Sunday, August 23, 2009
ဂျပန်နိုင်ငံ တိုကျိုမြို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ အခမ်းအနား ဓာတ်ပုံ မှတ်တမ်း။..။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယနေ့ ကျင်းပ ပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်နိုင်ငံသားများ စုစုပေါင်း အင်အား ၅၀၀ ကျော်ခန့် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မည်သည့်ပြစ်မှုမှ ကျူးလွန်ခြင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ် အာဏာပိုင်တို့က မတရား အမှုဆင်ဖမ်းကာ ရာဇဝတ်သားအဖြစ် ပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတကာ ဂျပန်ပြည်သူများနှင့် နိုင်ငံတကာပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။
ချီတက်ဆန္ဒပြပွဲကို နေ့လည် ၂း၃၀ ၌် Ebisu ပန်းခြံမှ စတင်ကျင်းပပါသည်။ နိုင်ငံတော်အလံအား အလေးပြုချင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲ အတွင်းကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်းများ ပြုလုပ်ပြီး နေ့လည် ၃နာရီ၌ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြရာ လမ်းတလျှောက်ရှိ ဂျပန်ပြည်သူများနှင့် နိုင်ငံခြားသားများအား ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သတ်သည့် လက်ကမ်းကြော်ငြာများအား ဝေငှခဲ့ပြီး ညနေ၅နာရီခန့်၌ ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး Sendagaya ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။...။
သတင်း၊ ဓာတ်ပုံ။...။ဒီမိုဝေယံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment