Sunday, August 23, 2009

လှည်းကူးအရက်ချက်စက်ရုံမီး ၃ ဦးသေ ၆ ဦးဒဏ်ရာရ

လှည်းကူးမြို့က အရက်ချက်စက်ရုံမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်
အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး တယောက် ပျောက်ဆုံးနေတယ်လို့ လှည်းကူး
ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။ ဒီအရက်ချက်စက်ရုံဟာ မြို့အပြင်မှာ
ရှိတယ်ဆိုပေမယ့် လူနေ အိမ်ခြေတွေကြားမှာ ဆောက်ထားတာလို့ ဆိုပါတယ်။
အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။
မနေ့က စနေနေ့မှာဖြစ်ပွားခဲ့တဲ့ ဒီမီးကြောင့် အနည်းဆုံး လူ ၃ ယောက်သေ၊
တယောက် ပျောက်ဆုံးနေပြီး ၆ ယောက် ဒဏ်ရာခဲ့တယ်တယ်ဆိုတာကို
လှည်းကူးရဲစခန်းက ဗွီအိုအေကို အတည်ပြု ပြေကြားခဲ့ပါတယ်။
“လူတယောက်ချင်းတော့ရမယ်။ အသေအပျောက်ကတော့ ၃ယောက်သေပြီး ၁ယောက်
ပျောက်နေပါတယ်။ ဒဏ်ရာရတဲ့သူက ၆ယောက် ရှိပါတယ်။ စက်ရုံ တခုလုံးနည်းပါး
လောင်သွားတယ်။စက်ရုံနာမည်က Grand Royal လို့ ခေါ်ပါတယ်။ ”
လှည်းကူးရဲစခန်းက တာဝန်ကျ အရာရှိတဦးက ပြောပြသွားတာပါ။
အခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့အရက်ချက်စက်ရုံဟာ Grand Royal Whisky
စက်ရုံဖြစ်ပြီး စက်ရုံဟာ လူနေရပ်ကွက်ထဲမှာ ဆောက်ထားတာလို့
လှည်းကူးမြို့ခံတဦးကလည်း အခုလို အတည်ပြု ပြောဆိုပါတယ်။
“ဟုတ်ပါတယ်။ Grand Royal။ အခုထက်ထိတော့ ရှုတ်နေတာပဲ။ လူသေတာတော့
ကြားတယ်။ လှည်းကူး မြို့ထဲမှာပဲ။ ရပ်ကွက်ထဲမှာ။ ”
မနေ့က လှည်းကူးမြို့ Grand Royal Whisky စက်ရုံမှာ
မီးလောင်မှုဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ပြောပြခဲ့တာပါ။
ဂျာမနီနိုင်ငံအခြေစိုက် DPA သတင်းဌာနကတော့
ဒီအရက်ချက်စက်ရုံမီးလောင်မှုကြောင့် အနည်းဆုံး လူ ငါးယောက်သေဆုံးပြီး
ရှစ်ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment