Sunday, November 7, 2010

ကြံ့ဖွံ့ မဲရုံကိုယ်စားလှယ်များ ပါတီဝတ်စုံဖြင့် မဲရုံတွင်း ဝင်ထိုင်နေကြ


ရွေးကောက်ပွဲ သတင်းတို
ကြံ့ဖွံ့ မဲရုံကိုယ်စားလှယ်များ ပါတီဝတ်စုံဖြင့် မဲရုံတွင်း ဝင်ထိုင်နေကြ

ဧရာဝတီ Sunday, 07 November 2010 12:27
သန်လျင်မြို့နယ် ကတက်ချဉ် ကျေးရွာရှိ မဲရုံအတွင်းတွင် မဲရုံကိုယ်စားလှယ် အဖြစ်တာဝန်ယူသူ ကြံ့ဖွံ့ပါတီဝင် ၅ ဦးခန့်သည် ၎င်းပါတီ ဝတ်စုံကို ဝတ်လျက် မဲရုံအတွင်း ဝင်ထိုင်နေသည်ကို တွေ့ရသည်ဟု လေ့လာစောင့်ကြည့်သူ ဒေသခံတဦးက ပြောသည်။ သန်လျင်မြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း ကြိုတင်မဲ ကောက်ယူထားသည့် အရေအတွက်မှာ ရှိရမည့် ပမာဏထက် များစွာပိုနေကြောင်း NDF ကိုယ်စားလှယ် တဦးထံမှ သိရသည်။ Read more Add comment (0) Hits: 0

ရွေးကောက်ပွဲ သတင်းတို
ရန်ကုန်တွင် NDF နှင့် တစညကို မဲပေးသူများ

ဧရာဝတီ Sunday, 07 November 2010 12:26
ရန်ကုန်တွင် NDF ပါတီနှင့် တစည ပါတီကို မဲပေးသူ များပြားကြောင်း၊ မဲလိမ်မှု၊ မဲခိုးမှုများ မရှိဘဲ တရားမျှတမည် ဆိုပါက NDF ပါတီ အနိုင်ရရှိနိုင်သည် ဟု ထင်ကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် များ၏ အဆိုအရ သိရသည်။ ယနေ့တွင် ရန်ကုန်မြို့တွင်း၌ ရှင်းလင်းနေပြီး လူအသွားအလာ ကားအသွားအလာ နည်းပါးကြောင်း၊ လမ်းဘေးဈေးသည်များ လုံးဝ မရှိကြောင်းလည်း သိရသည်။ Read more Add comment (0) Hits: 5

ရွေးကောက်ပွဲ သတင်းတို
အင်းစိန်မှာ ကြံ့ဖွံ့ မဲရုံတွင်းဝင် မဲဆွယ်၍ ပြဿနာဖြစ်

ဧရာဝတီ Sunday, 07 November 2010 12:25
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကမ်းနားလမ်း မဲရုံတွင် ကြံ့ဖွံ့ပါတီက မဲရုံအတွင်းဝင်ရောက်ပြီး မဲဆွယ်သဖြင့် ပြိုင်ဘက် ပါတီ တခုဖြစ်သော တစည ပါတီဝင်များနှင့် ယနေ့နံနက်က ပြဿနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြဿနာကြောင့် မဲရုံကို ခေတ္တပိတ်လိုက်ရပြီး ခရိုင် ရဲမှူးကြီးလာရောက်ဖြေရှင်းပေးမှ ပြဿနာပြီးဆုံးခဲ့ပြီး မဲရုံ ပြန်လည်ဖွင့်လှစ် ခဲ့ရသည်ဟု သိရသည်။ Read more Add comment (0) Hits: 9

ရွေးကောက်ပွဲ သတင်းတို
မဲမပေးသူများ ဖမ်းဆီး ဒဏ်ရိုက် ခံရမည်

ဧရာဝတီ Sunday, 07 November 2010 12:25
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘင်ဂွရွာ ရယက ဥက္ကဋ္ဌ ဦးသန်းစိုးမြင့် က မဲလာမပေးသည့် သူများကို ဖမ်းဆီးမည်၊ ဒဏ်ငွေ ဆောင်ရမည်ဟု ခြိမ်းခြောက် ကြောင်း၊ လယ်ယားတောင်၊ တောင်ခြေ ကျေးရွာများတွင်လည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ Read more Add comment (0) Hits: 6

