Monday, September 7, 2009

“ပြည်သူ့ ဘုန်းဘုန်း၊ ဒို့ ဘုန်းဘုန်း” ပြည်သံ့ဃာ့တို့ သံဃာ


အစိုးရခြောက်တိုင်း မကြောက်တဲ့ အထဲမှာ ဆရာတော်တွေဟာ ရှေ့ ဆုံးက ပါခဲ့ပါတယ်။ နအဖ စစ်အစိုးရ မပြောနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ရှိနေတဲ့ အချိန်ကတောင် ဗန်းမော် ဆရာတော်ဆိုတာ ဘုရင်ကို ထီမထင်တဲ့နေရာမှာရှေ့ ဆုံးကပါ။ နောက် အင်္ဂလိပ် ခေတ် ရောက်ပြန်တော့ ဦးဝိစာရတို့၊ အရှင် ဦးဥတ္တမတို့ ဆိုတာလည်း သမိုင်းမှာ သတ္တိပြောင်ခဲ့ကြတာ မြန်မာ ပြည်သားတိုင်း သိပါ သည်။ ဒီလိုဆရာတော်မျိုးတွေနဲ့ ကျနော်တို့ ခေတ်မှလည်း ကျနော်ဆုံခဲ့ဖူးပါသည်။

ကျွန်တော် ၁၉၉၀ စက်တင်ဘာလတွင် နိုင်ငံရေးအမှုဖြင့် စတင်အဖမ်းခံရသည်။ ကိုသက်မှူး နှင့် ဦးအုန်းသန်း တို့ အမှုတွဲ ဖြစ်ပါ သည်။ ထောက်လှမ်း ရေးတွင် စစ်ကြောရေး ကာလ(၄) လခန့်ကြာပြီးနောက် ၁၉၉၁ ဖေဖော် ၀ါရီ လ ၁ -ရက်နေ့တွင် အင်းစိန် ထောင်သို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရကာ အပို့ ခံရခြင်း ဖြစ်လေသည်။
အင်းစိန်ထောင်ရောက်သည်နှင့် (၅) တိုက် ၂ ခန်းတွင် ထားလေသည်။ ကျွန်တော်နေသည့် ၅-တိုက်နှင့် ကပ်လျှက် ၆- တိုက်တွင် ဆရာတော် ၂-ပါး ရှိသည်။ထိုစဉ်က သင်္ကန်းဝတ်ဖြင့် နေခွင့်ပေးထားသည်။တပါးမှာ ဒေါပုံ ရဲစခန်း အား ဒီမိုကရေစီ တိုက်ပွဲဝင်တို့ ရှစ်လေးလုံး အရေးတော်ပုံ ကာလ အတွင်း စီးနင်းတိုက်ခိုက်ရာ တွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် နှစ် ၂၀ အချခံထားရသည်ဟု သိရသည်။ နောက်တပါးမှာ မင်္ဂလာဒုံမြို့ နယ် ရေကြည် အိုင် ထောက်လှမ်းရေး တပ်အနားမှ ရွာဦးကျောင်း ဆရာတော် ဖြစ်ပါ သည်။ ဆရာတော်သည် အရေး အခင်းကာ လတွင်၎င်း၊ ရွေးကောက်ပွဲ ကာလတွင် ၄င်း၊ ကျောင်းသား လူငယ်များအား လက်ခံ ကာ နိုင်ငံရေး လုပ်ခွင့်ပေး ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် မင်္ဂလာဒုံ မြို့ နယ်သို့လာစဉ် ကျောင်းသားလူငယ် များ နှင့်အတူ အား ပေးကူညီခြင်း၊ ဓါတ်ပုံ အတူရိုက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရကာ အပြစ်ပေး ခံရသည်ဟု သိရ သည်။ ဆရာတော် (၂)ပါးနှင့်အတူ ၄ ကြိမ်ခန့် ထောင်ဝင်စာ အတူ တွဲ၍ ထွက်ခွင့်ရခဲ့ပါသည်။ ဆရာတော်များအား ကူညီလျှင် ထပ်မံ အမှုတွဲ ခံရမည်ကို စိုးရိမ် ၍ ဆွေးမျိုးသားချင်းတို့ မှ လွဲကာ အခြား ဒါယိကာများ ထောင်ဝင် စာ လာမတွေ့ ရဲကြပါ။ထောင်က လည်း ဆွေးမျိုးသားချင်း ၊ သန်းခေါင်စာရင်း ပြနိုင်မှ တွေ့ ခွင့် ပေးသည့် ဥပဒေ ထုတ်ထားသဖြင့် ဆရာတော်များမှာ ထောင်ဝင် စာ အလွန်မများလှ။ ထောင်ဝင်စာ များများလာသော နိုင်ငံရေး ထောင်ကျ အချင်းချင်းက ခွဲဝေကာ လှူ ဒါန်းကြရလည်း မြင်ရ သည်။
ကျွန်တော် ၅ တိုက်တွင် နေပြီး ရှစ်လခန့် အကြာ ၅-တိုက်မှ အဆောင် ၅ သို့ အပြောင်းခံရသဖြင့် ဆရာတော် ၂ ပါးနှင့် ဆုံခွင့် မရတော့။ ထောင်ကျဆောင်ကို့ ရောက်သောအခါ သင်္ကန်း ၀တ်ဖြင့် နေခွင့် မရတော့သော ဆရာတော်များ နှင့် ထပ်မံ ဆုံ ရပြန် ပါသည်။ ၄င်း ဆရာတော်များမှာ ပုဇွန်တောင် ရွှေဘုန်းပွင့် ကျောင်းမှ ဆရာတော်များ၊ ညောင်ကုန်း ကျောင်းတိုက်မှ ဆရာ တော် များ။ ရန်ကင်းကျောက်ကုန်း ကျောင်းတိုက်မှ ဆရာ တော်များ၊ ဦးပဉ္စင်းများ၊ ကမ္ဘာအေးရှိ တိပိဋက ဆရာတော် ဦးသုမင်္ဂလ ကျောင်းတိုက်မှ စာချ ဆရာတော် များ၊ အလုံ-သစ်တောလမ်းရှိ အောင်မင်္ဂလာ ကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတ (ရွှေဝါရောင်တော် လှန် ရေး တွင်ပါဝင်ခဲ့ပြီး ယခု အမေရိကန်တွင်ရောက်ရှိသည်)နှင့် အတူ နေခွင့် ရပါ သည်။


