Sunday, August 23, 2009

၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ်ပါသည်။






မည်သည့်အချစ်တွင်မဆို စွမ်းအားတစ်ခု ရှိသည်ကို လူတိုင်းလက်ခံပေလိမ့်မည်။ထိုစွမ်းအား၏ လှုံ့ဆော်မှုကြောင့်သာ မည်သို့မည်ပုံလုပ်ဆောင်ရမည့် အကြောင်းအရာ ဆက်တိုက်ဖြစ်ပေါ် လာစမြဲ ဖြစ်သည်။

ငယ်စဉ်ကလေးဘ၀မှ စ၍ လူငယ်ဘ၀ ၊ လူကြီးဘ၀ ၊ သေဆုံး သည့်တိုင် မိမိတို့ ပြုမူလုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက၊ ထိုအချက် သိသာထင်ရှားစွာ မြင်နိုင်ပါသည်။ မိဘ နေရာသို့ ရောက်လျင်ပို၍ပင်သိသာသည်ကို မည်သူမှ မငြင်းနိုင်ပေ။ ၅၂၈ အချစ်သော် လည်းကောင်း၊ ၁၅၀၀ အချစ်သော် လည်းကောင်း၊ ကရုဏာ အချစ်သော် လည်းကောင်း၊ တိုင်းပြည် နှင့် ပြည်သူလူထူကို ချစ်သော် အချစ်သည် လည်းကောင်း၊ စသည့် မည်သည့် အချစ် တွင်မဆို၊ ထိုအချစ်၏ စေ့ဆော်မူ့ကြောင့် အက်ရှင် ဆိုသော် လုပ်ဆောင်မူ့ တစ်ခုကပ်ပါလာစမြဲပင် ဖြစ်သည်။စိတ်ထဲမှာပဲထားသောအချစ်၊ပါးစပ်ကပဲပြောနေသောအချစ်ကား အချစ်စစ် မဖြစ်နိုင်ပေ။

“Love is an action,not just a mind state,” “It is not enough to just sit there and send
Thoughts of loving-kindness. One must put that love into action”
(Pg 12. AUNG SAN SUU KYI ‘THE VOICE OF HOPE’)

မည်သည့်အချစ်တွင်မဆို အက်ရှင်ပါသည်ကို ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ်လေသည်။

အကြောင်းအမျိုးကြောင့် မိဘဖြစ်စေ၊ သားသမီးဖြစ်စေ၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ သူငယ်ချင်းများ အဝေးတစ်နေရာ ရောက်လျင့်ကား၊ မိမိတို့၏ အချစ်ကိုပြရာတွင်
မိမိတို့တတ်နိုင်သော ဆေးဝါး၊ အသုံးအဆောင်၊ငွေကြေး စသည့်ကဲ့ သို့သော အရာဝတ္ထု များကို ပို့ခြင်းဖြင့် ပြသကြသည်။ထိုအရာအားလုံးမှာ အက်ရှင်ပါသော အချစ်ဆိုသည်ကို မည်သူမှ မငြင်းနိုင်ပေ။

ပြည်ပတွင် ရောက်နေသော လူတော်တော်များများမှ ဤကဲ့သို့သော အသံများကို အများဆုံးကြားရ
ပါသည်။ ‘ငါတို့လည်း ကိုယ့်မြန်မာနိုင်ငံကို အရမ်းချစ်ပါတယ်….ဘာမှ မှမတတ်နိုင်တာပဲ…ဒဲ့’
ကိုယ့်မြန်မာနိုင်ငံကို ချစ်သော အဝေးရောက် ပြည်သူများ၊ အမျိုးကိုချစ်သောမြန်မာများ ကျွန်ုပ်တို့၏ ခေါင်းဆောင် အမေစု၏ အချစ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သေချာ နားလည်ပြီး
အက်ရှင်ပါသော အချစ်ဖြင့်…….တကယ်ချစ်နိုင်ကြပါစေ။

တိမ်တိုက်
၂၃-၈-၂၀၀၉


အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment