မေးခွန်းတစ်ခုလောက် မေးပါရစေ။
သင်လူသား . .
သင် . . . အသက်ရှင်သန်နေခြင်းသည် ဘယ်အတွက်ပါလိမ့်။
သင့်အတွက်လား၊ သင့်ရပ်ရွာအတွက်လား?
မေးခွန်းတစ်ခုလောက် မေးပါရစေ။
သင် . . . အသက်ရှင်သန်နေခြင်းသည် ဘယ်အတွက်ပါလိမ့်။
သင့်အတွက်လား၊ သင့်ရပ်ရွာအတွက်လား?
(သို့မဟုတ်) သင့်အတွက်လား၊ သင့်လူမျိုးအတွက်လား?
(သို့မဟုတ်) သင့်အတွက်လား၊ သင့်နိုင်ငံအတွက်လား?
(သို့မဟုတ်) သင့်အတွက်လား၊ သင့်ဘာသာအတွက်လား?
(သို့မဟုတ်) သင့်အတွက်လား၊ သင့်သာသနာအတွက်လား?
အကယ်၍ သင်သည် သင့်အတွက်သာမဟုတ်ဘဲ သင့်ရပ်ရွာအတွက် (သို့မဟုတ်) သင့် လူမျိုး အတွက် (သို့မဟုတ်) သင့် နိုင်ငံအတွက် (သို့မဟုတ်) သင့် ဘာသာအတွက် (သို့မဟုတ်) သင့် သာသနာအတွက် အသက်ရှင်သန်နေသည်ဆိုလျှင် သင်မှီခိုနေသည့် ဤကမ္ဘာမြေကြီးက ``ငါသည် လူ့အဖိုးတန်တစ်ယောက်ကို မွေးထုတ်ရကျိုးနပ်ပြီ´´ဟု လက်ခမောင်းခတ်၍ ကြွေးကြော်နေပါလိမ့် မည်။
ထို့ကြောင့် ရှေးဆရာတော်ကြီးများက ဤကဲ့သို့ မိန့်မြွက်တော်မူခဲ့ကြပါသည်။ ``သစ်ပင် ကြီးတို့မည်သည် မလဲမချင်း အရိပ်ဖြင့် အေးမြစေကုန်၏။ နံ့သာတုံးတို့မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေကုန်၏။ သူတော်ကောင်းတို့မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင် ရွက်ကြကုန်၏´´။
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
Sunday, August 23, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment