Tuesday, December 1, 2009

၂၀၀၉ ခုနှစ် သတင်းမှတ်စု

သေဆုံးသူများအပါအဝင် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်ကာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အသစ်များနှင့် ၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များပေါင်းပြီး လွှတ်တော်တစ်ရပ်ခေါ်ယူရန် ဆရာကြီး ဒဂုန်တာရာ၏ တိုက်တွန်းချက်အား ယခုလ(၁)ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ် စာမျက်နှာ(၂၄)တွင် ဖေါ်ပြထားသည်။ (NEJ 030109)

မြန်မာစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ရှမ်းပြည်နယ် ပလောင်ဒေသတွင် ဒေသခံပလောင်လူမျိုး ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့မှ စည်းရုံးရေးဆင်းနေသည်ဟု ဒေသခံများက ပြောသည်။(RFA 060109)

ရွေးကောက်ပွဲနီးလာပြီးဖြစ်သည့်အလျောက် နေပြည်တော်ဝန်ထမ်းများကို လစာတိုးပြီး မက်လုံးပေးရန် နအဖစစ်အုပ်စုက ပြင်ဆင်နေသည်ဟု နေပြည်တော်ရှိဝန်ထမ်းများက ပြောသည်။ (NEJ 060109)

တိုင်းရင်းသားစည်းလုံးညိညွတ်ရေးပါတီး(တစည)သည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံရန် စည်းရုံးလှုံ့ဆော်မှုများ စတင်ပြုလုပ်တော့မည့်ဖြစ်ကြောင်း ယခုအထုတ် သစ္စာ True News အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထားသည်။ (Irrawaddy 070109)
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံးပြန်ပြင်ပေးမှ ရွေးကောက်ပွဲကိစ္စကို စဉ်းစားမည် ဆိုသည့်သဘောထားကို မပြောင်းလဲဟု အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်တင်မှ ဆိုသည်။ (DVB 080109)

“လာမည့် ၂ဝ၁ဝ ကျရင် ဖွဲ့စည်းပုံမှုအရ ဒီကေဘီအေဟာ နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ယခုလ(၄)ရက်နေ့တွင် DKBA (၉၉၉)တပ်ရင်း၌ ပြုလုပ်သည့် ကရင်အမျိုးသားဆိုင်ရာ လူထုဟောပြောပွဲတစ်ခုတွင် (၉၉၉) အခြေချဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုခဲ့သည်။ (NEJ 080109)

နအဖ စစ်အုပ်စုက ပြင်ဆင်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကချင်အမျိုးသားအစည်းအရုံး KNO ကနိုင်ငံရေးအရတင်မဟုတ်ပဲ ကျန်သည့်တိုင်းရင်းအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် အတူပူးပေါင်းပြီး လက်နက်ကိုင်နည်းလမ်းအရပါ ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုလိုက်သည်။ (MIZZIMA 090109)

၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ခုကို ကချင်အတိုင်ပင်ခံကောင်စီက ကြီးမှူးပြီးဖွဲ့ရန် စီစဉ်နေကြောင်း ဒီမိုကရေစီသစ်တပ်မတော်- ကချင် NDA-K ကဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသည်။ (NEJ 090109)
ယနေ့ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင် “၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံ၊ ကချင်လူထုကို လွတ်လပ်ခွင့်ပေးပါ” ဆိုသည့် ပိုစတာတိုက်ပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ကချင်ကျောင်းသားအဖွဲ့ တစ်ဖွဲ့က ပြောသည်။ (DVB 100109)

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို မြန်မာစစ်အစိုးရကိုယ်တိုင် လူမှုရေးအသင်းအနေဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း မကြာမီကာလတွင် နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ရှိသည်ဟု ယင်းအသင်းကြီး၏ အတွင်းရေးမှူး၊ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က ယခုရက်ပိုင်းအတွင်း တရားဝင် ထုတ်ဖေါ်ပြောဆို လိုက်သည်။ (RFA 150109)

မြန်မာစစ်အစိုးရဦးစီးသည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် စိုးရိမ်သည်ဟု စပိန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်၊ လွတ်လပ်သောဥရောပ လွှတ်တော်ကိုယ်စားလှယ်များ မဟာမိတ်အဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သည့် Dr. Raul Romeva i Rueda သည် ဘားမားကမ်ပိန်း- ယူကေအဖွဲ့ ဒါရိုက်တာ Mark Farmaner နှင့်အတူ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့တွေ့ဆုံပြီးနောက် ပြောကြားလိုက်သည်။ (DVB 150109)

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲရန်ကိစ္စနှင့်ပတ်သက်၍ မြန်မာများသာဆုံးဖြတ်လုပ်ကိုင် သင့်သည်ဟု တရုတ်နိုင်ငံ ရှန်ဟိုင်းနိုင်ငံ တကာလေ့လာရေးသိပံ္ပမှ အာရှနှင့်ပစိဖိတ်ရေးရာဌာနမှူး Dr. Ma Ying ကပြောသည်။ (RFA 180109)

ကြံ့ခိုင်ရေးအသင်းသည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် စည်းရုံးရေးဆင်းနေပြီးဟု သိရသည်။ (DVB 190109)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIOက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်းနှင့် တိုင်းပြည်ငြိမ်းချမ်းသည့်ကာလတိုင်အောင် KIOက လက်နက်စွဲကိုင်ထားမည်ဟု KIO လက်ထောက်နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွန်ဒေါင်က ပြောကြားလိုက်သည်။ (DVB 200109)

စစ်အစိုးရ အတည်ပြုထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်လျှင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခဲယဉ်းမည်ဟု မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ယခုလ(၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပသည့် ပါတီညီလာခံတွင် ဆုံးဖြတ်ထားကြောင်း မွန်ပြည်သစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောသည်။ (DVB 200109)

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ပဲခူးတိုင်းအတွင်းမှ ကျေးရွာများတွင် စည်းရုံးရေးများဆင်းနေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း တစည ပါတီအတွက် နေရာချထားသတ်မှတ်မှုများ စတင်ပြင်ဆင်နေပြီဟု ပါတီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ (RFA 230109)

ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ရန်နှင့် တပ်ကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရေး ကြိုးစားသည့်အနေဖြင့် ရွှေတြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုနေသည်ဟု စောင့်ကြည့်လေ့လာသူများက တညီတညွှတ်တည်းပြောဆိုလိုက်သည်။ (Mizzima 230109)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအနေဖြင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကို စုံညီတွေ့ပြီး ယနေ့ပြည်သူများ ခံစားနေရသည့် ဒုက္ခများအတွက် အဖွဲ့ချုပ်အနေဖြင့် ဘယ်လမ်းကြောင်းကိုသွားသင့်သည်ဆိုသည်ကို ဆွေးနွေးသင့်သည်ဟု ယနေ့ပြုလုပ်သည့် မိတ္ထီလာမြို့နယ်အဖွဲ့ချုပ် ပုံမှန်လပတ်အစည်းအဝေးမှ တောင်းဆိုလိုက်သည်။ (DVB 250109)

စစ်အစိုးရမှာစီစဉ်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ဟု ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIOနှင့် မွန်ပြည်သစ်ပါတီတို့၏ ပြောကြားချက်ကို ယမန်နေ့ကပြုလုပ်သည့် အမေရိကန်အခြေစိုက် အာဏာရှင်ဆန့်ကျင်ရေး၊ လူထုလွတ်မြောက်ရေးအဖွဲ့၏ (၃၅၄) ကြိမ်မြောက်ဆန္ဒပြပွဲမှ ကြိုဆိုလိုက်သည်။ (DVB 270109)

စစ်အစိုးရစီမံနေသည့် ရွေးကောက်ပွဲမတိုင်မီ အရေးတကြီးဖြေရှင်းရမည်ကိစ္စ ရှိသည်ဆိုတာ ကုလသမဂ္ဂကနားလည်ပါသည်ဟု မစ္စတာ Ibrahim Gambari က အကြောင်းပြန်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။ (DVB 290109)

ယခုလ(၁၇)ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲမဟုတ်သောကြောင့် မိမိပါတီအနေဖြင့် အရွေးခံမည်မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။ (NEJ 300109)

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် အမတ်(၅)နေရာအနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း မွန်ပြည်သစ်ပါတီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်းအသစ်တစ်ရပ် ပြန်လည်ဖွဲ့စည်းမည် ဆိုပါက ပူးပေါင်းပါဝင်မည်ဟု အဖွဲ့၏ဒု-ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။ (NEJ 300109)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အကွဲအပြဲဖြစ်ပေါ်လာပြီး ဂိုဏ်းကွဲတစ်ခုသည် နောက်ထပ်နိုင်ငံရေး ပါတီအဖြစ် အမည်ပြောင်း၍ ရွေးကောက်ပွဲဝင်ဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အစည်းအဝေးတစ်ရပ်တွင် တက်ရောက်လာသော စစ်အရာရှိကြီးများကို ပြောဆိုခဲ့ကြောင်း သိရသည်။ Mizzima 300109)

၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲသည် အရပ်သားအစိုးရကို မျက်နှာဗန်းပြပြီး နောက်ကွယ်၌ စစ်အုပ်ချုပ်ရေးကို အခိုင်အမာရှိအောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု-၀န်ကြီး Bill Rammell က မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်သည်။ (RFA 310109)

အမျိုးသားညီလာခံနှင့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို အယုံအကြည်မရှိသော်လည်း ပြည်ထောင် စုဒီမိုကရေစီးအဖွဲ့ချုပ်ဟု အမည်ပေးထားသည့် သူ၏ပါတီကို ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နိုင်ရန် ယခုလ(၂၆)ရက်နေ့တွင် နအဖဥက္ကဌ၊ ပြည်ထဲရေးနှင့် ၁၉၉ဝ ရွေးကောက်ပွဲလက်ကျန် ရွေးကောက်ပွဲကော်မရှင်များထံ တရားဝင်အကြောင်းကြားထားပြီးပြီဟု ဝါရင့်ရှမ်းခေါင်းဆောင် ဦးရွှေအုန်း (၈၇)နှစ်က ယနေ့ ပြောကြားလိုက်သည်။ DVB 310109)

လာမည့် ရွေးကောက်ပွဲအပေါ် သူ့အနေဖြင့် စိတ်မဝင်စားကြောင်း၊ ယင်းရွေးကောက်ပွဲက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ပြေလည်အောင် လုပ်ပေးနိုင်၊ မလုပ်ပေးနိုင် ဆိုသည့်အချက်ပေါ် မူတည်ပြီး နိုင်ငံရေးဆက်လုပ်သင့်မသင့် စဉ်းစားမည်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ IDE မှ ဒေါက်တာခင်ဇော်ဝင်းက ပြောသည်။ (DVB 310109)

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမလုပ်ပဲ လမ်းပြမြေပုံ(၇)ချက်အတိုင်း တစ်ဖက်သတ်ဆောင်ရွက်မည် ဆိုလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲအသစ်ကို စဉ်းစားမည်မဟုတ်ဘူးဟု မစ္စတာ Ibrahim Gambari နှင့် ယနေ့တွေ့ဆုံရာတွင် တင်ပြလိုက်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။ (DVB 020209)

၂ဝ၁ဝ ရွေးကောက်ပွဲကြောင့် ရပ်ရွာစည်းလုံးမှုပြိုကွဲနိုင်သည်အတွက် မည်သည့်ပါတီကိုမျှလက်မခံကြရန် မကွေးတိုင်း ရေနံချောင်း ယမကမှ ဦးဆောင်ပြီး ရယကများနှင့် ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့)အသင်းဝင်များက ယခင်လလယ်ကတည်းက တစ်ရွာဝင်တစ်ရွက်ထွက် လိုက်လံပြောဆိုနေကြောင်း သိရသည်။ (DVB 040209)

နအဖ စစ်အစိုးရမှကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်သွားကြရန် လှုံ့ဆော်သည့် ပိုစတာကပ်လှုပ်ရှားမှုတစ်ခုကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (RFA 040209)

၂ဝ၁ဝ ရွေးကောက်ပွဲစည်းရုံးရေးလုပ်းများတွင် အသုံးချရန်အတွက် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံမှ ညွန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာအဆင့်များ၏ ကိုယ်ရေးရာဇဝင် အချက်အလက်ပေါင်း (၄ဝ)၊ မိသားစုပါသည့်ကိုယ်ရေးအချက်အလက်ပေါင်း (၄ဝ)နှင့် ၎င်းတို့၏ငယ်စဉ်ဘဝမှစသည့် ပညာရေးဆိုင်ရာ အချက်အလက်ပေါင်း (၁၃)ချက် စသည်တို့ကို အမြန်ပေးပို့ရန် နအဖရုံးမှ တောင်းထားကြောင်း သိရသည်။ (NEJ 060209)

မြန်မာနိုင်ငံတွင် ရှေ့မတိုးနောက်မဆုတ်သာ သောင်တင်နေသည့် နိုင်ငံရေးပဋိပက္ခများသည် တိုင်းရင်းသားအရေးကို ထည့်သွင်းပြောဆိုမှုမလုပ်ဆောင်သရွေ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် Mon National League for Solidarity(MNLS) အဖွဲ့က ပြောဆိုလိုက်သည်။ (Kantarawaddy Times 100209)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲ၍ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် တိုင်းရင်းသားလူမျိုးစုများနှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ကို ပြန်လည်ရှင်သန်စေမည်ဟု ပြည်ပရောက် တိုင်းရင်းသားလူမျိုးများကောင်စီ ENC က ပြောဆိုလိုက်သည်။ (Mizzima 110209)

စစ်အစိုးရကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်ရှိတိုင်းရင်းသားပါတီ အဖွဲ့အစည်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု တိုင်းရင်းသားပါတီများဦးဆောင်ပြီး ယနေ့ပြုလုပ်သည့် ပြည်ထောင်စုနေ့ညစာ စားပွဲတွင် ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ (RFA 120209)

ပြည်ထောင်စုနေ့အနှစ်သာရဖြစ်သည့် သာတူညီမျှလူ့ဘောင်ကို မြန်မာစစ်အစိုးရလက်မခံပဲ ပြည်ထောင်စု အနှစ်သာရမရှိသည့် ၂ဝ၁ဝ ရွေးကောက်ပွဲအား နည်းပေါင်းစုံဖြင့်ဆန့်ကျင်တွန်းလှန်ကြရန် ပြည်ပရောက်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများနှင့် လူငယ်များအစည်းအရုံး နှင့် ချင်းအမျိုးသားတပ်ဦးတို့က ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့ကြေညာချက်ဖြင့် တိုက်တွန်းလိုက်သည်။ (DVB 120209)

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA သည် အခြေခံဥပဒေကို လက်ခံသော်လည်း ရွေးကောက်ပွဲဝင်ပြိုင်ရေးကို မဆုံးဖြတ်ရသေးဟု UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောသည်။ (DVB 140209)

ကုလသမဂ္ဂအနေဖြင့် နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အတည်ပြု ထောက်ခံချက်ပေးခြင်းမပြုလုပ်ပဲ ရှောင်ရှားရမည်ဟု ပြည်ပအခြေစိုက် မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု FDB က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ (DVB 160209)

ရွေးကောက်ပွဲအသစ်သည် နိုင်ငံတကာမှလေးစားသည့် ရွေးကောက်ပွဲဖြစ်သင့်သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ibrahim Gambari နှင့်ဂျပန်အစိုးရတို့ ပူးတွဲထုတ်ပြန်သည့် ကြောညာချက်ကြောင့် အထူးစိုးရိမ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာသည်။ (DVB 190209)

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့ပေါ့လာပြီး အရေးပါသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးနိုင်မည့် အနေအထားများရှိလာမည်ဆိုပါက ၂ဝ၁ဝ တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်မှုလာနိုင်မည်ဟု မြန်မာနိုင်ငံအရေးလေ့လာသုံးသပါသူ ဦးဝင်းမင်းက ပြောသည်။ (Kantarawaddy 190209)

မြန်မာပြည်တွင်းရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က မြန်မာစစ်အစိုးရမှကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ယနေ့ထုတ်ဖေါ် ပြောဆိုလိုက်သည်။ (Mizzima 200209)

၂ဝ၁ဝ ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေရန် ယနေ့အကျဉ်းသား (၆,၃၁၃)ဦး လွှတ်ပေးလိုက်သည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်းမှ ကြေညာသည်။ (DVB 210209)

၂ဝ၁ဝ ရွေးကောက်ပွဲကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU က ဘက်ပေါင်းစုံမှ ဆန့်ကျင်သွားရန် ယခုလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသည့် တတိယအကြိမ်မြောက်ညီလာခံတွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။ (DVB 230209)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့နှင့် ရန်ကုန်တိုင်းမြို့နယ်(၁ဝ)ခုမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်းရုံး ရေး ကောက်မတီဝင်များ ယမန်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ (DVB 250209)

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် သက်ဆိုင်ရာအဖွဲ့များအားလုံးကို ပါဝင်ခွင့်ပေးရန် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ကို ယနေ့ပြီးဆုံးသွားသော ထိုင်းနိုင်ငံ ဟွာဟင်း အာဆီယံအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက တောင်းဆိုလိုက်သည်။ (DVB 010309)

ဝန်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး ဦးဆောင်ညွန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များအား ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အရွေးခံရန် လျာထားပြီးဖြစ်သည့်အတွက် ၎င်းတို့၏ သက်ဆိုက်ရာဇာတိမြေ၊ မြို့နယ်များသို့ စည်းရုံးရေး ဆင်းခိုင်းနေပြီဟု သိရသည်။ (NEJ 020309)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကဘိလပ်မြေစက်ရုံ (၈)ရုံကို ၂ဝ၁ဝအမီ အပြီးတည်ဆောက်ရန် ညွှန်ကြားထားသည့်အတွက် စက်မှု(၁)၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖေါ်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။ (NEJ 030309)

နအဖစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ Kachin State Progressive Party ကို ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဒေါက်တာတူးဂျာက ဦးဆောင်နေပြီး ယင်းပါတီသည် KIO နှင့်မသက်ဆိုင်ပဲ သီးခြားပါတီတစ်ခုဟု KIO တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။ (DVB 040309)

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးသုံးပွင့်ဆိုင်အဖွဲ့ TCG ကို ၂ဝ၁ဝ ဇူလိုင်လအထိ ဆောင်ရွက်ခွင့်ပေးရန် မြန်မာစစ်အစိုးရအပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်သည်ဟု TCG က သတင်းထုတ်ပြန်သည်။ (DVB 040309)

နအဖ ကကြေညာသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကုလသမအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ဝင်ရောက်လေ့လာသင့်မသင့်ဆိုတာကို ဆုံးဖြတ်မည်ဖြစ်သည်ဟု ကုလအတွင်းရေးမှူးချုပ် ရုံးကယနေ့ပြောဆိုသည်။(RFA 040309)

ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သားအစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေးပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း ကချင်အပစ်ရပ်စဲရေးအဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်)NDA-K ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ပြောဆိုလိုက်သည်။ (060309)
ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သားအစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေးပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း ကချင်အပစ်ရပ်စဲရေးအဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်)NDA-K ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ပြောဆိုလိုက်သည်။ (060309)

မြန်မာ့နိုင်ငံအသွင်ကူးပြောင်းရေးကာလ အမျိုးသမီးများ၏အခန်းကဏ္ဍဆိုသည့် ခေါင်းစဉ်နှင့်ဆွေးနွေးပွဲ တစ်ခုကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB နှင့် အဝေးရောက်ညွှန့်ပေါင်းအစိုးရတို့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ယခုလ(၄)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ (RFA 060309)

မန္တလေးတိုင်းညောင်ဦးမြို့တွင် မတ်လ ၃ ရက်နေ့က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် လူထုကိုစည်းရုံးသည့်အနေဖြင့် ကိုအေးလွင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည့် အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲနိုးဆော်စာများ ဖြန့်သွားရာမှာ မြို့ခံလူထုက မကျေ မနပ်ဖြစ်ကြောင်းသိရသည်။(RFA 070309)

၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန်အတွက် နဖအစစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည်ဟု စွပ်စွဲခံနေရ သည့် နိုင်ငံရေးဘောဂဗေဒ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့မှ ဦးစီး၍ အဖွဲ့အစည်း(၁၅)ဖွဲ့က လာမည့်မတ်လ(၁၅)ရက်နေ့တွင် သွေးစည်းညီညွတ်ရေး အစည်းအဝေးတစ်ခုကျင်းပရန် စီစဉ်ထားသည် ဟု သိရသည်။ (RFA 080309)

နေအိမ်အကျယ်ချုပ်ခံနေရသည့်ထောက်လှမ်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်ထံပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်ဆန္ဒရှိမရှိ နအဖခေါင်းဆောင်တဦး မကြာခင်က လာရောက်ညှိနှိုင်းခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလက်မခံကြောင်းသိရသည်။(NEJ 100309)

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို မတ်(၇)ရက်နေ့ကတည်းက စတင်ခံသော်လည်း မြို့တော်ဝန် ဗိုလမှူးချုပ် အောင်ထိန် လင်းသည် တောင်ဥက္ကလာပမြို့နယ်ကိုယ်စားပြု ပြည်ခိုင်ဖြိုးအသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်ရန်အ တွက် ကြိုတင်ပြင်ဆင်ထားခြင်းသာ ဖြစ်သည်ဟု စုံစမ်းသိရသည်။(NEJ 130309)

ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေများဖြင့် ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံးမှုများလုပ်နေကြောင်းအင်းစိန်မြို့နယ် အတွင်း နေထိုင်သူမြို့ခံများကပြောသည်။(NEJ 270309)

နအဖအ စိုးရမှ ပြုလုပ်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီထောင်ပြီး ရွေး ကောက်ပွဲဝင်ရန် လျာထားသည့် ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် အစိုးရလိုလားသူများကို အများ ပြည်သူများကြားတွင် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ရန် မကြာသေးခင်က ညွန်ကြားထားကြောင်း ကြံ့ဖွံ့အဖွဲ့ဝင်များနှင့်နီးစပ်သူများကပြောသည်။(Irrawaddy 010409)

၂၀၁၀ရွေးကောက်ပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်နိုင်ရေးအတွက် ပါတီ နိုင်ငံရေးကင်းရှင်းရမည်ဆိုသည့် စည်းကမ်းချက်ကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ် - UMFCCI ၏(၁၈)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး တွင် ပယ်ဖျက်လိုက်သည်။(Mizzima 010409)

နအဖအစိုးရ၏ ၂၀၁၀ရွေးကောက်ပွဲကို ရခိုင်ပြည်သူများစိတ်ဝင်စားလာရေးအတွက် စစ်တွေတွင်းပုဂ္ဂလိကကုမ္ပတစ်ခုက စစ်အာဏာပိုင်များနှင့် ပေါင်း၍ FM ရေဒီယိုအသံလွှင့် လုပ်ငန်းထူထောင်နေသည်ဟု ဆိုသည်။(Narinjara 010409)

ဂျပန်အစိုးရက မြန်မာနိုင်ငံမှ နဖအရာရှိ ၅ ဦးကိုဖိတ်ကာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အားလေ့လာသင်ကြားမှုများ ပြုလုပ်ပေးနေသည်ဟု သတင်းထွက်ပေါ်လာသည့်နောက် တိုကျိုရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက ဂျပန်အစိုးရ၏ယခုလိုလုပ်ရပ်မျိုးကို ကန့်ကွက် ရှုတ်ချပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။(VOB 020409)

လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပါအဝင်စစ်အစိုးရ၏ လမ်းပြမြေပုံအဆင့်ဆင့်ကို အကောင်အတည်ဖော်ရာမှာ ဂီတပညာရှင်များကို သုံးရန် မြို့နယ်တိုင်းတွင် ဂီတအစည်းရုံး များဖွဲ့စည်းနေသည်။(VOA 070409)

မြန်မာစစ်အုပ်စု၏ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်အေးက နောင်နှစ်၌ ပြုလုပ်ကျင်း ပမည့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တပ်မတော်သားများအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုက်သည်။(VOB 110409)

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှ ဆရာတော်ဦးအိန္ဒကသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီများဝင်ရောက်ယှဉ်ပြိုင်စေလိုသည်ဟု တိုက်တွန်းပြော ကြားလိုက်သည်။(DVB 240409)

၂၀၁၀ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွပ်ရယကအဖွဲ့ဝင်များ ကိုစစ်တပ်လိုလားသူများဖြင့် အစားထိုးပြင်ဆင်ဖွဲ့စည်းတော့မည်ဟု အမည်မဖော်လိုသည့် ခရိုင်ဝန်ထမ်းတစ်ဦးကပြောသည်။(Narinjara 250409)

နအဖစစ်အုပ်စုက ကုလသမဂ္ဂနှင့် ဒီမိုကရေစီအင်အားစုများ မေတ္တာရပ်ခံချက်ကိုလျစ်လျူရှု ပြီး ၂၀၁၀ရွေးကောက်ပွဲကို အတင်းအကြပ်ဆက်လုပ်ရန် ဦးတည်နေသည့်လုပ်ရပ်ကို KNU ကပြစ်တင်ရှုတ်ချပြီး စစ်အုပ်စု၏လုပ်ရပ်အားမထောက်ခံရန် ကမ္ဘာ့အသိုင်းအဝန်းကို တောင်းဆိုလိုက်သည်။(DVB 270409)

၂၀၁၀ ရွေးကောက်ပွဲဥပဒေထွက်လာမှ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ကဆုံးဖြတ်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် အထူးအစည်းအ ဝေးမှ ဥက္ကဌဦးအောင်ရွှေကပြောကြားလိုက်သည်။(Irrawaddy 280409)

၂၀၁၀ရွေးကောက်ပွဲအတွက် အပ်စခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကချင်ဒီမိုကရေစီတပ်မတော် (NDA-k)၊ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)(SSA-N) ၊ဝ ပြည်သွေးစည်းညီ ညွှတ်ရေးပါတီ(UWSP)တို့နှင့် ယမန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ဒု-ဥက္ကဌ Gauri Zau Seng ကပြောသည်။(Irrawaddy / Mizzima 290409)

အကယ်၍ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သင့်တော်သည့်ပြင်ဆင်ချက်များပြုလုပ်ပေးလျှင် ၂၀၁၀ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ် ပြိုင်လိုသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။(Mizzima/ NEJ 300409)

ယခုလနှောင်းပိုင်း၌ နအဖ ဝန်ကြီးချုပ် ဗိုလ်သိန်းစိန် ကျိုင်းတုံ-မိုင်းယန်းသို့ခရီးထွက်စဉ် “လူထုအတွက် လိုင်းဖုန်းရာချီချပေးမယ်၊ ၂၀၁၀ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးပြု သည့် ပါတီကိုသာထောက်ခံပေးရမည်”ဟု ဌာနပေါင်းစုံဝန်ထမ်းနှင့် လူထုကိုစည်းရုံးရန် သက်ဆိုင်ရာအာဏာပိုင်များကို မိန့်မှာခဲ့သည်ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ပြောသည်။(S.H.A.N 300409)

၂၀၁၀ ရွေးကောက်ပွဲသည် အခွင့်အလမ်းတခုဖြစ်၍ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ United Democratic Party အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆွေးနွေးနေ ကြောင်းဝါရင့်နိုင်ငံရေးသမားဦးသုဝေ၏ ဇနီးကပြောသည်။(Mizzima 050509)

မြန်မာအစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံးအလိုအ လျောက်ပျောက်ကွယ်သွားမည့်အစီအစဉ်ကို နအဖ မှ စနစ်တကျလုပ်ဆောင်နေသည်ဟု KNU / KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူး စောလေးမူးကပြောသည်။(NEJ 070509)

နအဖစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးယူထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကချင်ပြည်လွပ် လပ်ရေးအဖွဲ့ (KIO) အနေဖြင့် နိုင်ငံရေးပါတီထောင်ရန် မရှိကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာလဂျာကပြောသည်။(NEJ 080509)

မေလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ဖွဲ့စည်း တည်ထောင်ခြင်း ၃၃ နှစ်မြောက် အခမ်းအနားတစ်ရပ်အားထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ကျင်းပကာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်သည်။(RFA 100509)

၂၀၁၀ ရွေးကောက်ပွဲအတွက် အဓိကအဟန့်အတားဖြစ်သည့် လက်နက်ကိုင်ငြိမ်းချမ်းအဖွဲ့ များအား စည်းရုံးသိမ်းသွင်းရန် မကြာခင်ကပြုလုပ်ပြီးစီးသွားသည့် နေပြည်တော်အစည်းအ ဝေးတွင် ကစထ ခေါ် BSO မှုးများအပြောင်းအလဲလုပ်ခဲ့သည်။(S.H.A.N 120509)

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပြည်နယ၊ တိုင်းများတွင် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းရန် နေပြည်တော်ဝန်ကြီးအချို့အား ရာထူးမှ နုတ်ထွက်ခိုင်းကာ နိုင်ငံရေးလိုင်းဝင် မည့် ဝန်ကြီးများစာရင်းတွင် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ်အုန်းမြင့်လည်းပါဝင် သည် ဟုဆိုသည်။(NEJ 130509)

စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုမဲဆွယ်စည်းရုံးလှုပ် ရှားမှုကို မန္တလေးတိုင်း မြို့နယ်များအတွင်း မေလ ၁၁ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း ဒေသ ခံများကပြောသည်။(Irrawaddy 140509)

ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီထောင်လိုသူ တစ်ဦးဖြစ်သော အသက် ၇၃ နှစ်အရွယ် ဦးရဲထွန်းသည် pancytopenia ခေါ် သွေးဖြူ၊ သွေးနီ လျော့ပါးကျဆင်းသည့် ဝေဒနာခံစား နေရသဖြင့်စင်္ကာပူနိုင်ငံတွင် ဆေးကုသခံယူနေသည်။(Mizzima 140509)

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများ (Free Aung San Suu Kyi immediately and Against 2010 elections) ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးရန် နှင့် ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ ဆိုသည့် စာများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ်တက်ကြွလှုပ်ရှားသူများက ယနေ့နံနက် က်ရေးသားဖြန့်ဝေခဲ့ကြသည်။(Mizzima 200509)

မြန်မာစစ်အစိုးရက လက်ရှိလမ်းကြောင်းအတိုင်း ရှေ့ဆက်သွားမည်ဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲသည် တရားဝင်မည်မဟုတ်သည့်အပြင် အသိအမှတ်ပြုခံရမည်မဟုတ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်လာရီကလင်တန်က ယမန်နေ့က ပြောကြား လိုက်သည်။(Irrawaddy 210509)

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှတ်(၂) ဝန်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်က လွန်ခဲ့သည့်အပတ်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းများရှိ ဒေသခံပြည် သူ မျက်စိဝေဒနာရှင် (၄၀၀၀)ခန့်ကို အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်၍ ၂၀၁၀ ရွေးကောက်ပွဲ တွင် စစ်တပ်မှကိုယ်စားလှယ်များကို ရွေးချယ်မဲပေးကြရန်ပြောဆိုစည်းရုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။(Irrawaddy 250509)

နအဖ ကျော်ထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း က ၂၀၁၀ ရွေးကောက်ပွဲ အကြိုစည်းရုံးရေးရည်ရွယ်ချက်ဖြင့် နိုင်ငံတဝန်းကျေးလက်ဒေသ ရှိ လယ်သမားများအား အသေးစားချးငွေများထုတ်ပေးနေကြောင်းသိရသည်။(Irrawaddy 240609)

နအဖ အနေဖြင့် (NLD)ကို ၂၀၁၀ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် ခွင့်ပြုသင့်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်းဂိုဂျူတီတောင်ကယမန်နေ့က ပြောကြားသည်။(Irrawaddy 110609)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏တောင်းဆိုချက်အရ နအဖက အကျဉ်းသား များကို လူသားချင်းစာနာထောက်ထားမှုအခြေခံကာလာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသားခွင့်ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေကပြောသည်။(NEJ 140709)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ရွေးကောက်ပွဲအတွက် ပညာပေးအစီအ စဉ်များနှင့် စည်းရုံးရေးဆိုင်ရာ နအဖ အာဘော်များကို တိုင်းရင်းသားဘာသာစကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယိုလိုင်းသစ်တစ်ခုကို ယခုပတ်အတွင်း စတင်တင်ဆက်သည်။(NEJ 300709)

လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသန်းဆွေက ၂၀၁၀ရွေး ကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွတ်ပေးမည်ဟုပြောဆိုသော်လည်း နိုင်ငံရေးအ ကျဉ်းသားများကိုပြန်လွှတ်ပေးရန် မျှော်လင့်မထားကြောင်း ကိုကိုကြီး၏ညီ ကိုအောင်ထွန်း ကပြောသည်။(IRRAWADDY 160709)

နယ်ဝေးထောင်တွင် ထိန်သိမ်းခံထားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အချို့ ကိုရွေးကောက်ပွဲဝင်ရန် နအဖစစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကလွန်ခဲ့သည့် လပိုင်းအတွင်း ညှိနှိုင်းပြောဆိုသော်လည်း အောင်မြင်မှုမရရှိကြောင်း ကိုကိုကြီး၏ညီ ကိုအောင်ကပြော သည်။(RFA 140709)

ငြိမ်းချမ်းရေးအဖွဲ့များအတွင်းမှ သင့်တော်သူတိုင်းရင်းသားခေါင်းဆောင်များကိုရွေးချယ် ကာတပ်မတော်အကြီးအကဲကလွှတ်တော်အမတ်အဖြစ်ခန့်အပ်ပေးရန် ကချင်ပြည်ဒီမိုက ရေစီတပ်မတော်(NDA-K)အဖွဲ့ကတောင်းဆိုသည်။(NEJ 030709)

၂၀၁၀ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအားနအဖအနေဖြင့် လွပ်လပ်သောတရားမျှ တသောရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်သင့်သော်လည်း ယခုတိုင် ဒေါ်အောင်ဆန်းစု ကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးသေးကြောင်းကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရေးသားဖော်ပြသည်။(NEJ 060709)

မြန်မာနိုင်ငံတွင် ပွင့်လင်းမျှတပြီး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဦးတည်ရန်အတွက် ပါတီအဖွဲ့ပေါင်းစုံပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးတကြီးလိုအပ်ချက်ဖြစ်သည်ဟု အီတလီနိုင်ငံ L AQUILA .မြို့မှ ကျင်းပသော ဂျီ-၈ခေါ် စက်မှုထိပ်သီး ၈ နိုင်ငံဆွေးနွေးပွဲ၏ ထုတ်ပြန်ချက်မှာဖော်ပြသည်။(RFA 090709)

မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသားရင်ကြားစေ့ရေးနှင့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်ရန်အတွက်ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအ ကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဇူလိုင် ၂၀ ရက်နေ့၌ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။(RFA 210709)

နအဖအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ဆန့်ကျင်ကာဒေါ်အောင်ဆန်းစု ကြည်ကိုရုံးတင်တရားစွဲဆိုခဲ့ပြီးနောက် နိုင်ငံတဝှမ်းက အဲန်အယ်လ်ဒီပါတီဝင်များကို ဖမ်းဆီးနှိပ်ကွပ်မှုများတိုးမြှင့်ပြုလုပ်နေသည်မှမြန်မာနှင့် နိုင်ငံတကာကြားပူးပေါင်းဆောင် ရွက်မှုနှင့် ၂၀၁၀ရွေးကောက်ပွဲအတွက် ယုံကြည်မှုတည်ဆောက်ရေးတံခါးများကိုပိတ်ပစ် သည့်လုပ်ရပ်ဟုမြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်ရေးကိုယ်စားလှယ်မစ္စတာတောမတ်ကင် တားနားကယနေ့ပြောကြားခဲ့သည်။(RFA 310709)

၂၀၁၀ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် ပက်သက်ပြီး အစိုးရဝန်ထမ်းများကို နိုင်ငံရေး ပါတီများနှင့် ကင်းရှင်းရန်နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာများတွင် တရားဝင်စာ ထုတ်ပြန်ခဲ့သည်။(IRRAWADDY 250809)

နအဖ၏ ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်သည့်အနေဖြင့် ၁၀ ပါတီအဖွဲ့က၎င်းတို့ရပ်တည်ချက်မူဝါဒများကို ယမန်နေ့ကမှစတင်၍ရေးဆွဲနေပြီဖြစ်သည်။ (MIZZIMA 310809)

လာမည့် ၂၀၁၀ရွေးကောက်ပွဲကိုဆန့်ကျင်ရန်နှိုးဆော်သောလှုပ်ရှားမှုတခုကို နိုင်ငံရေးနိုး ကြားတက်ကြွသူလူငယ်တစုကပုဂံနှင့်ညောင်ဦးမြို့မှာသြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်ခဲ ကြောင်းပုဂံမြို့သစ်မှဒေသခံတစ်ယောက်ကပြောသည်။(RFA 270809)

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီခေါင်းဆောင် တချို့ အားနအဖတို့ကသွေးခွဲစည်းရုံးရန်ပြင်ဆင်နေပြီး ပါတီဝင်ဟောင်းများကိုလည်းရွေးကောက် ပွဲဝင်ရောက်ရန်ပြင်ဆင်ခိုင်းနေကြောင်းစုံစမ်းသိရှိရသည်။(NEJ 140809)

နအဖကကျင်းပမည့် လာမည့် ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကဝင်ရောက်ဆင်နွှဲရန်မြန်မာပြည်ကိုမကြာခင်က ရောက်လာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်(JIM WEBB)ကတိုက်တွန်းခဲ့သည်။(VOA 260809)

နအဖဝန်ကြီးများကို နအဖဖွဲ့စည်းမည့်နိုင်ငံရေးပါတီဘက်ကိုပြောင်းလဲတာဝန်ပေးထား သည့်အတွက် ယခုနှစ်ကုန်ပိုင်းတွင်ဖွဲ့စည်းမည့်ကြားဖြတ်အစိုးရမှာ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်ဗိုလ်ချုပ်များအများဆုံးပါဝင်မည်ဖြစ်သည်။(RFA 030909)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကြံ့ဖွံ့အသင်းက ၂၀၁၀ရွေးကောက်ပွဲ မဲဆွယ်သည့် အနေဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလဆန်းပိုင်းက စတင်လုပ်ဆောင် နေကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အစည်းအရုံးပြန်ကြားရေးဌာနမှတာဝန်ရှိသူတဦး ကပြောသည်။(YOMA3 080909)

နအဖပြုလုပ်သည့် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်သားပါတီများ အနေဖြင့် အုပ်ချုပ်ရေးအာဏာကိုရယူနိုင်ရန်ကြိုးပမ်းသင့်ကြောင်းဒီမိုကရက်တစ်ပါတီ ဒီပီ ဥက္ကဌ ဦးသုဝေကပြောသည်။(MIZZIMA 090909)

နအဖ၏ ၂၀၁၀ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီ အသစ်တခုဖွဲ့ရန် မွန်တိုင်းရင်းသား ခေါင်းဆောင်များစုပေါင်းစီစဉ်ခဲ့သည်။(MIZZIMA 090909)

နအဖအငြိမ်းစား စစ်အရာရှိများကို ၂၀၁၀ရွေးကောက်ပွဲအတွက် ပါတီဖွဲ့စည်းစေပြီး အမတ် လောင်းများအဖြစ် ၀င်ရောက်အရွေးချယ်ခံယှဉ်ပြိုင်နိုင်ရန် ညီလာခံတခုခေါ်ယူကျင်းပမည် ဟုသိရသည်။(IRRAWADDY 140909)
မြန်မာနိုင်ငံလွပ်လပ်ရေးခေတ် ဝန်ကြီးချုပ်ဟောင်း ၃ ဦး၏သမီးများက “ဒီမိုကရက်တစ်ပါ တီ ”အမည်ဖြင့် ပါတီတခုဖွဲ့စည်းပြီးလာမည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။(IRRAWADDY 150909)

နေပြည်တော်ရှိ နအဖ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ လက်ရှိတက်ရောက်နေသော စစ်အရာရှိကြီး ၈၆ ဦးကို ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ရွေးချယ် ထားကြောင်းသိရသည်။(IRRAWADDY 160909)

တရားဝင်နိုင်ငံရေးပါတီများကို လွပ်လပ်စွာစည်းရုံးရေးလှုပ်ရှားခွင့်ပေးရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)ကနအဖကိုယမန်နေ့ကတောင်းဆိုခဲ့သည်။(MIZZIMA 090909)

၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသား ခေါင်းဆောင်အချို့တို့၏နိုင်ငံရေးလှုပ်ရှားမှုနှင့်ပက်သက်၍ နအဖအာဏာပိုင်များက ခေါ်ယူသတိပေးခဲ့သည်။(NEJ 280909)

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းများဖြစ်သည့် နိုင်တင်အောင်၊ နိုင်စိုးမြင့်နှင့် မွန်အမျိုးသားဒီမိုကရေစီပါတီဝင်ဟောင်းများ မော်လမြိုင်မြို့၌ ယခုနှစ်ဇွန်လ ၂၉ ရက်တွင် တွေ့ဆုံ၍ နအဖ၏ ၂၀၁၀ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအသစ်တခုဖွဲ့ရန်ဆုံးဖြတ်ခဲ့ သည်။(MIZZIMA 090909)

၂၀၁၀ရွေးကောက်ပွဲဝင်မည့် ၀ါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းကမြန်မာ့နိုင်ငံရေး၌ တတိယအင်အားစုအဖြစ်လှုပ်ရှားနေသူတစုနှင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းသွားမည်ဟုသိရ သည်။(MIZZIMA 040909)

နအဖ၏ ၂၀၁၀ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမတ်နေရာအများအပြားရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တစည တွဲဖက်အထွေထွေအတွင်းရေးမှူးဦးခင်မောင်ကြီးကပြောဆိုသည်။(IRRAWADDY 250909)

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ပြည်လုံးကျွတ်ညီလာခံကိုနေပြည်တော်အနီး လယ် ဝေးမြိ့၌ မနက်ဖြန်မှစတင်၍ ၃ ရက်ကြာကျင်းပမည်ဟုသိရသည်။(MIZZIMA 061009)

နအဖဗိုလ်ချုပ်ကြီး သန်းရွှေက ၂၀၁၀ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် “ဒို့တာဝန်အရေးသုံးပါး”ကိုအခြေခံ၍ စည်းရုံးလုပ်ဆောင်ကြရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာကျင့်သုံးရန် ယမန်နေ့က တိုက်တွန်းပြောကြားသည်။(IRRAWADDY 101009)

ရွေးကောက်ပွဲအကြိုကာလနှင့်ရွေးကောက်ပွဲလွန်ကာလများတွင် နအဖအနေဖြင့် လုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲဆန့်ကျင်မှုများပေါ်ပေါက်လာနိုင်သည်ဟု ဥပရောပသံတမန်အဖွဲ့ကို အဲန်အယ်လ်ဒီကပြောကြားသည်။(NEJ 161009)

ယနေ့ကျရောက်သည့် လူ့ဘောင်သစ်ပါတီ တည်ထောင်ခြင်း(၂၁)နှစ်မြောက် အခမ်းအနားတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပက်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( အဲန်အယ်ဒီ)သည် လူထုမျက်နှာကို ထောက်ထားပြီး ရွှေဂုံတိုင်ကြေညာချက်အပေါ် သစ္စာ ရှိရန်အရေးကြီးသည်ဟု ပြောသည်။(NEJ 141009)

၂၀၁၀ရွေးကောက်ပွဲကိုသပိတ်မှောက်ရန်အတွက် အဓိကကျသည့်ပြည်သူလူထုကို လှုံ့ ဆော်မှုများပိုမိတိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဦးငွေလင်းကပြောသည်။(YOMA3 141009)

တိုင်းရင်းသားတို့၏ အခွင့်အရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် နအဖအနေဖြင့် ဒီမိုကရေစီအင်အားစုအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့်တွေ့ဆုံဆွေးနွေးမှုစတင်ပေးရန် မွန်ပြည်သစ်ပါတီကတောင်းဆိုသည်။ (NEJ 231009)

၂၀၁၀ရွေးကောက်ပွဲကိုအာုးံပါဝင်နိုင်ပြီး တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ် ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကတောင်းဆိုသည်။(IRRAWADDY 031009)

တိုင်းရင်းသားများအနေဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် အနာဂတ် အနာဂတ်နိုင်ငံတော်တွင်ပါဝင်ရန်အတွက် တိုင်းရင်းသားလူမျိုးများကောင်စီ (ETHNIC NATIONALITIES COUNCIL - ENC) မှ တိုက်တွန်းထားကြောင်းသိရသည်။ (IRRAWADDY 061009)

