Monday, August 31, 2009

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်ဒေသ ယာယီဦးစီး ကော်မတီ၏ ကြေညာချက်


ရက်စွဲ၊ ၃ဝ-၈ ၂ဝဝ၉
၂၀၀၉ခုနှစ်၊ သြဂုတ်လ(၃၁) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁) မှ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်

၁။ ၂ဝဝ၉ ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်နယ်မြေ၌ တရားမဝင် လက်နက်/ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ် သိမ်းပိုက် ရရှိခဲ့ပါသည်။ ဤကိစ္စအပေါ် တာဝန်ရှိသူများ ဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီ တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဥပဒေအရ တရားစွဲဆို၍ ကိုယ်တိုင်လာရောက် ဖြေရှင်းကြရန် ဆင့်ခေါ်ခဲ့ရာ အထူးဒေသ(၁) ခေါင်းဆောင်များ အတွင်းတွင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါ သည်။

၂။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဖြေရှင်းရေးကို ဆောင်ရွက်လိုခြင်း မရှိသော တာဝန်ရှိသူများ ဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီ တို့သည် အထူးဒေသ(၁) ကိုးကန့်ဒေသမှ ရှောင်တိမ်း ထွက်ခွာသွားခဲ့ပါသည်။

၃။ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်များမှာ အထက်ပါ (၄)ဦးတို့နှင့်သာ ပတ်သက်ပြီး ၎င်းတို့နှင့် မပတ်သက်သူများ အနေဖြင့် ကိုးကန့်ဒေသ ယာယီဦးစီး ကော်မတီသို့ လာရောက် ပူးပေါင်းနိုင်ပါသည်။

၎။ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့အနေဖြင့်လည်း မိမိတို့တစ်ဦးချင်း ပုဂ္ဂလိက အကျိုးအတွက် လည်းကောင်း၊ ဒေသအကျိုး/ ပြည်သူလူထု အကျိုးအတွက် လည်းကောင်း ဖြစ်ပျက်ခဲ့သော ကိစ္စ အရပ်ရပ်နှင့် ပတ်သက်၍ တရားဥပဒေအရ ရင်ဆိုင် ဖြေရှင်းခွင့်ရှိရာ ထိုအခွင့်အရေးကို ရယူဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။

၂၀၀၉ခုနှစ်၊ သြဂုတ်လ(၃၁) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁) မှ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁)

ကိုးကန့် ဒေသ ယာယီဦးစီးကော်မတီ

No comments:

Post a Comment