Tuesday, December 1, 2009

၂၀၀၈ ခုနှစ် သတင်းမှတ်စ

မန်မာနိုင်ငံတွင်စီးပွားရေး၊လူမူရေးနှင့် အခြားကဏ္ဍများတွင် အောင်မြင်မူရှိလာကာ နိုင်ငံတွင်း ငြိမ်းချမ်းတည်ငြိမ်မူ ရှိလာသည့်အတွက် ၂၀၀၈ ခုနှစ် မေလတွင် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပပြီး ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဟုမြန်မာ့ရုပ်မြင်သံကြားမှာနအဖစစ်အစိုးရကထုတ်ပြန်ကြေညာခဲ့သည်။ (MRTV , NLM 100208)

မေလတွင်ပြုလုပ်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းက ဦးစီးမည်ဖြစ်ကြောင်း သိရသည်။ (Irrawaddy 120208)

မြန်မာပြည် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းအားလုံးပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟုယမန်နေ့ကနအဖထုတ်ပြန် သည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြေညာချက်အပေါ်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတုန့်ပြန်ကြောင်း လန်ဒန် မှလာသည့် ယနေ့  AFP သတင်းတွင် ဖော်ပြသည်။ (DVB 100208)

နအဖ၏ယမန်နေ့ကထုတ်ပြန်ချက်ကိုကောင်းမွန်သည့်တိုးတက်မူအဖြစ်စင်္ကာပူ အ စိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုလိုက်ကြောင်း စင်္ကာပူမှလာသည့် ယနေ့  AFP သတင်းတွင် ဖော်ပြသည်။ (DVB 100208)

နအဖ၏ယမန်နေ့ကြေညာချက်သည်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အ စိုးရထံ တောင်းဆိုချက်များကို လှည့်ဖျားသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ယင်းကြေညာချက်နှင့်ပတ်သက်၍အရေးပေါ်ဆွေးနွေးရန်ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ဗြိတိန် အခြေစိုက် ဘားမားကမ်ပိန်း - ယူကေအဖွဲ့ မှ တောင်းဆိုသည်။ (DVB 100208)

နအဖစစ်အစိုးရ၏ လာမည့်မေလတွင် ပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း လူထု ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲအပေါ် အကြမ်းမဖက် လူထုလူပ်ရှားမူ များဖြင့် ဆန့် ကျင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ယနေ့ အပြတ်အသား ကြေညာချက် ထုတ်ပြန်လိုက်သည်။ (DVB 100208)

တဖက်သတ်ရေးဆွဲထားသည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအဓမ္မအတည်ပြု ရန် ကြိုးစားမည့် ပြည်သူ့ ဆန္ဒခံယူပွဲသည် ဒီမိုကရေစီ ကျမည်မဟုတ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများက ပြောသည်။ (NEJ 110208) 519-434-5681

လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည် ဖြစ်သော အထွေထွေရွေးကောက်ပွဲသည် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေး ပြဿနာများ ကို ဖြေရှင်းနိုင်မည်မဟုတ်ပဲ ပိုမိုရူပ်ထွေးသွားစေမည်ဟု ပြည်သူ့ လွတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ (NEJ 110208)

လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည် ဖြစ်သော အထွေထွေရွေးကောက်ပွဲအား ဆန္ဒဖော်ထုတ်ခွင့်ရသည့် ပြည်သူလူထုအနေဖြင့် ဆန့် ကျင်မဲပေးကြရန် တိုက်တွန်းလူံ့ ဆော်သွားမည်ဟု လွတ်တော်ကိုယ်စားလှယ်(၃)ဦးရွေးချယ်ခံခဲ့ရသည့်ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက် KNCD ခေါင်းဆောင် ဦးခွန်ထူး က ပြောဆိုလိုက်သည်။ (NEJ 110208)

နအဖစစ်အစိုးရက ထုတ်ပြန်သည့် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ကြေညာချက်များသည် မြန်မာပြည်သူလူထု၏ ဆန္ဒအမှန်ကို မျက်ကွယ်ပြု၍ စစ်အာနာရှင်စနစ် ဆက်လက် တည်မြဲရေးကို ပြုလုပ်နေခြင်း ဖြစ်သောကြောင့် ကန့် ကွက်ရူတ်ချကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံယာ့တပ်ပေါင်းစုအဖွဲ့ က ယနေ့ ထုတ်ပြန်ကြေည်ာသည်။ (Irrawaddy 1102 08)

လာမည့်မေလတွင် ကျင်းပမည်ဟု နအဖစစ်အစိုးရမှ ကြေညာလိုက်သည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကျင်းပမည့်အပေါ် လွတ်လွတ်လပ်လပ်ကြိုတင်စဉ်းစားထားကြရန်ပဲခူးမြို့နယ်လွတ်တော်ကိုယ်စား လှယ် ဦးမြတ်လှက တိုက်တွန်းလိုက်သည်။ (DVB 110208)

မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ကျင်းပရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့ အစည်းများ ပါဝင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သည်။ (Reuters/ NEJ 120208)

လာမည့်မေလတွင် ပြုလုပ်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ မှ ဦးစီးဦးဆောင်ပါဝင်မည်ဖြစ်ကြောင်း ၎င်းအသင်း နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (Irrawaddy 120208)

ကြံ့ဖွံ့ အသင်းအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးအသွင် ဆောင်သောအသင်းအဖွဲ့အဖြစ်ကူပြောင်းလာဖွယ်ရှိကြောင်းတိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ(တစည)၏အထွေထွေအတွင်းရေးမှူးဖြစ်သူဦးခင်မောင်ကြီးက ပြောသည်။ (Ieeawaddy 120208)
မြန်မာစစ်အစိုးရ ဦးစီးရေးဆွဲသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ယနေ့ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရခိုင်ပြည်နယ် စည်းရုံးရေးအဖွဲ့)၏ ကြေညာချက်ဖြင့် ပြင်းပြင်းထန်ထန် ကန့် ကွက်ရူတ်ချလိုက်ကြောင်း သိရသည်။ (DVB 120208)

စစ်အစိုးရ၏အခြေခံဥပဒေမူကြမ်းကိုဆန္ဒခံယူပွဲလုပ်မည်ဆိုခြင်းနှင့်ရွေးကောက်ပွဲအသစ် ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းကို လိမ်ညာရန် ပြင်ဆင်သည်ဟုဆိုကာ ပြည်တွင်းပြည်ပရှိ အမျိုးသမီးနိုင်ငံရေး လူပ်ရှားသူများက တညီတညွတ်တည်း ပယ်ချလိုက်သည်။ (Mizzima 120208)

မြန်မာနိုင်ငံတွင်မေလတွင်ပြုလုပ်မည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူဆန္ဒခံယူပွဲမတိုင်မီ ဒီမိုကရေစီအင်အားစုများအပေါ် ဖိနှိပ်မူများ ရပ်တန့် ပြီး ပြည်သူများအား လွတ်လပ်စွာ ပြောဆိုခွင့်ပေးရန် လိုအပ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ ကြီးက အင်္ဂါနေ့ တွင် ပြောကြားလိုက်သည်။ (RFA 120208)

”ပထမဦးဆုံးအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးပြီးတခြားနိုင်ငံရေးခေါင်းဆောင်တွေ၊တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေနဲ့အတူဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ၊နောက်ဆက်တွဲပြည်သူ့ဆန္ဒခံယူပွဲမှာ ပါဝင်ဆင်နွဲခွင့်ပြုသင့်တယ်” ဟုဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်မီလီဗင်ကအောက်စဖို့ဒ်၌မိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောဆိုသွားသည်။(Indiatimes/NEJ 130208)

လာမည့်မေလတွင်နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလူထုဆန္ဒခံယူပွဲကျင်းပမည့် ကိတ်စသည် ပြည်သူလူထုတစ်ရပ်လုံးအား စစ်ဖိနှိပ်အောက်သို့ သွတ်သွင်းမည့် အစီအစဉ်ဖြစ်သောကြောင့် ၀ိုင်းဝန်းဆန့် ကျင်တိုက်ဖျက်ကြရန် အရေးကြီးကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ (NEJ/ DVB 140208)

နယ်စပ်ဒေသအတိုက်အခံများ သဘောတူရေးဆွဲထားသည့် ဖွဲ့ စည်းပုံမူကြမ်းကို ပြည်သူလူထုအနေဖြင့်လေ့လာပြီးစစ်အစိုးရရေးဆွဲပြီးစီးတော့မည့်အခြေခံဥပဒေနှင့် နိုင်းယှဉ်နိုင်ရန်ဆောင်ရွက်သွားမည်ဟုဖက်ဒရယ်အခြေခံဥပဒေမူကြမ်းရေးဆွဲရေးနှင့် ညှိနိုင်းရေး ကော်မတီ FCDCC က ပြောကြားသည်။ (NEJ 1440208)

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းစဉ်(၇)ချက်ကို ထောက်ခံထားသလို၊ မေလတွင် ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲကို ကြိုဆိုကြောင်းနှင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲကိုကြိုဆိုကြောင်းရေးသားထားသည့်အေဖိုးအရွယ်စာရွက်အား ကျောက်တံတားမြို့ နယ်ကားလမ်းတွင် ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အမည်ခံ လူငယ်တစ်စုက ယနေ့ နံနက်(၁၁)နာရီခန့် တွင် လိုက်လံဖြန့် ဝေခဲ့ကြောင်း သိရသည်။ (Mizzima 140208)

မကွေးတိုင်းတောင်တွင်းကြီးမြို့ရှိ ရပ်ကွက်တိုင်းတွင် နအဖစစ်အစိုးရက ဆန္ဒခံယူပွဲ အတွက်ရည်ရွယ်လုပ်ဆောင်သည်ဟုယူဆရသည့်သန်းခေါင်စာရင်းကောက်ယူမူများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်။ (Mizzima 150208)

လာမည့်ပြည်သူ့ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီး မန္တလေးတိုင်းနှင့် မြို့နယ်အတွင်းတွင်ကြံခိုင်ဖွံ့ဖြိုးရေးအသင်းကပြည်သူလူထုကိုအသင်းဝင်ဖြစ် အောင် မရိုးမသား လုပ်နေသလို မက်လုံးပေး လှည့်လည်စည်းရုံးနေသည်။ (RFA 170208)

၂၀၀၈ ခုနှစ်မေလတွင်လူထုဆန္ဒခံယူပွဲကျင်းပကာအတည်ပြုမည့်နိုင်ငံတော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအပြီးသတ်ရေးဆွဲပြီးပြီဖြစ်ကြောင်းနအဖစစ်အစိုးရ၏ တရားသူကြီးချုပ် ဦးအောင်တိုးက ကြေညာသည်။ (MRTV/NLM 200208)

နအဖအစိုးရ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေးလူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲအသစ်ကိုပယ်ချကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်ကို လူ့ ဘောင်သစ်ပါတီက ထောက်ခံလိုက်သည်။ (DVB 200208)

ယမန်နေ့ က ကျင်းပသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အစည်းအဝေး(၁၇/၂၀၀၈)တွင်ကော်မရှင်ဥက္ကဌဦးအောင်တိုးမှဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်းသိရသည်။(DVB 200208)

နအဖမှ မကြာမီပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲနှင့် လမ်းပြမြေပုံ(၇)ချက်၏ အဆင့်တိုင်းကိုဆန့်ကျင်တိုက်ဖျက်သွားမည်ဟုပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU - Burma က ထုတ်ဖေါ်ကြေညာသည်။ (DVB 200208)

နအဖစစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို ဆန္ဒခံယူပွဲပြုလုပ်ပြီး ရွေးကောက်ပွဲ လုပ်သွား မည်ဆိုသော လမ်းကြောင်းသည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ဟုအပစ်အခတ်ရပ်စဲထားသည့်မွန်ပြည်သစ်ပါတီကပြောဆိုလိုက်သည်။ (Mizzima 200208)

လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲသစ်ပြုလုပ်မည့်အစီအစဉ်တို့ကို ပြန်လည်စဉ်းစား ပြုပြင်ရန် နအဖစစ်အစိုးရကို ၀ါရင့်နိုင်ငံရေးသမားကြီးများက အကြံပြု တိုက်တွန်းလိုက် သည်။ (NEJ 210208)
မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲကို အများက ယုံကြည်မူ ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ က ယမန်နေ့ ၌ ပြောကြားခဲ့ပြီး ယုံကြည်စိတ်ချဖွယ် မရှိပါက ရလဒ်သည် အာဆီယံ(၁၀)နိုင်ငံကိုပါ ထိခိုင်နိုင်သည်ဟု ပြောဆိုလိုက်သည်။ (NEJ 210208)

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲသစ်တွင် ၀င်ခွင့်မပေးဘူးဆိုသည့် နအဖ စစ်အစိုးရ၏ ပြောဆိုချက် အပါအ၀င် လက်တလော နိုင်ငံရေး ကိစ္စများကို မတ်လ မြန်မာပြည်ခရီးစဉ်တွင်ဆွေးနွေးမည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် lbrahim Gambari က ယနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ ဆုံပြီးနောက် ပြောကြား လိုက်သည်။ (NEJ 210208)

နိုင်ငံသားတိုင်း လေ့လာနိုင်ရန် ထုတ်ဝေဖြန့်ချိထားသည်ဆိုသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(မူကြမ်း)ဆိုင်ရာစာအုပ်ကိုလေ့လာချင်၍စုံစမ်းရှာဖွေသော်လည်းရှာမရဘူးဟုစာပေဗိမာန်မှဖြေကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြန်ကြားရေးအဖွဲ့ ဝင် ဦးဥာဏ်ဝင်းက ပြောသည်။ (DVB 210208)

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူများမှမဲပေးရမည်ဖြစ်သည့်အတွက်ပြည်သူများကို အချိန်ယူလေ့လာရန်အချိန်ပေးသင့်သည်ဟုပြည်ပရှိတိုင်းရင်းသားလူမျိုးများကောင်စီ ENC က ပြောခွင့်ရသူ ပဒိုဒေးဗစ်ထောက ပြောသည်။ (DVB 210208)

လူထူကရွေးချယ်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များ မပါပဲ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ဖြစ်သည့်အတွက်လက်မခံနိုင်ကြောင်းရှမ်းပြည် နယ်တပ်မတော် (တောင်ပိုင်း) SSA ပြောခွင့်ရသူ စိုင်းလောင်ဆိုင်က ပြောသည်။ (DVB 210208)

မေလတွင်ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ပြည်သူများကို လွတ်လပ်စွာဝေဖန်ခွင့်၊ ဟောပြောခွင့်၊စည်းရုံးခွင့်များပေးအပ်ရန်လိုအပ်သလို၊ နိုင်ငံတကာကို လွတ်လပ်စွာ လေ့လာခွင့်ပြုရေး၊ ပြည်သူများက ယုံကြည်သူများနှင့် ဆန္ဒခံယူပွဲ ကော်မရှင် ဖွဲ့စည်းပေး ရေး၊ သန့် ရှင်းမျှတသောမဲပုံးစနစ်၊ ရေတွက်မူစနစ်ကို စိတ်ချရသော ပတ်ဝန်းကျင်တွင်ပြုလုပ်ပေးရန်နှင့်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများ လွတ်ပေးရန် မျိုးဆက်သစ် လူငယ်များအစည်းအရုံး GW က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။ (Mizzima 210208)

”နိုင်ငံတော်အစိုးရအနေဖြင့်လွတ်လပ်ပြီးတရားမျှတသည့်ဆန္ဒခံယူပွဲကိုကျင်းပပေးရန်လိုအပ်ကြောင်းနှင့်ပြည်သူတစ်ရပ်လုံးပါဝင်ပြီးမိမိတို့ဆန္ဒသဘောထားအစစ်အ မှန်ကို ဒီမိုကရေစီနည်းလမ်းတကျလွတ်လပ်စွာဖေါ်ပြကြရန် လိုအပ်သည်” ဟု ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့  KIO က ယမန်နေ့ တွင် ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည် ။ (Mizzima / DVB 210208)

ဒေါ်အောင်ဆန်းစုကြည်သည်ဗြိတိသျှနိုင်ငံသားမိုက်ကယ်အဲရစ်နှင့်အိမ်ထောင်ပြုခဲ့သောကြောင့် ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိဟု နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာန်ဝင်းက အာစီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောကြား လိုက်သည်။ (Mizzima 220208)

ရန်ကုန်တိုင်းဒဂုံမြို့သစ်တောင်ပိုင်း(၂၆)ရပ်ကွက်ရွာမဘုန်းကြီးကျောင်းတွင်မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းလုပ်ပေးမည်ဟု အာဏာပိုင်များကလိမ်ညာခေါ်ယူပြီး လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ဟောပြောစည်းရုံးသည်ဟုကိုယ်တိုင်တက်ရောက်ခဲ့သူများမှ ပြောသည်။ (DVB 220208)

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်မည့် အခြေအနေနှင့် ပတ်သက်ပြီး မစ္စတာ lbrahim Gambari သည်လာမည့်မတ်လဆန်းမြန်မာနိုင်ငံကိုသွားရောက်ချိန်တွင်အဓိကထားဆွေးနွေးမည်ဟု သိရသည်။ (RFA 230208)

ဒီလိုပြောကြားခြင်းဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ မရှိသေးတဲ့အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောတာဖြစ်တယ်၊ အခုလိုပြောကြားခြင်းဟာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအရထိုးနှက်ချက်ဖြစ် ပြီး ပုဂ္ဂိုလ်ရေးကိုပြောဆိုတဲ့ ပြောဆိုချက်ဖြစ်တယ်”ဟု ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင်အရွေးခံခွင့် မရှိဟူသော ပြောဆိုချက်အပေါ် အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုန့် ပြန်ပြောဆိုလိုက်သည်။ (Mizzima 250208)

နအဖစစ်အစိုးရ၏ပြည်သူ့ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ယမန်နေ့ထုတ်အမေရိကန်နိုင်ငံ ၀ါရှင်တန်ပို့စ်သတင်းစာခေါင်းကြီးပိုင်းတွင် ဝေဖန်ရေးသားထားကြောင်း သိရသည်။ (RFA 250208)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြည်တွင်း၌ ထိပ်တိုက်တွေ့ ရေးလမ်းစဉ်ကို ဆက်မလုပ်ဘဲနအဖစစ်အစိုးရ၏ ဖွဲ့ စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲဝင်ရောက် အရွေးခံသင့်သည်ဟုနအဖစစ်အစိုးရအာဘော်သတင်းစာတွင်ယနေ့ဖော်ပြလိုက် သည်။ (NLM 260208)

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၌မေလတွင်ကျင်းပမယ့်လူထူဆန္ဒခံယူပွဲအ တွက် ရည်ရွယ်ကာပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်များက ယခုလ ၂၃ ရက်နေ့ မှစ၍ ဒေသခံများအား မက်လုံးများပေးကာ လိုက်လံစည်းရုံးနေသည်။ (Mizzima 260208)့

နအဖက၎င်းတို့ရေးဆွဲသည့်ဖွဲ့စည်းပုံအခြေခံဥပဒေအားလာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ပြည်သူလူထုက၀ိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြရန်အရေးတကြီး လိုအပ်နေကြောင်း ထိုင်းနိုင်ငံရောက် ဘာသာကြီး(၄)ရပ်မှ ပူးတွဲ၍ ယမန်နေ့ က ကြေညာချက် ထုတ်ပြန်သည် (NEJ 260208)

နအဖစစ်အစိုးရက ပြုလုပ်မည့် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့်လူံ့ဆော်လုပ်ဆောင်နေသူများကိုထောင်ဒဏ်ချမှတ်မည့်ဥပဒေ သစ်ကို ပြဌန်းလိုက်သည်။ (MRTV/NLM 270208)

လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ ဆန္ဒခံယူပွဲသည် လက်ရှိကြုံတွေ့ နေသော နိုင်ငံရေး၊ စီးပွားရေး။ အပါအ၀င်တိုင်းရင်းသား ပြဿနာများကို ဖြေရှင်းမည့်အဆင့် တစ်ခုမဟုတ်ဘဲမလုပ်သင့်မလုပ်ထိုက်သည်များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယမန်နေ့ က ထုတ်ပြန်သည့် ပြည်သူ့ ဆန္ဒခံယူပွဲ ဥပဒေနှင့် ပတ်သက်၍ ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်သည်။ (NEJ 270208)

လာမည့်မေလတွင်ပြုလုပ်မည့်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုဆန္ဒခံယူပွဲအားနှောက်ယှက်သူများကိုပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းနှင့်သာသနာ့ဝန်ထမ်းများကို မဲပေးပိုင်ခွင့်မပြုကြောင်း ယမန်နေ့က နအဖထုတ်ပြန်သည့် ဥပဒေတွင် ထည့်သွင်းဖေါ်ပြ ထားသည်။ (Irrawaddy 270208)

၂၀၀၈ခုနှစ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဖွဲ့စည်းခြင်းကို နအဖ ကြေညာချက် အမှတ်(၃/၂၀၀၈) ဖြင့် ယမန်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ (The Mirror 270208)

နအဖစစ်အစိုးရက မေလ၌ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် အပြည့်အ၀ ရရှိရေးအတွက် ယာယီမှတ်ပုံတင်များ ထုတ်ပေးနေကြောင်း သိရသည်။ (Irrawaddy 280208)

မေလတွင်ပြုလုပ်မည့်ဆန္ဒခံယူပွဲတွင်ကန့်ကွက်မဲပေးခြင်းနည်းဖြင့်နအဖစစ်အစိုးရကို အလဲထိုးနိုင်မည်ဖြစ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီက ယနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။ (Mizzima 280208)

နအဖမှ ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ယခုလ(၂၆)ရက်နေ့ က ထုတ်ပြန်လိုက်သည့်ဆန္ဒခံယူပွဲဥပဒေနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့အထူးကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ (RFA 280208)

မြန်မာစစ်အစိုးရမှစီစဉ်နေသည့်ဖွဲ့စည်းပုံအခြေခံဥပဒေလူထုဆန္ဒခံယူပွဲ အစီအစဉ် အစားပိုမိုလွတ်လပ်ပွင့်လင်းပြီးအများစုပိုမိုပါဝင်နိုင်မည့်အစီအစဉ်မျိုးဖြစ်ရေးပြန် လည်စဉ်းစားရန်နအဖစစ်အစိုးရကိုဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်ကုလသမဂ္ဂအ ထူးကိုယ်စားလှယ်မစ္စတာ lbrahim Gambariက ပြောကြားလိုက်သည်။ (DVB 290208)

နအဖစစ်အစိုးရမှ စီစဉ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ကန့်ကွက် မဲပေးကြရန် ပြည်ပရောက် NCUB/NCGUB/ENC/WLB/FDB/SYCB နှင့် တိုင်းရင်းသား လူငယ်များဆုံရပ် NYF တို့ ကယမန်နေ့ တွင်စုပေါင်းကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်သည်။ (DVB/NEJ 290208)

လာမည့်မေလတွင်ပြုလုပ်မည့်အခြေခံဥပဒေဆန္ဒခံယူပွဲကျင်းပမည့်အကြိုလုပ်ငန်း စဉ် တစ်ရပ်အဖြစ် ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းအဖြစ် နေထိုင်သူအားလုံးကို ယာယီ အိမ်ထောင်စုစာရင်းများ ပြုလုပ်ရန် နိုးဆော်နေကြောင်း ရန်ကုန်မြို့ ခံများက ပြောသည်။ (NEJ 290208)

နအဖစစ်အစိုးရက ထုတ်ပြန်လိုက်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေသည် အသွင် ကူးပြောင်းရေးကာလကို ဦးမတည်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေ သည့်အတွက် အများပြည်သူများက လက်ခံနိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ယမန်နေ့တွင် ထုတ်ပြန်သည့် အထူးကြေညာချက် အမှတ်(၂)တွင် ဖော်ပြထားသည်။ (DVB 290208)

နအဖမှရေးဆွဲထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကန့် ကွက်ကြောင်းနှင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်အပေါ်တရားဝင်သဘောထားထုတ်ပြန်ပေးရန်အပါအ ၀င်ဆုံးဖြတ်ချက်(၆)ချက်ကိုယနေ့ပြုလုပ်သည့်မိတ္တီလာခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ခဲ့သည်။ (DVB 010308)

အိန္ဒိယအခြေစိုက်မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်တိုင်းရင်းသားအင်အားစုများသည် နအဖ၏ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေအား ကန့် ကွက်သည့်ဆန္ဒပြပွဲကို ယနေ့နယူးဒေလီမြို့ရှိဂျန်တားမန်တားပန်းခြံအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (DVB 010308)

အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲတို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အဲန်အဲလ်ဒီပါတီတို့အားမလွဲမသွေပါဝင်စေရန်အမေရိကန်နှင့်ဗြိတိန်ဝါရင့်အမတ်များမှ နအဖအား ကန့် ကွက်တိုက်တွန်းလိုက်သည်။ (BKK/VOA 010308)

စင်္ကာပူရောက် မြန်မာနိုင်ငံသားများသည် စစ်အစိုးရ၏ ဖွဲ့ စည်းပုံဆန္ဒခံယူပွဲကို ကန့် ကွက်ရန်နှင့် ကန့်ကွက်မဲ ထည့်ကြရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။ (VOA 010308)

”တောင်သူလယ်သမားများကိုယ်တိုင်အမျိုးသားညီလာခံအထိတက်ရောက်ဆွေး နွေးပြီး လမ်းပြမြေပုံကို ထောက်ခံခဲ့သည့်အတွက်ယနေ့လယ်သမားများသည် မည်သည့်ခေတ်နှင့်မတူအောင်ကြီးပွားချမ်းသာနေကြပြီး၊ယခုအတိုင်းသာဆက် လက်ထောက်ခံလျှင် ယခုထက်မက ကြီးပွားလာလိမ့်မည်”ဟု ယနေ့ ပေးပို့ သော ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏တောင်သူလယ်သမားနေ့သ၀ဏ်လွာတွင်ဖော်ပြထား သည်။ (DVB 020308)

”နအဖစစ်အစိုးလက်ထက်မှာရှိတဲ့လယ်သမားက၀တ်စရာတောင်မှမရှိ၊လန်ကွတ်တီနဲ့နေရမဲ့ဘ၀မျိုးဆိုတော့ဒီလိုလူထုဆန္ဒခံယူပွဲ၊အခုမဲတောင်းတဲ့အချိန်တောင်ရောက်မှာမဟုတ်ဘူး၊လူတွေကညစ်နေပြီ၊ညစ်နေတဲ့အတွက်လမ်းမပေါ်ထွက်မယ်၊ဘယ်သူစမလဲဆိုတာကိုစောင့်နေတယ်ဆိုတာနအဖအစိုးရကိုပြောလိုက်မယ်”ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွေ သ၀ဏ်လွာနှင့် ပတ်သက်၍ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်က တုန့် ပြန် ပြောဆိုလိုက်သည်။ (DVB 020308)

နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြိုတင်ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များ ကောက်ခံသည့်လူပ်ရှားမူကိုထိုင်းမြန်မာနယ်စပ်အခြေစိုက်မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့BLSOကစတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ (NEJ 030308)

ရန်ကုန်မြို့ဟံသာဝတီကားပွဲစားတန်းသို့ကြံ့ဖွံ့အဖွဲ့ ဝင်များ ရောက်ရှိလာပြီး အခြေခံ ဥပဒေပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုထောက်ခံမူပေးရန်စည်းရုံးစဉ်ကားပွဲစားသုံးဦးက ”မင်းတို့ အချိန်ကုန်မခံပါနဲ့ ကွာ ငါတို့ က ရွေးကောက်ပွဲကျရင်လည်း NLD ကိုပဲ မဲပေးအုံး မှာပါ”ဟု ပြန်လည်ပြောဆိုခဲ့သဖြင့် ပွဲစားသုံးဦးကို မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအားသရော်လှောင်ပြောင်သည်ဟုဆိုကာပြီးခဲ့သည့်(၂၉)ရက်နေ့ကရဲများလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ (Irrawaddy 030308)

နအဖကဖွဲ့စည်းပုံအခြေခံမူကြမ်းရေးဆွဲရာတွင်အသေးစိတ်အခြေခံမူအချက်အလက်များကို စာအုပ်ထုတ်ဝေဖြန့် ချီရောင်းချရာမှာ ၀ယ်ယူသူ အလွန်နည်းပါးကြောင်း သိရသည်။ (Irrawaddy 040308)

စစ်အစိုးရက မကြာမီကျင်းပတော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပလောင်ဒေသအတွင်းဆန့်ကျင်ကန့်ကွက်မဲပေးကြရန် စည်းရုံးလူံဆော်သွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF၊ပလောင်အမျိုးသမီးအစည်းအရုံး နှင့် ပလောင် လူငယ်လုပ်ငန်းကွန်ယက်တို့ က ယမန်နေ့ တွင် ညှိနိုင်းဆွေးနွေးပြီး ပြောဆိုလိုက်သည်။ (NEJ/DVB 040308)

အထက်မြန်မာနိုင်ငံ မန္တလေးမြို့ရှိ သံယာတော်များသည် ယမန်နေ့ တွင် မန္တလေးမြို့ရှိအမပူရအရပ်နှင့်ရတနာပုံတက္ကသိုလ်တို့၌နအဖစစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူ့ဆန္ဒခံယူပွဲအားဆန့်ကျင်သည့်အင်္ဂလိပ်နှင့်မြန်မာလိုရေးသားထားသည့် ပိုစတာလူပ်ရှားမူတိုက်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Irrawaddy 040308)

နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ဆန့်ကျင်ကွက်သည့် လူထုဆန္ဒခံယူမူ အစီအစဉ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲက ယနေ့ စတင်လိုက်ကြောင်း သိရသည်။ (NEJ050308)

”ကတိမတည်သည့်စစ်အစိုးရ၏ နောက်ထပ်ကတိများကို ဘယ်လိုမှယုံကြည်စရာ မရှိသည့် အတွက် လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ယုံမှတပါး တခြားမရှိဘူး”ဟု ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီCRPPအတွင်းရေးမှူးဦးအေးသာအောင်က ပြောသည်။ (DVB 050308)

တရားမျှတသောလူထုဆန္ဒခံယူပွဲဖြစ်စေရန်အတွက်ကုလသမဂ္ဂနှင့်ကမ္ဘောဒီးယား များအားစောင့်ကြည့်လေ့လာခွင့်ပေးရန်၊ ဖွဲ့စည်းပုံကို ဝေဖန်နိုင်ရန်အတွက် ၅/၉၆ ဥပဒေကိုပယ်ဖျက်ပေးရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်း သားများကို ပြန်လွတ်ပေးရန်တို့ အတွက် မစ္စတာ lbrahim Gambari အနေဖြင့် နအဖစစ်အစိုးရကို တိုက်တွန်းသွားစေလိုသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။ (NEJ 060308)

စစ်အစိုးရ၏ လမ်းပြမြေပုံကို lbrahim Gambari က တားဆီးနိုင်မည့်ပုံ မရှိခြင်းကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon ကိုယ်တိုင် ကိုင်တွယ်ရန် လိုအပ်နေပြီဟု ပြည်သူ့ လွတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ (DVB 060308)

နအဖ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား အတည်ပြုမည့် လူထုဆန္ဒခံ ယူပွဲတွင် ကန့်ကွက်မဲပေးရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများကို ရန်ကုန်တွင် ကျောင်းသားလူငယ်များက ဦးဆောင်ပြုလုပ်သည်။ (Irrawaddy 070308)

နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားလူထုဆန္ဒခံယူပွဲတွင်ကန့်ကွက်မဲပေးရန် စည်းရုံးလူံ့ ဆော်မူများကို အောင်ဆန်းမျိုးဆက်အဖွဲ့ နှင့် မျိုးဆက်သစ်လူငယ်များ အစည်း အရုံး GW တို့ကယခုအပတ်အစာပိုင်းတွင်စတင်ခဲ့ပြီး ဗုဒ္ခဘာသာဝင် ကိုရင်တစ်ပါးက သပိတ်ကို မှောက်လျက်ကိုင်ထားပုံနှင့်”ကန့် ကွက်ကြစို့ ”ဟူသော စာသားများပါဝင်သောစတေကာများကိုဖြန့်ဝေကြခြင်းဖြစ်သည်ဟုအောင်ဆန်းမျိုးဆက်အဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ (Irrawaddy 070308)
နအဖမှ ဦးစီးရေးဆွဲခဲ့သည့် အခြေခံဥပဒေမူကြမ်းထဲမှ မျှတမှန်ကန်မူမရှိသည့် အချက်များဖော်ထုတ်ပြီးပြည်သူများကိုအသိပေးရေးတွင် လမ်းပြလုပ်ဆောင်ကြရန် သာသနာဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာ့ရဟန်းတော်များအဖွဲ့ချုပ်ကဒေသဆိုင်ရာအဖွဲ့ခွဲများ ကိုယမန်နေ့က ကြေညာချက်ထုတ်ပြန် လျှောက်ထားလိုက်သည်။ (DVB 070308)

နအဖစစ်အစိုးရက ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲကို ဆန့် ကျင်ကန့် ကွက်ကြောင်းတောင်အာဖရိကနိုင်ငံလက်ရှိအာဏာရ African National Congress(ANC)မှ ဦးဆောင်ပြီး တောင်အာဖရိကနိုင်ငံရှိ အလုပ်သမားသမဂ္ဂအဖွဲ့၊ ကွန်မြူနစ် ပါတီဝင်များ အပါအ၀င် တောင်အာဖရိက နိုင်ငံသား(၃၀၀)ခန့် သည် ယနေ့ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ (DVB 070308)

ရန်ကုန်တိုင်းအတွင်းသုံးရက်မြောက်နေ့အဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေလူထုဆန္ဒခံယူပွဲအားကန့်ကွက်မဲပေးရန်တိုက်တွန်းစာဖြန့်သည့်လူပ်ရှားမူများကျယ်ပြန့်လာသကဲ့သို့အာဏာပိုင်များဘက်မှလည်းတစ်နေ့ထက်တစ်နေ့လုံခြုံရေးပိုမိုတင်းကျပ်နေသည်ဟု ယနေ့ နံနက် မြင်တွေ့ နေရသူများက ပြောသည်။ (DVB 070308)

နအဖ၏ ရုပ်မြင်သံကြားသတင်းတစ်ပုဒ်တွင် နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံရေးဆွဲရန် မဖြစ်နိုင်ကြောင်း မြန်မာပြည် ကို ရောက်ရှိနေသည့် ကုလသမဂ္ဂကိုယ်စားလှယ် lbrahim Gambari ကို ပြောဆိုလိုက် သည်ဟု ဖော်ပြထားသည်။ (VOA 070308)

နအဖ၏လူထုလက်မခံနိုင်တဖက်သတ်အာဏာရှင်ဖက်ယိမ်းသည့်မြန်မာနိုင်ငံဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၏ အဓမ္မလူထုဆန္ဒခံယူပွဲကို အာဆီယံမှ လားလားမှ လက်မခံ ထိုက်ကြောင်း၊ လူထုလက်ခံနိုင်သည့် ပြင်ဆင်မူပြုမှ အာဆီယံမှ လက်ခံရန်ဟု လူပ်ရှားသူ များက ကြေညာသည်။ (JKT/VOA 070308)

နအဖကရေးဆွဲပြီးစီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်မည် မဟုတ်ကြောင်းနှင့်နအဖ၏လမ်းပြမြေပုံ(၇)ချက်အတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီကို နအဖ က ပြောကြားသည်။ (RFA 080308)

နအဖစစ်အစိုးရကမေလတွင်ကျင်းပပြုလုပ်မည့်ဖွဲ့စည်းပုံအခြေခံဥပဒေလူထုဆန္ဒခံယူပွဲကိုမဲမထည့်ကြဘဲဆန့်ကျင်ကြရန်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က တိုက်တွန်းလိုက်သည်။ (DVB 080308)

မြန်မာ့အမျိုးထုကြီးခံစားနေရသည့် ဒုက္ခမျိုးစုံကို ဆက်လက်ရင်မဆိုင်ရရေးအတွက် နအဖမှ ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် ထိုင်းအခြေစိုက် အမျိုးသမီး အဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB က ယနေ့တိုက်တွန်းနိုးဆော်လိုက်သည်။ (DVB 080308)

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် အရွေးခံခွင့် ပိတ်ပင်ထားသည့် ဥပဒေကို မပြင်နိုင်ကြောင်း နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းမှ ဆိုသည်။ (AFP/ VOA 080308)

မေလတွင်ကျင်းပမည့်အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲနှင့်ပတ်သက်သည့်ကုလသ မဂ္ဂ၏အဆိုပြုချက်ကိုနအဖကပယ်ချပြီး၊ဆန္ဒခံယူပွဲကျင်းပရေးကောင်မရှင်အဖွဲ့ဝင်တဦးက၎င်းကိစ္စသည်တိုင်းပြည်၏ပြည်တွင်းရေးအချုပ်အခြာအာဏာကိစ္စဖြစ်သ ဖြင့် လက်မခံနိုင် ကြောင်း ပြောဆိုသည်။ (RFA 090308)

ဆန္ဒခံယူပွဲကိုနိုင်ငံတကာမှယုံကြည်မူရှိလာစေရန်အတွက်စောင့်ကြည့်လေ့လာသူ များကိုဖိတ်ကြားစေလိုကြောင်းမြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်မစ္စတာ lbrahim Gambari ၏ အကြုံပြုချက်ကို ဆန္ဒခံယူပွဲကော်မရှင်အဖွဲ့ ဝင် ဦးသောင်းညွန့် က ပယ်ချလိုင်ခြင်းကြောင့် ဖိလစ်ပိုင် သမ္မတ Ms Gloria Arroyo ကကုလသမဂ္ဂအကြံပြုချက်ကို ပြန်လည်စဉ်းစားသင့်သည်ဟု ပြောဆိုလိုက်သည်။ (RFA 090308)

လာမည့်မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့ နယ်အတွင်း အာဏာပိုင်များ စည်းရုံးရေါ်ဆင်းရာ၌ ပြည်သူများကို မက်လုံးပေး ခြိမ်းခြောက်သည့်အပြင် စည်းရုံးရေါ်ဆင်းသူများ၏ စရိတ်ကိုပါ ဒေသခံများက စိုက်ပေးနေရကြောင်း သိရသည်။ (DVB 090308)

ယခုလတွင် ရှမ်းပြည်တောင်ပိုင်းရှိ နအဖ အာဏာပိုင်များနှင့် ကြံဖွံ့ အဖွဲ့ ဝင်များက ပြည်သူ့ဆန္ဒခံယူပွဲအတွက်မိသားစုများအတွင်းရှိခရီးလွန်နေသူများနှင့်ရွေ့ပြောင်းအလုပ် လုပ်နေသူများကို ပြန်လည်ခေါ်ယူရန် စည်းရုံးလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ (Irrawaddy 100308)

အပစ်ခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၏ အောက်ခြေတပ်များကို စစ်အစိုး၏နယ်မြေခံစစ်ဖက်ရေးရာလုံခြုံရေးတပ်များကဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သဘောထား များ လိုက်လံမေးမြန်းနေသဖြင့်”စစ်အစိုးရအနေဖြင့် ဆန္ဒခံယူပွဲကို မလုပ်သင့်သေးကြောင်း၊သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုအရင်လုပ်သင့်သည်”ဟု သဘောထားရှိကြောင်း မွန်ပြည်သစ်ပါတီက ပြည်သူများသိစေရန် ယမန်နေ့ တွင် သဘောထားထုတ်ပြန်ခဲ့သည်။ (NEJ 100308)

နအဖက စစ်တပ်ကြီးစိုးမူကို အာမခံပေးမယ့် အခြေခံဥပဒေမူကြမ်း ရေးဆွဲခြင်းနှင့် ပတ်သက်၍ ၀ါဒဖြန့်ရုပ်ရှင်တခု ရိုက်ကူးရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။ (Mizzima 110308)

နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ရန်သံယာထုနှင့်လူထုကို သံယာ့ဥသျောင်အဖွဲ့(ထိုင်းဌာနခွဲ)က ကြေညာတိုက် တွန်းလိုက်သည်။ (DVB 110308)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟို)တွင် ယနေ့နံနက်ကျင်းပသည့် အဖွဲ့ ချုပ် ရခိုင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များနှင့်ပြည်နယ်စည်းရုံးရေးကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေး၌ အောက်ပါဆုံးဖြတ်ချက်(၃)ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည် (DVB 110308)

(၁) နအဖစစ်အစိုးရ၏ ဆန္ဒခံယူပွဲ ကျင်းပခွင့်ရသည်အထိ လုံးဝအရောက်မခံ။
(၂) ရခိုင်ပြည်နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့ စည်းရုံးရေး အဖွဲ့ဝင် အားလုံး ဗဟိုအလုပ်အမူဆောင်အဖွဲ့နှင့် တွေ့ဆုံပြီး ပြည်သူလူထုကို ဦးဆောင်သည့်ရှေ့လုပ်ငန်းစဉ်များအမြန်ချမှတ်လုပ်ဆောင်ရန်။(၃)ပြည်သူလူထုကို လုပ်သင့်လုပ်ထိုက်သည်များကြိုတင်အသိပေးပြီးပြည်သူလူထုရှေ့မှမားမားမတ်မတ်ရပ်ပြီး လက်တွေ့ ကျကျ ဆောင်ရွက်သွားမည်။

နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ၎င်းတို့ ရွေးကောက်ပွဲအား မဲပေးရန် အတွက် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသတလျှောက်ရှိ မွန်နှင့် ကရင်ကျေးရွာများမှ လူများကို ယာယီနိုင်ငံသားကဒ်ပြားများ ထုတ်ပေးနေကြောင်း မွန်ပြည်သစ်ပါတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ (NEJ 120308)

”၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားများ”ဆိုပြီး ခေါင်းစဉ်တပ်ထားသည့်”နအဖ ဖွဲ့ စည်းပုံ လူထုဆန္ဒခံယူပွဲကို ဆန့် ကျင်ကြစို့ ”ဟု ရေးသားထားသည့် ပိုစတာများကို အနောက်ပိုင်း တက္ကသိုလ်၌ ယနေ့ နံနက် ကပ်ထားကြောင်း မျက်မြင်တွေ့ ရှိသူက ပြောသည်။ (DVB 120308)

နအဖက လူထုဆန္ဒခံယူပွဲအတွက် မန္တလေးမြို့ တွင် မဲရုံမှူးများကို လျှို့ ဝှက်ခန့် အပ် တာဝန် ပေးမူများ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ (Mizzima 130308)

ရန်ကုန်မြို့အတွင်းရှိမယက၊ရယကအဖွဲ့ဝင်များကိုရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ် လှဌေးဝင်းနှင့် ပြည်ထဲရေးဝန်ကြီးဦးမောင်ဦးတို့ကပြည်သူများဆန္ဒခံယူပွဲကိုထောက်ခံကြိုဆိုကြရန် စည်းရုံးမဲဆွယ် စေခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။ (Irrawaddy 130308)

နအဖစစ်အစိုးရ ဦးစီးပြီး မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို မြန်မာပြည်သူတစ်ရပ်လုံးက ကန့်ကွက်မဲထည့်ကြရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ယနေ့ ကြေညာချက်ဖြင့် တိုက်တွန်းလိုက်သည်။ (DVB 130308)

နအဖစစ်အစိုးရကမေလတွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ညီညီညာညာ ၀ိုင်းဝန်းကန့်ကွက်ရန်အင်းစိတ်ထောင်တွင် ဖမ်းဆီးခံနေရသည့် သံယာ့တပ်ပေါင်းစု ခေါင်းဆောင် ဆရာတော် အရှင်ကမ္ဘီရက ပြည်သူလူထုနှင့် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းမိန့်ကြားလိုက်ကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် အရှင်ကမ္ဘီရ ၏ အစ်မတော် မခင်သူဌေးက ပြောသည်။ (DVB 130308)

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး လူထုဆန္ဒမဲပေးနိုင်ရန် စစ်အစိုးရက နိုင်ငံသား မှတ်ပုံတင်များ ပြည်နယ်အချို့တွင် ထုတ်ပေးနေခြင်းကို ပြည်သူအများစုက စိတ်ဝင်စားမူ မရှိကြောင်း သိရသည်။ (DVB130308)

ဒေသခံအာဏာပိုင်များနှင့်ကြံ့ဖွံ့အသင်းတို့ဦးစီးပြီး တောင်တွင်းကြီးမြို့နယ် ကျေးရွာများ တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် နအဖ ရေးဆွဲထားသည့် အခြေခံမူ(၁၀၄)ချက်ကို ထောက်ခံကြောင်း တစ်အိမ်တက်တစ်အိမ်ဆင်း လက်မှတ်လိုက်စုနေသည်ဟု ဒေသခံများ က ပြောသည်။ (DVB 130308)

မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအသစ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစစ်အစိုးရအားဝေဖန်သည့် အထူးကြေညာချက် တစ်စောင် ကို ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရသည်။ (Irrawaddy 140308)

နအဖဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲကို လူထုဆန္ဒပြပွဲအဖြစ် အသွင်ပြောင်းကြရန် ၈၈မျိုးဆက် ကျောင်းသားများက ယနေ့ပြည်သူများသို့ပန်ကြားချက်တစ်စောင် ထုတ်ပြန်တိုက်တွန်း လိုက်သည်။ (DVB 140308)

နအဖစစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းနှင့် လမ်းပြမြေပုံကို မပြောင်းမလဲမချင်း နိုင်ငံရေး နှင့် စစ်ရေးတို့ ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တွဲဘက်အတွင်းရေးမှူး စောဒေးဗစ်သာ့ကဘောက ပြောသည်။ (DVB 140308)

နအဖစစ်အစိုးရမှ ဦးစီးကျင်းပမည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို ကန့် ကွက် ကြောင်း ယမန်နေ့ တွင် ပြုလုပ်သည့် ရေနံချောင်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။ (DVB 140308)

နအဖက မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာ အသီးသီးတွင် လူစာရင်းကောက်ယူပြီး မှတ်ပုံတင် မရှိသေးသူများကို မဲပေးနိုင်ရန် ယာယီ မှတ်ပုံတင်များ ထုတ်ပေးခဲ့သည်။ (Irrawaddy 170308)

မြန်မာစစ်အစိုးရကျင်းပမည့် လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲတို့သည် အများယုံကြည် လက်ခံမှ မြန်မာနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များ၌ တတ်နိုင်သရွေ့ အားလုံးပါဝင်မှုရှိစေရန်နှင့် အချိန်မဆွဲပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆွေးနွေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ibrahim Gambari က ယမန်နေ့၌ လုံခြုံရေးကောင်စီတွင် ပြောကြားသည်။ (NEJ 190308)

စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲစေမည့် အခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲကို လုံးဝလက်မခံနိုင်ကြောင်း ပြည်သူ့ လွတ်တော်ကိုယ်စားပြုကော်မီတီဝင်များ၊ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ် တိုင်းစည်းရုံးရေးအဖွဲ့ ဝင်များ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်သည်။ (DVB 190308)

ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခန်း၊ မန့် ဟီးရိုးနှင့် ပန်ဆိုင်းမြို့ နယ်များတွင် နအဖ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ထောက်ခံရန် လ၀က အရာရှိများက ဒေသခံများအား ပြောဆို စည်းရုံးနေသည်။ (Mizzima 200308)

နအဖလူထုဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲသစ် ကျင်းပမည့်အစီအစဉ်နှင့် ဖွဲ့ စည်းပုံမူကြမ်းကို ဆန့် ကျင်ကွန့် ကွက်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ ကျရောက်သည့် နှစ်(၂၀)ပြည့် ချင်းတော်လှန်ရေးနေ့ ၌ ကြေညာသည်။ (NEJ 200308)

နအဖစစ်အစိုးရ၏ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူလူထုမှ ယုံကြည်၍ အပ်နှင်းထားသည့် အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် ပြောသင့်ပြောထိုက် သည့်အချိန်တွင် ပြောဆိုခြင်း မရှိသည်မှာ တာဝန်မဲ့ရာရောက်သည်ဟု ၀ါရင့်သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းက ပြောဆိုလိုက်သည်။ (DVB 200308)

နအဖ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် မေလတွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ပြတ်ပြတ် သားသား ကန့် ကွက်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့ စည်းရေးအဖွဲ့ နှင့် မြို့ နယ်လူငယ်များ၏ ယခုလ(၇)ရက်နေ့  သဘော ထား ကြေညာချက်ကို ထောက်ခံကြောင်း စသည့်ဆုံးဖြတ်ချက်များကို ယခုလ(၁၅)ရက်နေ့ တွင် ပြုလုပ်သည့် ကော့မှူးမြို့ နယ် အဖွဲ့ ချုပ် လူငယ်များ ဆွေးနွေးပွဲ၌ ချမှတ်ခဲ့သည်။ (DVB 200308)

နအဖစစ်အုပ်စု၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကို တောင်ဥက္ကလာ NLD လူငယ် အဖွဲ့ မှ ရူတ်ချကန့် ကွက်လိုက်သည်။ (DVB 200308)

မေလတွင် ပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲသည် မိမိတို့ နှင့် မသက်ဆိုင်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် SNLD မှ ယနေ့ ထုတ်ပြန်သည်။ (DVB 200308)

နမ့်ခမ်းမြို့ နယ် ပန်ဆေးကျေးရွာတွင် ပြည်သူ့ စစ်ခေါင်းဆောင် ပန်ဆေးကျော်မြင့်သည် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲမပေးရန်နှင့် မထောက်ခံပါက တစ်ရွာလုံးကို နအဖစစ်အစိုးရက မောင်းထုတ်မည်ဟု စည်းရုံးခြိမ်းခြောက် ပြောဆိုနေကြောင်း သိရသည်။ (Mizzima 200308)

ကိုယ်ရသင့်ရထိုက်သည့် အခွင့်အရေးအပြည့်အ၀ရရှိပြီး တည်ကြည်ခိုင်မာသည့် အစိုးရမျိုး လိုချင်သည်ဆိုပါလျှင် မေလတွင်ကျင်းပမည့် ပြည်သူ့ ဆန္ဒခံယူပွဲ၌ ပြည်သူများ မဲရုံသို့ သွားရောက် ကန့် ကွက်မဲထည့်ကြရန် တိုက်တွန်းထားသည့်စာများ မူဆယ်မြို့ တွင် ယနေ့ လိုက်လံဖြန့် ဝေခဲ့ကြောင်း သိရသည်။ (RFA 200308)

“အနာဂတ်မှာ စီးပွားရေးအခြေခံကောင်းတွေ ဆက်လက် တိုးတက်ဖြစ်ထွန်းဖို့ အတွက် အာမခံပေးနိုင်မယ့် စီးပွားရေးဆိုင်ရာ အခြေခံမူတွေကို ဖွဲ့စည်း ပုံ အခြေခံဥပဒေ မူကြမ်း မှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်”ဟု နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုလ (၁၆)ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမ၌ကျင်းပသည့် (၁၇)ကြိမ်မြောက် ကုန်သည် စက်မှုအသင်းချုပ် နှစ်ပတ်လည်အစည်းအဝေးတွင် တက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များကို အသိပေးပြောကြားသည်။ (The Myanmar Times 14 - 200308)

နအဖစစ်အစိုးရမှ ဦးစီးပြုလုပ်မည့် မေလလူထုဆန္ဒခံယူပွဲကို မဲဆွယ်စည်းရုံးပေးမည် မဟုတ်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ယနေ့ ပြောကြားလိုက်သည်။ (DVB 220308)

ယခုရက်ပိုင်းအတွင်းရှိ အရှေ့ပိုင်းတက္ကသိုလ်၊ တာဝတက္ကသိုလ်၊ ရွာသာကြီးရှိ စီးပွါးရေး တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များတွင် လူထုဆန္ဒခံယူပွဲတွင် ဆန့်ကျင်မဲပေးရန်နှင့် ပြည်သူ လူထုကို စည်းရုံးပြောဆိုတိုက်တွန်းကြရန် လှုံ့ဆော်ထားသည့် လက်ကမ်းစာစောင်များ
ဖြန့်ဝေနေသည့်အတွက် အာဏာပိုင်များက လိုက်လံစုံစမ်းနေပြီး ကျောင်းအာဏာပိုင်များမှ တဆင့် တွေ့ရှိပါက ကျောင်းထုတ်သည်အထိ အရေးယူမည်ဟု သတိပေးပြောဆိုနေ ကြောင်း သိရသည်။ (RFA 220308)

နအဖစစ်အစိုးရကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဆန္ဒမဲ ပေးသင့် မပေးသင့် ပြည်သူများ ဒွိဟဖြစ်နေကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို လာရောက် အကြံဉာဏ်တောင်း မေးမြန်းခြင်းများရှိကြောင်း သိရသည်။ (RFA 220308)

စစ်တပ်ထဲမှ အရာရှိ၊ အရာခံတပ်သားများအား ဆန္ဒခံယူပွဲ၌ ထောက်ခံမဲပေးကြရန် အထက်အရာရှိများက ညွှန်ကြားထားသော်လည်း စစ်သားများအပါအဝင် မိသားစုဝင်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နားမလည်ကြကြောင်း သိရသည်။
(Irrawaddy 240308)

စစ်တပ်ထဲ၌ အရာရှိအရာခံ တပ်သားများအား ဆန္ဒခံယူပွဲ၌ ထောက်ခံမဲပေးကြရန် အထက် အရာရှိ အဆင့်ဆင့်က ညွှန်ကြားထားသော်လည်း စစ်သားများအပါအဝင် မိသားစုဝင်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နားမလည်ကြကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရသည်။ (Irrawaddy 240308)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မူဝါဒလမ်းစဉ်နှင့် တာဝန်အစားထိုးခန့်အပ်မှုများ ဆွေးနွေးသည့် ယခုလ(၂၂)ရက်နေ့ မြို့နယ်အဆင့် အစည်း အဝေးတစ်ရပ်တွင် နအဖအခြေခံဥပဒေမူကြမ်းကို အတည်ပြုမည့် မေလပြည်သူ့ဆန္ဒခံယူပွဲ
ကို လက်မခံကြောင်း ဆုံးဖြတ်လိုက်သည်။ (Mizzima 240308)


နအဖစစ်အစိုးရ ဦးစီးလုပ်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့ဝင်များသည် ယခုလ(၁၉)ရက်နေ့တွင် ဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်(၃)ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။ (DVB 240308)
(၁) နအဖက ထုတ်ပြန်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း။
(၂) လာမည့်မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ဆန့်ကျင် ကြောင်း။
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲအား အတင်းအကျပ်ပြုလုပ်ပါက ကန့်ကွက်မဲထည့်ကြရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်မည်ဖြစ်ကြောင်း။


နအဖစစ်အစိုးရက ထုတ်ဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အခြေခံမူများစာအုပ် ရောင်းကောင်းနေကြောင်း ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန်အရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။ (NEJ 250308)


နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကန့်ကွက်သည့် အနေဖြင့် မြန်မာပြည် တဝန်း မြို့ကြီးအချို့တွင် ပြည်သူများက NO တံဆိပ်ပါ တီရှပ်များကို ဝတ်ဆင်လာပြီး လှုပ်ရှားမှုများ စတင်လာကြောင်း သိရသည်။ (DVB 250308)

နအဖ က ထုတ်ဝေသည့် အခြေခံမူကြမ်း စာအုပ်သည် ရောင်းကောင်းနေကြောင်း ရန်ကုန် မြို့၊ ကုန်သည်လမ်း စာပေဗိမာန်အရောင်းဆိုင်မှ တာဝန်ခံတဦးက ပြောသည်။ (NEJ 250308)

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ကန့်ကွက်မဲပေးရန် လှုံ့ဆော်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း လူစည်ကားရာ အချက်အချာနေရာရှိ အဆောက် အအုံများတွင် ယမန်နေ့တွင် ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂက လိုက်လံကပ်ခဲ့
ကြောင်း တာဝန်ရှိသူ တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောသည်။ (NEJ 260308)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ -၁ ကိုမျိုးသန်းထိုက်အား ရဲကားတစ်စီးဖြင့် အရပ်ဝတ်ရဲ(၅)ဦးသည် ယမန်နေ့သန်းခေါင်ယံတွင် နေအိမ်၌ လာရောက် ခေါ်ယူသွားပြီး စက်တင်င်္ဘာ ဆန္ဒပြပွဲများအကြောင်း၊ အဖွဲ့ချုပ်အကြောင်းနှင့် လူထုဆန္ဒခံ ယူပွဲနှင့် ပတ်သက်သည့် သဘောထားများ စစ်ဆေးမေးမြန်း၍ ယနေ့နံနက်(၃)နာရီခွဲ ခန့်တွင် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (DVB 260308)

လာမည့်မေလတွင် ပြုလုပ်မည့် နအဖစစ်စအိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံ ယူပွဲတွင် ကန့်ကွက်မဲပေးကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်သူများကို တိုက်တွန်းလိုက်သည်။ (DVB 260308)


နအဖဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရသော်လည်း ဒီမိုကရေစီအင်အားစုများသည် ပုန်းရှောင် ပြေးလွှားနေစဉ်ပင် နအဖ၏ အတုအယောင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆန့်ကျင်ရေး ကို ရောက်ရာနေရာမှ မြေအောက်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
(BKK - AFP/VOA 260308)

စစ်တပ်သည် အာဏာမမက်မောကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေး ခြင်းဖြင့် အာဏာလွှဲပြောင်းရေး ဆောင်ရွက်မည်ဟု နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြပ်ပြေးနေပြည်တော်၌ ယနေ့ကျင်းပသည့် (၆၃)နှစ်မြောက် ဖက်ဆစ်တော်
လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။ (NEJ 270308)


လာမည့်မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်သံဃာများပါဝင်သည့် ဒီမိုကရေစီလှုပ်ရှားသူများက မြို့တော် ဒက္ကာမှစ၍ ခရီးရှည်လမ်းလျှောက်ခြင်းကို ယနေ့စတင်လိုက်ကြောင်း သိရသည်။ (NEJ 270308)

လူဦးရေ(၃ဝ)ခန့် ပါဝင်သည့် ဆန္ဒပြသမားများသည် “NO” ဟူသော စာသားပါဝင်သည့် ဝတ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအလံများကို လွှင့်ထားကာ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘဝသို့ မရောက် စေရေး ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ ကြွေးကြော်၍ ယနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ဆန္ဒပြကြသည်ဟု သိရသည်။ (Irrawaddy/DVB 270308)

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်စေရန်အတွက် နအဖစစ်အုပ်စုက မကြာမီ ကျင်းပမည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို တခဲနက်ဆန့်ကျင်သည့် တော်လှန်ရေးကြီးတစ်ရပ် ဆင်နွှဲသွားကြရန် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် တော်လှန်ရေးနေ့တွင် မြန်မာပြည်သူ များကို တိုက်တွန်းလိုက်သည်။ (DVB 270308)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖေါ်ဆောင်ရန်အတွက် စစ်အစိုးရမှ ချမှတ်ထားသည့် ဒီမိုကရေစီလမ်းပြမြေပုံကို မိမိတို့(၂)နိုင်ငံက ထောက်ခံကြောင်း အင်ဒိုနီးရှာသမ္မတ Susilo နှင့် ထိုင်းဝန်ကြီးချုပ် Samak Sundaravej တို့  အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံပြီးနောက် ယမန်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ (RFA 270308)

မြန်မာနိုင်ငံတွင် နအဖစစ်အစိုးရက ဒီမိုကရေစီအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လူမျိုးစုများ၏ အကြံပြုချက်နှင့် ဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲ၍ မကြာမီပြည်သူ ဆန္ဒခံ ယူပွဲပြုလုပ်ပြီး အဓမ္မအတည်ပြုရန် ကြိုးပမ်းနေသည့်အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန် သမ္မတ George Bush က တရုတ်သမ္မတ ဟူကျင်းတောင်ကို ယမန်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားလိုက်သည်။
(RFA 270308)

မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနီးကပ်လာသဖြင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန် တိုးရစ်ဗီဇာ ထုတ်ပေးမှုကို နအဖ က တင်းတင်းကြပ်ကြပ် စီစစ်လာသည်။ (Mizzima 270308)

စစ်တပ်သည် အာဏာမမက်မောကြောင်း၊ ၂ဝ၁ဝပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး ပါက အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမည်ဟု နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယနေ့ (၆၃)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောသည်။ (NEJ 280308)

ရှမ်းပြည်နယ်တောင်ပိုင်း SSA-S ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က စစ်အစိုးရ လမ်းပြမြေပုံ အကောင်အထည် ဖေါ်နေမှုတွင် ပါဝင်ပတ်သက်နေကြသော အပစ်ခတ်ရပ်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အနေ ဖြင့် ပင်လုံစာချုပ်ပါ ပဋ္ဋိညာဉ်များ ဖေါက်ဖျက်ခံရပြီးသည့်နောက်တွင် နောက်တစ်ကြိမ် အလိမ်မခံကြရန် တိုက်တွန်းလိုက်သည်။ (NEJ 280308)

နအဖစစ်အစိုးရသည် လာမည့်မေလတွင် ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲအတွက် အများပြည်သူများ ကြိုတင်စဉ်းစား ဆုံးဖြတ်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း စာအုပ်များကို အမြန်ဆုံးဖြန့်ချိရန် ယမန်နေ့တွင် ပြုလုပ်သည့် သာစည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လပတ်အစည်းအဝေးမှ တောင်းဆိုလိုက်သည်။ (DVB 280308)

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့များသည် နအဖ၏ဆန္ဒခံယူပွဲတွင် ပြည်သူများ သပိတ်မှောက်သည်ထက် သဘောမတူ မဲထည့်ခြင်းက ထိရောက်သဖြင့် သဘောမတူ မဲပေးခြင်းကို အားပေးတိုက်တွန်းကြောင်း သိရသည်။ (BKK/VOA 280308)

နအဖစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်အလက်များ ကို ဗြိတိသျှ ဥပဒေပညာရှင်များက အင်္ဂလိပ် တရားဥပဒေနှင့်နှိုင်းယှဉ်ကာ အားနည်းချက်၊ လိုအပ်ချက်များ ဝေဖန်ထောက်ပြရန် ယနေ့ လန်ဒန်မြို့တွင် ဆွေးနွေးနေကြောင်း သိရ
သည်။ (RFA 290308)

ရဟန်းသံဃာများအနေဖြင့် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ပြည်သူတွေသိအောင် မိမိတို့သီတင်းသုံးရာ အရပ်တိုင်း၌ ရှင်းလင်းဟောပြောပေးရန် အထက်မြန်မာပြည် သံဃာ့သမဂ္ဂအဖွဲ့က နှိုးဆော်တိုက်တွန်းသည့် လှုပ်ရှားမှုများကို ယနေ့
မန္တလေး အမရပူရနှင့် ပခုက္ကူမြို့ စာသင်တိုက်များတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ (RFA 290308)

လာမည့်မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေဆန္ဒခံယူပွဲတွင် “ထောက်ခံမဲသာ ပေးလိုက် ကြစို့”ဆိုသည့် စာတမ်းပါစာရွက်များကို အမည်မသိအဖွဲ့များက ရန်ကုန်မြို့တွင် ဝေငှနေ ကြောင်း သိရသည်။ (DVB 310308)
နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံရေးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာ ရန် နိုင်ငံတကာရှိ လွှတ်တော်အမတ်များအနေဖြင့် ကူညီပါရန် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ယနေ့ မေတ္တာရပ်ခံလိုက်သည်။ (Mizzima/RFA 310308)

မြန်မာစစ်အစိုးရ၏ ပြည်သူ့ဆန္ဒခံယူပွဲကို သံဃာတော်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ စစ်သား၊ ရဲသားနှင့် စွမ်းအားရှင်များ စုပေါင်းကန့်ကွက် ကြရန် အပြည်ပြည်ဆိုင်ရာ သာသနာ့ဦးသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်ဖြင့် တိုက်တွန်းလိုက်သည်။ (RFA 310308)

နအဖ က ဖေဖော်ဝါရီလအတွင်း ရေးဆွဲပြီးကြောင်း ကြေညာသည့် အခြေခံဥပဒေမူကြမ်း အသစ်သည် အမျိုးသား ညီလာခံတွင် မပါဝင်သော အချက်အလက်များစွာ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။ (Yoma3 010408)

လာမည့်မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် အကျဉ်းသားများကို အာဏာပိုင်များက စည်းရုံးနေသည်ဟု ယနေ့ထောင်ဝင်စာ သွားရောက်တွေ့ဆုံပြီး ပြန်လာသူတစ်ဦးက ပြောသည်။ (DVB 010408)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း(၂ဝဝ၈ခုနှစ်) စာအုပ် ကို ပြည်သူများလေ့လာဖတ်ရှု့နိုင်ရန် မကြာမီ ဖြန့်ချိပေးတော့မည်ဟု ယနေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ပါရှိသည်။ (NEJ 020408)

လာမည့်မေလတွင် နအဖစစ်အစိုးရက ဦးစီးကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲရုံသို့သွားရောက်ပြီး ကန့်ကွက်မဲပေးကြရန် ပြည်သူ လူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်သည်။ (DVB 020408)

“သူဟာ လွတ်လပ်ရေးခေတ် ၁၉၄၇ ခြေခံဥပဒေ၊ မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) ခေတ် ၁၉၇၄ အခြေခံဥပဒေများကို ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့သူတစ်ယောက်အနေနဲ့ ‘ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ၊ ရှင့်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီမို့ ဘယ်အရာဟာ မစင်လဲ ငှက်
ပျောဆိုတာ သိနေပြီ’ နအဖဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မဲပေးဖို့ ဆုံးဖြတ်ထား တယ်”ဟု စာရေးဆရာမကြီး ဒေါ်ကြည်ဦး (၈၂)နှစ်က ထုတ်ဖေါ်ပြောကြားလိုက်သည်။ (DVB 020408)

လာမည့်မေလတွင် ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲအတွက် မဲရုံကော်မရှင်များက မဲအစားထိုး ခွင့်ပြုထားသည့်အတွက် လူထု၏ဆန္ဒ အစစ်အမှန် ရနိုင်မည်မဟုတ်ဟု ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့နယ်ရှိ ငြိမ်းချမ်းရေးအထူးဒေသတွင် ဒေသခံများက ဝေဖန်ပြောဆို နေကြကြောင်း သိရသည်။ (DVB 020408)

ဖွဲ့စည်းပုံဥပဒေဆန့်ကျင်သူများအား ဖမ်းဆီးနှိပ်ကွပ်မှု ချောင်မြောင်းရိုက်နှက်မှုများ ပြုလုပ် နေမှုအတွက် နအဖအား အမေရိကန်မှ ပြစ်တင် ဝေဖန်လိုက်သည်။ (WTN/VOA 020408)

ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအား လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး မေလဆန္ဒခံယူပွဲမတိုင်မီ အစည်းအဝေးပွဲများ ကျင်းပခွင့်ပေးရန် မြန်မာအစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက
တောင်းဆိုထားကြောင်း ယမန်နေ့ကရရှိသော ထုတ်ပြန်ချက် အစီရင်ခံစာမူကြမ်းကို ကိုးကားပြီး အေပီသတင်းတွင် ဖေါ်ပြထားသည်။ (AP/NEJ/Irrawaddy 030408)


ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများအတွက် အာမခံချက်မရှိသည့် နအဖ၏ ဖွဲ့စည်းပုံကို မြန်မာပြည်သူတစ်ရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် မဲပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယမန်နေ့တွင် ထုတ်ပြန် ပန်ကြားလိုက်သည်။ (NEJ 030408)

လာမည့်ဖွဲ့စည်ပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် သတင်းများ၊ သုံးသပ် ချက် အမြင်များကို ဂျာနယ်မဂ္ဂဇင်းများတွင် လွတ်လပ်စွာရေးသား ဖေါ်ပြခွင့် မရှိဟု ရန်ကုန် ရှိ ဂျာနယ်အယ်ဒီတာတစ်ဦးက ပြောသည်။ (DVB 030408)

လာမည့်မေလတွင် ကျင်းပမည့် နအဖ၏ ဖွဲ့စည်းပုံဆန္ဒခံယူပွဲတွင် ပြည်သူတစ်ရပ်လုံး ကန့်ကွက်မဲပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပန်ကြားထားပြီး မဲပေးသည့်အခါ လိုက်နာလုပ်ဆောင်ရမည့် အချက်များကိုလည်း ကြေညာချက် သီးသန့်ထုတ်ပြန် တိုက်တွန်း လမ်းညွှန်ထားကြောင်း သိရသည်။ (DVB 030408)

နအဖဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ယနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။ (DVB/RFA 030408)

နအဖစစ်အစိုးရမှကျင်းပမည့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်မဲပေးကြရန် ပြည်တွင်းပြည်ပအဖွဲ့ အစည်းအသီးသီးက ကြေညာနေကြသကဲ့သို့ ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)ENCမှ
ကန့်ကွက် မဲပေးကြရန် ယနေ့ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းလိုက်သည်။ (RFA 030408)


နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ပြည်သူများ မဲရုံသွားပြီး ကန့်ကွက်မဲထည့်ကြရန်နှင့် စစ်အစိုးရ၏ မမှန်မကန် လုပ်ရပ်များကို အနီးကပ် စောင့်ကြည့် ပြီး အိုင်တီနည်းပညာများသုံး၍ ကမ္ဘာသိအောင် ဖေါ်ထုတ်ကြရန် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ) က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက် သည်။ (DVB 040308)

လာမည့်မေလ ဆန္ဒခံယူပွဲတွင် ပြည်သူလူထုသည် မဲရုံသို့သွားပြီး ကန့်ကွက်မဲပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၏ ထုတ်ပြန်ချက်ကို အဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာ၊ သာစည်နှင့် ရေနံချောင်းမြို့တို့မှ ထောက်ခံကြိုဆိုလိုက်သည်။ (DVB 040408)

မန္တလေးတိုင်းရှိ ဝံသာနုဆိုသည့်အဖွဲ့က လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ယခု လဆန်းပိုင်းတွင် မန္တလေး၌ စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်သည်။ (Mizzima 040408)

မေလတွင် ကျင်းပမည့် ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ ဆန္ဒခံယူပွဲအား မဖြစ်မြောက်အောင် ပြည်ပရောက် အဖွဲ့အစည်းများက အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရန် အတိအလင်း ကြေညာထားသည်ဟု နအဖပိုင် သတင်းစာမှာ ယနေ့စွပ်စွဲ ရေးသားခဲ့သည်။
(Yoma3 040408)

မေလလူထုဆန္ဒခံယူပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အပေါင်းအပါများက ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်နေသည်ဟု ယနေ့ထုတ် နအဖ သတင်းစာများတွင် စွပ်စွဲရေးသား ထားသည်။ (RFA/DVB 050408)

မြန်မာနိုင်ငံတွင် စစ်ဖက်အုပ်ချုပ်ရေး အဆုံးသတ်ရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိရန် ယမန်နေ့၌ လုံခြုံရေးကောင်စီ အဖွဲ့ဝင် အင်အားကြီး အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ (၃)နိုင်ငံက နအဖစစ်အစိုးရကို တိုက်တွန်းလိုက်သည်။ (RFA 050408)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်သည် စစ်တပ်(အုပ်ချုပ်သူများ) အတွက်မဟုတ်ဟု နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှ ဆိုသည်။ (RGN-AFP/VOA 060408)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြတ်ပြတ်သားသား ကန့်ကွက်မဲပေးရန် ပြည်သူလူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြေညာခဲ့ပြီးသည့်နောက် အဖွဲ့ချုပ်ဝင်များသည် ပြည်သူများအကြား ရှင်းလင်းပြောဆိုမှုများ စတင်လုပ်နေသည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ပြောသည်။ (NEJ 070408)

တိုင်းရင်းသား ပြည်သူများအတွက် အကျိုးခံစားခွင့်ရှိမည် မဟုတ်သည့် နအဖဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မဲပေးကြရန် တိုင်းရင်းသားလူမျိုးများကောင်စီ ENC က ယနေ့ တိုက်တွန်းလိုက်သည်။ (DVB 070408)

နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် ပြည်သူလူထုကို ၂ဝဝ၇ ခုနှစ် မျိုးဆက်သစ်ကျောင်းသားများ ဖြစ်ကြသည့် ရေကြောင်းတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ သန်လျင်နည်းပညာကောလိပ်နှင့် သမဝါယမကောလိပ်တို့က ကျောင်းသားများ စုပေါင်းပြီး ယနေ့ကြညာချက် ထုတ်ပြန် ပန်ကြားလိုက်သည်။ (DVB 070408)

လာမည့်မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ပြည်သူ့ဆန္ဒ အစစ်အမှန် ထုတ်ဖေါ်ခွင့်ရရေးအတွက် အကူအညီပေး ဆောင်ရွက်သွားရန် ယခုလ(၄)ရက်နေ့ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသည့် အဖွဲ့ချုပ် အောက်မြန်မာ ပြည် လူငယ်ပြန်လည် ဖွဲ့စည်းရေးအဖွဲ့နှင့် မြို့နယ်ပေါင်းစုံလူငယ် အစည်းအဝေးတွင် လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ (DVB 070408)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲမပေးလျှင် အလုပ်ထုတ်ပစ်မည်ဟု အစိုးရဝန်ထမ်း များကို မကွေးတိုင်း ချောက်မြို့နယ် အာဏာပိုင်အချို့က ခြိမ်းခြောက်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်၊ (DVB 070408)

ပြီးခဲ့သည့်လ(၃၁)ရက်နေ့တွင် ကိုအေးလွင် ဦးဆောင်သည့် အဖွဲ့သည် ချောက်မြို့သို့ လာရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်အနေဖြင့် ထောက်ခံသည်ဆိုသည့် စာရွက်များကို ချောက်မြို့မဈေးနှင့် ဂျီတီစီကျောင်းရှေ့တို့တွင် လိုက်လံဝေငှသွားကြောင်းနှင့် မည်သည့်အတားအဆီးများ မရှိကြောင်း သိရသည်။ (DVB 070408)

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အဖွဲ့အစည်းများအနေဖြင့် မဲရုံသို့ မပျက်မကွက် သွားရောက် ကန့်ကွက်မဲပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ တိုက်တွန်းချက် သည် ယနေ့ကာလ လိုအပ်ချက်နှင့်အညီ အချိန်ကိုက် ထုတ်ပြန်ခြင်းဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် လမ်းညွှန်ချက်ဖြစ်သည်ဟု ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံ တပ်ပေါင်းစုများ၏ ပူးတွဲတိုက်တွန်းချက်တွင် ပါရှိသည်။ (NEJ 080408)

စစ်အစိုးရပြုလုပ်မည့် အခြေခံဥပဒေမူကြမ်း အတည်ပြုဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲထည့်ရေး No campaign လှုပ်ရှားမှုကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ပြုလုပ်နေကြောင်း မြို့ခံမျက်မြင်များက ပြောသည်။ (Irrawaddy 080408)

လွန်ခဲ့သည့်(၁ဝ)ရက်ခန့်တွင် အင်းစိန်ထောင်အာဏာပိုင်များသည် အရှင်ဂမ္ဘီရကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးလိုကြောင်း ချဉ်းကပ်ခဲ့ရာ အရှင်ဂမ္ဘီရမှ ကန့်ကွက်ကြောင်း ပြန်လည်မိန့်ကြားလိုက်သည်ဟု ထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့ သည့် အစ်မတော် မခင်သူဌေးက ပြောသည်။ (DVB 080408)

နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ဖြစ်သွားပါက ၁၉၉ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးများသည် အပြီးအပိုင် ချေဖျက် ပြီး ဖြစ်သွားမည်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စစ်ကိုင်းတိုင်း၊ တိုင်း
စည်းရုံးရေးအဖွဲ့က ထိုမူကြမ်းကို လက်မခံနိုင်ကြောင်း ယခုလ(၇)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ (NEJ 090408)

စစ်အစိုးရရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပေးမူကြမ်း ၂ဝဝ၈ စာအုပ်ကို ရန်ကုန်မြို့အစိုးရ စာအုပ်အရောင်းဆိုင်များတွင် ကျပ်(၁,ဝဝဝ)ဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။ (Irrawaddy 090408)

“တချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်းကောင်းအောင် ပြင်ဆင်သွားပြီး တိုင်းပြည်တိုးတက်အောင် လုပ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ ခုဟာက နအဖက သူတို့ရဲ့ အခြေခံဥပဒေကို လုံးဝမပြင်ပါနဲ့လို့ အတိအလင်းပြောလိုက်တာနဲ့ အတူတူပဲ”ဟု နအဖ ဖွဲ့စည်းပုံတွင် ပါရှိသည့် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ BLC အတွင်းရေးမှူး ဦးအောင်ထူးက ဝေဖန် ပြောဆိုလိုက်သည်၊(Irrawaddy 090408)

မေလဆန္ဒခံယူပွဲတွင် သေချာသော လျှို့ဝှက်ဆန္ဒမဲပေးစနစ် ဖြစ်စေရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်က အောက်ခြေအဆင့် ကော်မရှင် အဖွဲ့ခွဲများသို့ ညွှန်ကြားထား ကြောင်း သိရသည်။ (Mizzima 090408)

နအဖဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းတွင် ပါရှိသည့် အခြေခံဥပဒေ ပြင်ဆင်ချက်၌ “ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး” ဆိုသည့် စကားလုံးအစား “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်”အဖြစ် ပြင်ဆင်ဖတ်ရှုကြရန် အာဏာပိုင်များက အဖွဲ့အစည်းများသို့
အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ (RFA 090408)

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂ဝဝ၈ ခုနှစ် မေလ(၁ဝ)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးအောင်တိုး လက်မှတ်ရေးထိုး၍ ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ (The Mirror 100408)

နအဖစစ်အစိုးရ၏ မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲသည် လွပ်လပ်၍ တရားမျှတမှုရှိရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေသောကြောင့် ကုလသမဂ္ဂအပါအဝင် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အထူးကြေညာချက်တစ်စောင် ယနေ့ထုတ်ပြန်လိုက်သည်။ (Irrawaddy 100408)

ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က အကန့်အသတ်ဖြင့် ထုတ်ဝေလိုက်သည့် မဲရုံမှူး လမ်းညွှန် စာအုပ်ထဲတွင် မဲလက်မှတ်ပေါ်မှ သတ်မှတ်ထားသည့် နေရာ၌ ဘောပင်ဖြင့် အမှန်ခြစ် လက္ခဏာမှန်သမျှကို ထောက်ခံမဲဟု သတ်မှတ်မည်ဖြစ်ပြီး ကန့်ကွက်မဲနှင့် ပတ်သက်၍ မည်သို့မျှ ဖေါ်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ (DVB 100408)

အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် မဲဆွယ်စည်းရုံးနေသော မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး၊ ရပ်ကွက်(၃) ဥက္ကဌ ဦးဝင်းမောင် (၅ဝ)နှစ်ကို ယမန်နေ့ည၌ လူ(၃)ဦးပါဝင်သော သေနတ်သမားများက နေအိမ်ခြံဝတွင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်သွားကြောင်း သိရသည်။ (Mizzima 100408)

မေလ ၁ဝ ရက်နေ့တွင် အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်မည်ဟု နအဖ စစ်အုပ်စုက ကြေညာလိုက်သည့်နေ့၌ပင် ၎င်းတို့ ထိန်းချုပ်ထားသော သတင်းစာထဲ၌ ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ထောက်ခံအားပေး ခြင်းမလုပ်ရန် သတိပေးထားသည့် ဆောင်းပါးများရေးပြီး သတိပေးလိုက်သည်။ (AFP/VOA 100408)

စစ်အစိုးရ၏ အခြေခံဥပဒေကို လက်ခံလိုက်ပါက ရှမ်းပြည်သည် ဒုတိယတန်းစား ပြည်ထောင်စုများအဖြစ် ရောက်ရှိသွားမည်ဖြစ်၍ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲ ပေးကြရန် ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားကြီး ဦးရွှေအုံးမှ ယနေ့ရက်စွဲဖြင့် ရှမ်းပြည်သူ လူထုကို ပန်ကြားလိုက်သည်။ (NEJ 110408)

ယခုဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကောင်းစားရေးအတွက် ရည်ရွယ်ပြီး ရေးဆွဲ ထားခြင်း ဖြစ်သည့်အတွက် လာမည့် လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြရန် တပ်မတော်သားများနှင့် အငြိမ်းစားတပ်မတော်သားများကိုပါ ခြိမ်းခြောက်ဖိအားပေးမှုများ ရှိနေကြောင်း ပုသိမ်မြို့အခြေစိုက် ခလရ(၃၈)မှ အမည်မဖေါ်လိုသူ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။ (NEJ 110408)

ကိုအေးလွင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)အဖွဲ့က ယခုလဆန်းပိုင်းမှစ၍ ရန်ကုန်မြို့တွင်း လှည့်လည်ကာ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲပေးရန် ရေးသားထားသည့် စာရွက်များ လိုက်လံဝေငှနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။ (NEJ 110408)

မန္တလေးတိုင်း သာစည်နှင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဒေသခံ အာဏာပိုင် များက မဲရုံဆောက်ရန်နှင့် လူထုဆန္ဒခံယူပွဲအတွက်ဟုဆိုကာ ဒေသခံများထံမှ အတင်း အကျပ် ငွေကြေးကောက်ခံနေကြောင်း သိရသည်။ (Mizzima 110408)

နအဖဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတည်ပြုရေး ဆန္ဒခံယူပွဲကို ကန်ကွက်ရန် စာများ အား မန္တလေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် လိုက်ကပ်နေသည်ဟု မြို့ခံများက ပြောသည်။ (DVB 110408)

လာမည့်မေလတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့်ပေးရန် နှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့များကို ပြည်ဝင်ခွင့်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တောင်းဆိုလိုက်သည်။ (DVB 110408)

အခြေခံဥပဒေဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် No Vote ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုကို ချောက်မြို့အဝင်ရှိ သုဿန်တွင် ပြီးခဲ့သည့် တနင်္လာနေ့၌ ဆောင်ရွက်ခဲ့သည်ဟု သိရ ကြောင်း ချောက်မြို့ခံတစ်ဦးက ပြောသည်။ (DVB 110408)

နအဖစစ်အုပ်စု၏ အခြေခံဥပဒေသည် အမှန်တရားကို လိုလားနေကြသောလူထုအတွက် ဒီမိုကရေစီစနစ်ဆီသို့ ဦးမတည်ကြောင်း အမေရိကန်သမ္မတရုံးပြောခွင့်ရ Sean Mc Cormack မှ ပြောဆိုလိုက်သည်။ (BKK/VOA 110408)

ရှမ်းပြည်နယ် ပြည်သူလူထုသည် စစ်အစိုးရ၏ ဥပဒေမူကြမ်းကို စိတ်ဝင်စားမှု မပြသော် လည်း ဒေသအာဏာပိုင်များသည် ယင်းမူကြမ်းအား ထောက်ခံမဲပေးရန် တိုက်တွန်း၊ အမိန့်ပေး၊ ခြိမ်းခြောက်မှုများနှင့် ဆွဲဆောင်မှုများ စသည့် နည်းမျိုးစုံသုံး နေသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာန၏ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။ (DVB 120408)

မေလ(၁ဝ)ရက်နေ့ ဆန္ဒခံယူပွဲကို တစ်နိုင်ငံလုံးရှိ ဒီမိုကရေစီအင်အားစုများက ကန့်ကွက်မဲ ပေးရန် ပြင်ဆင်နေစဉ်၌ နအဖနှင့်ငြိမ်းချမ်းရေး ယူထားရသည့် အဖွဲ့များသည် ကြားမနေပဲ အားလုံးကန့်ကွက်မဲ ပေးသင့်သည်ဟု နယ်စပ်အခြေစိုက် အဖွဲ့ပေါင်းစုံ (၇)ဖွဲ့က ယနေ့ကြေ
ညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ (DVB 120408)

ယမန်နေ့ သင်္ကြန်အကျနေ့တွင် ဒေသခံလူငယ်အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် “ကန့်ကွက်ဆန္ဒမဲပေးရေး လူထုပန်ကြားချက်” များကို ရေပက်ခံ ထွက်လာသည့် ပြည်သူများကို ဝေငှနေစဉ် ကြံ့ဖွံ့အဖွဲ့ဝင်များက အနီးကပ်ဝိုင်းရန် ချဉ်းကပ်
လာသော်လည်း ပြည်သူလူထုက ကြားခံကာပေးလိုက်သဖြင့် စာဝေသော လူငယ်များ လွတ်မြောက်သွားကြောင်း လှိုင်သာယာ ဒေသခံတစ်ဦးက ပြောသည်။ (DVB 140408)

မေလ(၁ဝ)ရက်နေ့တွင် ကျင်းပမည့် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲသည် အစစ် အမှန် မဖြစ်နိုင်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Paulo Sergio Pinheiro က ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖေါ်ပြထားသည်။ (DVB 150408)

ယနေ့ သင်္ကြန်ဒုတိယ အကြတ်နေ့ မန္တလေးတွင် အာဏာပိုင်များ ဦးစီးသည့် အလှပြ ကားများ၌ “မဲရုံကိုသွားကြစို့၊ ထောက်ခံမဲပေးကြစို့”ဆိုသည့် ဆိုင်းဘုတ်ကြီးများ တပ်ဆင် ထားပြီး စည်းရုံးရေးဆင်းနေသည်ကို တွေ့ရသည်ဟု မန္တလာသူတစ်ဦးက ပြောသည်။
(DVB 150408)

ဖမ်းဆီးခံနေရသည့် ၈၈မျိုးဆက်ကျောင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စသည့် အကျယ်ချုပ်ကျခံနေရသည့် ပုဂ္ဂိုလ်များ မေ(၁ဝ)ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒ ခံယူပွဲ၌ မဲပေးခွင့်ရှိရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောကြားလိုက်သည်။ (DVB 160408)

“နအဖအစိုးရသံရုံးများဆီ အခွန်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတိုင်း မေ(၁ဝ)ရက် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်။ ဒါပေမဲ့ ထောက်ခံမဲကိုသာ လိုချင်ပါတယ်” လို့ အခွန် ဆောင် ပုဂ္ဂိုလ်များထံ နအဖသံရုံးက စာပို့ထားသည်ဟု စင်္ကာပူရှိ ကျောင်းသားများက ပြော သည်။ (DVB 160408)

စကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂ဝဝ၈ အတည်ပြု ဆန္ဒမဲလာရောက်ပေးကြရန် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖိတ်ကြားသည့် အပေါ် မြန်မာ့ဒီမိုကရေစီရေး လိုလားသူများက ကန့်ကွက်မဲပေးရန် လှုပ်ရှားမှုများပြုလုပ်နေ
ကြောင်း သိရသည်။ (Irrawaddy 170408)

နဝတ၊ နအဖစစ်အစိုးရလက်ထက်တွင် ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ “တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ”ဟု နအဖဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပုဒ်မ-၄၄၅တွင် ထည့်သွင်း ထားခြင်းသည် မည်သို့မျှ လက်မခံနိုင်သည့် အချက်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC နှင့် ဝါရှင်တန်အခြေစိုက် ဂလိုဘယ်ဂျပ်စတစ်စင်တာ Global Jystice Center ထောက်ပြ ပြောဆိုလိုက်သည်။ (DVB 170408)

ပြည်ပရောက် မြန်မာပြည်သားများ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးကြရန် သက်ဆိုင်ရာ အစိုးရ သံရုံးအသီးသီးက ညွှန်ကြားစာများထုတ်ပြန်နေကြောင်း သိရသည်။ (DVB 170408)

နအဖစစ်အစိုးရက လာမည့်မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ အတွက် ရည်ရွယ်၍ ယာယီအိမ်ထောင်စု စာရင်းနှင့် ယာယီနိုင်ငံသား သက်သေခံ လက်မှတ်များကိုသာ ထုတ်ပေးနေသောကြောင့် မှတ်ပုံတင် အမှန်တကယ် သုံးစွဲရန် လိုအပ်သူများ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။ (NEJ 180408)

ဆန္ဒခံယူပွဲကို စင်္ကာပူနိုင်ငံ မြန်မာသံရုံး၌ ယခုလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတို့အနေဖြင့် နံနက်(၉)နာရီမှ ညနေ (၅)နာရီအတွင်း မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား များကိုင်ဆောင်၍ မြန်မာသံရုံးသို့ လာရောက်ကြရမည် ဖြစ်သည်ဟု တရားဝင်ဖိတ်စာများ ဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။ (NEJ 180408)

မေလ(၁ဝ)ရက်နေ့ ဆန္ဒခံယူပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအတွင်း အခြေအနေ များသည် လူများအား ကြောက်လန့်အောင် ဖန်တီးထားသည့် အခင်းအကျင်းမျိုး ဖြစ်နေခြင်ကြောင့် အထူးစိုးရိမ်သည်ဟု ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Michael Williams က ယနေ့ပြောဆိုလိုက်သည်။ (DVB 180408)

အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင်အဖွဲ့ (သြစတြေးလျဌာနခွဲ)က စစ်အစိုးရ၏ ဆန္ဒ ခံယူပွဲကို ကန့်ကွက်သည့် အနေဖြင့် ဆစ်ဒနီမြို့တွင် ဘာသာပေါင်းစုံ စုပေါင်းချီတက်ပွဲနှင့် ဆုတောင်းပွဲကို ယခုလ(၂၆)ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်သည်။
(DVB 210408)

နအဖစစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးကြရန် လှုပ်ရှားသည့် No ကမ်ပိန်း လှုပ်ရှားမှု ယခုလ(၁၄)ရက်နေ့တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့၌ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ (DVB 210408)

မေလ(၁ဝ)ရက်နေ့တွင် ကျင်းပမည့် ဆန္ဒမဲပေးပွဲ၌ ထောက်ခံမဲရရှိရန် ကချင်ပြည်နယ်ရှိ ခရစ်ယာန်ခေါင်းဆောင်များနှင့် ကချင်ပြည်သူလူထုကို တယ်လီဖုန်း၊ ဆန်စသည့် ပစ္စည်း များဖြင့် မက်လုံးပေးစည်းရုံးနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာတ အယ်ဒီ
တာ လဖိုင်နော်ဒင်းက ပြောသည်။ (DVB 210408)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြရန် လှုံ့ဆောင်သည့်အနေဖြင့် မဲရုံမှူးများ၊ ကြံ့ဖွံ့အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များနှင့် ရပ်ကွက်/ကျေးရွာအဆင့် အာဏာပိုင်များက ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်း၌ တူညီ တီရှပ်ဝတ်စုံ ဝတ်ဆင်မှု
များ ယခုလဆန်းပိုင်းမှစ၍ ပြုလုပ်နေကြောင်း သိရသည်။ (Mizzima 210408)

ပန်းဝါအခြေစိုက် ဒီမိုကရေစီသစ်တပ်မတော်(ကချင်) ငြိမ်းချမ်းရေးအဖွဲ့ မဲဆန္ဒနယ်မြေတွင် မဲထည့်ဝင်မည့် လူဦးရေ(၃,၆၉၄)ဦး သတ်မှတ်ထားကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်များ အားလုံး ထောက်ခံမဲထည့်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Mizzima 210408)

မေလတွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် နှိုးဆော်စာများကို ယခုလ(၁၉)ရက်နေ့ ညပိုင်းက ကချင်ပြည်နယ် ဗန်မော်ခရိုင်အတွင်း လှုံ့ဆော်မှုများ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများက ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Mizzima 210408)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၏ အစည်ကားဆုံးပွဲတစ်ခုဖြစ်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ကျင်းပသော နှစ်သစ်ကူးပွဲ၌ ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးရန် တိုက်တွန်းထားသည့် ရှမ်း-မြန်မာ နှစ်ဘာသာနှင့် ရေးသားထားသော စာရွက်စာတမ်းများ ကို ရှမ်းလူငယ်များက ဖြန့်ဝေခဲ့ကြောင်း သိရသည်။ (Mizzima 210408)

ယမန်နေ့ညက ဖြစ်ပွါးသည့် ရန်ကုန်မြို့လယ်ဗုံးပေါက်ကွဲမှုများသည် ဆန္ဒခံယူပွဲနီးလာချိန်၌ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားနိုင်ရန် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်း ဆောင်ရွက်ချက်ဖြင့် ပြည်သူများကို ထောက်ခံမဲထည့်လာရန် တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ (RFA 210408)

ထိုင်းနိုင်ငံ ဘန်ကာက်မြို့ မြန်မာသံရုံး၌ နအဖစစ်အစိုးရ ရေးဆွဲထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ဆန္ဒခံယူသည့် ကြိုတင်ဆန္ဒမဲပေးပွဲကို လုံခြုံရေး တင်းကျပ်စွာဖြင့် ယနေ့စတင်ကျင်းပကြောင်း ဆန္ဒမဲသွားပေးသူတို့က ပြောကြားသည်။
(NEJ 220408)
မြန်မာစစ်အစိုးရအနေနှင့် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားများတွင် အခြေခံ ဥပဒေ ထောက်ခံရန် ပြင်းထန်စွာလှုပ်ရှားမှုများ ပြုလုပ်၍ လူထုကို တိုက်တွန်းနှိုးဆော် နေသော်လည်း လူထုကမှု ထိုသို့တိုက်တွန်းနေခြင်းကြောင့် ပိုမို၍ကန့်ကွက်နေချင်ကြောင်း ကြား သိရသည်။ (Irrawaddy 220408)

“ပြည်သူလူထုကို ထောက်ခံမဲပေးရန်စည်းရုံးဖို့ ရပ်ကွက်လူကြီးတွေမှာ တာဝန်ရှိတယ်။ ကန့်ကွက်မဲ အရေအတွက်များရင် ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီဖြစ်လာမှာ မဟုတ်ဘူး။ ဥပဒေစည်းမျဉ်းတွေ ပြန်ရေးဆွဲဖို့ အစည်းအဝေးတွေ ထပ်ခေါ်ရမယ်။ အမျိုးသားညီလာခံ ထပ်လုပ်ရမယ်။ ဒါကြောင့် ထောက်ခံမဲများများ ပေးစေချင်ပါတယ်။”ဟု ယခုလ(၁၅)ရက်နေ့တွင် ကွန်ဟိန်းစစ်ဗျူဟာမှူး တင်မောင်ရွှေနှင့် မယကဥက္ကဌ ဦးငွေတိုး တို့က ကွန်ဟိန်းမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စု လူကြီးများဆင့်ခေါ်၍ မယကရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (S.H.A.N 220408)

ယခုလ(၂)ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် မယက ဥက္ကဌ ဦးကျော်ရွှေသည် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု လူကြီးများအား မေလ မဲဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ခေါ်ယူသင်တန်းပေးခဲ့ကြောင်းနှင့် ယင်းသင်တန်း၌ “ကိုယ့်ရွာသူ/သားတွေ ထောက်ခံမဲပေး
ကြဖို့ ပြန်ပြီးသင်ကြားပေးရမယ်။ ကန့်ကွက်မဲထည့်သူကို သိရင်ထောင်ဒဏ်(၃)နှစ်နဲ့ ပိုက်ဆံ ၁သိန်း ဒဏ်တပ်ခံရမယ်”ဟု ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ (S.H.A.N 220408)

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာမို့ ပျက်သွားခဲ့ရင် နောင် ရေးဖို့ဆိုတာ အကြာကြီးဖြစ်မယ်။ နောက်ပြီး ဒီဟာကို ကြိုးစားပြီး ရေးထားတာမို့ အားလုံးက ထောက်ခံမဲထည့်ပေးဖို့ တိုက်တွန်းပါတယ်”ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် ယခုလ(၁၃)ရက်နေ့၌ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်ရှိ ဒေသအာဏာပိုင် များနှင့် ဒေသခံများကို တွေ့ဆုံစည်းရုံး ပြောဆိုခဲ့ကြောင်း သိရသည်။ (Mizzima 220408)

“စစ်တပ်အစိုးရ၏အစီအစဉ်ကတော့ ဖွဲ့စည်းပုံမူကြမ်းကို ဘယ်လိုဖြစ်ဖြစ်အတည်ဖြစ်အောင် လုပ်မှာပဲ။ ပြည်သူများကြားမှာ ထောက်ခံမဲမပေးရေး စည်းရုံးလှုပ်ဆော်ဖို့ နည်းလမ်းကလွဲ၍ ကျနော်တို့မှာ ပြန်တိုက်စရာ နည်းလမ်းမရှိဘူးလေ”ဟု မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦး ဒု-ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။ (IMNA 220408)

မော်လမြိုင်မြို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများအား ထောက်ခံမဲထည့် ရန် အာဏာပိုင်များက ခြိမ်းခြောက်ထားပြီး၊ ယနေ့မော်လမြိုင်မြို့တွင် ကျင်းပသည့် ဆန္ဒခံယူပွဲ အစမ်းလေ့ကျင့်မှုကို တက်ရောက်ခြင်း ပျက်ကွက်ပါက နောင်အခွင့်အရေး များအား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုသင်တန်းအုပ်ချုပ်သူ ဆရာမများက ခြိမ်းခြောက် ထားကြောင်း သိရသည်။
(Kaowao News 220408)

နအဖ က လက်အောက်ခံ တပ်မနှင့် တပ်ရင်းများမှ စစ်သားများ ဆန္ဒမဲပေးရန်အတွက် တပ်ရင်းတရင်းလျှင် မဲပုံးတပုံး ထားရှိပြီး ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ သည်။ (Yoma3 220408)

ဆန္ဒခံယူပွဲပြုလုပ်နေသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ နံနက်ပိုင်း၌ ဒီမိုကရေစီရေးလှုပ်ရှားသူများက No ပိုစတာများ ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြကာ မဲပေးရန် လာသူများကို ကန့်ကွက်မဲပေးကြရန် လှုံ့ဆော်ခဲ့ကြောင်း သိရသည်။
(NEJ 230408)

ကချင်ပြည်နယ် ချီဗွေမြို့နယ်အတွင်း (၂၄)ပြည်ပါ ဆန်တစ်အိတ် ကျပ်(၄)သောင်းကျော် အား ကျပ်(၁)သောင်း (၈)ထောင်ဖြင့် ဒေသအာဏာပိုင်များက ဦးစီး၍ ဈေးလျှော့ရောင်း ကာ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရှိရေးအတွက် မဲဆွယ်စည်းရုံးမှု များ ပြုလုပ်နေကြောင်း သိရသည်။ (NEJ 230408)

မကြာသေးခင်က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်သည် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဗန်းမော်မြို့နယ်များရှိ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကို တွေ့ဆုံကာ ယင်းဒေသခံများ ထောက်ခံမဲထည့်ရေးအတွက် စည်းရုံးလှုံ့ဆော်ရန် တိုက်တွန်း ပြောကြား ခဲ့ကြောင်း မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။ (Irrawaddy 230408)

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အိုင်ကုန်း စက်မှုလယ်ယာစက်ရုံတွင် စက်မှုလယ်ယာ ညွှန်ချုပ်က ပြီးခဲ့သည့်အပတ် နှစ်ဆန်း(၂)ရက်နေ့တွင် စက်မှုဝန်ထမ်းများ အားလုံးကို ဒီမိုကရေစီစနစ်ကိုလိုလားလျှင် ထောက်ခံမဲပေးကြရန် ပြောကြားကြောင်း ၎င်းစက်ရုံမှ လုပ်
သားတစ်ဦးက ပြောသည်။ (Irrawaddy 230408)

ရခိုင်ပြည်နယ်တွင် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ပိုစတာ တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း သိရသည်။ (DVB 230408)

နအဖသံရုံးများတွင် ပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲအတွက် ကြိုတင်မဲပေးမှုစနစ်သည် မဲပေးမှုနှင့် မဲရေတွက်မှုကို မဲဆန္ဒရှင်များက လွတ်လွတ်လပ်လပ် စောင့်ကြည့်နိုင်သည့်စနစ် ချွတ်ယွင်းနေခြင်းကြောင့် မဲဆန္ဒရှင်များက မဲလိမ်ခံရမည်ကို စိုးရိမ်နေကြောင်း သိရသည်။ (DVB 230408)

ကြံ့ဖွံ့အတွင်းရေးမှူး အဖွဲ့ဝင် စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းနှင့်အဖွဲ့သည် ပုဂံ-ညောင်ဦးဒေသ၌ ထောက်ခံမဲပေးကြရန် ပြီးခဲ့သည့် တနင်္လာနေ့တွင် စည်းရုံးရေး ဆင်းပြီး နောက် အင်္ဂါနေ့တွင် လူစည်ကားရာနေရာများ၌ No လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ပါဝင်သူ မြို့ခံလူငယ်တစ်ဦးက ပြောသည်။ (DVB 230408)

ယခုလ(၉)ရက်နေ့တွင် ရန်ကုန်၌ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်မြင့်ဆွေ က မဲစာရင်းအားလုံးကို နေပြည်တော်မှ ကြေညာမည်ဟု ပြောဆိုချက်ကြောင့် မဲလိမ်မှုများ ရှိလာမည်ကို ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများက စိုးရိမ်နေကြကြောင်း သိရသည်။
(Mizzima 230408)

နိုင်ငံခြား မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံရုံးအရပ်သား ဝန်ထမ်း အတော်များများက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း (၂ဝဝ၈)အတွက် ကန့်ကွက်မဲ ပေးကြ သည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။ (NEJ 240408)

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို မြန်မာသတင်းထောက်များ လွတ်လပ်စွာ သတင်းယူခွင့် ရရှိမည်ဟု Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြသည်။ (NEJ 240408)

မေလဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့၌ နေထိုင်ထိုင်သူလူဦးရေ (၆)သန်းကျော်ရှိသည့်အနက် မဲပေးပိုင်ခွင့် စုစုပေါင်း လူဦးရေ (၄)သန်းကျော် ရှိသည်ဟု ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်ကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖေါ်ပြသည်။ (NEJ 240408)

မြန်မာနိုင်ငံ၌ကျင်းပမည့် အခြေခံဥပဒေဆန္ဒခံယူပွဲသည် အများယုံကြည်လက်ခံသည့် ဆန္ဒ ခံယူပွဲအသွင်ဖြစ်စေရန် တောင်းဆိုမည့် သဘောထား ကြေညာချက်မူကြမ်းကို အမေရိကန် ပြည်ထောင်စုက ယနေ့လုံခြုံရေးကောင်စီထံ တင်သွင်းမည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက ပြောသည်။ (AFP/Reuters/NEJ 240408)

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ပါဝင်သည့် အချက်များသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်းကို ယနေ့ ထုတ်ပြန် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်ဖြင့် ပြောဆိုလိုက်သည်။
(Irrawaddy 240408)

ယခုလ(၁ဝ)ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့၌ အာဏာပိုင်များ ပြုလုပ်သည့် မဲပေးနည်းသရုပ်ပြ လေ့ကျင့်ပွဲတွင် ကန့်ကွက်မဲပေးသူများ များနေသည့်အတွက် နယ်မြေခံ အာဏာပိုင်များ အကျပ်ရိုက်နေသည်ဟု ဒေသခံများက ပြောသည်။ (DVB 240408)

ချင်းပြည်နယ်တွင် ကြံ့ဖွံ့အသင်းမှ တာဝန်ရှိသူများသည် ကျေးရွာအထိသွားရောက်၍ “ဒီမိုကရေစီလိုချင်လျှင် ထောက်ခံမဲထည့်ကြပါ”ဟု လိုက်လံပြောဆို စည်းရုံးနေသည်ဟု ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘန်လျံက ပြောသည်။ (DVB 240408)

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် မကွေးတိုင်း ဂန့်ဂေါခရိုင် ကျေးရွားများမှ ရွာသားများကို ဆင့်ခေါ်ပြီး လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲထည့်ကြရန် တိုက်တွန်း စည်းရုံး ဟောပြောနေသည်ဟု ဒေသခံများက ပြောသည်။ (DVB 240408)

လာမည့်မေလတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲ မဲရုံစရိတ်အတွက်ဆိုပြီး ပခုက္ကူမြို့ပေါ်မှ ဘိလိယက်ရုံများနှင့် ဘောလုံးပွဲပြသည့် ဗီဒီယိုရုံပိုင်ရှင်များထံမှ မထည့်မနေရ အလှူငွေ များ လိုက်လံကောက်ခံနေသည်ဟု ပခုက္ကူမြို့ခံများက ပြောသည်။ (DVB 240408)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းက စက်ရုံ အလုပ် သမားများကို ထောက်ခံမဲပေးရန် ဖိအားပေးနေပြီး စက်ရုံအမျိုးသမီးများထံမှ ကြံ့ဖွံ့အသင်းမှ (၁)မဲ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၁)မဲ၊ အမျိုးသမီးရေးရာအဖွဲ့မှ (၁)မဲ စုစုပေါင်း မဲသုံးမဲစီ ကြိုတင်ကေက်ယူသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ (DVB 240408)

လာမည့်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဇ္ဈိမသတင်းဌာနမှ ကျဘမ်းသဘောထား စစ်တမ်း တစ်ရပ်ကောက်ယူခဲ့ရာ ဖြေဆိုသူအများစုသည် ဆန္ဒခံယူပွဲတွင် မည်သို့မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးပဲ ရှိသည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။ (Mizzima 240408)

စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆနခြံယူပွဲအတွက် မြန်မာသံရုံးတွင် မဲလာ ထည့်ပါက လူစုလူဝေးနှင့် ဆန္ဒမူများမလုပ်ရန်။ စင်ကာပူနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန် စင်ကာပူအစိုးရ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် သည်၊ (RFA 240408)

စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် အခြေခံဥပဒေမူကြမ်းအပေါ် ဆန္ဒမဲပေးရက်များအတွင်း သံရုံးလုပ်ငန်းအချို့  ရပ်နားထား မည်ဖြစ်သည်၊ (Mizzima 250408)

မြစ်ကြီးနားမြို့နှင့် (၁၅)မိုင်ခန့်ဝေးသည့် ဝိုင်းမော်မြို့နယ်၊ နောင်ပိကျေးရွာတွင် ပြီးခဲ့သည့် ဗုဒ္ဓြွဟူးနေ့က ကျေးရွာအာဏာပိုင်များက ထောက်ခံမဲ မထည့်ပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ (NEJ 250408)

မေလတွင်ကျင်းပတော့မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ယမန်နေ့က အထူး ကြေညာချက် ၇/ဝ၇/ဝ၈ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ (NEJ 250408)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆန္ဒခံယူပွဲကို ထောက်ခံမဲထည့်ရန် အတင်းအကျပ် စည်းရုံး နေသည့် ကြံ့ဖွံ့စည်းရုံးရေးမှူး ကိုထွန်းသိန်း(၂၆)နှစ်ကို ၎င်း၏နေအိမ်တွင်ပင် အရပ်သား မောင်ထွန်းလင်း (၁၉)နှစ်က ဓါးဖြင့် (၇)ချက်ထိုး၍ သတ်လိုက်ကြောင်း ဒေသခံမျက်မြင်
သက်သေများထံမှ သိရသည်။ (Irrawaddy 250408)

နအဖစစ်အစိုးရက မေလ(၁ဝ)ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများ ပိုမိုရရှိရေးအတွက် အစိုးရဝန်ထမ်းများအား အဆိုပါနေ့တွင် အလုပ်ဆင်းစေပြီး သက်ဆိုင် ရာ ဌာနအသီးသီး၌ ထားရှိသော မဲပုံးများတွင်သာ ဆန္ဒမဲပေးရမည်ဟု ညွှန်ကြားထား ကြောင်း ဝန်ထမ်းများက ပြောသည်။ (Irrawaddy 250408)

ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များတွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံ မဲပေးရန် ရပ်ကွက်နေ ပြည်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများက ပြောဆို စည်းရုံးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။ (Irrawaddy 250408)

နအဖစစ်အစိုးရမှ ဦးစီးကျင်းပမည့် မေလ(၁ဝ)ရက် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေစဉ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြင်သစ်လူ့အခွင့်ရေးရာဝန်ကြီး ရာမာယဒီက ပြောကြားလိုက်သည်။(DVB 250408)

စင်္ကာပူရှိ နအဖသံရုံးတွင် ဖွဲ့စည်းပုံဥပဒေမူကြမ်း ဆန္ဒပေးမှုကို ယနေ့စတင်ခဲ့ပြီး အများစုသည် ကန့်ကွက်မဲထည့်ခဲ့ကြောင်း မြန်မာအလုပ်သမားကိုမျိုးက ပြောသည်။ (DVB 250408)

အစ္စရေးမြို့တော် တဲလ်အဗီးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ယခုလ (၂၃)ရက်နေ့၌ နအဖသံရုံးမှ လျှို့ဝှက်လုပ်သွားသည့်အပေါ် အစ္စရေးနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများက ရှုတ်ချလိုက်သည်။ (DVB 250408)

မကွေးတိုင်း ချောက်မြို့နယ်တွင် အာဏာပိုင်များသည် လူထုဆန္ဒခံယူပွဲ ထောက်ခံမဲ ရရှိရေးအတွက် စည်းရုံးရေးဆင်းရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (DVB 250408)

ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ဝန်ထမ်းများကို ကြံ့ဖွံ့အသင်းထဲ သွတ်သွင်းပြီး ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးပြီးပြီဟု မှတ်ယူကြရန် ညွှန်ကြားထား ကြောင်း ဝန်ထမ်းများထံမှ တဆင့်သိရသည်။ (DVB 250408)

နအဖ၏ ဆန္ဒခံယူပွဲကန့်ကွက်မှုများကို ပြည်တွင်းမီဒီယာများမှ သတင်းယူခြင်း ထုတ်ပြန် ခြင်းများကို နအဖမှတားဆီးမှုအတွက် RSF နှင့် BMA တို့က ပြစ်တင် ကန့်ကွက် လိုက်သည်။ (BKK-AFP/VOA 250408)

ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသူများအနက် အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးခွင့် အရည်အချင်းနှင့် ပြည့်စုံသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးခွင့် ရရှိရေးအတွက် စာရင်း ကောက်ယူခဲ့ရာ အင်အား လေးသန်းကျော် မဲပေးခွင့် ရရှိကြောင်း ‚င်းကပြောသည်။
(The Myanmar Times 250408)

မေလ၌ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် လက်ရှိနေထိုင်ရာဒေသ၌ပင် မဲပေးနိုင် ရန် ရန်ကုန်မြို့ရှိ အသက် ၁၈ နှစ်ပြည့်ပြီး နယ်မြို့များမှ ထောက်ခံစာဖြင့် နေထိုင်လျက် ရှိသူများအား ယာယီအမျိုးသား မှတ်ပုံတင်ကတ်ပြား ထုတ်ပေးခြင်းကို ယခုလကုန်တွင်
အပြီး ပြုလုပ်ပေးသွားမည်ဟု ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဒေါင်းကပြောကြားသည်။ (The Myanmar Times 2504-010408)

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံး၌ ယနေ့ စတင်ကျင်းပရာ ဆန္ဒမဲလာပေးသည့် မြန်မာနိုင်ငံသား အများအပြားကို မြန်မာသံရုံးက မဲပေးခွင့်မပေးပဲ ဂျပန်ရဲတပ်ဖွဲ့၏အကူအညီဖြင့် လူစုခွဲခဲ့သည်ဟု ဆန္ဒမဲသွားပေးသူတို့က ပြောသည်။ (NEJ 260408)

ပြည်လုံးကျွတ်န္ဒခံယူပွဲ မဲပုံးထဲသို့ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ထည့်နေပုံ စာရွက်များ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မော်လမြိုင်နှင့် မြို့အချို့တွင် ပျံ့နှံ့နေကြောင်း မြို့ခံများက ပြောသည်။ (NEJ 260408)

ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံးတွင် ပထမနေ့၌ မဲလာပေးသူ (၃)ဦး၊ ဒုတိယနေ့၌ မဲလာပေးသူ (၅)ဦးသာရှိပြီး သံရုံးဝန်ထမ်း အပါအဝင် (၃ဝ)သာရှိကြောင်း သိရသည်။ (NEJ 260408)

မကွေးတိုင်း မြိုင်မြို့နယ်တွင် ကန့်ကွက်မဲပေးကြရန် တိုက်တွန်းသည့်စာရွက်စာတမ်းများ သံဃာ့သမဂ္ဂ(အထက်ဗမာပြည်)၊ ပြည်ချစ်သားကောင်း စသည့်အဖွဲ့များက ယခုရက်ပိုင်း နေ့စဉ်လိုလို ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
(DVB 260408)

မကွေးတိုင်း မင်းဘူးစကုတွင် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများ နေ့စဉ်လိုလို ဖြစ်ပေါ်နေပြီး မြို့နယ်ကြံ့ဖွံ့စည်းရုံးရေးမှူး စိုးလွင်၏ အိမ်တံခါးတွင် ကြက်ခြေခတ် အမှတ်အသားများ ရေးသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ (DVB 260408)

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ကြံ့ဖွံ့တိုင်းဥက္ကဌ ဗိုလ်မှူးကြီးဇော်မင်းနှင့် တယကဥက္ကဌ ဗိုလ်မှူးကြီးဘုန်းမော်ရွှေတို့ ဦးဆောင်ပြီး ယနေ့ စကုမြို့တွင် ထောက်ခံမဲပေးရေး စည်းရုံး ဟောပြောပွဲတစ်ခု ပြုလုပ်မည့် ဓမ္မာရုံကိုသွားသည့် လမ်းတစ်လျှောက်တွင် No(နိုး) ကြက်ခြေခတ် အမှတ်အသားများကို အနက်ရောင်ဆေးများဖြင့် ထင်ထင်ရှားရှား ရေးသား ထားကြောင်း သိရသည်။ (DVB 260408)

“မျိုးချစ်စိတ်ဓါတ်ရှိသူတိုင်း ထောက်ခံမဲပေးကြပါ”ဆိုသည့် ၆ပေ ၄ပေ ပတ်လည်ဆိုင်းဘုတ် အချို့ကို ယခုလ(၂၃)ရက်နေ့တွင် အာဏာပိုင်များက ရမည်းသင်းမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် စိုက်ထူသွားပြီး ယင်းညမှာပင် ဒီမိုကရေစီအရေးတက်ကြွသည့် လူငယ်
အချို့က စပရေးမှုတ်ဆေးဖြင့် ကြက်ခြေခတ်(၃)ခု ခတ်သွားကြောင်း သိရသည်။ (DVB 260408)

မဲရုံများတွင် မဲရေတွက်မှု မှန်ကန်မှုရရှိစေရေးအတွက် မိတ္ထီလာမြို့နယ်ရှိ မဲရုံတစ်ရုံတွင် အနည်းဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် တစ်ဦးကျစီ စောင့်ကြည့်ရန် မဖြစ်မနေ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားကြောင်း မြို့နယ်အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။ (DVB 260408)

နအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ “မီဒီယာလွပ်လပ်ခွင့် ပေးပါ၊ မပေးရင် ဒီဆန္ဒခံယူပွဲရဲ့ တရားမျှတမှု အဆင့်အတန်းကို နိုင်ငံတကာက လက်ခံမှာ မဟုတ်ဘူး”ဟု ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းသမားများအဖွဲ့  RSF က နအဖကို ပြောကြားလိုက်သည်။ (DVB 260408)

နအဖစစ်အုပ်စုသည် မိမိထိန်းချုပ်ထားသည့် သတင်းမီဒီယာကိုအသုံးချလျက် သီချင်းများ၊ ကာတွန်းများ၊ ဆောင်းပါးများ၊ ကြော်ငြာဆိုင်းဘုတ်များဖြင့် ဆန္ဒခံယူပွဲကိုထောက်ခံကြရန် အတင်းအဓမ္မ ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။ (AP/VOA 260408)

နအဖစစ်အစိုးရရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ဆန္ဒမဲပေးရန် (၁ဝ)ရက်ကျော်ကျော်သာ လိုသော်လည်း နေပြည်တော်တွင် တာဝန်ကျသူ အောက်ခြေ ဝန်ထမ်းအချို့မှာ နံမည်စာရင်းပေးသည်မှလွဲ၍ မည်သည့်မဲရုံတွင် မဲပေးရမည်ကို မသိရှိရ
သေးဟု သိရသည်။ (VOA 270408)


နယ်စပ်အခြေစိုက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့၏ ပြီးခဲ့သည့် စနေနေ့ ထုတ်ပြန်ကြေညာချက်တွင် မြို့နယ်အများအပြား၌ အမှန်တကယ်မဲပေးနိုင်သည့် လူဦးရေထက် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပိုပြီး ထည့်သွင်းထားသဖြင့် စစ်အစိုးရ၏ မဲမသမာမှုများကို အချိန်မီ စုံစမ်းဖွင့်ချကြရန် တိုက်တွန်းထားသည်။ (NEJ 280408)

“စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ ကန့်ကွက်မဲတွေ ပေးကြစို့”ဆိုသည့် လှုံ့ဆော်စာများ ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆို၊ ရှမ်းပြည်နယ် ဖယ်ခုံနှင့် မိုးဗြဲလ်မြို့နယ်တို့ရှိ ကျေးရွာပေါင်း (၁၇)ရွာခန့်၌ တိုင်းရင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့်
လွတ်လပ်ရေးကို လိုလားသော ပြည်သူများအဖွဲ့က ယမန်နေ့တွင် စတင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။ (NEJ/DVB 280408)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ အာဏာပိုင်များသည် ကျေးရွာလူထုအား မေ(၁ဝ)ရက်တွင်ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ထည့်ရန် ခြိမ်းခြောက်ပြောဆိုစည်းရုံးနေပြီး မဲရုံဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက်
တစ်အိမ်ထောင်လျှင် (၅ဝဝ)ကျပ်နှုန်းဖြင့် ငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရ သည်။ (NEJ 280408)

နအဖစစ်အစိုးရ ရေးဆွဲနေသည့် အခြေခံဥပဒေကို မကျေနပ်သဖြင့် ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေသော မြန်မာများက သံရုံးအသီးသီးတွင် မဲဆန္ဒပေးရင်း ဆန္ဒပြလှုပ်ရှားမှုများ ယခင်အပတ်အတွင်း ပြုလုပ်ခဲ့ကြကြောင်း ကြားသိရသည်။ (Irrawaddy 280408)

ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ မဲဆန္ဒရှင်များထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်္ဒီူက စည်းရုံးရေး ဆင်းနေကြောင်း ဒေါက်တာဝင်းနိုင်က ပြောသည်။ (Irrawaddy 280408)
ကျောင်းသူကျောင်းသားများအနေဖြင့် မေလ(၁ဝ)ရက်နေ့တွင်ကျင်းပမည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများပေးကြရန်နှင့် စစ်အစိုးရ၏ မဲလိမ်မှုများ၊ ခြိမ်းခြောက်မှုများကို အထောက် အထားမှတ်တမ်းများ စနစ်တကျရယူပြီး ဖွင့်ချရန်လိုအပ်သဖြင့် စောင့်ကြည့်အကဲခတ် မှတ်တမ်းပြုစုခြင်းများကို ကျောင်းသူ ကျောင်းသား တစ်ဦးခြင်း(သို့) အစုအဖွဲ့ဖြင့် တာဝန်ယူ ဆောင်ရွက်ကြရန် ယနေ့ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကြေညာချက်တွင် ဖေါ်ပြထားသည်။ (Irrawaddy/DVB 280408)

နအဖစစ်အစိုးရ၏ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ကြရန် ပြည်သူများကို နှိုးဆော် ထားသည့် စတစ်ကာကပ် လှုပ်ရှားမှုများ ရခိုင်ပြည်နယ်တွင် ယနေ့ ရခိုင်အမျိုးသမီး အစည်းအရုံးက ဦးစီးလုပ်ဆောင်မှု စတင်ခဲ့ကြောင်း သိရသည်။ (DVB 280408)

မေလ လူထုဆန္ဒခံယူပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဒီမိုကရေစီ လှုပ်ရှား ဆောင်ရွက်နေသူများအပေါ် ဖမ်းဆီးဖိနှိပ်နေခြင်းများကို ရပ်တန့်ရန် ဝမ်းတွင်း မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယနေ့ပြုလုပ်သည့် လပတ်ပုံမှန်အစည်းအဝေးမှ
နအဖကို တောင်းဆိုလိုက်သည်။ (DVB 280408)

နအဖစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြရန် ယမန်နေ့က ပြုလုပ်သည့် မိတ္ထီလာခရိုင် သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစည်းအဝေးမှ ပြည်သူလူထုကို တိက်တွန်းလိုက်သည်။ (DVB 280408)

မကြာမီကျင်းပမည့် ဖွဲ့စ်ညးပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန်အတွက် မြင်းခြံနှင့် တောင်သာမြို့တို့တွင် နအဖ စက်မှု(၁)ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် ကွင်းဆင်းစည်းရုံးနေသကဲ့သို့ ကန့်ကွက်မဲပေးရေး ပိုစတာကပ် လှုပ်ရှားမှုများ လည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ (DVB 280408)


လာမည့် ဆန္ဒခံယူပွဲအတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား အများပြည်သူသုံး အင်တာနက်ကဖေးများ၊ စီးပွါးရေးလုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း စသည်ဖြင့် အဆင့်(၃)ဆင့်ခွဲကာ စီစစ်ဖြတ်တောက် ရန် စီမံမှုများ ပြုလုပ်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည် မဖေါ်လိုသူ အရာရှိတစ်ဦးက ပြောသည်။
(Mizzima 280408)

ကနေဒါနိုင်ငံ အိုတာဝါမြို့ရှိ မြန်မာသံရုံးရှေ့တွင် ကရင်၊ ချင်း၊ ရခိုင် စသည့် မြန်မာလူမျိုး (၁ဝဝ)ကျော်တို့သည် ယခုလ(၂၆)ရက်နေ့တွင် နအဖဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ (Mizzima 280408)

ယမန်နေ့တွင် ဗန်မော်မြို့ မြေနုရပ်ကွက်အာဏာပိုင်များသည် ကြိုတင်မဲပေးရမည်ဟု ပြောဆိုကာ ရပ်ကွက်အတွင်းရှိ အသက်(၅ဝ)ကျော် အရွယ်များကို ရယကရုံးသို့ လိုက်လံ ခေါ်ယူပြီး ထောက်ခံမဲများထည့်ခိုင်းခဲ့ကြောင်း သိရသည်။ (Mizzima 280408)

ယခုလ(၂၅)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ စာစစ်နေသည့် ဆရာ ဆရာမများကို ပါမောက္ခချုပ် ဒေါက်တာထွန်းခင်က ခေါ်ယူ၍ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် စည်းရုံး ခဲ့ကြောင်း သိရသည်။ (RFA 280408)

ရှမ်းပြည်မြောက်ပိုင်း စစ်အာဏာပိုင်များသည် လားရှိုးခရိုင်ရှိ မြို့နယ်အသီးသီးရှိ မျက်စိ ရောဂါ ဝေဒနာရှင်များအား အခမဲ့ကုသပေးမည်ဟု မက်လုံးပေးလိမ်ခေါ်ပြီး ဆေးကုသ လာသူများအား ရပ်ရွာ၌ကျန်နေသော မိသားစုများအား ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ထည့်ကြရန် ပြန်ပြောခိုင်းသည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ (SHAN 280408)

ယခုလ(၂၄၊ ၂၅၊ ၂၆၊ ၂၇) ရက်များအတွင်းတွင် ကရင်နီပြည် ဒီမောဆိုနှင့် ဖရူဆို မြို့နယ် အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူဦးရေ(၁ဝ)ဦးနှုန်း စစ်တမ်းကောက်ခံချက် ရယူရာတွင် ထောက်ခံမဲထည့်မည့်သူ မရှိဟု ဒေသခံများက ပြောကြောင်း သိရသည်။
(Kantarawaddy Times 280408)

မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူသစ် ဆန္ဒခံယူပွဲသည် စိတ်ချ ယုံကြည် နိုင်ဖွယ်ရာဖြစ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Noppadon Pattama က ယမန်နေ့ည တွင် ပြောကြားလိုက်သည်။ (AFP/NEJ 290408)

နအဖဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် နိုင်ငံခြားသားကို လက်ထပ်ထားခြင်းအတွက် နိုင်ငံအကြီး အကဲရာထူးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရစေရန် ပြုလုပ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ပြည်တွင်းရေး ဖြစ်နေသောကြောင့် ထိုင်းနိုင်ငံက ပါဝင်စွက်ဖက်ခြင်း မပြုလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Noppadon Pattama က ယမန်နေ့ညတွင် ပြောကြားလိုက်သည်။(NEJ 290408)

ယနေ့နံနက်တွင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ နေရာ(၃)နေရာမှ ကန့်ကွက်မဲပေးရန် နှိုးဆော်ထားသည့် လက်ကမ်းစာစောင် (၁ဝဝ)ခန့်အား ရပ်ကွက်ဥက္ကဌက သိမ်းဆည်း ရမိပြီး မြဝတီရဲသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ (NEJ 290408)

ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် စိုက်ထူထားသော “ဒို့အနာဂတ် ဒို့ဖန်တီးဖို့၊ အခြေခံဥပဒေ အတည်ပြုကြစို့” ဟူသော မြေစိုက်ပိုစတာကိုလည်း ယခုရက်ပိုင်းအတွင်း၌ ဖျက်ဆီးခံရကြောင်း သိရသည်။ (Irrawaddy 290408)

ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲတွင်ကန့်ကွက်မဲထည့်ပါကဆိုင်များပိတ်ပစ်မည်ဟု ရန်ကုန်လမ်းမတော်မြို့နယ်ရှိအလှပြင်ပိုင်ရှင်များနှင့်အနှိပ်ခန်းများကိုမြို့နယ်အာဏာပိုင် များကယခုလ( ၂၇)ရက်နေ့တွင်အစည်းအဝေးခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။(DVB 290408)
အင်းစိန်ထောင်တွင်ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်လူငယ်များက မေလဆန္ဒခံယူပွဲတွင်မဲထည့်ရေးကိစ္စကိုသပိတ်မှောက်ထား ကြသည်ဟုသိရသည်။(DVB 290408)

ယနေ့စစ်တွေမြို့ပညာရေးဝန်ထမ်းများကိုအစည်းအဝေးခေါ်ယူပြီးအခြေခံဥပဒေမူကြမ်းကို ထောက်ခံပေးရန်၊ မထောက်ခံပါကဖွဲ့စည်းပုံအခြေခံဥပဒေအားအတည်မပြုပဲယခုအစိုးရ တာရှည်နေမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနက စည်းရုံးပြောကြားခဲ့သည်ဟု မြို့ခံတစ် ဦးကပြောသည်။(DVB290408)

မကြာမီကျင်းပမည့်ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင်ရေနံချောင်းပြည်သူများက ရနှုန်းပြည့်ကန့်ကွက်မဲပေးရန် သေချာသည်ဟု မြို့ပေါ်နှင့်ကျေးရွာအုပ်စု(၄၃)အုပ်စု စည်း ရုံးရေးဆင်းလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေနံချောင်းမြို့နယ်စည်းရုံးရေးကော် မတီဝင် ဦးသောင်းရီက ပြောသည်။ (DVB 290408)

ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) ရပ်ကွပ်များတွင် စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များကို မေလ(၁၀)ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲအတွက်(၂၄) နာရီအရန်သင့်ဖြစ်နေရမည်ဟု မြို့နယ်ဥက္ကဌက ညွန်ကြားထားကာ လွန်ခဲ့သည့်(၃)ရက်မှ စ၍ တုတ်ရိုက်၊သေနတ်ပစ် သင်တန်းများပေးနေကြောင်း မျက်မြင်သတက်သေတဏဦးက ပြောသည်။(Mizzima 290408)

နအဖဖွဲ့စည်းပုံကိုဆန့်ကျင်ကန့်ကွက်သောအားဖြင့် မြင်းခြံမြို့နယ် လင်းကြီးနှင့်ဒါးကျွန်း ကျေးရွာ(၂)ရွာတွင် ယခုလ(၂၆)ရက်နေ့၌ ထုံး၊ ရေနံချေးတို့ဖြင့် အိမ်တိုင်းလိုလို ကြက်ခြေ ခတ်အမှတ်အသားဖြင့်ရေးဆွဲကြသဖြင့် အာဏာပိုင်များ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း သိရသည်၊(Mizzima 290408)

ထောက်ခံမဲရရှိရေးအတွက် နအဖဝန်ကြီးများဇာတိဖြစ်သော တောင်သာမြို့နယ် ရေငံအိုင် ကျေးရွာ၌ မက်လုံးပေးစည်းရုံးခြင်းသာမကမြင်းခြံမြို့ရှိ မြန်မာပြည်သားဟေ့ ကုမ္ပဏီက တစ်ရွာလုံးကို ဆန်တစ်အိတ်စီနှင့် ဆီတစ်ပုံးဝေငှခြင်းဖြင့် စည်းရုံးလုပ်ဆောင်နေကြောင်း သိရသည်။(Mizzima 290408)

မြင်းခြံမြို့နယ် စည်ပင်သာယာရုံးဝန်ထမ်းများသည် မြင်းခြံမြို့ အမှတ်(၁၁)ရပ်ကွပ် နွားကူတန်းဆင်ခြေဖုန်းအပိုင်းတွင် ကျူးကျော်နေထိုင်သူများကို ထောက်ခံမဲပေးပါက ယခု နှစ်အတွက် အိမ်ခွန်ဆောင်စရာမလိုကြောင်းနှင့် အကယ်၍ ကြက်ခြေခတ်ကြပါက အားလုံး ကို ကျူးကျော်မှုဖြင့်နှင်ထုတ်မည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်းသိရသည်။(Mizzima 290408)

လူထုဆန္ဒခံယူပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွ လှုပ်ရှားလူငယ်(၃၀၀)ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြင်းခြံအနီးအနားရှိမြို့နယ်များတွင် ဖြန့်ကျက်ကာ အာဏာပိုင်များ၏စည်းရုံးမှုမှတ်တမ်းများယူခြင်း၊ လေ့လာစောင့်ကြည့်ခြင်း များလုပ်ဆောင်ကာဆန္ဒခံယူပွဲမတိုင်မီနှင့် နောက်ပိုင်းတွင်မှတ်တမ်းများထုတ်ပြန်ရန်စီစဉ် နေကြောင်းသိရသည်။(Mizzima290408)

ကျောက်ပန်းတောင်မြို့နယ်အတွင်း၌ အာဏာပိုင်များကိုယ်တိုင် တစ်အိမ်တက်တစ်အိမ် ဆင်း ကြိုတင်ဆန္ဒမဲကောက်ယူနေခြင်းအတွက် ဒေသခံများက စိုးရိမ်စိတ်ဖြင့် ထောက်ခံမဲ ပေးနေသည်ဟု ကျောက်ပန်းတောင်းမြို့ခံတစ်ဦးကပြောသည်။(RFA 290408)

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း တာဝန်ထမ်းဆောင်နေကြသော စည်/ ပင်ဝန်ထမ်းများနှင့် မိသားစုဝင်များသည် နံနက်ဖြန် မိမိတာဝန်ထမ်းဆောင်သည့် မြို့နယ် စည်ပင်အုပ်ချုပ်ရေးရုံးများတွင် ဆန္ဒခံယူအတွက် ကြိုတင်မဲထည့်ရမည်ဖြစ်ကြောင်း သိရ သည်၊(Mizzima 290408)

ယခုနအဖပြုလုပ်ရန်စီစဉ်နေသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ရခိုင်မြို့နယ်မှဆန္ဒမဲပေး ပိုင်ခွင့်ရရှိသူ အရေအတွက်မှာစုစုပေါင်း(၁̩ ၆၀၈̩၁၀၀)ရှိကြောင်းကို ရခိုင်ပြည်နယ်ရွေး ကောက်ပွဲကော်မရှာင်၏ထုတ်ပြန်ချက်အရသိရှိရသည်။(Narimjara 290408)

ဥပေဒမူကြမ်းကိုပြည့်သူ့ကိုယ်စားလှယ်တော်များကရေးခြင်းမဟုတ်ပဲ စစ်တပ်ကအာဏာ အရပ်ရပ်ကိုချုပ်ကိုင်မည့်ဗဟိုမှချုပ်ကိုင်သောအစိုးရပုံစံသာဖြစ်ပြီး ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသော စစ်မှန်သည့်ပြည်ထောင်စုကို မဖေါ်ဆောင်နိုင်သဖြင့် နိုင်ငံရေးအသိနှင့်သတိရှိ သူတိုင်းက မိမိဆန္ဒမဲတပြားဖြင့် သမိုင်းမှတ်ကျောက်တင်ရေးအတွက် ကန့်ကွက်မဲပေးရန် ပြည်တွင်းရှိတိုင်းရင်းသားပါတီ(၃၂)ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။(Mizzima 300408)

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ထိုင်းနိုင်ငံခရီးစဉ်အတွင်းလာမည့် မေလ(၁၀)ရက်လူထုဆန္ဒခံယူပွဲနှင့်ပက်သက်၍ဝေဖန်ပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် မြန်မာအစိုးရရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး(၃)ခုသာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် Samak Sundaravej ကသတင်းထောင်များကို ပြောသည်။(NEJ 300408)]

တိုင်းရင်းသားလက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အဖွဲ့များဖြစ်ကြသည့် မွန်ပြည်သစ်ပါ တီ၊ DKBA ၊ကရင်ငြိမ်းချမ်းရေးတပ်ဦး၊ပအို့ဝ်အမျိုးသားအဖွဲ့တို့အား အခြေခံဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွင် ပါဝင်စောင့်ကြပ်ကြည့်ရှုရန်နှင့် လုံခြုံရေးတာဝန်ယူရန် စစ်အစိုးရက ပြော ဆိုတိုက်တွန်းမှုများပြုလုပ်နေကြောင်း သိရသည်။(NEJ 300408)

မဇ္ဈိမသတင်းဌာနမြန်မာဝဘ်ဆိုဒ် စာမျက်နှာပေါ်တွင် မတ်လ(၂၇)ရက်နေ့မှ စတင်ကာ ယနေ့အလယ်ပိုင်းအထိစစ်တမ်းတစ်ရပ်ကောက်ယူလာကာ ဆန္ဒပြသူပေါင်း(၆̩၀၂၈)ဦးအ နက် နအဖဥပဒေမူကြမ်းကို ကန့်ကွက်သူ(၅၀၃၄)ဦး (၈၃.၆ ရာခိုင်နှုန်း)၊ထောက်ခံသူ (၅၈၄)ဦး(၉.၇ ရာခိုင်နှုန်း)၊သဘောထားမပေးသူ(၄၀၃)ဦး (၆.၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။(Mizzima 300408)

ရန်ကုန်တိုင်း(၃၈)မြို့နယ်မှ သက်ဆိုင်ရာ မြို့နယ်ခေါင်းဆောင်များ တက်ရောက်သည့် အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် ယမန်နေ့နှင့် ယနေ့(၂)ရက် ဆက်တိုက်ကျင်းပခဲ့ပြီး လာမည့်မေလ(၁၀)ရက်အတွင်း “ နိုး” ကန့်ကွက်မဲပေးရေး အရှိန်မြှင့် စည်းရုံးရန်အပါအဝင် ဆုံးဖြတ်ချက်(၅)ခုကိုချမှတ်နိုင်ခဲ့သည်ဟု အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်ကပြောသည်။(DVB/ RFA 300408)

လာမည့်မေလ(၁၀)ရက်နေ့ ဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့အနေဖြင့် ကြက်ခြေခတ်ရန်လူထု (၉၉)ရာခိုင်နှုန်းက အဆင်သင့်ရှိနေကြောင်းနှင့် သို့သော်အဖြေထုတ်သည့်နေရာ၌ အငြင်း ပွါးစရာများတွေ့လာနိုင်မည်ဟုထင်ကြောင်း အဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ဒေါက်တာ ဝင်းနိုင်ကပြောသည်။(DVB 300408)

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်မြစ်အုပ်စု ပျော့ကုန်းရွာတွင် ထောက်ခံမဲ မထည့်ပါကထောင်ဒဏ်(၃)နှစ် အပြစ်ပေးခံရမည်ဟု ကျေးရွာလူထုအား ရယကစာရေးများ မှ ခြိမ်းခြောက်နေကြောင်း မိတ္ထီ မိတ္ထီလာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေး မှူးဒေါ်မြင့်မြင့်အေးကပြောသည်၊(DVB 300408)

“ ဘယ်သူတွေက ကြက်ခြေခတ်အမှတ်အသားပါတဲ့ စာရွက်တွေပေါ်မှာ ကန့်ကွက်ကြဆို တဲ့စာကိုရေးပြီး ရပ်ကွပ်ထဲက ခွေးတော်တော်များများရဲ့လည်ပင်းမှာချိတ်ဆွဲထားတာကို မြင်တွေ့ရပါတယ်”ဟု အမည်မဖေါ်လိုသူ စစ်တွေမြို့ခံတစ်ဦးကပြောသည်။(Narinjara News 300408)

မြန်မာအစိုးရကျင်းပသည့် လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရေး၊မပေးရေးနှင့် လက်သက်၍ အပစ်အခတ်ရပ်စဲထားသော တိုးတက်သောရင်ဗုဒ္ဓဘာသာအဖွဲ့DKBA အတွင်း သဘောထားကွဲပြားနေသည်ဟု DKBA အရာရှိတစ်ဦးကပြောသည်။(NMG 300408)

ပင်လုံအခြေစိုက်အပစ်အခတ်ရပ် PNO လက်အောက်ခလွယ်ချယ်အဖွဲ့သည် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲထည့်ရန် ကြံရွယ်ထားကြသော်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေ၌ သီးသန့်မဲပုံး ထောင်ရမည်ဟု နအဖအာဏာပိုင်များညွှန်ကြားသဖြင့် ကန့်ကွက်မဲပေးရန် အခက်တွေ့နေ ကြောင်း ရှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွပ်ကဆိုသည်။(S.H.A.N 300408)


ဇွန်လ 2008

မြန်မာစစ်အစိုးရ၏ ဆန္ဒခံယူပွဲသည် ဒီမိုကရေစီစနစ်ဆီ ဦးတည်နေသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီး ဓေအောင်ဆန်းစုကြည်ကို ဖမ်းထားသည့် ကိစ္စကို ကန့်ကွက်စရာမရှိကြောင်းပြောဆိုလိုက်သည်။(DVB/ NEJ 010508)

ပြည်သူ့ဆန္ဒခံယူပွဲနှင့်ပက်သက်၍ အာဏာပိုင်များ၏ ဥပဒေမဲ့လုပ်ရပ်များကို ဖေါ်ထုတ် သွားမည်ဟု ယနေ့ပြုလုပ်သည့် မိတ္ထီလာခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစည်းအဝေး မှ ပြောဆိုလိုက်သည်။(DVB 010508)

လက်ရှိရေးဆွဲထားသည့် အခြေခံဥပဒေသည် အလုပ်သမားအခွင့်အရေးများကို အပြည့် အဝအာမခံသည့်အတွက် အလုပ်သမားများအားလုံး ထောက်ခံမဲပေးကြရန် နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယနေ့အလုပ်သမားနေ့ သဝဏ်လွှာတွင်တိုက်တွန်းထားသည်။ (DVB 010508)

စစ်အာဏာရှင်စနစ်တရားဝင်ဖြစ်ရေးဦးတည်နေသည့် မကြာမီကျင်းပမည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ဆန္ဒခံယူပွဲသည် ဖက်ဆစ်ဆန္ဒခံယူပွဲသာဖြစ်မည်ဟု နယ်စပ်အခြေစိုက်တပ်ပေါင်း စု (၇)ဖွဲ့၏ယမန်နေ့ပူးတွဲထုတ်ပြန်ချက်ဖြင့် ပြောဆိုလိုက်သည်။(NEJ 020508)

ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်း၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန၊ ဧရာ ဝတီမြစ်ဝကျွန်းပေါ်ဌာနခွဲရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို သက်ဆိုင် ရာအာဏာပိုင်များက လိမ်လည်ပြီး ဆန္ဒမဲကောက်ယူခဲ့ကြောင်းသိရသည်။(NEJ 020508)

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်သည် ၎င်း၏ဇာတိမကွေးတိုင်း ချောက်မြို့နယ်နှင့်စလေမြို့နယ်တို့တွင် စည်းရုံးရေးဆင်းရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပြောဆိုပြီး ထောက်ခံမဲထည့်ရန် ဟောပြောစည်းရုံးကြောင်း ချောက်မြို့မှ ကျုရှင်ဆရာတစ်ဦးကပြောသည်။( DVB 020508)

ရခိုင်ပြည်နယ်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဆွေ၊ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဘုန်းဆွေနှင့် ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်ဦးတို့အဖွဲ့သည် ထောက်ခံမဲရရှိရန် ဒေသခံများကို ခြိမ်ခြောက်စည်းသွားသည်ဟုသိရသည်။(DVB 020508)

စစ်တွေမြို့မှ မူဆလင်အများစုရှိရာ ကျေးရွာများကို မွတ်ဆလင်ဘာသာရေးခေါင်းဆောင် နှင့် စီးပွားရေးသမားများကို အာဏာပိုင်များကအသုံးချပြီး ထောက်ခံမဲထည့်ရန် လိမ်လည် စည်းရုံးခိုင်းနေကြောင်းသိရသည်။(DVB 020508)

နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အစိုးသက်တမ်းရှည်စေရန် တဖက်သတ်ဖန်တီး ထားခြင်းဖြစ်သည့်အတွက် မည်သို့မျှ လက်ခံနိုင်စရာမရှိဟု သြစတြေးလျနိုင်ငံခြားရေးဝန် ကြီး စတီဖင်စမစ်က ပြစ်တင်ဝေဖန်လိုက်သည်။(DVB 020508)


ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်ဆန္ဒမဲများ ကြောင့်ကြမှုကင်းကင်း ပေးနိုင်ရေးအတွက် ဒကာဒကာမများတို့ရှေ့မှ မားမားရပ်၍ ကာကွယ်စောင့်ရှောက်ကြပါ ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သံဃာ့ထုကို ယ နေ့ ပန်ကြား လိုက်သည်။(DVB 020508)

မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖွဲ့စည်းပုံအခြေခံဥပဒေလူထုဆန္ဒကော်မရှင်၊ ရယက ဥက္ကဌနှင့် မဲရုံမှူးတို့က ရပ်ကွပ်တွင် မီးပြတ်နေချိန် အိုးဝေရပ်ကွပ်ရှိ သက်ကြီးရွယ်အို မသန် စွမ်းသူများကို ဆန္ဒမဲခြစ်ခိုင်းသည်ဟု ဒေသခံများကပြောသည်။(DVB040508)

အရွယ်ရောက်သူတိုင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် မလေးရှားရောက် မြန်မာနိုင်ငံသားများက ကွာလာလမ်ပူမြို့မြန်မာသံရုံးရှေ့တွင် ယနေ့ ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း သိရသည်။(DVB 040508)

ပြီးခဲ့သည့်သောကြာနေ့တွင် လုံခြုံရေးကောင်စီမှ တညီတညွှတ်တည်း ထုတ်ပြန်သည့် အစီ ရင်ခံစာထဲ၌ နအဖပြုလုပ်မည့်ဆန္ဒခံယူပွဲလုပ်ငန်းစဉ်သည် လွပ်လပ်ပြီး တရားမျှတမှု အသေအချာရရှိစေရေးအတွက် မြန်မာအစိုးရအနေဖြင့် လုပ်ဆောင်ရန် တောင်းဆိုထားသည်။(NEJ 050508)

ဆန္ဒခံယူပွဲနှင့်ပက်သက်သည့် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်းထုတ်ပြန်သည့် အစီရင်ခံစာကြောင့် မြန်မာစစ်အစိုးရက အမျက်ရှပြီး ၎င်း၏ကုလသမဂ္ဂသံအမတ် ဦးကျော် ဆွေက လုံခြုံရေးကောင်စီသို့ ပေးပို့သောစာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် အတွင်းကျကျဝင်ရောက်စွက်ဖက်ထားသဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်စရာဟု မြင်မိကြောင်း ပြောဆိုထားသည်ဟု အေဂျင်စီသတင်း များတွင် ဖောပြထားသည်။(NEJ 050508)

စက်မှုဝန်ကြီး ဦးအောင်သောင်းက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြည်သူများရင်ဆိုင်နေရချိန်တွင် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ဆင့်ခေါ်စည်းရုံးခဲ့သည်။ (Yoma3 080508)

မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးအကြီးလုပ်ဆောင်ရန်နိုင်ငံတကာက တိုက်တွန်းနေ သည့်ကြားမှ နအဖ က၎င်းစိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွကို မုန်တိုင်းဘေးသင့်သည့်နေရာမှလွဲ၍ မြန်မာနိုင်ငံတဝန်းလုံး၌ ယနေ့ကျင်းပသည်။(NEJ 100508)

နအဖက မုန်တိုင်းဓဏ်ခံနေရသည့် ဒေသများမှတပ်ရင်းတပ်ဖွဲ့များအား ကြိုတင်မဲကော် ခံမှုကို ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည်။(Yoma3 100508)

မေလ(၁၀)ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ လှည်းကူးနှင့် မှော်ဘီမြို့နယ်တွင် ဆန္ဒခံယူ ပွဲပြုလုပ်ရာ၎င်းဒေသတွင် အခြေစိုက်တပ်ရင်းများမှ ကြိုတင်မဲများကို သက်ဆိုင်ရာ အရာရှိ များက ကြိုတင်ကောက်ခံခဲ့သည်။(Yoma3 130508)

နိုင်ငံပိုင်ရုပ်သံများမှ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြုလုပ်မည့် အခြေခံဥပဒေဆန္ဒခံယူပွဲ အတွက် မဲဆွယ်မှုများကို လေလှိုင်းမှတဆင့် နအဖ ကထုတ်လွှင့်ခဲ့သည်။(Mizzima 140508)

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ဆန္ဒခံယူပွဲမပြီးဆုံးခင် ဆန္ဒမဲပေးသူများက တခဲနက်အတည်ပြုကြသည်ဟု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်၏ မြန်မာ့ အသံမှ ကြေညာသည်။(NEJ 150508)

လာမည့် ၂၄ ရက်နေ့တွင် ကျင်းပမည့် လက်ကျန်ဆန္ဒခံယူပွဲများတွင် ပယ်မဲများ လုံးဝမပါစေရန် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မယက များက ကျေးရွာ၊ ရပ်ကွပ် မဲရုံမှူးများအား ဖိအားပေးခြိမ်းခြောက်နေသည်။(Mixxima 190508)

ဆန္ဒခံယူပွဲနီးလာချိန်တွင် ပြည်သူများအနေဖြင့် “မိမိသက်ဆိုင်ရာမြို့နယ်များ ပြင်ပသို့ သွား ရောက်ခြင်းအားတားဖြစ်သည် ” ဟု နအဖအာဏာပိုင်များက ယနေ့ကြေညာချက်ထုတ်ပြန် ခဲ့သည်။(Mizzima 210508)

မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတွက် နာဂစ်မုန် တိုင်းဒဏ်ခံရသော စာသင်ကျောင်းများကို နအဖက မဲရုံများပြုလုပ်ခဲ့သည်။(NEJ 210508)

ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား နအဖအာဏာပိုင်များက ကြို တင်ထောက်ခံဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ပစ္စည်းများကို ပေးဝေခဲ့ ကြောင်းသိရသည်။(NEJ 210508)

မြန်မာ့ရေတပ်မတော် “ ဗျူဟာ စစ်ရေယာဉ်စု (၁)တွင် မေလ ၁၅ ရက်နေ့က တပ်သား၊ တပ်ကြပ်၊ အရာရှိအားလုံးကို ခေါ်ယူ၍ကိုယ်တိုင်ကိုယ်ကျ မဲပေးစရာမလိုကြောင်းပြောကာ MYANMAR NAVY ဟူသောစာလုံးအနောက်၌ အမှန်အမှတ်သားပါဦးထုပ်တလုံးစီလုပ် ဆောင်းပေးခဲ့ကြောင်း ရေတပ်မှ တပ်ကြပ်ကြီးတဦးကပြောသည်။(Irrawaddy 230508)

မေလ ၁၀ ရက်နှင့် ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ၌ မြန်မာ နိုင်ငံတဝန်းလုံးရှိ မဆန္ဒပေးသူများ၏(၉၂)ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းကို အတည်ပြုရန် ထောက်ခံကြသည်ဟု နအဖ ကထုတ်ပြန်ကြေညာသည်။(NEJ 270508)

နအဖ၏ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရန် ပြည်သူများအား တိုက်တွန်းနှိုးဆော်သည့် ပိုစတာများကို (SYDAB) အဖွဲ့က ရန်ကုန်၊ မန္တလေး လူစည်ကားရာနေရာများတွင် ကပ်ကာ ယမန်နေ့က လှုပ်ရှားမှုပြုလုပ်ခဲ့သည်။(Yoma3 010508)

နအဖလက်အောက်တွင် အလုပ်သမားထုကြီး၏အခွင့်အရေးများ ဆုံးရှုံးပြီး မည့်သည့် အာမခံချက်မှ မပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုနိုင်စေရန်အတွက် အလုပ်သမားထုတရပ်လုံးအနေဖြင့် မဲရုံများသို့သွား၍ ကန့်ကွက်မဲများပေးကြရန် မြန်မာနိုင် ငံမြေလတ်အလုပ်သမားသမဂ္ဂက ယနေ့ကမ္ဘာ့အလုပ်သမားနေ့တွင် ကြေညာချက်တ စောင် ထုတ်ပြန်သည်။(Yoma3 010508)

နအဖပြုလုပ်မည့် အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို မဲပေးပိုင်ခွင့်ရှိသူများ စာရင်းမှ တွေ့ရ သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ကဆိုသည်။(RFA 020508)

ဆန္ဒခံယူပွဲကျင်းပမည့်ရက်ကို တပြည်လုံးအတိုင်းအတာဖြင့် ရွှေ့ဆိုင်းရန်နှင့် မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းကို နအဖက အာရုံမစိုက်ဘဲ ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်နေမှုအ ပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယနေ့ ကြေညာ ခဲ့သည်။(NEJ 070508)

ကျောက်ပန်းတောင်းမြို့ပေါ်တွင် မဲပေးရာ၌ မသမာမှုများရှိပြီး တက်ကြွသူ လူငယ်များက လည်း NO တီရှပ်များဝတ်ဆင်၍ မြို့ထဲသို့လှည့်လည်ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားသည်။ (Yoma3 100508)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူ (၉၂.၄)ရာ ခိုင်နှုန်း ထောက်ခံကြောင်း နအဖက ကြေညာသည့်အပေါ်တွင် ပြည်တွင်းပြည်ပရှိ အတိုက်ခံများကပြစ်တင်ရှုတ်ချခဲ့သည်။(NEJ 160508)

နအဖ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများရှိသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး နအဖထုတ်ပြန်သောမဲရလဒ်များကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်ခဲ့သည်။(Mizzima 230508)

(၉၂.၄၈) ရာခိုင်နှုန်းထောက်ခံသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် နအဖ၏ ဆန္ဒခံယူပွဲရ လဒ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(စီအာပီပီ)က အသိအမှတ်မပြု ကြောင်းပြောဆိုသည်။(NEJ 270508)

နအဖပြုလုပ်သည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးသည့် ပြည်သူ၊ ဒါယကာ၊ ဒါယိကာမများ ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးရန် သံဃာ့တပ်ပေါင်းစုက ယနေ့ သံဃာ တော်များအားတိုက်တွန်းသည်။(Yoma3 010508)

စစ်အာဏာရှင်စနစ်တာရားဝင်ဖြစ်ရေး ဦးတည်နေသည့် နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲသည် ဖက်ဆစ်ဆန္ဒခံယူပွဲသာဖြစ်မည်ဟု နယ်စပ်ရှိ အတိုက်အခံတပ်ပေါင်းစု (၇)ဖွဲ့ကမှတ်ချက်ချသည်။(NEJ 020508)

နအဖအနေဖြင့် နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအပေါ် အမြတ် ထုတ်ကာ အဓမ္မခံယူပွဲကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီက ယနေ့ ပြော ဆိုသည်။(Yoma3 060508)

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူများ ပူဆွေးသောက ရောက်နေသဖြင့် လူထုဆန္ဒခံယူပွဲ ကို ရက်ရွှေ့ဆိုင်း ကျင်းပသင့်ကြောင်းအိန္ဒိယရောက် မြန်မာ့အရေးလှုပ်ရှားသူများက နအဖ ကို ယနေ့ပြောဆိုသည်။(MIzzima 090508)

နအဖအနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင်အား ဖျက်သိမ်းရန်နှင့် မေလ(၁၀)ရက် နေ့ ဆန္ဒခံယူပွဲရလဒ်အား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် မြန်မာနိုင်ငံရှေ့ နေကောင်စီ (BLC)က ယနေ့သဘောထားထုတ်ပြန်တိုက်တွန်းခဲ့သည်။(Yoma3 150508)

မေလ ၁၅ ရက်နေ့တွင် နအဖကထောက်ခံမဲ (၉၂.၄)ရာခိုင်နှုန်းဖြင့် အခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့ခြင်းသည် လုံးဝတရားမျှတမှုမရှိကြောင်းကို ရှမ်းပြည်မြောက် ပိုင်းပြည်သူများ၏ကိုယ်စား ဆန့်ကျင်ကန့်ကွက်သည်ဟု SSA တပ်မဟာမှူးတဦးက မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။(RFA 160508)

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်သည့်သူများကို အကူအညီပေးရန်နှင့် ၎င်းအနေဖြင့် နအဖ၏ ဆန္ဒခံယူပွဲကို သပိတ်မှောက်ထားကြောင်း သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင် ဂမ္ဘီရက ယနေ့မိန့်ကြားခဲ့သည်။(Yoma3 120508)

နအဖပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲတွင် မွန်ပြည်သူများအ နေဖြင့် ကန့်ကွက်မဲပေးရန် ယနေ့ မွန်ပြည်သစ်ပါတီက တိုက်တွန်းနှိုးဆော်ခဲ့သည်။ (Yoma3 110508)

ရန်ကုန်မြို့ဆင်ခြေဖုံးမှ နာဂစ်မုန်တိုင်းဒုက္ခသည်များ သူတို့ခိုလှုံနေသော ယာယီစခန်းများမှ မေလ ၂၄ ရက်နေ့တွင်ကျင်းပမည့် ဆန္ဒခံယူပွဲအတွက်ဖယ်ရှားပေးရန် နှင်ထုတ်ခံရသည်။ (Mizzima 150508)

မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် နအဖ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပ ဒေဆန္ဒခံယူပွဲတွင် နိုင်ငံရေးလှုပ်ရှားသူများအားလုံး ပါဝင်စေခြင်းနှင့် ယုံကြည်စိတ်ချ မှုရှိစေရန် ကုလလုံးခြုံရေးကောင်စီကနအဖအား တိုက်တွန်းပြောဆိုသည်။(NEJ 050508)

တတိုင်းပြည်လုံး ဝမ်းနည်းကြေကွဲနေချိန်တွင် ဆိုင်ကလုံးဒဏ်အဆိုးရွားဆုံးခံရသော ဒေသအချို့မှ လွဲ၍ အခြားဒေသများတွင် ဆန္ဒခံယူပွဲကို မပျက်မကွက်ကျင်းပရန် နအဖ၏ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ထားသည်ဟု မစ္စာဘန်ကီမွန်း၏ယနေ့ထုတ် ပြန်ချက်မှာဖောပြသည်။(Mizzima 090508)

မြန်မာနိုင်ငံမူဆယ်မြို့ပေါ်ရှိ နေအိမ်များသို့ ရပ်ကွပ်အာဏာပိုင်များက ဆန္ဒမဲပေးခွင့် ကတ်ပြားများလိုက်လံပေးအပ်လျက်ရှိပြီး ထိုကတ်ပြားပေါ်၌ အမည်၊ အိမ်အမှတ်၊ အမှတ်စဉ်နှင့် ဂဏန်းအက္ခရာ အမှတ်အသားများ ရေးသားထားသဖြင့် လွပ်လပ်စွာ မဲပေးခွင့် ဆုံးရှုံးမည်ကို မြို့ခံများက စိုးရိမ်ပူပန်နေသည်။(NEJ 080508)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အမှန်တကယ်မဲပေးနိုင်သည့် အင်အား(၁)သိန်း ကျော်ရှိသည့်အနက် မဲပေးရမည့်သူမှာ သောင်းဂဏန်းမျှသာ ရှိသည့်အတွက် လူဦး ရေစာရင်းအရ ကွာခြားမှုရှိနေကြောင်းသိရသည်။(NEJ 090508)

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ကွန်ဟိုင်း၊ ဟတင်၊ နောင်ခမ်းကျေး ရွာအုပ်စုများတွင် ယမန်နေ့၌ အခြေခံဥပဒေ ဆန္ဒခံယူပွဲပြုလုပ်ခဲ့ရာ ဒေသခံအာဏာ ပိုင်များ၏ ရှေ့မှောက်၌ ကျေးရွာသားများကထောက်ခံမဲသာထည့်ကြရသည်။(NEJ 090508)

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် လူထုဆန္ဒခံယူပွဲမဲပေးရာ၌ မဲရုံမှူးရှေ့တွင် အမှတ်ခြစ်ပေးခဲ့ရပြီး အချို့ရပ်ကွပ်များတွင် ယမန်နေ့ကတည်းက ကြိုတင်မဲပေးရ သူများရှိကြောင်းသိရသည်။(Yoma3 100508)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ပေါ်တွင် ကန့်ကွက်မဲများကို အများဆုံးပေးကြ ပြီး နအဖအာဏာပိုင်ဘက်မှလည်း ထောက်ခံမဲရရန် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့သည်။(Yoma3 110508)

ကျောက်ပန်တောင်းမြို့ပေါ်တွင် မဲပေးကြသူများက ကန့်ကွက်မဲအများဆုံးပေးကြ သော်လည်း နအဖအာဏာပိုင်များက မဲစာရင်းထုတ်ပြန်ကြေညာချိန်တွင် လိမ်လည် မှုများရှိနိုင်ကြောင်း ဒေသခံများကပြောသည်။(Yoma3 110508)

မေ ၁၀ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ မှာ ကြိုတင်မဲပေးကာ ထောက်ခံခိုင်းခြင်း တဦးတည်းမှ ထောက်ခံမဲအများအပြား ပေးခြင်းစသည့် မသမာမှုများရှိသည့်ကြားက နမ့်ခမ်းမြို့နယ်အတွင်း ကန့်ကွက်မဲဖြင့် အနိုင်ရရှိခဲ့သည်။(NEJ 120508)

ယခုလ(၁၀)ရက်နေ့က ကျင်းပသည့် ဆန္ဒခံယူပွဲတွင် အဓမ္မအကြပ်ကိုင်ကာ ထောက်ခံမဲရေးထိုးခဲ့သည့် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်အတွင်းရှိ မဲကော်မရှင် အဖွဲ့ဝင်များကို အရေးယူပေးရန် ကျေးရွာသားများက လက်မှတ်ထိုးကာ မြို့နယ် ကော်မရှင်သို့တိုင်ကြားခဲ့သည်။(Yoma3 140508)

မေ ၁၅ ရက်နေ့ညက ကြေညာခဲ့သည့် နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲဆိုင်ရာ ရလဒ်များ၌ လိမ်လည်မှု များစွာပါနေကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတဦးကပြောသည်။ (NEJ 160508)

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်တွင် ပြည်သူများထံမှ ဆန္ဒမဲများကို (ရယက)က အမှန်ခြစ်ပေးသဖြင့် မဲရုံမှူးများက တာဝန်မယူနိုင်တော့ကြောင်းနှင့် ပြောဆိုကာ မဲရုံမှထွက်သွားခဲ့သည်။(Yoma3 160508)

ယမန်နေ့၌ ကြေညာခဲ့သည့် ဆန္ဒခံယူပွဲရလဒ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ယင်းဆန္ဒခံယူပွဲအား လုံးလက်မခံနိုင်ကြောင်း ပြောကြားသည်။ (NEJ 160508)

ယမန်နေ့၌ ကြေညာခဲ့သည့် ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီNCUB က ယနေ့ ထုတ်ပြန်ကြေညာသည်။ (NEJ 160508)


ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ သက်ဆိုင်ရာ မယက အာဏာပိုင်များသည် ကျေးရွာ၊ ရပ်ကွက်မဲရုံမှူးများအား အနီးကပ် အစည်းအဝေး များ ဆင့်ခေါ်၍ ပယ်မဲမရှိစေရေး၊ မဲအားလုံး ထောက်ခံမဲ ဖြစ်ရေးကိုသာ အဓိက ထား ဖိအားပေးပြောဆိုနေကြောင်း သိရသည်။ (Mizzima 190508)
ယမန်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် အထက (၂) ကျောင်းအုပ်ဆရာမကြီးသည် ကျောင်းဝင်းအတွင်း နေထိုင်သည့် ဝန်ထမ်းအားလုံးကို ကြိုတင်ထောက်ခံမဲ ထည့်ခိုင်းလိုက်ပြီး ကန့်ကွက်မဲထည့်သူတစ်ဦးကို အမှန်ခြစ် ပြန်ခြစ်ခိုင်းသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။ (DVB 200508)

လာမည့်မေလ (၂၄)ရက်နေ့တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် နာဂစ်မုန်တိုင်းဒဏ်ခံရသော စာသင်ကျောင်းများကို မဲရုံများ ပြုလုပ်ရန် နအဖက အပြင်းအထန်ဆောင်ရွက်နေကြောင်း သိရသည်။ (NEJ 210508)

စမ်းချောင်းမြို့နယ်အတွင်း၌ ကြိုတင်မဲပေးခြင်းကို ယခုလ(၁၇)ရက်နေ့မှ စတင်နေကြောင်း၊ မဲပေးရန်စာရွက်ပေါ်တွင် အမှားအမှန်ကို မိမိဆန္ဒသဘောဖြင့် ဆောင်ရွက်ခွင့်မရှိကြောင်း စမ်းချောင်း လင်းလွန်တောင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
(NEJ 210508)

“မေ(၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများအနေဖြင့် မိမိသက်ဆိုင်ရာ မြို့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်” ဟု ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တားမြစ်အမိန့်တစ်ခုကို အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ (Mizzima 210508)


ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် ဓမ္မာရုံတွင် မဲရုံဆောက်ရန်ရှိသည်ဟုဆိုပြီး ယင်းဓမ္မာရုံတွင် ခိုလှုံနေသည့် မုန်တိုင်းဒုက္ခသည်များကို ရယက ဥက္ကဌ ဦးသက်အောင်က ယခုလ(၂ဝ)ရက်နေ့တွင် မောင်းထုတ်လိုက်ကြောင်း သိရသည်။ (DVB 220508)


မုန်တိုင်း ဘေးဒဏ်ခံရပြီးနောက် စားနပ်ရိက္ခာများရနိုင်မလားဆိုပြီး ဧရာဝတီတိုင်းဘက်မှ ရန်ကုန်သို့ ကားဖြင့်တက်လာသည့် လေဘေးဒုက္ခသည်(၆ဝ)ခန့်ကို လှိုင်သာယာမြို့နယ် တွင် ရဲ၊ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်(၂ဝ)ခန့်သည် ယနေ့နံနက်၌ တားမြစ်၍ “မဲပေးရန် အတွက် ဌာနေပြန်ကြ”ဆိုပြီး လာရာအရပ်သို့ ပြန်လွှတ်လိုက်ကြောင်း သိရသည်။ (DVB 220508)

“ဒီလောက်အခြေအနေ ဆိုးနေတဲ့ကြားမှာ ဒုက္ခသည်တွေကို ရွာပြန်နှင်ပြီး စနေနေ့မှာ မဲပေးခိုင်းဖို့ပြင်နေတဲ့ စစ်အစိုးရအပေါ်မှာလည်း နားမလည်နိုင်အောင်ဖြစ်မိတယ်၊ တရားမဝင်တော့တဲ့ ဆန္ဒခံယူပွဲအစား လူသားချင်းစာနာတဲ့အရေးကိုသာ ဦးစားပေးသင့် တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။ (DVB 220508)

မေလ(၁ဝ)ရက်နေ့ပြုလုပ်သည့် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲများခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံလူထုကို ရပ်ကွက်/ရွာ ခြံဝင်းခတ်ရန်၊ ရွာသားများ တစ်ရက်လျှင် တစ်ရပ်ကွက်လျှင်(၃)ယောက် (၂၄)နာရီ အလှည့်ကျ ကင်းစောင့်ရန်နှင့် ညဘက်အပြင်မထွက်ရန် မေ(၁၇)ရက်နေ့တွင် ဒု-တိုင်းမှူး ဗိုလ်မှူးကြီးလှမြင့်နှင့် ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံရွှေတို့က ရပ်ကွက်/ကျေးရွာ ဥက္ကဌများကို ဆင့်ခေါ်၍ ညွှန်ကြားခဲ့ကြောင်း သိရသည်။ (S H A N 220508)

အမှန်အသင့် ခြစ်ထားသည့် မဲကတ်ပြားများကို ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်တိုင်း တွင် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များနှင့် ကြံ့ဖွံ့ရုံးများက ယနေ့နံနက်မှစ၍ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပေးနေကြောင်း သိရသည်။ (NEJ 230508)


ကျင်းပပြီးစီးခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများရှိခဲ့သည်ဆိုကာ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရထုတ်ပြန်ထားသောမဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်နေကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ (NEJ 230508)

မြန်မာ့ရေတပ်မတော် “ဗျူဟာ စစ်ရေယာဉ်စု (၁)”တွင် ယခုလ(၁၅)ရက်နေ့၌ တပ်သား၊ တပ်ကြပ်၊ အရာရှိအားလုံးကို ခေါ်ယူ၍ ကိုယ်တိုင်ကယ်ကျ မဲပေးစရာမလိုတော့ကြောင်း ပြောကာ “MYANMAR NAVY” ဟူသော စာလုံးအနောက်၌ အမှန်အမှတ်သားပါ ဦးထုပ် တစ်လုံးစီ လက်ဆောင်ပေးလိုက်ကြောင်း ရေတပ်တပ်ကြပ်ကြီး တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။ (Irrawaddy 230508)

နအဖအာဏာပိုင်များ၏ ကြိုတင်မဲကောက်ခံမှု အရေအတွက် များနေသည့်အတွက် မေ(၂၄)၊ ဆန္ဒမဲပေးသည့် ယနေ့တွင် မဲပေးသူ နည်းပါးကြောင်း တာမွေမြို့နယ် ၊ မဲရုံအမှတ်(၂)၌ မဲပေးခဲ့သူတစ်ဦးက ပြောသည်။ (NEJ 240508)

ကြိုတင်မဲရယူခြင်းကို လှိုင်သာယာမြို့နယ် (၉)ရပ်ကွက်၊ ရယက ရုံးအနီးရှိ လက်ဘက်ရည် ဆိုင်များတွင် မေလ(၂၁)ရက်နေ့ကတည်းက ပြုလုပ်ခဲ့ကြောင်း၊ မဲပေးသူအများစုက ပေါ်ပေါ်တင်တင် ကန့်ကွက်မဲ ပေးခဲ့ကြကြောင်း ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
(NEJ 240508)

နာဂစ်မုန်တိုင်းသင့် ဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၄၇)မြို့နယ်တွင် ဆန္ဒခံယူပွဲများကို ယနေ့ ကျင်းပရာ ရန်ကုန်မြို့ခံအများစုက ကန့်ကွက်မဲပေးခဲ့ကြောင်း ရန်ကုန်တိုင်း (၂၅)မြို့နယ်မှ မဲပေးသူ (၅ဝဝ)ကျော်ကို စစ်တမ်းကောက်ယူ မေးမြန်းချက်အရ သိရသည်။ (Irrawaddy 240508)

နအဖစစ်အစိုးရသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှီ (၄၇)မြို့နယ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို ယနေ့ကျင်းပရာ ထောက်ခံမဲရရန်အတွက် ၎င်းတို့ ကော်မရှင်မှထုတ်ထားသည့် စည်းကမ်းများကို ချိုးဖေါက်ကာ မသမာသည့်နည်းများသုံး၍
လုပ်ဆောင်သွားကြောင်း သိရသည်။ (DVB 240508)


နေအိမ်တွင် မတရားသဖြင့်အကျယ်ချုပ်အချခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နအဖ၏ လူထုဆန္ဒခံယူပွဲအတွက် ယမန်နေ့နံနက်တွင် ကြိုတင်မဲဆန္ဒပေးခဲ့သည်ဟု သိရသည်။ (AFP/VOA 240508)

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် စနေနေ့က ကျင်းပပြီးစီးသွားသော ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးသူ အားလုံး၏ ၉၂ . ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးကြသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ပြီဟု နအဖပိုင် မီဒီယာများမှ ယနေ့ ကြေညာသည်။
(Mizzima 260508)

ယနေ့မွန်းလဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉ဝပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈)နှစ်မြောက် အခမ်းအနားတစ်ခုကို ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့ကစစ်အစိုးရကြေညာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ရလာဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ (NEJ 270508)


ယနေ့ကျရောက်သည့် (၁၈)နှစ်မြောက် (၉ဝ)ပြည့်နှစ်ရွေးကောက်ပွဲနေ့အထိ ကိုယ်တိုင် ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲရလာဒ်ကို စစ်အစိုးရက လျစ်လျူရှုထားပြီး သဘာဝကပ်ဘေးကြီး ကျရောက်နေချိန်၌ပင် အတင်းအဓမ္မပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲကို အသိအမှတ်မပြုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP က ပြောသည်။ (NEJ 270508)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ ဝိုင်းဝန်း ပံ့ပိုးပေးကြရန်နှင့် နအဖရေးဆွဲထားသည့် အခြေခံဥပဒေကို ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ကြရန် မြန်မာပြည်သူများကို တိုက်တွန်းလိုက်သည့် ချက်သမ္မတဟောင်း ဗက်ဆလပ်ဟာဗယ်၏ ကြေညာချက်ကို ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ (RFA 280508)

“ကျွန်တော်တို့ရွာက ရာအိမ်မှူး(၂)ယောက် ကျုံဒါးမဲရုံကိုသွားပြီး တစ်ရွာလုံးအတွက် မဲသွားပေးရတယ်။ ရွာက လူတွေကတော့ တဲတွေ အိမ်တွေပြင်ဆောက်တာ၊ အခြား စားဝတ်နေရေးအတွက် လုံးပန်းနေရတာနဲ့ပဲ ဘယ်သူမှမအားလပ်ကြတော့ သူတို့ပဲ သွားထည့်ကြတယ်။ အာဏာပိုင်အလိုကျ အမှန်တွေထည့်လာတယ်ပြောတာပဲ”ဟု ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာအုပ်စု တော်ကနိ-ညောင်လိန်ကုန်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။ (NEJ 290508)

မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ၂ဝဝ၈ ကို တိုက်ဖျက်ရန်အတွက် ပြင်ဆင်ရာတွင် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်မပြိုင်သင့်သော်လည်း အတိုက်အခံ နိုင်ငံရေးအင်အားစုသစ် တစ်ရပ်က အခြေခံဥပဒေ ၂ဝဝ၈ ဘောင်ထဲ ဝင်ကစားရန်လိုသည်ဟု မကြာမီကထုတ်ပြန်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် အကြံပေးထားသည်။ (NEJ 300508)

ကြေညာချက်အမှတ် ၇/၂ဝဝ၈ ဖြင့် နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမှုအပေါ် NLD အပါအဝင် ပြည်တွင်းပြည်ပ အတိုက်အခံ များက ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သိရသည်။ (NEJ 300508)

(၂၀၀၈ ဇွန်လ)

မကြာမီက နအဖစစ်အစိုးရပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲသည် တရားမျှမှု မရှိသည့်အတွက် ကန့်ကွက်ရှု တ်ချကြောင်း ယမန်နေ့တွင်ပြုလုပ်သည့် မိတ္ထီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အစည်းအဝေးမှ ပြောဆိုလိုက်သည်။ (DVB 020608)


စစ်အစိုးရ၏ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်လျက်ပင်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ယ နေ့ ပြောကြား လိုက်သည်။ (Mizzima 030608)

“ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် အတည်ပြုထားသည့် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်သည် တရားမဝင်တော့ဘူး။ ပြည်သူ့ထံက လုပ်ပိုင်ခွင့် အာဏာကို လိုချင်တဲ့အဖွဲ့အစည်းအနေနဲ့ ၂ဝ၁ဝ ခုနှစ်မှာကျင်းပမဲ့ ရွေးကောက်ပွဲ ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပါ” ဟု ယနေ့ထုတ် နအဖပိုင်သတင်းစာများ၌ ရေးသား ထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ဖေါ်ပြထားသည်။ (RFA 030608)

နအဖ ဦးစီးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးလူထုဆန္ဒခံယူပွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ၏ ကိုင်စွဲ ထားသော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို မြေမြုပ်သဂြိုလ်လိုက်သည့် သဘောဟု ယနေ့ထုတ် နအဖပိုင်သတင်းစာတွင် ရေးသား ဖော်ပြသည်။ (RFA 030608)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲက တခဲနက် ထောက်ခံခြင်းသည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှုမှာ တပ်မတော်က ပါဝင်ရေးကို ပြည်သူက လက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်း မှားယွင်းသည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရန် သတိပေးခဲ့ကြောင်း ယနေ့ထုတ် နအဖပိုင် သတင်းစာတွင် ရေးသားဖော်ပြသည်။ (RFA 040608)

နအဖဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ ၈၈မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) (၃)ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ (၁၂)ပါတီက ယနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။ (Mizzima 040608)


မြန်မာနိုင်ငံတွင် လတ်တလော ပြုလုပ်ပြီးစီးခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အထူးတလည် စိုးရိမ်မကင်းဖြစ်မိကြောင်းနှင့် ယင်းကိစ္စအတွက် စုံစမ်းစစ်ဆေး အစီရင်ခံစာထုတ်ပြန်ရန် ကုလသမဂ္ဂလူ့ အခွင့်အရေး ကျွမ်ကျင်သူ Tomas (Qinanda) က တောင်းဆိုလိုက်သည်။ (RFA 060608)


မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် ဆန္ဒခံယူပွဲကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန်သင့်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စား လှယ် Tomas (Qinanda) က ပြောဆိုလိုက်သည်။ (VOA 060608)

နအဖ၏ ဖွဲ့စည်းပုံဆန္ဒခံယူပွဲတွင် ပြည်သူများ မပါဝင်ခဲ့ကြောင်းနှင့် နအဖ၏ ဖွဲ့ စည်း အုပ်ချုပ်ပုံ ဥပဒေ အတင်းအဓမ္မအတည်ပြုရေး ကြိုးပမ်းမူသည် လူ့အခွင့်အရေးအတွက် မကောင်းကြောင်း၊ ထိခိုက်ကြောင်း ကုလသမဂ္ဂ၏ မြန်မာရေးရာ လူ့အခွင့်အရေး အထူးတာဝန်ခံသစ် Tomas (Qinanda)မှ ဆိုသည်။ သည်။ (BKK-Nation/VOB 060608)

မြန်မာနိုင်ငံ မူဆယ်မြို့ပေါ်ရှိ နေအိမ်များသို့ ရပ်ကွက်အာဏာပိုင်များက ဆန္ဒမဲပေးခွင့် ကတ်ပြားများ လိုက်လံပေးအပ်ပြီး ထိုကတ်ပြား ပေါ်၌ အမည်၊ အိမ်အမှတ်၊ အမှတ်စဉ်နှင့် ဂဏန်းအက္ခရာ အမှတ်အသားများ ရေးသားထားသဖြင့် လွတ်လပ်စွာမဲပေးခွင့် ဆုံးရှုံးမည် ကို မြို့ခံများက စိုးရိမ်ပူပန်နေသည်။ (NEJ 080608)

နအဖစစ်အစိုးရ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုဆန္ဒအစစ်အမှန်နှင့် အတည်ပြုခဲ့ခြင်း မဟုတ်သည့်အတွက် လုံးဝလက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ (DVB 100608)

နအဖ က အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေနှင့်မညီသော လုပ်ရပ် များကြောင့် “ဥပဒေကြောင်းအရ ပျက်ပြယ်သွားပြီ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောထား ထုတ်ပြန်ခဲ့သည်။ (Mizzima 110608)

မေလ (၁ဝ)ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ လှည်ကူးနှင့် မှော်ဘီမြို့နယ်တွင် ဆန္ဒခံယူပွဲ ပြုလုပ်ရာ ၎င်းဒေသတွင် အခြေစိုက်သော တပ်ရင်းများမှ ကြိုတင်မဲများကို သက်ဆိုင်ရာ အရာရှိများက လက်မှတ်ရေးထိုးခဲ့သည်။ (Yoma3 130608)

နိုင်ငံပိုင်ရုပ်သံများမှ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြုလုပ်မည့်အခြေခံဥပဒေ ဆန္ဒခံယူပွဲ အတွက် မဲဆွယ်မှုများကို လေလှိုင်းမှတဆင့် ထုတ်လွှင့်ခဲ့သည်။ (Mizzima 140608)

ယခုလ (၁ဝ)ရက်နေ့က ကျင်းပသည့် ဆန္ဒခံယူပွဲတွင် အဓမ္မအကြပ်ကိုင်ကာ ထောက်ခံမဲ ရေးထိုးခဲ့သည့် ရန်ကုန်တိုင်း၊ လှည်းကူး မြို့နယ်အတွင်းရှိ မဲကော်မရှင် အဖွဲ့ဝင်များကို အရေးယူပေးရန် ကျေးရွာသားများက လက်မှတ်ထိုးကာ မြို့နယ်ကော်မရှင်သို့ တိုင်ကြားခဲ့ သည်။ (Yoma3 140608)

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ဆန္ဒခံယူပွဲမပြီးဆုံးခင် ဆန္ဒမဲပေးသူများက တခဲနက် အတည်ပြုကြသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ မြန်မာ့အသံမှ ကြေညာသည်။ (NEJ 150608)

နအဖ အနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင်အား ဖျက်သိမ်းရန်နှင့် မေလ (၁ဝ)ရက်နေ့ ဆန္ဒခံယူပွဲရလဒ်အား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အသိအမှတ်မပြုရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ယနေ့ သဘောထား ထုတ်ပြန်တိုက်တွန်းခဲ့ သည်။ (Yoma3 150608)

မေ ၁၅ ရက်နေ့ညက ကြေညာခဲ့သည့် နအဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း လူထုဆန္ဒ ခံယူပွဲဆိုင်ရာ ရလဒ်များ၌ လိမ်လည်မှု များစွာပါကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။ (NEJ 160608)

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် ပြည်သူများထံမှ ဆန္ဒမဲပြားများကို (ရယက)များက အမှန်ခြစ်ပေးသဖြင့် မဲရုံများက တာဝန်မယူနိုင်တော့ကြောင်း ပြောဆိုကာ မဲရုံမှ ထွက်သွား ခဲ့သည်။ (Yoma3 160608)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူ (၉၂.၄) ရာခိုင်နှုန်းက ထောက်ခံကြောင်း နအဖက ကြေညာသည့်အပေါ် ပြည်တွင်းပြည်ရှိ အတိုက် အခံများက ပြစ်တင်ရှုတ်ချခဲ့သည်။ (NEJ 160608)

မေလ ၁၅ ရက်နေ့တွင် နအဖ က ထောက်ခံမဲ ၉၂၏၄ ရာခိုင်နှုန်းဖြင့် အခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့ခြင်းသည် လုံးဝတရားမျှတမှု မရှိကြောင်း ရှမ်းပြည် မြောက်ပိုင်း ပြည်သူများ၏ကိုယ်စား ဆန့်ကျင်ကန့်ကွက်သည်ဟု SSA တပ်မဟာမှူး တဦး က မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (RFA 160608)


ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်အရ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂ဝ၁ဝ တွင် ကျင်းပ မည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်သင့်ကြောင်း ဇွန်လ ၁၆ ရက်နေ့  ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆောင်းပါးရှင် လူသစ် (ပိတောက်မြေ)၏ ဆောင်းပါး
တွင် တိုက်တွန်း ရေးသားထားသည်။ (The Myanmar Times 20-260608)

နအဖ၏ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သောဖြစ်စဉ် မဟုတ်သလို ဥပဒေအသစ်က လည်း မြန်မာပြည်၏ အနာဂတ် နိုင်ငံရေးအတွက် ကောင်းမွန်သော အခြေခံမဟုတ်ဟု ဗြတိသျှဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့က ကမ္ဘာနိုင်ငံကြီး ၂ နိုင်ငံ၏ သဘောထားကို ဖော်ပြခဲ့သည်။ (Mizzima 200608)

နအဖ၏ နိုင်ငံအခြေခံဥပဒေအတည်ပြုရေး မဲဆန္ဒခံယူပွဲတွင် နအဖ၏ ဥပဒေ ချိုးဖေါက်မှု မျိုးစုံ မျက်မြင်ပြည်သူ ၆ဝ မှ NLD သို့ ကိုယ်တိုင် တင်ပြခဲ့ကြောင်း သိရသည်။ (RFA 200608)

ပလောင်လူထုများနေထိုင်ရာ ရှမ်းပြည်နယ်မြို့နယ်အချို့တွင် အခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲကျင်းပရာ ပြည်သူ့သဘောထားမပါရှိဘဲ ထောက်ခံမဲရရန် အာဏာပိုင်များက အတင်းဓမ္မပြုလုပ်ခဲ့သည်များအား စုံစမ်းဖေါ်ထုတ်ကာ “ လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အမည်ရှိ အစီရင်ခံစာကို ပလောင်အလုပ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။ (Mizzima 030708)

နအဖက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေချိန် တွင် စစ်မှုထမ်းဟောင်းများအား ပါတီဝင်ရန် စည်းမှုများများစတင်နေပြီဖြစ်သည်။(Yoma3 030708)

နအဖ အစိုးရ၏ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၂၀၁၀ မှာ အသက်ဝင် လာရင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး တပ်မတော်စစ်ဦးစီးချုပ်အောက်မှာ ရှိရတော့မယ်။ သီးခြားလက်နက်ကိုင်အဖွဲ့ခွင့်မပြုဘူး။ဒါကြောင့် အထူးရဲအဖွဲ့ဖွဲ့မလား၊ လက်နက်ချမလား တစ်ခုခုကို အမြန်ဆုံးရွေးချယ်ဖို့လိုနေပြီ ဟု နအဖအာဏာပိုင်များသည် တရုတ်-မြန်မာနယ် စပ်အခြေစိုက် ဦးစိုင်းလင်း၏ မိုင်းလားငြိမ်းချမ်းရေးအဖွဲ့ကို ဖိအားပေးနေကြောင်း ယင်းအဖွဲ့မှ အရာရှိတစ်ဦး ရှမ်းသံတော်ဆင့်သတင်းဌာနကိုပြောသည်။(DVB 050708)

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ကပါတီထောင်မည်ဖြစ်ပြီးစစ်အစိုး ကျော ထောက်နောက်ခံပေးထားသည့်ပါတီများနှင့် မဟာမိတ်အဖြစ်ပူးပေါင်းသွားမည်ဖြစ်ကြောင်း NDAK ဒီမိုကရေစီသစ်တပ်မတော်- ကချင်အဖွဲ့က ယနေ့ထုတ်ဖေါ်ပြောဆိုလိုက်သည်။ (NEJ 070708)

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိကြံ့ဖွံ့အဖွဲ့ကိုလည်း နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲ မည်ဟု တစည ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးကပြောသည်။(NEJ 070708)

နအဖစစ်အစိုးရပိုင်သတင်းစာများတွင် ဖေါ်ပြနေသည့် ရွေးကောက်ပွဲရလဒ်ကိုစွန့်ရန် ရေး သားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဝါရင့်နိုင်ငံရေးသမားကြီးများက လက်မ ခံကြောင်း တုန့်ပြန်ပြောဆိုလိုက်သည်။(Irrawaddy 070708)

၂၀၁၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ဒီမိုကရေစီရွေးကောက်ပွဲကော်မရှင်ဥပဒေ နည်းဥပဒေနှင့် ပါတီမှတ်ပုံတင်ခွင့်ဥပဒေများကို ဦးစားပေးရေးဆွဲခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီလာခံကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ် မြတ်သူက ပေါ်ပြူလာဂျာနယ်သို့ ယခုလ(၈)ရက်က ထုတ်ဖေါ်ပြောဆိုသည်။ (NEJ 090708)

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီများဖွဲ့ရန် နေ ပြည်တော်ဝန်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့်ဝန်ကြီးများ ဝန်ကြီး ရာထူးမှနုတ်ထွက်ပြီး အာဏာလက်လွှတ်ဖြစ်မည်ကို စိုးရိမ်နေသည်။(NEJ 280708)

နအဖအနေဖြင့် ၂၀၁၀ ခုနှစ်တွင် လွပ်လပ်ပြီးတရားမျှတမှုရှိသော ရွေးကောက်ပွဲတခု ကျင်းပြပြုလုပ်နိုင်ရန် ရဲတင်းသင့်မြတ်သည့် ခြေလှမ်းများ လှမ်းရပါလိမ့်မည်ဟု အရှေ့တောင်အာရှ နိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများကတိုက်တွန်းခဲ့သည်။(RFA 210708)

နအဖ၏၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအား အဲန်အယ်လ်ဒီခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ပြီး လွပ်လပ်၍ တရားမျှတသော ရွေး ကောက်ပွဲအဖြစ် တွေ့မြင်လိုကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး စတီဖန်စမစ်က ပြောသည်။(NEJ 230708)

၂၀၁၀ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးဟု နအဖ ကဥပဒေမထုတ်ပြန်သေးကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုးကပြောဆိုသည်။ (RFA 260708)

ဂွမြို့နယ် ရဟိုင်ဂွင်းရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နိုင်မျိုးဇော်၊ ဇော်မင်းဦး၊ ချစ်ထူးနိုင်တို့ကို ဆန္ဒခံယူပွဲကန့်ကွက်လှုပ်ရှား၍ တာရားရုံးမှ ပုဒ်မ-၆/၁ဖြင့် စွဲဆိုကာ သက်သေအထောက်အထားမရှိဘဲ ထောင်ဒဏ် ၂ နှစ်ခွဲစီချခဲ့ကြောင်းသိရသည်။(DVB 070808)

နအဖရေးဆွဲထားသည့် အခြေခံဥပဒေမပြုလုပ်မီကာလက မြင်းခြံကြံ့ဖွံ့အသင်းနှင့် တောင် သာကြံ့ဖွံ့အသင်းနှစ်သင်းကို နေပြည်တော်စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းက မဲဆွယ် မဲဝယ်ရာတွင် သုံးရန် တစ်သင်းလျှင် ကျပ်ငွေသိန်း( ၂၀၀၀)စီပေးခဲ့ရာမှ ငွေအလွှဲသုံးစားမှု နှင့် ကြံ့ဖွံ့အသင်းဝင်အချင်းချင်း အဝေမတည့်ဖြစ်နေကြောင်း တောင်သာကြံ့ဖွံ့အသင်းနှင့် နီးစပ်သည့် အသိုင်းအဝိုန်းမှပြောသည်။(NEJ 120808)

နအဖသည် ကြံ့ဖွံ့ကို ၂၀၁၀ ရွေးကောက်ပွဲအမှီ National Prpsperity Party အမည်ဖြင့် နိုင်ငံရေးပါတီဖွဲ့ရန် စီစဉ်နေကြောင်းသိရသည်။(Irrawaddy 140808)

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှာမှုနှင့်တသွေးတသားတည်းရှိနေကြောင်း ပြသသည့်အနေဖြင့် သူတို့ကို AIPA ခေါ်အာဆီယံပါလီမန်အမတ်များအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လက်ခံပေးဘို့ ၁၉၉၀ ရွေးကောက်ပွဲ၌ ရွေးချယ်ခံထားရသည့် ပြည်ပရောက်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက နှိုးဆော်လိုက်သည်။(RFA 200808)

တိုင်းရင်းသားလူမျိုးပေါင်းစုံပါတီများစုပေါင်းထားသည့် UNLD သည် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခွင့်မရခဲ့ပါဘူး၊ တွေ့ဆုံခွင့်ပြုဖို့တောင်းဆိုခဲ့သော်လည်း စစ်အုပ်စု၏အစီအစဉ်၌ ယင်းပါတီများပါဝင်ခဲ့ခြင်းမရှိပါဘူး၊ ထို့ကြောင့် တိုင်းရင်းသားပါတီများက နအဖ၏အခြေခံ ဥပဒေအပေါ်သဘောထားနှင့်ရွေးကောက်ပွဲများအပေါ်သဘောထားများကို စာရေးသားပေး ပို့ခဲ့သည်ဟုသိရသည်။(IMN/ VOB 220808)

ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့၌ ဆန္ဒပြရန် သံဃာတော်များ၏စုဝေးမှုအား အာဏာ ပိုင်များက တာဆီးလိုက်ခြင်းကြောင့် ပျက်သွားသော်လည်း သံဃာတော်များက ဆန္ဒပြပွဲ များ မဖြစ်ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ထားကြောင်းမိန့်ကြားသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်ကပြောသည်။(D VB 250808)

စစ်အစိုးရကတဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထားသည့် ဖွဲ့စည်းပုံနှင့် စစ်အစိုးရ လုပ်မည့် ရွေးကောက်ပွဲ၌ထွက်ပေါ်လာမည့်အစိုးရကိုအသိမှတ်မပြုဟု တိုင်းရင်းသားလူမျိုး ကောင်စီ ENC ၏ယမန်နေ့၌ ပြီးစီးသွားသည့် ပဉ္စမအကြိမ်ညီလာခံမှ ဆုံးဖြတ်ထားကြောင်း သိရသည်။(DVB 290808)

၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေအရတပ်မတော်သည် ဥပဒေအထက်တွင်ရှိနေပြီး ဒီမိုကရေ စီစနစ်ကို အကောင်အထည်ဖော်နိုင်မည်မဟုတ်သဖြင့် ၂၀၁၀ ပြည့်နှစ်၌ကျင်းပမည့် ရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်း တိုင်းရင်းသားလူမျိုးများကောင်းစီ ENC ၏ သြဂုတ် ၂၆ မှ ၂၈ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပသည့် ပဉ္စမအကြိမ်ညီလာ ခံအပြီးပြောဆိုလိုက်သည်။(NEJ 020908)

စစ်အုပ်စုသွားနေသည့် လမ်းပြမြေပုံ ရုဒ်မက်အတိုင်း သွားရုံမှလွဲ၍ တခြားရွေးချယ်စရာ လမ်းမရှိသည့်အတွက် ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံရမည်ဖြစ်သည်ဟု အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်(အမတ်ဟောင်း) စာရေးဆရာမောင်စူးစမ်း၏ထုတ်ဖေါ်ပြောဆိုချက်အား အတိုက်အခံဘက်က သဘောမတူကြောင်းပြောဆိုလိုက်သည်။(DVB 040908)
၂၀၁၀ခုနှစ် ရွေးကောက်ပွဲအတွက်မကွေးတိုင်း ရေစကြိုမြို့နယ်ကို ကိုယ်စားပြုပြီး လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် နအဖစစ်အုပ်စုနှင့် ပလဲပနံသင့်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များပြင်ဆင်နေကြောင်းသိရသည်။(DVB 050908)

၂၀၁၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ၌ ကုလသမဂ္ဂကိုပါဝင်ဆောင်ရွက်ခွင့်ပြုရန်ထိုင်းနိုင်ငံက မြန်မာကိုကြိုးစားသိမ်းသွင်းသွားမည် ဟု ထိုင်းဝန်ကြီးချုပ် Samak Sundarvej ကပြောကြားသည်။(Bangkok Post / NEJ / RFA 090908)

နအဖစစ်အစိုးရနှင့် စစ်အစိုးရ၏ကိုယ်စားလှယ်သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထု ကို ကိုယ်စားမပြုကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU က ကုလသမဂ္ဂ သို့ တရားဝင်ကန့်ကွက်လွှာ ယမန်နေ့၌ တင်သွင်းလိုက်ကြောင်းသိရသည်။(NEJ/DVB 100908)

နအဖစစ်အစိုးကိုယ်စားလှယ်ကို ကုလသမဂ္ဂမှဖယ်ရှားပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် အစားထိုးရန် ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ်များတင်သွင်း သည့်စာကို သက်ဆိုင်ရာကော်မတီထံတင်ပြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကစဉ်းစားနေသည်ဟု ပြောခွင့်ရပုဂ္ဂိုလ် Michele Montas ကပြောသည်။(DVB 110908)

နအဖစစ်အစိုးရပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲကို အသိအမှတ်မပြုကြောင်း ယခုလ(၉)ရက်နေ့ တွင်ပြုလုပ်သည့် ဂျော်ဂျီယာနိုင်ငံကို ရုရှားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုအဆုံးသတ်ရေး ကြိုးပမ်းမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံအရေးအပေါ် ပြင်သစ်အစိုးရ ၏သဘောထားနှင့်ပက်သက်၍ သတင်းစာရှင်လင်းပွဲ၌ ပြင်သစ်နိုင်ငံကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်က မစ္စတာ ယန်းမောရစ်(စ်)ရစ်ပါ့ထ်ကပြောဆိုခဲ့သည်။(RFA 110908)

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီ တွင် ဦးဆောင်မှုပေးရန်အတွက် နေပြည်တော်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများကို ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးတာဝန်ပေးတော့မည်ဟု နေပြည်တော်ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွပ်မှပြောဆိုသည်။(NEJ 120908)

နအဖအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသက်မ၀င်စေရန် ပြည်သူ့လွှတ် တော်ကိုယ်စားပြုကော်မတီ CRPP ကဦးဆောင်တိုက်ဖျက်သွားရန် တိုက်တွန်းကြောင်း ယနေ့ထိုင်း-မြန်မာအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB ကယ နေ့ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။(NEJ 160908)

နအဖစစ်အုပ်စုအား ကုလကိုယ်စားလှယ်အဖြစ်မှပယ်၍ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအဖွဲ့ အား နေရာပေးရန် ကုလသို့မြန်မာ့ဒီမိုကရေစီအုပ်စုမှ တင်ပြချက်အား ကုလအထွေထွေ ညီလာခံသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်မှ အထစ်အငေါ့မရှိ တင်သွင်းခဲ့သည်။ (AFP/ VOB 190908)

နအဖအစိုးရစီစဉ်သည့် ၂၀၁၀ရွေးကောက်ပွဲအတွက်အာဏာပိုင်များနှင့် ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့) အဖွဲ့ဝင်များက ရန်ကုန် ဆရာစံ တောင်စံပြရပ်ကွပ်တွင် လိုက်လံစည်းရုံးနေသည်ဟု ဒေသခံများကပြောသည်။(DVB 220908)

ပြည်သူတရပ်လုံးလက်ခံနိုင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံတရပ်ကို ကောင်အထည် ဖေါ်ပြီး လွှတ်တော်အမြန်ဆုံးခေါ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖစစ်အစိုးရထံ ယခုလ(၁၈)ရက်နေ့ရက်စွဲပါထေူးကြေညာချက်ဖြင့် တောင်းဆိုလိုက်သည်။(DVB 220908)

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုကာကွယ်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့ကပြည်အကျဉ်းထောင်မှပြန်လွှတ်မြောက်လာသည့် ကျော်တန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသန်းငြိမ်းကပြောဆိုလိုက်သည်။(NEJ 250908)

ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်းနှင့်ပက်သက်၍ယခုလ(၁၈)ရက်နေ့တွင် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်သည့် ကြေညာချက်ကိုရုပ်သိမ်းပေးရန် ယနေ့မွန်းလွဲပိုင်းတွင် ဥက္ကဌဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရဲချုပ်ခင်ရီမှ ပြည်ထဲရေးရုံးတွင်ဆင့် ခေါ်ပြီး တောင်းဆိုချက်များအား အဖွဲ့ချုပ်မှငြင်းပယ်ခဲ့ကြောင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောသည်။(DVB 250908)

၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က အနိုင်ရရှိ ရန် မျှော်လင့်ထားကြောင်းယင်းပါတီ၏တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီး ကယခုလ(၂၄)ရက်နေ့တွင် ရှားရှားပါးပါးပြုလုပ်သည့် တစည ပါတီသတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပသတင်းစာဆရာများကိုပြောကြားသည်။(NEJ 260908)

နအဖသည်နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၉၀၀၀ ကျော်လွှတ်လိုက် ခြင်းသည် သူတို့ကျင်းပမည့် ရွေးကောက်ပွဲအတွက် နအဖ၏ အကြိုဗျူဟာတစ်ခုဖြစ် ကြောင်းမြန်မာ့အရေးသုံးသပ်သူများမှဆိုသည်။(BP/VOB 270908)

၂၀၁၀နောက်ပိုင်းပေါ်ပေါက်လာမည့်ရုပ်သေးအရပ်သားအစိုးရလွှတ်တော်တွင် လိုအပ်မည့် စစ်တပ်လွှတ်တော်ကိုယ်စားလှယ်(၂၅)ရာခိုင်နှုန်းအတွက် စစ်ဗိုလ်အမတ်လောင်းစာရင်း ကိုစတင်ကောက်ယူနေပြီဟု နေပြည်တော်ဝန်ကြီးချုပ်ရုံးနှင့်နီးစပ်သည့် သတင်းရပ်ကွပ်က ပြောသည်။(NEJ 300908)

ရန်ကုန်တိုင်း သန်လျင်မြို့တွင် အိမ်ဂရန်ပြုလုပ်ပေးရန်စာရင်းလိုက်လံကောက်ယူနေသည့် လုပ်ရပ်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပက်သက်ပြီး မဲဆွယ်စည်းရုံးရန် နအဖစစ်အုပ်စုက လုပ်ဆောင်နေခြင်းဟု ဒေသခံများက ဝေဖန်သုံးသပ်နေကြသည်။(DVB 011008)

နအဖစစ်အစိုးရအနေဖြင့် လမ်းပြမြေပုံကို အများမှ လေးစားစေချင်လျှင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် အခြေခံလူ့အခွင့်အရေးများကို မြန်မာအာဏာပိုင်များဘက်မှ လေးစား ပြရန်လိုသည်ဟု ကုလသမဂ္ဂအခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ကတိုက်တွန်းလိုက်သည်။(DVB 091008)

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့်မေလ၊ လူထုဆန္ဒခံယူပွဲအချိန်၌ ထုတ်ပေးထားသည့် ယာယီမှတ်ပုံတင်ကဒ်ပြားများကို သက်ဆိုင်ရာမြို့နယ် လူဝငင်မှုကြီး ကြပ်ရေးရုံး လဝကမှ ပြန်လည်သိမ်းယူသွားသည်ဟု လိုင်ဇာမြို့ခံများက ပြောသည်။(DVB /RFA 101008)

၂၀၁၀ ရွေးကောက်ပွဲကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရှမ်းပြည်နယ် တရုတ်-မြန်မာနယ် စပ်မှ အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့များကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ကာကွယ်ရေး ဝန်ကြီးလက်အောက်တွင်ထားရှိမည်ဟု ရှမ်းပြည်နယ်တခုလုံးကိုတာဝန်ယူထားသည့် ကစထ မှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မြင့်က စက်တင်ဘာလကုန်ပိုင်းတွင်အသိ ပေးပြောကြားခဲ့သည်။(RFA 141008)

၂၀၁၀ရွေးကောက်ပွဲကိုကုလသမဂ္ဂကသွယ်ဝိုက်ပြီးထောက်ခံနေသည်ဆိုသည့်စွပ်စွဲချက် မဟုတ်မှန်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ Ibrahim Gambari က ယမန်နေ့လန်ဒန်မြို့ထုတ် ဂါဒီးယန်းသတင်းစာအယ်ဒီတာထံပေးစာ၌ ငြင်းဆိုလိုက်သည်။ (NEJ 151008)

လာမည့်၂၀၁၀တွင်ကျင်းပမည့် နအဖရွေးကောက်ပွဲအသစ်သည် မည်သို့မျှလက်ခံနိုင်စရာ မရှိကြောင်း လုံးဝဝင်ရောက်အရွေးခံမည်မဟုတ်ဟု ယခုလ(၁၂)ရက်နေ့တွင်ကျရောက် သည့် ပါတီထူထောင်ခြင်း နှစ်(၂၀)ပြည့်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင် ဦးအေးသာအောင်က ပြောဆိုလိုက်သည်။(DVB 151008)

၂၀၁၀ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ရန် ပြုပြင်ပြောင်းလဲရန်၊ ပြန်လည်ဖွဲ့စည်းရန် အမျိုးမျိုးဖိအားပေးခံလာရသည့် နောက်ပိုင်း အင်အားကြီးမာသောအချို့အပစ်ရပ်အဖွဲ့များအတွင်း ပုတီး(ဂျိုးဖြူ)လိုင်းနှင့် ဓါးမြောင်(လင်းယုန်)လိုင်း ဂိုဏ်းခွဲကွဲပြားမှုများ တွေ့ရှိရသည်ဟု ရှမ်းပြည်အတွင်းပိုင်း ဆို့စ် အသီးသီးက တညီတညွတ်တည်းအတည်ပြုကြသည်။(S.H.A.N 151008)

၂၀၁၀ရွေးကောက်ပွဲပြီးဆုံးသွားပါက သမ္မတရာထူးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း လက်သတ်မွေးထားသည့် စက်မှု(၁)ဝန်ကြီးဦးအေးသောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေတို့ကို ရွေးချယ်သွားနိုင်ကြောင်းစစ်တပ်နှင့်နီးစပ်သည့် သတင်း များအရသိရသည်။(Irrawaddy 161008)

နအဖစစ်အစိုးရမှ ကြိုးကိုင်ကာဦးစီးရေးဆွဲအတည်ပြုထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိအမှတ်မပြုဟု ယခုလ(၂၁)ရက်နေ့တွင်ကျင်းပသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် တောင်တွင်းကြီးမြို့နယ်လပတ်အစည်းအဝေးမှဆုံးဖြတ်ခဲ့သည်။(DVB 231008)

၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသ်စတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတာဝန်ယူမည်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူတင်အောင်မြင့်ဦးကို ခန့်ထားမည်ဟု နေပြည်တော်နအဖအတွင်းရေးမှူးရုံးနှင့် နီးစပ်သည့်သတင်းရပ်ကွက်ကပြောသည်။(NEJ 271008)

၂၀၁၀ ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာမည့်ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ် လုပ်ဆောင်နေသည့်နေပြည်တော်လွှတ်တော်အဆောက်အဦးတွင် ၂၀၀၉ ခုနှစ် စက်တင် ဘာလမှစတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ဝန်ကြီးချုပ်ရုံးသတင်းရပ်ကွက် ကပြောသည်။(NEJ 271008)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ပြည်သူ့လွှတ်တော်များစုစည်းတွေ့ဆုံနိုင်မည့် ညီလာခံကျင်းပပေးရန် ပဲခူးတိုင်းအဖွဲ့ချုပ်ကို ဗဟိုအဖွဲ့ချုပ်ထံတောင်းဆိုလိုက်သည်။(DVB 301008)

၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရဖွဲ့စည်း ချိန်တွင် တိုင်းဒေသလွှတ်တော်အသီးသီး(၁၃)ခု၏ ဝန်ကြီးချုပ်များအဖြစ် လက်ရှိနအဖစစ် အစိုးရ ဝန်ကြီးများကို ခန့်ထားရန်လျာထားသည်ဟု ဝန်ကြီးချုပ်ရုံးနှင့်နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။(NEJ 311008)

နာဂစ်မုန်တိုင်းကာလအတွင်း၌ အတင်းဓမ္မအတည်ပြုခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့မှစ၍ အင်္ဂလိပ်-မြန်မာ(၂)ဘာသာဖြင့်အားလုံးလေ့လာနိုင်စေရန် ထုတ်ဝေလိုက်ပြီး ဖြစ်သည့်အတွက် ကြိုက်သလောက်ဝယ်လို့ရသည်ဟု နအဖပိုင်သတင်းစားများမှယနေ့ ကြေညာလိုက်သည်။(DVB 011108)

တစ်လနောက်ကျ၍ ယခုပြုလုပ်သည့် နအဖ၏ပုံမှန်(၄)လပတ်အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ပြသနာတို့ကို ရှေ့တန်းတင်ဆွေးနွေးခဲ့ ဟန်ရှိကြောင်း မြန်မာစစ်တပ်အရေးလေ့လာသူတို့ကပြောသည်။(Irrawaddy 171108)

အပစ်ရပ် အထူးဒေသ(၄) NDAA မိုင်းလားတပ်ဖွဲ့အကြီးအကဲအချို့ နိုင်ငံရေးပါတီထူ ထောင်၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပါက အရည်အချင်း ပြည့်မီစေရန် နအဖစစ်တပ်ကလေ့ကျင့်သင်တန်းပေးမည်၊ မိုင်းလာအထူးဒေသ(၄)သို့ နအဖစစ်တပ်ဝင်ရောက်ထိန်းချုပ်မည်ကို ဒေသခံလူထုနှင့် တပ်ဖွဲ့ဝင်များလက်ခံမည်မ ဟုတ်ကြောင်း နယ်စပ်သတင်းရပ်ကွပ်များက ဆိုသည်။(S.H.A.N 171108)

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် မေလကကျင်းပပြုလုပ်ခဲ့သော နအဖ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းအတည်ပြုရေး လူထုဆန္ဒခံယူပွဲမတိုင်မီ ဆန္ဒခံယူပွဲကိုဆန့်ကျင်သည့် လှုပ်ရှားမှုမပေါ် ပေါက်စေရန် စည်းရုံးလှုံ့ဆော်မှုများကြောင့် ကယားပြည်နယ်လွိုင်ကော်ထောင်တွင် ဖမ်းဆီးခံထားရသည့် လူငယ်ခေါင်းဆောင် ကိုဘီဒူး(၂၄)နှစ်၊ကော်ရီယို(၂၅)နှစ်နှင့် ဒီးဒီး (၂၅)နှစ်တို့အား ထောင်ဒဏ်(၃၀)နှစ်စီချမှတ်လိုက်ကြောင်းသိရသည်။(Kantarawaddy Times 191108)
နအဖရေးဆွဲထားသည့် အခြေခံဥပဒေကို မပြင်လျှင် ၂၀၁၀တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဝင်ရောက်ရန်မဖြစ်နိုင်ဟု ယမန်နေ့က ရန်ကုန် မြို့တွင် အီတလီနိုင်ငံခြားရေးဌာန အာရှပစိဖိတ်ဒေသအကြီးအကဲ Attilio Massimo Lannucci နှင့် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။(DVB 291108)

လမ်းပြမြေပုံ(၇)ချက်အတိုင်း မပျက်မကွက်ချီတက်ရန် နအဖ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်း ရွှေက နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ခိုဖြိုးနှစ်ပတ်လည်အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။(DVB 291108)

နအဖကကျင်းပမည်ဆိုသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပက်သက်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီတွင်း၌ဆွေးနွေးမှုများပြုလုပ်နေပြီး ရွေးကောက်ပွဲတွင် ပါဝင်မလားမဝင်ဖူးလားဆိုသည်ကို မဆုံးဖြတ်သေးသော်လည်း လောလောဆယ်၌ ၂၀၀၈ ခု နှစ် စက်တင်ဘာ ၂၂ ရက်နေ့ကထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်းရပ်တည် သွားမည်ဟုသိရသည်။(Irrawaddy 021208)

န အဖသည် ၂၀၁၀တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် အသေးစိတ်နှင့်အခြားလိုအပ် ချက်များထုတ်ပြန်ကြေညာမှုများမရှိသေးသော်လည်း ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် အစိုးရအရှိများ ကယခုနှစ်ကုန် သို့မဟုတ် နောင်နှစ်ဆန်း၌ ရွေးကောက်ပွဲဥပဒေသစ်ကို ထုတ်ပြန်ဖွယ်ရာ ရှိသည်ဟု ပြောဆိုနေကြသည်။(Irrawaddy 041208)

ယမန်နေ့က ရန်ကုန်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင်ပြုလုပ် သည့် CRPP အစည်းအဝေး၌ နအဖ ၂၀၁၀ရွေးကောက်ပွဲနှင့်ပက်သက်၍ ဆက်စပ်နေ သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး၊ သုံးသပ်ရေးကော်မတီတစ်ခု ဖွဲ့စည်းရေးတို့ကို အဓိကဆွေးနွေးသည်ဟု CRPP အတွင်းရေးမှူးဦးအေးသာအောင်က ပြောသည်။(DVB 051208)

နအဖပြုလုပ်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအသစ် ဝင်သင့်မဝင်သင့်နှင့်ပက်သက်၍ အပစ်ခတ်ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယစားလှယ်များ ယခုလ ၁၀ ရက်နေ့တွင် ရန်ကုန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိရသည်။(DVB 181208)

နအဖပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲအသစ်တွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဌဒေါက်တာတူဂျာကအဖွဲ့အစည်းမှနုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်လိမ့်မည်ဟု သိရသည်။(DVB 181208)
နအဖပြုလုပ်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအသစ်တွင် မွန်ပြည်သစ်ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ဟုမွန်ပြည်သစ်ပါတီပြောခွင့်ရသူ နိုင်အောင်မငေးကပြော သည်။(DVB 181208)

ကြံ့ဖွံ့ USDA သည် ၂၀၁၀ရွေးကောက်ပွဲတွင် ပါတီတစ်ခုအဖြစ်မယှဉ်ပြိုင်ဘဲ အခြားနအဖ အဖွဲ့တွင် ပါဝင်ဖွယ်ရှိကြောင်းနီးစပ်သည့်သတင်းမှဆိုသည်။(Mizzima 181208)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲဝင်သည့်အပိုင်းနှင့် ရွေးကောက်ပွဲ မဝင်သည့်အပိုင်း (၂)ပိုင်းကွဲနေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse Agentuhr Gmbh)နိုင်ငံခြားသတင်း ထောက်ရေး သားခဲ့သည့်သတင်း မှားယွင်းနေကြောင်းဖေါ်ပြထားသည့် စာတစ်စောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ယခုလ(၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။(NEJ 281208)

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရေး အပစ်အခတ်ရပ်အဖွဲ့ “ ဝ ”လက်နက်ကိုင်အဖွဲ့နှင့် နအဖ(၄)ရက်ကြာ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရခဲ့ကြောင်းသိရသည်။(RFA 311208)

No comments:

Post a Comment