ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ၏ သင်္ကေတ ဖြစ်သည်”
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဘဝမှ လွတ်မြောက်ရေးအတွက် ကျယ်ကျယ်ပြန့် ပြန့် စည်းရုံး လှုံ့ဆော်မည့် အစီအစဉ်ကို လေဒီရှရီရမ် ကောလိပ်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် ကောလိပ် ခန်းမတွင် ကျင်းပမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ လွန် အစောပိုင်းနှစ်များတွင် လေဒီ ရှရီရမ် ကောလိပ် ၏ ကျောင်းသူဟောင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ၏ သင်္ကေတ ဖြစ်သည် ဟူသော ခေါင်းစဉ်ဖြင့် -
၁။ Mr. Mani Shankar Aiyar
၂။ Mr. Ravi Nair
၃။ Ms. Jaya Jaitly တို့မှ ဦးဆောင် ဆွေးနွေးမည်ဖြစ်ပြီး၊
4 ။ Ms. Sagarika Ghose မှ သဘာပတိ အဖြစ် ဦးဆောင်သွားမည်ဖြစ်သည်။
ယင်းတို့အပြင် မြန်မာနိုင်ငံအမျိုးသမီးများမှတစ်ဦး နှင့် ရွှေဝါရောင် တော်လှန်ရေးတွင် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သော သံဃာတော် တပါးတို့မှလည်း ၎င်းတို့၏ အတွေ့ အကြုံများကို ပြောပြမည်ဖြစ်သည်။
ယင်းတို့နောက် “ Burma VJ ” အမည်ရှိ ရုပ်ရှင်ကိုလည်း ပြသမည် ဖြစ်သည်။
အချိန် ၊၊ ၊၊ နေ့လည် ၁၁ နာရီ မှ ၁နာရီ ၄၅ မိနစ်အထိ
နေ့ ရက် ။ ။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ 
နေရာ ။ ။ Auditorium, Lady Sri Ram College, Lajpat Nagar-IV, New Delhi -110024
အောက်မှာပေါ်ချင်တာဒီမှာရေး
Thursday, September 10, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment