Thursday, August 20, 2009

ရန်ကုန်မှ စစ်အာဏာရှင် မိစ္ဆာများက သံဃာတော်များကို အသင်းခွဲနေ့ပြီး


စစ်အုပ်စုရဲ့လုပ်ရက်ကို ပြည်နယ်နှင့်တိုင်းအသီးအသီးက သံဃာတော်များက အမထောက်ခံကြောင်းပါဘုရား ဒါကြောင့် ပြည်တွင်ပြည်ပ ဆရာတော်သံဃာတော်များကို လျှောက်ထားပါတယ် စစ်အုပ်စု ပြုတ်ကျရေးအတွက် အားလုံးကို တိုက်တွန်းပေးပါရန်။
သံဃာတော်ဦးဆောင်တဲ့ စက်တင်ဘာ ရွှေဝါရောင်အရေးအခင်နှစ်ပတ်လည်ကာလ နီးလာတာနဲအမျှ ရန်ကုန်ြမို့တဝိုက်မှာ သံဃာ့လှုပ်ရားးမှုတွေတပြန် ဖြစ်မလာနိုင်အောင် ထိန်းချုပ်ဖို့ ရည်ရယ်ပြီး ဘုန်းကြီးစွမ်းအားရင်အဖွဲ့တွေကို ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ် မှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
သာသနာသန့်ရှင်းရေး ထိန်းသိမ်းရေးအဖွဲ့လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲံတွေကို သံဃာအများစုကတော့ ဘုန်းကြီးစွမ်းအားရှင်အဖွဲ့တွေလို့သတ်မှတ်ကြတဲ့အကြောင်း ရန်ကုန် သံဃာတော် အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီအဖွဲ့တွေကို မြို့နယ်အလိုက် သံဃာ့ မဟာနာယကအဖွဲ့တွေကနေ ပြီးခဲ့တဲ့ မေလကစတင်ပြီး ဖွဲ့စည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ သံဃာ့လှုပ်ရှားးမှုတွေပေါ်လာရင် ဘုန်းကြီးတွေကိုကြိုတင်တားဆီးဖို့နဲ့အထက်အဆင့်ဆင့်ကို အကြောင်းကြားဖို့စတဲ့အခုလက်ရှိအရပ်သားစွမ်းအားရှင်အဖွဲ့တွေလိုအသုံးပြုဖို့ဖြစ်တဲ့အကြောင်း ရန်ကုန်ြမို့မှာ သီတင်းသုံးတဲ့ ကျောင်းထိုင် ဆရာတော်တပါးက မိန့်ပါတယ်။
ကျောင်းတိုက်တွေကနေပြီးတော့ ဆယ့်ပါးလောက်ကို ဘယ်သူက ဥက္ကဌ ဘယ်သူက အတွင်းရေးမှုးး ဆိုပြီး ကြောင်းကြားသိရပါတယ်။ သံဃာထဲက ဆယ့်လေးငါးးပါးလောက် တယ်ကြားရပါတယ် နောက်ပြီး မယက အဖွဲ့ထဲက ပါတယ်။ ရဲတပ်ဖွဲ့ထဲကပါတယ်။ လ၀ကထဲက ပါတယ်။ ရပ်ကွက်တိုင်း ရယက ဥက္ကနဲ့ ရာအိမ်မှးမျာစးသည်လည်း သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မျာဲးပါတယ်။ အဲဒီတော့ အဲဒီအဖွဲ့အစည်းက အင်အားတောင့် သွားပြီ၊ သို့သော် သံဃာအများစုက သဘောမတူ့ကြဘူး။ နာမည်ကတော့ သာသနာ ထိန်းသိမ်း စောင့်ရောက်ရေးအဖွဲ့၊ အသုံးချတော့ ဘုန်းကြီးစွမ်းအားရှင်လို့ အသုံးချတယ်။”
ဆက်ပြီးတော့လည်း ဆရာတော်က အခုလောလောဆယ် ရန်ကုန်က ဘုန်းကြီးကျောင်းတွေရဲ့ အဝင်အထွက်တွေနဲ့ ပတ်ဝန်းကျင်လမ်းထိပ်တွေမှာ နယ်ထိန်းရဲ့ ၊ ရယက၊ စွမ်းအားရှင် စတာတွေနဲ့အမြဲစောင့်ကြည့်နေပြီး သံဃာတော်တွေဘယ်ကို့ကတယ်၊ ဘယ်က ပြန်လာတယ်စသဖြင့် မေးမန်း စုံစမ်းတာတွေလုပ်နေတယ်လို့မိန့်ပါတယ်။
တခြားကျောာင်းတိုက်တခုက ဆရာတော်တပါးကတော့ သူတို့ကျောင်းပတ်ဝန်းကျင်မှာ စစ်ဆင်ရေးတခုလို့ လုပ်တော့မဲ့ပုံစံတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်လာတာကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ မိန့်ပါတယ်။
အော်ပရေးရှင်းတခုအတွက်လိုရည်ရယ်ပြီးအဆင်သင့်ပြင်ထားတာတွေတော့သိရတယ်ဒါကာ
ကြီး။ ဘုန်းကြီးကျောင်းဆိုတာ သာသနာ့နယ်မြေလို့ပြောလို့ရတာပေါ့။ သာသနာ့နယ်မြေကို သာသနာ့ဝန်ထမ်း ရဟန်းတွေကသာ်၊ လာတယ်၊ ဝင်တယ်၊ ထွက်တယ်ဆိုတာ ဘာမျာား ဆိုးဆိုးဝါးဝါးးရှိလို့လဲ။ ဦးဇင်းတို့အနေနဲ့ စိတ်အကြောင့်အယှက် ဖြစ်တာတော့ အမြန်ပဲ။ ကတုံးနဲ့သင်္ကန်းနဲ့ဆို တာသူတိုမှာ ရန်သူကြီးလိုပဲ သူတို့မှာမြင်ပုံ ရတယ် ဦးဇင်းတို့မှာ အဲလိုပဲ ခံစားရတယ်။”
ရန်ကုန်က ဆရာတော်တွေမိန့်ကြားခဲ့တာပါ။ အဲဒါတွေအပြင် ဘုန်းကြီးကျောင်းမှာ တွေ မှ အကြောင်းကြောင့် လာရှောက်တဲ့ ဒကာဒကာမတွေကိုလည်း ဘယ်ကလည်း ဘာအတွက် လာရတာလည်းစသဖြင့် လိုက်ပြီး မေးမြန်းနေတာကြောင့် စိတ်အနှောက်ယှက်ဖြစ်ရပါတယ် အဲဒါပြင် ဒါနလုပ်ကြတာတွေကို အဟန့်အတား လုပ်နေသလို ဖြစ်နေတယ်လို့ မိန့်ကြားကြပါတယ်။
ပေးပို့သူအရှင်ထေရ၀ံသ

No comments:

Post a Comment