Thursday, September 3, 2009

ဒေါ်စုအမှုအယူခံ မနက်ဖြန် တိုင်းတရားရုံးမှ လက်ခံမခံ လျှောက်လဲချက်ပေးရမည်။...။


နေအိမ်အကျယ်ချုပ်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁နှစ်ခွဲချမှတ်ခြင်း ခံရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ယနေ့မနက် ၁၀နာရီမှာ တိုင်းတရား၌ အယူခံတင်သွင်းခဲ့ပြီး မနက်ဖြန် သောကြာနေ့ မနက် ၁၀နာရီမှာ လက်ခံရေး၊ လက်မခံရေးအတွက် လျှောက်လဲချက် ပေးရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။



" ဒီနေ့မနက် ၁၀နာရီမှာ ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ သွားတင်ပါတယ်။ တမှုက ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ဖြစ်ပြီးတော့ နောက်တမှုက အတူနေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် အယူခံဖြစ်ပါတယ်။ နေ့လည် ၂နာရီလောက်မှာ တိုင်းတရားရုံးက အကြောင်းပြန်လာပါတယ်။ မနက်ဖြန် သောကြာနေ့ မနက် ၁၀နာရီမှာ လက်ခံရေး၊ လက်မခံရေးအတွက် လျှောက်လဲချက်လာပေးပါတဲ့။ လုပ်ထုံးလုပ်နည်းအတိုင်း တဆင့်ပြီး တဆင့်သွားရပါမယ်။ လက်ခံတယ်ဆိုရင်တော့ ၂ဘက်လျှောက်လဲချက် ထပ်ပေးရမှာဖြစ်ပါတယ်။ လက်မခံရင်တော့ ဗဟိုတရားရုံးမှာ ပြင်ဆင်မှုတင်ရပါမယ် "ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အဓိက တရားခံ ဂျွန်ယက်တောကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်စီရင်ချက် ချမှတ်ခဲ့ပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာဂျင်မ်ဝက်ဘ် ရောက်ရှိချိန်၌ ပြန်လည် လွှတ်ပေးခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ယခုလိုနေအိမ် အကျယ်ချုပ်ချခံရတာဟာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘဲ အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

သတင်း...ဒီမိုဝေယံ

No comments:

Post a Comment