Wednesday, August 26, 2009

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေလေးဦး အယူခံကိစ္စ တွေ့ခွင့်ရမည်။.....။


မနက်ဖြန် အယူခံကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့ခင်းပိုင်းလောက်မှာ တွေ့ခွင့်ရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" မနက်ဖြန် အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်လောက်မှာ အန်ကယ်တို့ ရှေ့နေလေးဦးနဲ့ အယူခံမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် တွေ့ခွင့်ရပါမယ်။ မနက်ဖြန်တွေ့ပြီးရင် အယူခံပေါ်မှာ ပါဝင်တဲ့ ဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး သောကြာနေ့ ဒါမှမဟုတ် နောက်အပတ်လောက်မှာ အယူခံကိုတင်ဖြစ်ပါမယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီမိုဝေယံ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ရောက်ရှိချိန်မှ စပြီး ယခုအကြိမ်ဟာ ရှေ့နေများ နဲ့ ဒုတိယမြောက် တွေခွင့်ရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက်ထဲမှလည်း မရှင်းလင်းတဲ့ အချက်အလက်များပါဝင်နေပြီး ယခင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့လည်း ဆေးစစ်ဆေးခွင့်မရရှိပဲ တခြားဆရာဝန်နှင့် သာကြည့်ရှုစစ်ဆေးခွင့် ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက် ကတော့။

၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။

၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။

၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။

၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။

၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။

၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။

၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။

၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့်ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။

No comments:

Post a Comment