၂၀၁၀ရွေးကောက်ပွဲဝင်ရေးဦးစွာကြေညာခဲ့ပြီးပါတီတွင်းအခြေအနေကြောင့်ငြိမ်သက်ခဲ့သည့်ကနေဒါအခြေစိုက်ညီညွတ်သောဒီမိုကရက်တစ်ပါတီUDPကိုမြန်မာပြည်တွင်း၌ပြည်လည်အသက်သွင်းရန်ပါတီအဖွဲ့ဝင်အချို့ကကြိုးပမ်းနေသည်။ (MIZZIMA 161009)

ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် လူမှုရေးအ ဖွဲ့-မြန်မာ EGRESS က ရန်ကုန်ရှိ ရခိုင်အမျိုးသားများနှင့်တွေ့ဆုံ၍ ၂၀၁၀ရွေးကောက်ပွဲဝင် ရောက်ရန် ယခုလ ၁၈ ရက်နေ့တွင်ဟောပြောပွဲတခုကျင်းပခဲ့ကြောင်းသိရသည်။(MIZZIMA 281009)

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲ လုပ်လျင် နိုင်ငံရေး တည်ငြိမ်မှု ရနိုင်မည် မဟုတ်ကြောင်း တင်ပြမည်ဟု ၁၉၉ဝ ခု ရွေးကောက်ပွဲ အနိုင်ရ ပါတီများနှင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP အတွင်းရေးမှူး ဦးအေးသာအောင် (အတွင်းရေးမှူး-ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ပြောသည်။(Mizzima 021109)

စစ်ဗိုလ်ချုပ်အများအပြား ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိခြင်းကြောင့် သူတို့နေရာတွင် အစားထိုးခန့်အပ်ရန် လိုသည်ဟု ဦးဝင်းမင်းက ပြောသည်။(Mizzima 041109)

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့က တွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသား ဦးရွှေအုန်းတဦးတည်းသာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသည်ဟု ပြောဆိုသွားပြီး အခြားသောတိုင်းရင်းသားပါတီများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။(Khitpyaing 051109)

အန်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ လူ့အခွင့်အရေး ပြဿနာများ၊ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ (Mizzima 061109)

၂၀၁၀ ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်မခံသည့် မွန်ပြည်သစ်ပါတီ၏သဘောထားကို အပြည့်အဝ ထောက်ခံပြီး နအဖစစ်အစိုးရ၏ ဖိအားများကို လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းဆန့်ကျင်သွားမည်ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံးက ဆုံးဖြတ်လိုက်သည်။(khitpyaing 061109)

ပြည်ခိုင်ဖြိုးအနေဖြင့် စစ်အစိုးရ ကြေညာထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီဖွဲ့၍ ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။(Mizzima 101109)

ထို့အပြင် အဖွဲ့ချုပ် ရုံးများကို ကာလရှည်ကြာ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်ခွင့်ပြုရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ တရားဝင် စည်းရုံးခွင့်ပေးရန်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရပြီးမှ ဖျက်သိမ်းခံပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပေး၍ စည်းရုံးခွင့်ပြုရန်တို့ကို စစ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။(Mizzima 111109)

အမျိုးသားအောင်ပွဲနေ့တွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး လူထုအနေဖြင့် မဲဆန္ဒလုံးဝမပေးကြရန် တိုက်တွန်းထားသည်။(Khitpyaing 111109)

အထွေထွေ ရွေးကောက်ပွဲကို ထင်သာမြင်သာရှိစွာ ကျင်းပပေးရေးအတွက် မြန်မာနိုင်ငံကို နားချပါရန် အမေရိကန်က အရှေ့တောင်အာရှ - အာဆီယံနိုင်ငံများကို ယမန်နေ့တွင် ပြောဆိုလိုက်သည်။(Mizzima 121109)

လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်းက တိုင်းရင်းသားဘာသာများဖြင့် စတင်အသံလွှင့်နေသည့် နေပြည်တော် တိုင်းရင်းသားအသံ၏ အစီအစဉ်တွင် စစ်အစိုးရ၏၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဌာနေတိုင်းရင်းသားဘာသာတို့ဖြင့် နေ့စဉ် စတင်ထုတ်လွှင့်လျက်ရှိသည်။(Khitpyain 131109)

တပ်မတော်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်အချိန် သတင်းအမျိုးမျိုး ထွက်ပေါ်နေကြောင်း အမည်မဖော်လိုသည့် တပ်မတော်အရာရှိတဦးက ပြောသည်။(Yoma3 131109)

ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုလ ၁၃ ရက်နေ့က စာတစောင် ရေးပို့လိုက်သည်။ (Mizzima 161109)

နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲကာလ အတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့အစည်းဖြစ်သော အန်အယ်ဒီ၏ ကြေညာစာတမ်းပါ ရပ်တည်ချက်များကို ဆက်လက် ဆုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ကြောင်း အဖွဲ့အထွေထွေ အတွင်းရေးမှူးက ပြောသည်။(Mizzima 181109)

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။ (Mizzima 191109)

“သန့်ရှင်းပြီး၊ တရားမျှတတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ရာ ပထမဦးဆုံး နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ တယောက်မကျန် ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းပြည်ရဲ့ အနာဂတ်ကောင်းဖို့ရော၊ အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ ဝိုင်းဝန်းပြီးတော့ ပြင်ဆင်သုံးသပ်ရမှာ ဖြစ်ပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။(Mizzima 191109)

၂၀၁၀ တွင်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုလည်း ကန့်ကွက်ရန် တိုက်တွန်းကြောင်း ၄၂ နှစ်မြောက် ခါတော်မီ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် ကူကီးကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ပြောဆိုလိုက်သည်။(Irrawaddy 191109)

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။ (Khitpyaing 201109)

မြန်မာနိုင်ငံ စစ်ဒေသအသီးသီးမှ စစ်တိုင်းမှူးများသည် ယခုနှစ်ကုန် လေးလပတ် အစည်းအဝေး တက်ရောက်ရန်အတွက် မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာကြသည်။ နေပြည်တော်ရှိ စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ ဤအစည်းအဝေးအတွင်း အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာများ ပြန်လည် ခန့်ထားရေး၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အနားပေးရေး အပါအဝင် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြောင်းအရွေ့ကိစ္စများကို ဆွေးနွေးမည်ဟု မဇ္ဈိမမှ သိရှိရသည်။(Mizzima 231109)

စစ်အစိုးရအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲသည် စီးပွားရေးပိတ်ဆို့မှု အခန်းကဏ္ဍထက် ပိုမိုအရေးပါနေသဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။(Mizzima 241109)

No comments:

Post a Comment