သင်္ကန်းကျွန်းရွှေ သိမ်ကျောင်းမှ ဦးဇင်းပုရစ်(ထောင်တွင်းတွင် ကျောင်းသားလူငယ်များမှ ချစ်စနိုးအမည် ၊လူနာမည် စန်းအောင်၊ ဦးပြည်ကျော်၊ ဦးဇင်း မုတ်ဆိတ် (ယခု ရွှေဝါရောင်တော်လှန်ရေးတွင် အဖမ်းခံရပြီး လက်ရှိ ထောင်ကျ ခံနေရဆဲ) ဆရာတော်များ နှင့်လည်း ၅-ဆောင်တွင် ဆုံခွင့်နေခွင့်ရသည်။
ကျွန်တော် စိတ်မကောင်း ဖြစ်ရသည်မှာ ကိုရင် ၃ ပါး ပါ ထောင်အချခံရခြင်း ဖြစ်သည်။ တပါးမှာ ၁၆ နှစ် ခန့်ဖြစ်ပြီး ရန်းကင်း ကျောက်ကုန်း-မေဒိနီ ကျောင်းတိုက်မှ ဖြစ်ပြီး ၂ ပါးမှာ ညောင်ကုန်း ကျောင်းတိုက်မှ အသက် ၁၂ အရွယ်ရှိ ကိုရင် ထွန်းထွန်းဝင်း နှင့် အသက် ၁၃ နှစ်ခန့် အရွယ်ရှိ ကိုရင် ခေါင်းပြား တို့ ဖြစ်ပါသည်။ထိုစဉ် စုစုပေါင်း အပါး ၃၀ ကျော်ခန့် ထောင်ကျ ၅ဆောင်တွင် ရှိပါသည်။ အခြားသော ၃ ဆောင်၊၄ ဆောင်၊အထူးဆောင် နှင့် တိုက်ကျ ဆောင်များတွင် ရဟန်းတော်များ ရှိပါသည်။
ဖြစ်ရပုံမှာ အရေးအခင်း နှင့် ဆက်တိုက်ဆိုသလို ၅ ထပ်ကြီး ဘုရားတွင် ဆရာတော်များ ကံဆောင် သပိတ် မှောက်ကြစဉ် ကိုရင် လေးများက ဆရာ တော် နောက်မှာ ထီးကိုင်၊ ဖိနပ်ကိုင် ဆရာတော်တို့ ဝေယျာဝစ္စ အတွက် လိုက်ပါလာခဲ့သဖြင့် ထောင်အချခံ ရ ခြင်း ဖြစ်ပါသည်။



မန်မာနိုင်ငံတွင် လက်ရှိပြဌာန်းထားသော ဥပဒေအရ အသက် ၁၈ နှစ်အောက် ဖြစ်လျှင် ထောင်ကျဆောင် တွင် မထားရပါ။ လူငယ် စာရိတ္တပြုပြင်ရေး ကျောင်းသို့ ပို့ရမည်ဖြစ်ပါသည်။ ထိုစဉ်က ကိုရင်လေး များမှာ ကလေး သူငယ်များ ဖြစ်ပါလျှက် ထောင် ကျဆောင်တွင် ရာဇ၀တ်သား လူကြီးများနှင့် အတူ တန်းတူ နေရပြီး အထူးလျှော့ရက် မခံစားရဘဲ လွှတ်ပေးခြင်းခံရပါသည်။
အထူးလျှော့ရက် ပေးလွှတ်သည့် အစီအစဉ်မှာ နိုင်ငံတော်မှ ကိုယ်ချင်းစာ တရားအပြည့်ဖြင့် ဘာညာ ဆိုတာ တွေ အကြောင်းပြ ကာ စေတနာ ဗလပွ ဖြင့် လူကြားကောင်းမည့် စကားများပြောကာဝန်ခံ လက်မှတ် ရေးထိုး စေပြီးမှ လွှတ်ခြင်း ဖြစ်ပါသည်။ ၀န်ခံချက်တွင် ထောင်ပြင်ပတွင်ကောင်း မွန် စွာနေထိုင်ပါမည်။ အကယ်၍ နိုင်ငံေ၇း ပြစ်မှု ထပ်မံ ကျူးလွန်ခဲ့လျှင် လက်ရှိကျန်ရှိ သည့် အပြစ်ဒဏ်အပြင် နောင်အချခံရမည့် အမှုပါ ပူးတွဲ စံရ မည် ကို သိရှိပါကြောင်းဟု နှောင်ကြိုး ချည်ကာ လွှတ်ပေးခြင်း ဖြစ် ပါသည်။ယင်း သို့ လွှတ်သည်ကို မြန်မာ ပြည်သားတိုင်း စစ်အစိုးရ နအဖ ထုတ်သင်းစာ များတွင် တွေ့မြင် ဖတ်ရှု ခဲ့ကြဖူး ပါမည်။


ထောင်ထဲတွင် နေသည့် ကာလအတွင်း ဆရာတော်များအား အထူးကြည်ညိုလေးစားသည့်အချက်မှာ ဆရာ တော်များသည် ကတုံး ရိတ်များ ရိတ်ကြ ပြီး ထောင်မှပေးသည့် ထောင်ပုံစံဝတ်စုံခေါ် ထောင်ကျ အ၀တ်အစား အား တင်းပိုင် သင်္ကန်း ပုံစံ ၀တ် ဆင်ကြကာ နေ့လွဲ ညစာ ရှောင်ကျဉ် ကြခြင်း ပင်ဖြစ်ပါသည်။မကျန်းမာသော အချိန် ၌ပင် ညစာ ဖုန်းပေးရန် လျှောက်ထားသည် ကိုပင် လက်မခံကြဘဲ ၀ိနည်းတော်နှင့် အညီ နေထိုင်ကြကာ စစ်အာဏာရှင်ဖိနှိပ် မှုကို မမှုခဲ့ကြပါ။ဆရာတော်များ ထောင်မှ လွတ်သောအခါတွင် နအဖ စစ်အစိုးရက ကျောင်းတွင် အဖမ်း မခံရသော ဆရာ တော်များအား ခြိမ်းချောက် မှုများ လုပ်ထား သောကြောင့် အချို့  ဆရာတော်များ မူလ ကျောင်းများတွင် ပြန်လည် သီတင်းသုံးနေထိုင်ခွင့်မရကြပါ။ သင့်တင့်ရာ ကျောင်းများ သို့ ပြောင်းကာ သီတင်းသုံးနေထိုင် ကြသည်ကို တွေ့ ရပါသည်။

ကျွန်တော်၁၉၉၅-တွင် ထောင်မှ လွတ်ပြီးနောက် (နိုင်ငံရေး ရဲဘော် ထောင်ထွက်)ကိုလွင်ဇော် ၊မနီနီဝေတို့ ရွှေတိ၈ုံ ဘုရားရှိ သိမ်ကြီးဈေး ဓမ္မာရုံတော် ကြီးတွင် မ၈င်္လာ အခန်းအနားကျင်းပရာသို့ နိုင်ငံရေး ထောင် ထွက်များနှင့် အတူ ၅ ဆောင်တွင် အတူ နေခဲ့သော ဆရာတော်များအား မင်္ဂလာဦး တရား ချီးမြှင့်ရန် ကြွ ရောက်လာကြသည်ကို အထူးကြည်ညို ဖွယ် ပြန်တွေ့ ရ ပါသည်။ ထိုပွဲသို့ ဒေါ်အောင်ဆန်း စုကြည်လဲ လာရောက်ချီးမြှင့်အားပေး ပါသည်။


