ပေးပို့လာသည့်အတိုင်း တစ်လုံးမကျန်ဖော်ပြသည်။ ခမိခဆဲ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရှင်နန္ဒာစရိယ၏ အတွေးအမြင် ( ၁၂.၁၁.၂၀၀၉ )
၁။ မြင့်မြတ်တဲ့ စိတ်ကို ထားတတ်မှ စစ်မှန်တဲ့ ဒီမိုကရေစီကြီးဖြစ်လာလိမ့်မယ် သူငယ်ချင်း
၂။ ပြင်ပ ဘာကြီးဖြစ်နေဖြစ်နေ ကိုယ်နိုင်ငံကို တိုးတက်အောင်လုပ်တတ်မယ်ဆိုရင် စိတ်ချမ်းသာမှုတွေ အများကြီးဖြစ်နေမှာပဲ သူငယ်ချင်း
၃။ ကိုယ်နိုင်ငံက ပစ္စည်းတစ်ခုကို တစ်ဖက်နိုင်ငံကို မကျူးလွန်ပဲ ထားတက်မယ်ဆိုရင် အားလုံးအတွက်
စိတ်ချမ်းသာမှုတွေ အများကြီး ဖြစ်လာမှာ အသေအချာပဲ သူငယ်ချင်း
၎။ ကိုယ်နိုင်ငံက မချမ်းသာတော့ တစ်ဖက်နိုင်ငံကို သွားပြီး ကျွန်အဖြစ်သွားနေရတယ် ဒါတွေအားလုံးက
ဘယ်သူကြောင့်လည်းဆိုရင် ကိုယ့်အပြစ်တွေပဲ သူငယ်ချင်း
၅။ ကိုယ်နိုင်ငံကို တစ်ဖက်နိုင်ငံက အမှတ်ဘယ်လောက်ပေးနေလဲဆိုရင် Zero ပေးနေကြတယ်၊ ဘာဖြစ်လို့
Zero ပေးနေကြသလဲဆိုရင် အုပ်ချုပ်တဲ့မင်းက မကောင်းလို့ပဲ သူငယ်ချင်း
၆။ ကမ္ဘာကြီးထဲမှာ နိုင်ငံကြီးတွေ ချမ်းသာတယ်ဆိုတာက အုပ်ချုပ်တဲ့မင်းတွေက မင်းကျင့်တရားနဲ့လဲညီတယ်
ပြဌာန်းတဲ့ဥပဒေနဲ့လဲ လိုက်လျောအညီ အုပ်ချုပ်တဲ့ မင်းတွေဖြစ်ကြတယ် သူငယ်ချင်း
၇။ တို့နိုင်ငံအုပ်ချုပ်တဲ့ မင်းတွေက အတ္တရဲ့အနက်အဓိပ္ပါယ်ကိုထုတ်၊ ထွတ်လာတဲ့ အနက် အဓိပ္ပါယ်ကို
ဥပဒေမူကျမ်းရေးဆွဲပြီး အုပ်ချုပ်တယ်ဆိုတော့ တို့တစ်တွေအားလုံး ဆင်းရဲဒုက္ခတွေ့ကြရတယ် သူငယ်ချင်း
၈။ တို့တစ်တွေ ဆင်းရဲဒုက္ခတွေ့တယ်ဆိုတာက တို့နိုင်ငံအုပ်ချုပ်တဲ့ မင်းတွေက ကျေးဇူးရှင်တွေကို
ကျေးစွတ်လိုက်တဲ့ အတွက်ကြောင့် တို့ပြည်သူနှင့်ရဟန်းသံဃာအားလုံးခံနေကြရတယ် သူငယ်ချင်း
၉။ တို့တစ်တွေအားလုံးက ကြည်ညိုလေးစားရတဲ့ ဘုရားအဆူဆူတိုင်း ထားခဲ့တဲ့
ရုပ်ပွားဆင်းတုတော်တွေကိုတောင်မှ အတ္တက ဆင်း သက်လာတဲ့ အနက်အဓိပ္ပါယ် ဥပဒေရေးစွဲပြီးတော့
ဖျက်ဆီးပစ်ကြတယ်လေ သူငယ်ချင်း
၁၀။ အဲဒီတော့ သူငယ်ချင်းအားလုံးနားထောင်ကြနော် ဘုရားခေါင်းကို ရိုက်ချိုးတဲ့အပြစ်တွေရယ်၊
သံဃာတော်တွေက ဒကာ ဒကာမများကို ချမ်းသာပါစေနှင့်သံသာရာဝဋ်ဆင်းရဲအပေါင်းမှ
လွတ်မြောက်ပါစေဆိုတဲ့မေတ္တာတရား ဟောဒါကို မဟောရဘူးဆိုပြီးအမိန့်ထုတ်
လိုက်တဲ့အပြစ်တွေရယ်၊ နောက်ပြီးတော့ သံဃာကို ဓာတ်တိုင်ကြိုးနဲ့ချီပြီးစော်ကားတဲ့ အပြစ်တွေရယ်၊
ခွေးမင်းတွေရဲ့ကျေးဇူးရှင်ဖြစ်ကြတဲ့ နိုင်ငံဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်လိုက်တဲ့ အပြစ်နှင့်
ပြည်သူလူထုကို ကျေးဇူးကမ်းတဲ့ အပြစ်တွေရယ် အဲဒီ့အပြစ်တွေ ကျုးလွန်တဲ့ ခွေးမင်းတွေအတွက်ကတော့
ငရဲပြည်သွားကြရတော့မယ် သူငယ်ချင်း
ပေးပို့လာသည့်အတိုင်း တစ်လုံးမကျန်ဖော်ပြသည်။

No comments:
Post a Comment