနှင့် ရွှေတိဂုံ” သာ ဖြစ်ပေသည်။ ဆိုရှယ်လစ်ဖြစ်စေ၊ ကွန်မြူနစ်ဖြစ်စေ၊ ဒီမိုကရေစီဖြစ်စေ၊ ထိုပုံစံကွက်နှင့် ကွက်တိဖြစ်ရပေမည်။ ထိုပုံစံကွက်နဲ့ လွဲချော်လျှင်တော့ နတ်ဆိုးနတ်မိစ္ဆာထဲ စာရင်းသွင်းပြီး ကမ္မ၀ါဖြင့် နှင်ထုတ်သွားမည်ဖြစ်ပေသည်။

Sunday, March 3, 2013

ကျွန်တော် ဖတ်ခဲ့ဖူးသော စာပေဆိုတာဟာ


ကျွန်တော်ဖတ်ခဲ့ဖူးသော စာပေဆိုတာဟာ
လူတွေရဲစရိုက်တွေကို မကောင်းတဲ့ စရိုက်ကနေ ကောင်းတဲ့စရိုက်အဖြစ် တဖြေးဖြေးနဲ့ အသိဥာဏ်ကနေတဆင့် ကုစားပေးခြင်းလို့ ယူဆမိပါတယ် ။
ပုံစံအမျိုးမျိုး ရေးသားတင်ပြထားတဲ့ စကားလုံးတွေကို မျက်စိဖြင့်မြင်ပြီး စိတ်အသိဖြင့်နားလည်ခြင်းဟာ စာဖတ်ခြင်းပါလို့ လွယ်လွယ်ပြောချင်မိပါတယ် ။
စာပေဖတ်ရှုရာမှာ ကောင်းကျိုးအတွက် ရေးသားတဲ့ စာဟာ ကောင်းကျိုးအတွက်ပဲ ဖြစ်စေပြီး မကောင်းတဲ့ဘက်ကို ဦးတည်ရေးတဲ့စာပေဟာလည်း မကောင်းကျိုးကိုပေးမှာ သေချာပါပဲ ။ သို့သော် ကောင်းကျိုးဖြစ်ခြင်း မဖြစ်ခြင်းဟာ ရွေးချယ်သူ ပေါ်မှာပဲ မူတည်ပါတယ်
ဧရာနဒီ

Thursday, January 12, 2012

စက်တင်ဘာထာဝရ၏ ၂၈နှစ်မြောက်မွှေးနေ့ အမှတ်တရ အလှူ

အနာဂတ်၏ရွှေရောင်လက်များ Golden Hands of Future GHFလူငယ်လေးများ အဖွဲ့သို့ ငွေသုံးသိန်း မတည်းလှူဒါန်းခဲ့ပါတယ်။သေဖို့တစ်ရက်နည်းလာတာနဲ့အမျှဘ၀ကိုအကောင်းဆုံးဖြစ်အောင် နေထိုင်သွားဖို့
ဆုံးဖြတ်ထားပါတယ်။

လူငယ်တစ်ယောက်ဟာ အသက်တစ်နှစ်ကြီးလာရင် ဘ၀၏တစ်ဝက်ကိုရောက်ပြီးတော့ လူငယ်တစ်ယောက် မဟုတ်တော့ဘူး ။ လူကြီးဖြစ်ပြီဆိုတာ”အသေချာဖြစ်သွားပြီးပေါ့နော်။

သည်လိုပြောတဲ့ စကားတွေ ၊ စာတွေကို ကြားဖူး ဖတ်ဖူးခဲ့တာကြာပြီ ။ ဒါပေမယ့် ဦးဇင်းအတွက်တော့ မွေးနေ့ဆိုတာ သတ်မှတ်ချက်  သင်္ကေတ တစ်ခု သာဖြစ်နေဆဲ ။ နောက်ကြောင်းပြန် ဆင်ခြင်တွေးတော မိတဲ့နေ့တစ်နေ့ မျှသာပေါ့ ။ သည်လိုနဲ့ ဘ၀ရဲ့ မှတ်တိုင်တော်တော်လေးကို ခပ်မြန်မြန်ကျော်ဖြတ် ခဲ့မိပြီ ။ ခုတော့ မှတ်တိုင် ၂၈ တိုင်မြောက်ကိုဖြစ်ကျော်ရပြီ ။ လူကြီးဘ၀ရဲ့ တာလွှတ်မှတ်တိုင် အစပေါ့ ။ သည်မွေးနေ့ မှာလည်း သာမန်ထူးမခြားနားပါဘဲ ။ အသက်တစ်နှစ်ကြီးသွားသော်လည်း ကာယ ၊ ဥာဏ စိတ္တ၊သုခ အားဖြင့် သိသိသာသာကြီး ကြီးထွားရင့်ကျက်သွားစေဖို့ မဖြစ်နိုင် ။ ရင့်ကျက်တည်ငြိမ်နိုင်အောင်တော့ ကြိုးစားရမည် ။ 

