သျှင်ထွီးခိုင်(အလွတ်သတင်းထောက်) ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်
သြဂုတ်လ ၂၃ ရက်နေ့က ပိုစတာ များကို ဖြန့်ဝေပြီး ဒေါ်စု လွှတ်မြှောက်ရေး
လှုပ်ရှားမှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ လှုပ်ရှားမှုကို တောင်ကုတ်မြို့ရှိ ကံပိုင် ရပ်ကွက်၊ ချောင်းကောက်
ရပ်ကွက် ၊ ဂူတာ ရပ်ကွက်၊ သိမ်တောင်ရပ်ကွက် အပါအဝင် အထက်တန်းကျောင်းနှင့်
ကိုင်းရှည်တံတားများတွင် ပိုစတာများကို ဖြန့်ဝေ၍ ပြုလုပ်ခဲ့ကြခြင်း
ဖြစ်သည်။
မြို့ခံ တဦးက “ပိုစတာတွေမှာ ဒေါ်စု အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား
ခြွှင်းချက်မရှိ ပြန်လွှတ်ပေး ဆိုတဲ့ စာတန်းရယ်၊ ပီးတော့ ဒေါ်စု
ဓါတ်ပုံရယ်၊ နောက် ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲပြီး ဖေါ်ပြထားတဲ့
ရုပ်ပုံ တွေကို လမ်းတွေမှာ ဖြန့်ကျက် ချထားသလို တချို့နေအိမ်တွေရဲ့
ခြံဝင်းတွေထဲမှာလည်း ပိုစတာတွေကို ဖြန့်ကျက် ချထားတာကို တွေ့ရပါတယ်” ဟု
ပြောသည်။
အဆိုပါ ပိုစတာများကို တောင်ကုတ် ရဲတပ်ဖွဲ့ဝင်များက နံနက်လင်းအာရုံတွင်
လိုက်လံ သိမ်းဆည်းပြီး ရဲစခန်းသို့ ယူဆောင်သွားကြသကဲ့သို့ လူငယ်
တချို့မှလည်း ကြည့်ရှု့ရန်နှင့် တခြား မိတ်ဆွေ သူငယ်ချင်းများကို ပြသရန်
ယူဆောင်သွားကြသည်ဟု သူက ပြောသည်။
အဆိုပါ ပိုစတာများကို ဖြန့်ဝေ ပြီးနောက် ဒေသ အာဏာပိုင်များက စာရွက်
ဖြန့်သူများကို အပူတပြင်း လိုက်လံ ရှာဖွေ နေသည်ဟု သိရသည်။
တောင်ကုတ်မြို့တွင် ပိုစတာ ဖြန့်ဝေ လှုပ်ရှားမှု အပြင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အဖြူရောင် လှုပ်ရှားမှုကိုလည်း ဒေသခံ
လူငယ်များက စတင် လုပ်ကိုင် လျှက်ရှိကြောင်း သတင်းရရှိသည်။
Monday, August 24, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment