Saturday, August 22, 2009

ရွှေတိဂုံဘုရား အင်္ဂါနံဒေါင့် ဆုတောင်းသူ ၁၄ ဦး အဖမ်းဆီးခံရသည့် စာရင်း လက်ခံရရှိ








ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းဝတ်ပြုကြသူများကို စစ်အာဏာပိုင်တို့က နှောက်ယှက်နေသည့် သတင်းများထွက်ပေါ်နေချိန်အတွင်း ယမန်နေ့က လက်ခံရရှိသော ပေးစာတခုတွင် ရွှေတိဂုံဘုရားအင်္ဂါနံဒေါင့်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၄ ဦး ၏ စာရင်းကို ယမန့်နေ့ နေ့စွဲဖြင့် လက်ခံရရှိသည်။
၎င်းတို့ကို ပန်းဝါစစ်ကြောရေးစခန်း အဆောင် ၄ တွင် မနက် ၈ နာရီက ည ၈ နာရီအထိ စစ်ဆေးခဲ့သည်ဟု ရေးသားထားပြီး၊ အမည်စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ဦးတိုးအောင်

ဦးသိန်းအောင်

ဦးတိုးကြည်

ဦးမျိုးချစ်

ဦးအေး

ကိုဆန်းဝင်းထွဋ်

ဒေါ်နော်အုံးလှ

ဒေါ်ရှမ်းမ

ဒေါ်ချို

ဒေါ်ခင်ဝင်းကြည်

ဒေါ်စန်းစန်းမြင့်

ဒေါ်ခင်သက်လှိုင် (ကိုထွေးသိန်း ဇနီး)

မောင်နန်းမိုးဝင်း၊ ၄ တန်း ကျောင်းသား၊ (ကိုထွေးသိန်း၊ ဒေါ်ခင်သက်လှိုင် သား)

မောင်ထက်ဝေလျှံကျော်၊ ၂ တန်း ကျောင်းသား (ကိုထွေးသိန်း၊ ဒေါ်ခင်သက်လှိုင် သား)

ထိုစာရင်းနှင့် ပေးစာကို ယခုလက်ရှိတွင် သီးခြားအတည်ပြုချက် မရရှိသေးသော်လည်း၊ ဘုရားဝတ်ပြုဆုတောင်းသူများ ဖမ်းဆီးခံရလေ့ရှိသည့် မြန်မာစစ်အာဏာပိုင်များလက်အောက်က အခြေအနေတရပ်အဖြစ် စာရင်းတခုကို မှတ်သားစရာ တင်ပြလိုက်ပါသည်။

No comments:

Post a Comment