ရွေးကောက်ပွဲ သတင်းတို
ကျောက်ပန်းတောင်းမှာ အသံချဲ့စက်ဖြင့်ခေါ် မဲပေးခိုင်း

ဧရာဝတီ Sunday, 07 November 2010 12:24
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်များတွင် မဲပေးသူနည်းပါကြောင်း၊ ကျေးရွာများတွင်လည်း မဲပေးသူ နည်းပါသောကြောင့် မဲပေးရန်အတွက် ကျေးရွာ ရယကများက အသံချဲ့စက်များဖြင့် ခေါ်ယူနေကြောင်း သတင်းရသည်။ Read more Add comment (0) Hits: 5

ရွေးကောက်ပွဲ သတင်းတို
ဒလ မှာ NDF အလားအလာကောင်း

ဧရာဝတီ Sunday, 07 November 2010 12:23
NLD အဖွဲ့ဝင် ၇ ဦးခန့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံနှင့် စာရွက် စာတမ်းများ ကိုင်ဆောင်ပြီး မဲမပေးရေး လှုပ်ရှားခဲ့ သော်လည်း ဒေသခံ အားလုံးနီးပါးက NDF ပါတီကို မဲပေးခဲ့ကြကြောင်း ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ NDF အနေဖြင့် ရန်ကုန်တိုင်း ရန်ကင်း၊ စမ်းချောင်း နှင့် ဒလမြို့နယ် များတွင် အနိုင်ရရန် အလားအလာကောင်းနေကြောင်းလည်း ပြောဆိုသည်။ Read more Add comment (0) Hits: 11

ရွေးကောက်ပွဲ သတင်းတို
ကြံ့ဖွံ့ကိုယ်တိုင် အမှန်ခြစ် မဲထည့်ခိုင်း

ဧရာဝတီ Sunday, 07 November 2010 11:55
မွန်ပြည်နယ် မုဒုံမြို့ နယ် ကော့ခလယ် ကျေးရွာရှိ မဲရုံတွင် ကြံ့ဖွံ့ ပါတီဝင်များ ကိုယ်တိုင် မဲပြားတွင် ထောက်ခံမဲ ခြစ်ပေးကာ မဲထည့် ခိုင်း နေကြောင်း သိရ သည်။“ကြံ့ဖွံ့ တွေ အနိုင်ရဖို့ အတွက် ရွေးကောက်ပွဲ ဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ခြင်္သေ့ အမှတ်ဘေးမှာ ၀င်ပြီး ခြစ်ပေး နေတယ်၊ ကျနော်တို့ ပါတီကျတော့ စောင့်ကြည့် လေ့လာ တာကို ခွင့်မပြု လိုဘူး၊ ဒီကိစ္စ အတွက် ကျနော်တို့ ပါတီဝင် တွေနဲ့ ကြံ့ဖွံ့တွေ ပြဿနာ တက်နေတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် တဦးက ပြောသည်။ Read more Add comment (0) Hits: 49

ရွေးကောက်ပွဲ သတင်းတို
ရေနီမှာ မဲပေးသူနည်းပါး

ဧရာဝတီ Sunday, 07 November 2010 11:54
ပဲခူးတိုင်း ရေနီမြို့တွင် လာရောက် မဲပေးသူ နည်းပါးသည့် အတွက် ကြံဖွံပါတီက နေအိမ်များသို့ ဆိုင်ကယ်များ၊ ဆိုက်ကားများ ဖြင့် သွားရောက်ခေါ်ယူနေကြောင်း သတင်း ရသည်။ မဲရုံဖွင့်ချိန် နံနက် ၆ နာရီမှစ၍ ၁၀ နာရီ ကျော် အထိ မဲပေးသူနည်းပါးသည့် အတွက် ထိုသို့ အိမ်တိုင်ရာရောက် ခေါ်ယူရခြင်း ဖြစ်သည် ဟု ဒေသခံ တဦးက ပြောသည်။ Read more Add comment (0) Hits: 23

No comments:

Post a Comment