ဦးဇင်းမွှေးနေ့ အမှတ်တရ ဆုတောင်းပေးကြတဲ့ ဖေစစ့်ဘုတ်၊အီမလေ်၊စာတိုက်တို့မှာ ပို့စကဒ်တွေပို့ပေးကြတဲ့ မိတ်ဆွေများအာလုံးကို ကျေးဇူးအထူးတင်ပါတယ်။ စက်တင်ဘာထာဝရ

Friday, January 1, 2010

ရွှေဝါရောင်တော်လှန်းရေးခေါင်းဆောင်ဦးနေမိန္ဒ (ပြန်ကြားရေးဆရာတော်) ၂၀၁၀ နှစ်သစ်ဆုတောင်း


သံဃာတော်အရှင်သူမြတ်များ၊ကျောင်းသား.ကျောင်းသူ.၊အလုပ်သမား၊တောင်သူလယ်သမား၊ပြည်သူ.ပြည်သားများအားလုးံနှစ်သစ်မှာလိုအင်ဆန္ဒမှန်သမျှ
အားလုးံ်ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
သံဃာတော်အရှင်သူမြတ်များနှစ်တကွ.ပြည်သူပြည်သားများကိုယ်.ဖမ်းစီး၊နှိပ်စက်.၊အကျဉ်းချ၊ချုပ်နှောင်နေကြသောစစ်ဘီးလူးစစ်မိစ္ဆာများအားလုးံနှစ်သစ်မှာ
“ဇနေတိသဒိသံပါကံ“ဆိုသည့်အတိုင်းအသင်စစ်ခွေးတို့အားလုးံသည်အသင်တို့ပြုမူသည့်ကံအတိုင်းအ၀ီစိငရဲသို့နှစ်သစ်၂၀၁၀“မှာစစ်မိစ္ဆာတို့ရဲ့ခေါင်းဆောင်
တဇောက်ကန်းသန်းရွှေ့ကိုယ်ဆွဲပြီသွားကြပေးအုးံလော့....ဘုရားတရားသံဃာ.၏အမိန့်။

Wednesday, December 30, 2009

နှစ်သစ်ဆုတောင်း

နှစ်သစ်ဆုတောင်း
မြန်မာ ပြည်သူများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား နှစ်သစ် မင်္ဂလာမှာ သာယာဝပြောသော တိုင်းပြည်နှင့် ကမ္ဘာသူကမ္ဘာသားများဖြစ်ကြပါစေ့လို့ ဆုမွန်ကောင်းတောင်းရင်း နူတ်ခွန်းဆက်သအပ်ပါသည်။
နှစ်သစ် မင်္ဂလာမှာ လွန်ခဲ့ပြီးတဲ့ အမှား အမှန်တွေ ဘေးဖယ်ထားပြီး ရှေ့ဆက်ကြိုးစားဖို့ ပဲလိုပါတယ်။ နိုင်ငံနဲ့ သာသနာ တွဲသွားနိုင်မှ သားစဉ်မြေးဆက်အတွက် နိုင်ငံနဲ့ သာသနာ ကောင်းမွန်စွာ အမွှေအနှစ် ထားရစ်လို့သူတိုင်း ၂၀၀၇ခုနှစ်က ဆရာဒကာ ညီညွတ်ခဲ့သည့်အတိုင်း စုပေါင်းဆောင်ရွက်ကြဖို့ နှစ်သစ်မှာဆုတောင်းရင်း တိုက်တွန်းနိုးဆော်
လိုက်ရပါသည်။
အရှင်ထာဝရ

