Sunday, November 7, 2010

ရွေးကောက်ပွဲနေ့သတင်းတို တိုက်ရိုက်


ဧရာဝတီ
ရွေးကောက်ပွဲ သတင်းတို
နယ်စပ်ဖြတ်ကျော် သတင်းယူသူ ဂျပန်သတင်းထောက် အဖမ်းခံရ

ဧရာဝတီ Sunday, 07 November 2010 13:14
ထိုင်း မြန်မာ နယ်စပ် မြဝတီမြို့တွင် ဂျပန်သတင်းထောက် တဦးကို ဒေသခံအာဏာပိုင် များက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။ ထိုင်းဘက်အခြမ်း မဲဆောက်မြို့မှ မြဝတီသို့ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်ကာ ရွေးကောက်ပွဲ သတင်း ယူသည့် အဆိုပါ ဂျပန် သတင်းထောက်ကို နံနက် ၈ နာရီခွဲခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။အဆိုပါ သတင်းထောက် သည် AFP သတင်း ဌာနအတွက် လုပ်ကိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။ Read more Add comment (0) Hits: 31

ရွေးကောက်ပွဲ သတင်းတို
ရခိုင်တွင် တိုင်းရင်းသားပါတီ RNDP အားကောင်း

ဧရာဝတီ Sunday, 07 November 2010 13:07
ရခိုင်ပြည်နယ်၏ မြို့နယ်အများစုမှ မဲဆန္ဒရှင် အများစုသည် ရခိုင်တိုင်းရင်းသား ပါတီတခုဖြစ်သော RNDP ပါတီကိုသာ မဲပေးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ ရခိုင်ပြည်တွင် လေဘေးသင့် ဒေသများက မဲရုံလာသူ နည်းပါးပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့နယ်များတွင် ၇၀ ရာခိုင်နှုန်းကျော် မဲလာပေးကြကြောင်း သိရသည်။  မဲရုံတချို့ရှေ့တွင် ကြံ့ဖွံ့ပါတီကို မဲပေးရန် လိုက်လံစည်းရုံးနေသည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောသည်။ Read more Add comment (0) Hits: 20

ရွေးကောက်ပွဲ သတင်းတို
မြစ်ကြီးနားတွင် ကြံ့ဖွံ့ကို အားပေးသူများ

ဧရာဝတီ Sunday, 07 November 2010 13:01
မြစ်ကြီးနား မြို့ပေါ်တွင် ကြံ့ဖွံ့ပါတီ အားကောင်းနေကြောင်း၊ နံနက် ၆ နာရီခန့် ကတည်းက ကြံ့ဖွံ့ပါတီ ဝတ်စုံများ ဝတ်ကာ မဲသွားပေးသည်ကို တွေ့ရကြောင်း၊ ကျားဖြူပါတီ ရှိသော်လည်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ရပ်ကွက် တွင်သာ မဲရ နိုင်ကြောင်း၊ NDF ပါတီ အားနည်းကြောင်း မြစ်ကြီးနား အခြေစိုက် သတင်းထောက် တဦးက ပြောသည်။ Read more Add comment (0) Hits: 25

ရွေးကောက်ပွဲ သတင်းတို
ရန်ကုန်မြို့နယ်တချို့ မဲ ပေးရာတွင် မလုံခြုံ

ဧရာဝတီ Sunday, 07 November 2010 13:00
အလုံ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း မြို့နယ်များတွင် မဲရုံအများစုမှာ လုံခြုံမှုမရှိကြောင်း၊ မဲပေးရသည့် နေရာကို လူအများမြင်ကွင်းသို့ လှည့်ထားကြောင်း၊ စမ်းချောင်းမြို့နယ်တွင် မဲပေးသူကို လိုက်လံ ကြည့်ရှုကြောင်း လေ့လာသူ တဦးထံမှ သိရသည်။ Read more Add comment (0) Hits: 31

ရွေးကောက်ပွဲ သတင်းတို
ချောက်မှာ NDF နှင့် တစည ကို မဲပေးခိုင်း

ဧရာဝတီ Sunday, 07 November 2010 12:59
မကွေးတိုင်း ချောက်မြို့ရှိ မဲရုံများတွင် မဲပေးသူလွန်စွာနည်းပါးပြီး လာရောက်မဲပေးသူများက NDF ပါတီနှင့် တစည ကိုသာ မဲပေးကြောင်း သတင်းရရှိသည်။“မဲရုံတွေ ခြောက်ကပ်နေတာပဲ။ မြို့ပေါ်က လူတွေက စိတ်မ၀င်စားကြဘူး။ မဲလာပေးတဲ့သူ အများစုက ရွာတွေက၊ မဲမပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ် အာဏာပိုင်တွေ ခြိမ်းခြောက်လို့ လာပေးတာပြောတယ်။ ပယ်မဲ ဖြစ်အောင် လုပ်တဲ့သူနဲ့ တစညနဲ့ NDF ကိုပဲ ပေးတဲ့သူများတယ်”ဟု မဲပေးခဲ့သူတဦးက ပြောသည်။ Read more Add comment (0) Hits: 33

ရွေးကောက်ပွဲ သတင်းတို
မိတ္ထီလာမှာလည်း ကြံ့ဖွံ့နှင့် တစည ပြဿနာဖြစ်

ဧရာဝတီ Sunday, 07 November 2010 12:58
မိတ္ထီလာမြို့ရှိ မဲရုံများတွင် နံနက် ၁၁ နာရီရောက်လာသော်လည်း မဲပေးသူ အလွန်နည်းပါးကြောင်းသိရသည်။ မဲဆန္ဒနယ်မြေ ၁၄၊ ၁၅ နှင့် ၁၆ အတွက် မဲရုံအမှတ် (၇)တွင် မဲရုံမှူးက နားမလည်သူများ သက်ကြီးရွယ်အိုများကို ခြင်္သေ့ရုပ် လက်ထောက်ပြ၍ ထည့်ခိုင်းနေကြောင်း၊ အဆိုပါ ကိစ္စကို မှတ်တမ်းဓာတ်ပုံရိုက်ယူသည့် တစည အဖွဲ့ဝင်တဦးကို တားဆီး မောင်းထုတ်ရာမှ ကြံ့ဖွံ့ ပါတီဝင်နှင့် တစည ပါတီဝင်များ အခြေအတင် အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ Read more Add comment (0) Hits: 31

ရွေးကောက်ပွဲ သတင်းတို
မြောက် ဥက္ကလာ မဲမပေးရေး လှုပ်ရှားသူ ၂ ဦးကိုဖမ်း

ဧရာဝတီ Sunday, 07 November 2010 12:57
ရန်ကုန်တိုင်း မြောက် ဥက္ကလာပ မြို့နယ် နှင့် တောင်ဒဂုံ မြို့နယ် အတွင်း မဲမပေးရေး စာရွက်ဖြန့်ဝေသည့် လူငယ်တချို့ယနေ့ နံနက်ပိုင်း က အဖမ်းခံရကြောင်း သတင်း ရရှိ သည်။“ဒီနေ့ မြောက်ဥက္ကလာ (ဈ) ဈေးအနီး စာရွက် ဝေ သူ ၂ ယောက် အာဏာပိုင် တွေက စစ်ဆေး ဖို့ ခေါ်သွားတယ်၊ တောင် ဒဂုံ မှာ NLD သိန်းမြင့်ထွန်းနဲ့အဖွဲ့ NO လှုပ်ရှားရာမှာ အာဏာပိုင် တွေနဲ့ ပြသနာဖြစ် တယ်” ဟု မဲမပေးရေး လှုပ်ရှားသူ တဦးက ဆိုသည်။ Read more Add comment (0) Hits: 16

ရွေးကောက်ပွဲ သတင်းတို
သန်လျင်တွင် မဲ မသမာမှုများရှိ

ဧရာဝတီ Sunday, 07 November 2010 12:56
သန်လျင်မြို့နယ် ကံလှကျေးရွာတွင် မဲ လာပေးသူတဦးက မည်သည့်ပါတီကို မဲပေးရမည် မသိ ဖြစ်နေစဉ် လူတဦးက လက်ဝါး၌ စာရေးပြကြောင်း၊ ထို့ပြင် မဲ ပေးသည့်နေရာမှာ လုံခြုံမှု မရှိသောကြောင့် ထိုသူ မဲပေး သည်ကိုလည်း ချောင်းကြည့် သည်ဟု လေ့လာသူ ထံမှ သိရသည်။ ထို့ပြင် ၎င်းမြို့နယ် မြို့မတောင် ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီဝင် တဦးက မဲလာပေးရာ မှတ်ပုံတင် ယူမလာဘဲ မဲစာရွက်ကို တောင်းယူ၍ ၎င်း၏ သဘောအတိုင်း မဲဝင်ပေးသဖြင့် မဲရုံမှူးနှင့် အချင်းများသည်ဟု သိရသည်။ Read more Add comment (0) Hits: 16

No comments:

Post a Comment