ကျွန်တော်တို့ နိုင်ငံရေး ထောင်ထွက်များ ဆရာတော်များ ရှိရာ ကျောင်းများသို့ လိုက်သွားပြီး ဂါရ၀ပြုကြ လျှင်လည်း ကြောက်ရွံ့ စိတ် အလျဉ်း မပြဘဲ နိုင်ငံရေး ဒီမိုနတီများကို ကြည်ရွှင်သော ၊ခွန်အားပြည့်သော အပြုံးများဖြင့် လက်ခံကြကာ တတ်နိုင်သမျှ ကျွေးမွေးပြီး အပြန်တွင် ငွေကြေးထောက်ပန့်မှု များ လည်း ရှိပါသည်။ထိုစဉ် ၁၉၉၄ ထောင်မှ လွတ်စဉ် ရွှေဝါရောင်တော်လှန်ရေး တွင် ခေါင်ေးဆာင်လှုပ်ရှားမှုကြောင့် ယခု အမေရိကန်တွင် ရောက်ရှိ လာသော ဆရာတော် အသျှင်ပညာဇောတမှ ကျွန်တော် အား -၁၀၀၀ ကျပ် စာအိပ်တွင်ပိတ်ပြီး “ခင်ဗျားတို့ လူတွေက လုပ်ငန်းဂွင်ပျက်နေ ၊ပျောက် နေ ကြတယ်။မငြင်းနဲ့။” ဆိုပြီး မိန့်ကာ ထောက်ပန့် ကူညီသည်ကို တသက် မမေ့နိုင်ပါ။ထိုစဉ်က ရန်ကုန်တွင် ဆီ တပိဿာသည် ၁၈၀ ကျပ်သာရှိ ပါ သည်။


ဆရာတော်များအား“အရှင်ဘုရား၊ တပည့်တော်တို့က လှူရမှာ ပြောင်းပြန် ဖြစ်နေပြီ၊ တပည့်တော်တို့က လှူ ရမှာပါဘုရား” ဆို တော့“ကျုပ်တို့က သာသနာတော်မှာ ဘာမှ မပြောင်းလဲဘူး၊လူတွေဟာ အလုပ်ပြုတ်ကြ။ အစိုးရ နောက်လိုက်တွေက အနှောက် အယှက်ပေးတာ များများခံနေရတာ၊ ကျုပ်တို့ စိတ်မကောင်းဖြစ်ပါတယ် ဒကာတော် ”လို့ ပြန် မိန့်လေ့ရှိကြပါတယ်။
“တပည့်တော်တို့လာလို့ ဆရာတော်တို့ အနှောက်အယှက် ဖြစ်နေရင် ပြောပါ မိန့် ပါဘုရား၊ အသွားအလာ ဆင်ခြင်ပါမယ် ဘုရား” လို့ လျှောက်တော့ “ ဒကာ ကျုပ်တို့က အစိုးရ လစာ စားနေတဲ့ သူတွေလည်း မဟုတ် ဘူး၊ ပြုတ်စရာ အလုပ်လဲ မရှိဘူး၊ ပြည်သူ့ လှူတာ စားပြီး ပြည်သူ့  အထောက်ပန့် နဲ့ သာသနာ အကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်နေတာ၊ ဘုန်းဘုန်းတို့ အတွက် စိုးရိမ် စရာ၊ ကြောက်လန့် စရာ မရှိပါဘူး၊ ဒကာ တော်တို့လည်း တိုင်းပြည်ကောင်းကျိုး အောင်မြင်တဲ့အထိ ဆက်လက်ဆောင်ရွက် နိုင် ကြပါစေ၊ ” လို့ မိန့် တာ ကို နားထဲမှာ အမြဲ စွဲ ကြားနေပါတယ်။


ဒီတော့ အရေးအခင်း ရှစ်လေးလုံး ကာလမှာ၊ ရွှေဝါရောင်တော်လှန်ရေးမှာ ဆရာတော်များ ပါဝင်မှုကို ပြည်သူတွေ မြင်ရတော့ လူထုက“ ပြည်သူ့ ဘုန်းဘုန်း၊ ဒို့ ဘုန်းဘုန်း”လို့ ထောက်ခံ ချီးကြူးသံဟာ မြန်မာ့ သမိုင်းမှာ စွဲမြဲ နေမယ်လို့ ယုံကြည်နေမိ ပါ တော့တယ်။

No comments:

Post a Comment