Wednesday, December 23, 2009

နှစ်ကျပ်ခွဲ ဇာတ်လမ်း


သက်ဝေ
ဟိုတလောက သူငယ်ချင်း တီတီဆွိ က ပြား၂၀ မဆွိတီ ဆိုပြီး ပိုစ့်တခုတင်ထားခဲ့ပြီး ဒီတခါကျတော့ ကိုယ်က နှစ်ကျပ်ခွဲ ဇာတ်လမ်းဆိုလို့ ဒီသူငယ်ချင်းနှစ်ယောက် ငွေရေး ကြေးရေးတွေ အတော်ပြော... ဘာတွေများ ဖြစ်နေကြပါလိမ့်လို့ မတွေးကြနဲ့လေ.. နော်…။

နှစ်ကျပ်ခွဲ ဇာတ်လမ်း ဆိုတာက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်တရာမှ ရိုး အ တဲ့ လူတယောက်ရှိတယ်တဲ့…။ သူက ရွာထဲမှာ ဟိုဟိုဒီဒီ ကြုံရာ ကျပမ်း အလုပ်လေးတွေ လုပ်ပြီး ရသမျှ ပိုက်ဆံလေးတွေကို ကြိုးစားပမ်းစား စုဆောင်းလေသတဲ့…။ ဒီလိုနဲ့ တနေ့မှာတော့ သူ့လက်ထဲ ပိုက်ဆံ နှစ်ကျပ်ခွဲ ရှိလာပါလေရောတဲ့…။ ဒီအခါမှာ သူ စုဆောင်းထားတဲ့ အဲဒီ ပိုက်ဆံလေး နှစ်ကျပ်ခွဲကို ဘယ်မှာမှ ထားစရာမရှိအောင် ဖြစ်နေတယ်တဲ့…။ သူက အလုပ်တွေ တပင်တပန်းလုပ်ပြီး စုဆောင်းထားရလေတော့ သူ ဒီပိုက်ဆံလေးကို အလွန် တန်ဖိုးထားတာပေါ့လေ…။ (ဟိုခေတ်တုန်းက နှစ်ကျပ်ခွဲက တော်တော်လဲ တန်ဖိုးရှိပေတာကိုး…။)

ပြီးတော့ သူ့စိတ်ထဲမှာ သူတယောက်ထဲမှာသာလျှင် အဲဒီလောက် များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်နေတာ တဲ့။ ဒီတော့ သူက သူ့ပိုက်ဆံ နှစ်ကျပ်ခွဲကို တနေ့ တနေရာ ပြောင်းပြီး လျှို့ဝှက်စွာ သိမ်းဆည်းလိုက်၊ လူခြေတိတ်တဲ့ အချိန်မျိုးတွေမှာ ထုတ်ပြီး ရေတွက်ကြည့်လိုက်နဲ့ တနေ့တနေ့ အရူးတယောက်လိုပဲ ဖြစ်နေတာ တဲ့လေ…။

ဒီလိုနဲ့ တနေ့ကျတော့ သူတို့ ရွာမှာ ဘုရားပွဲတခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ဖြစ်လာသတဲ့။ ဒီအခါမှာ ရွာသူ ရွာသားတွေဟာ အလှုအတန်းမှာ ပါဝင်ဖို့ အတွက် သူတို့မှာ ရှိတဲ့၊ သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေကို ရွာဦး ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးဆီမှာ လာပြီး လှုကြ တန်းကြတယ်တဲ့…။ ဒီတော့ ခုနက နှစ်ကျပ်ခွဲ ပိုင်ရှင်က သူ့တယောက်ထဲမှာသာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်ထားရာက အခုကျတော့ လူတိုင်းက သူတို့မှာ ရှိနေတဲ့ နှစ်ကျပ်ခွဲမကတဲ့ ပိုက်ဆံတွေကို လာလှုနေကြတာတွေ့တော့ အခုလို ရေရွတ်သတဲ့…။

"အော်… လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာချည်းပါပဲလား…” တဲ့။
အမှန်ကတော့ ဒါဟာ ပုံပြင်လဲမဟုတ်… ဘာမဟုတ် ညာမဟုတ် စကားလေး တခွန်းအကြောင်းပါ။ ဒါပေမယ့် အဲဒီ စကားလေးဟာ ဘာလို့များ ကိုယ့်အတွက် နှစ်ကျပ်ခွဲ ဇာတ်လမ်းရယ်လို့ ဖြစ်နေတာလဲ ဆိုတာ ဆက်ပြောပြပါ့မယ်။

အခုတလော ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ရာသီမှာ နေရာတိုင်းမှာ လူတွေ ပျားပန်းခတ် သွားလာ လည်ပတ် လှုပ်ရှားနေကြတာတွေ တွေ့မိကြမှာပေါ့နော်...။ နေရာတွေတိုင်းမှာလဲ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အလှအပတွေ၊ မီးလုံး မီးဆိုင်းတွေ၊ ရွှေရောင် ငွေရောင်တွေ တလက်လက်တောက်ပနေတဲ့ ခရစ်စမတ် သစ်ပင်တွေ အများကြီး တွေ့မိကြမယ် ထင်ပါတယ်…။ အဲဒီလိုနေရာတွေမှာ လူအများစုဟာ ဒီအတိုင်း လျှောက်ကြည့်နေရုံတင်မက မီးရောင်တွေ တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေ ရိုက်နေကြတာကိုလဲ သေချာပေါက် မြင်တွေ့ကြရမှာပါ…။

ပြဿနာက အဲဒီမှာ စတယ်…။
လမ်းတလျှောက် ဓါတ်ပုံရိုက်နေတဲ့သူတွေ တော်တော်များများ (တော်တော်များများ) ရဲ့ လက်ထဲမှာ တွေ့ကြရမှာက ဟိုးမနှစ် တနှစ်လောက်ကလို ဒစ်ဂျစ်တယ် ကင်မရာ ခပ်သေးသေး ခပ်ပါးပါးတွေ မဟုတ်ကြတော့တာကိုပါ။ သူတို့တွေ ရိုက်နေကြတဲ့
ကင်မရာတွေက Nikon တို့ Canon တို့ က ထုတ်တဲ့ DSLR ဆိုတဲ့ Lens အကြီးကြီးတွေနဲ့ အမည်းရောင် အကြီးစား ကင်မရာတွေပါပဲ…။ သုံးချောင်းထောက် စင်တွေရော… ကြီးမား ရှည်လျားလှတဲ့ Lens တွေကိုရော တလေးတလံ ထမ်းပိုးပြီး ဓါတ်ပုံရိုက်နေကြတဲ့ သူတွေကို တွေ့ရတော့ ကိုယ်လဲ အဲဒီလို ကင်မရာ အကြီးကြီး တခုလောက် လိုချင်စိတ် ဖြစ်လာမိပါတယ်…။

ဒီကိစ္စ ချစ်သူကို ပြောပြတော့ သူက ဘာတွေကို ရိုက်မှာမို့လို့ ဒီလိုမျိုး ကင်မရာ လိုချင်ရတာလဲ လို့ မေးပါတယ်…။ ကိုယ်ကလဲ (ဝယ်ပေးချင်စဖွယ် ဖြစ်အောင်) တွေ့ရာ မြင်ရာ အကုန်ရိုက်မှာပေါ့… လို့ ဖြေမိပါတယ်။ ဒါတင်မက အခုရှိနေတဲ့ ရိုးရိုးကင်မရာတွေက ညဖက်များမှာ ရိုက်ရင် ပုံကောင်းကောင်း မရကြောင်း၊ ဒီလို ကင်မရာ အကြီးကြီးတွေကမှ ပုံကောင်းကောင်းရနိုင်တာ ဖြစ်ကြောင်း၊ လူတော်တော်များများမှာ အဲလို ကင်မရာ အကြီးစားတွေ ကိုယ်စီ ရှိနေကြပြီဖြစ်ကြောင်း စတာတွေနဲ့အတူ တနေ့က ရောက်ခဲ့တဲ့ အောချတ်လမ်းမကြီးပေါ်မှာ ဓါတ်ပုံရိုက်နေကြတဲ့သူတွေကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။

ပြီးတော့ ဟိုတနေ့က ရောက်ခဲ့တဲ့ စာပေဟောပြောပွဲမှာလဲ နာမည်ကြီး ဘလော့ဂ်ဂါတွေဟာ အဲဒီလို ကင်မရာ အကြီးကြီးတွေ အသီးသီး ကိုင်ဆောင်ပြီး သကာလ စာရေးဆရာ ဆရာမများကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံတွေ ရိုက်နေကြကြောင်းကိုပါ ရှည်ရှည်လျားလျား ဖြည့်စွက် ပြောဆိုမိပါသေးတယ်။

ပြီးတော့ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ကျောင်းက အင်ဂျင်နီယာ သူငယ်ချင်းတွေ တော်တော်များများမှာ အဲလို ကင်မရာတွေ ကိုယ်စီ ကိုယ်ငှ ရှိနေကြပြီ ဖြစ်ကြောင်းကိုလဲ (အမြင်ကပ်စဖွယ် ကောင်းစွာ) ပြောမိပါသေးတယ်။ ပြောလို့ မနိုင် နိုင်တာနဲ့ ကိုင်ပေါက်တဲ့ သဘောပါ။ (အင်ဂျင်နီယာ မဟုတ်သူများ စိတ်မရှိကြပါနဲ့နော်..)

အခု လက်ရှိ အနေအထားမှာ သူ နဲနဲတော့ တွေဝေစပြုနေပါပြီ…။
ဒီကြားထဲ ကိုယ့်အတွက် စစ်ကူတယောက်လဲ ရှိနေပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ ချစ်လှစွာသော ဖေဖေပါ။ သူ့ကိုလဲ ကိုယ့်အတွက် စစ်ကူအဖြစ် တတပ်တအား ပါဝင် ကူညီဖို့ ပြောထားပါတယ်။ ကိုယ် ပြောတဲ့စကားကလဲ တော်တော်လေးကို ချစ်စရာ ကူညီချင်စရာ ကောင်းပါတယ်။ အဲဒါကတော့ “သူ မဝယ်ပေးရင် ဖေဖေ ဝယ်ပေးရမှာနော်…” လို့ပါ။

ချစ်ရတဲ့ မေမေကလဲ သူတတ်နိုင်သလောက် တဖက်တလမ်းကနေ ကိုယ့်ကို အားပေး ကူညီပါသေးတယ်။ တီဗွီမှာ Canon EOS ကြော်ငြာလာတိုင်း သမီးရေ… ဒီမှာ.. ဒီမှာ... လာနေပြီ... လို့ ခေါ် ခေါ်ပြီး အသိပေးခြင်း နည်းနဲ့ပါ။

အရေးထဲ သူငယ်ချင်းတယောက်က အဲဒီကင်မရာရဲ့ တန်ဖိုးက ပိုက်ဆံအိတ် တလုံးစာလောက် ရှိတယ်နော် စဉ်းစားအုံး... လို့ ပြောလာလို့ ကိုယ့်ခေါင်းထဲက သချာင်္တွက်စက်တွေ နဲနဲတော့ အလုပ်များသွားပါသေးတယ်။ ဒါပေမယ့်လဲ ပိုက်ဆံအိတ်က ဖေဖေါ်ဝါရီလ IC Show လာရင် မျှော်လင့်နိုင်သေးတာမို့ အခု ၂၀၁၀ နှစ်သစ်ကူးအတွက်တော့ ဒီ ကင်မရာကိုသာ…

နောက်ဆုံးမှာတော့ ကိုယ် အဲဒီ အကြီးစား ကင်မရာကို အလွန်လိုချင်ကြောင်း သူတို့တွေ အားလုံး အခါမလပ် သတိရနေစေဖို့ အချိန်လုံး မိုးလင်း မိုးချုပ် တတွတ်တွတ်နဲ့ သတိပေး ရေရွတ်နေမိတဲ့ စကားကတော့…

“လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိနေကြပြီနော်…” လို့ပါ..။

ခုထိတော့ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားနေဆဲပါ။
အဲ… မကြာခင် အချိန်တွေမှာ ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ကိုယ်တို့ စင်္ကာပူကျွန်းပိစိမှာ ရှိနေတဲ့ ရှိစုမဲ့စု တောင်ပုံတွေ၊ တိမ်ပုံတွေ၊ ကမ်းစပ်က ရေလှိုင်းပုံတွေ၊ ရှုမျှော်ခင်းပုံတွေ ဝေဝေဆာဆာ တွေ့လာရပြီ ဆိုရင်တော့ ကိုယ့်လက်ထဲ အဲဒီ နှစ်ကျပ်ခွဲကြီး ရောက်နေပြီလို့သာ မှတ်ယူကြပါတော့…။