Sunday, May 1, 2011

စက်တင်ဘာထာဝရ၏ ခရီးသွား အမှတ်တရ ဆောင်းပါး (၆)

ဒီနေ့ရာမှာ အလျှင်သင်လို့ ဇတ်တော်အကြောင်းထပ်ပြောပါအုံးမယ်။မြတ်စွာဘုရားရှင်လက်ထက်က အနာထပိဏ်၏ ဘ၀ကို တင်ပြပါမယ် အနာထပိဏ်ဆိုတာ ကိုးကွယ်အားထားရာ မရှိသူများကို ထမင်းကျွေးတက်သူ။ဟုဆိုလိုပါသည်။ယနေ့ခေတ်ကာလအရပြောမယ်ဆိုရင်တော့မိဘမဲကလေးများကို ကျွေးမွေးစောင့်ရှောက်သူဟု ဆိုလိုပေသည်။

သူ၏မည်မှာသုဒတ္တပင်ဖြစ်သည်။သူသည်ရာဇဂြိုလ်မြို့သို့ကုန်ရောင်ကုန်ဝယ်သွားရင်းဘုရားရှင်တရားတော်ကိုနာကြားကာသောတာပန်တည်လာသူဖြစ်သည်။သူနေသောသာဝတ္ထိမြို့တွင်းလည်းဗုဒ္စ၏တရားတော်များကို ပြန့်ပွားစေချင်သည်။ထို့ကြောင့် ဘုရားကိုသာဝတ္ထိမြို့သို့ကြွရောက်သတင်းသုံးပေးရန် လျှောက်ထားပြီး ကျောင်းဆောက်ရန်နေရာရှာလေသည်။သာဝတ္ထိမြို့နှင့်မနီးမဝေးသောနေရာ၌တည်ရှိသည့်ဇေတမင်း၏ယူဥယျဉ်ခြံကြီးကိုမြေပြင်နှင့်အပြည့်ရွှေဒင်္ဂါးများခင်းကာဝယ်ယူလေသည်။ငွေသားနှင့်တွက်လျှင်ကျောင်းမြေဖိုးသည့်ပင်(၁၈)ကုဋေရှိသည်။သံဃာအများရာချီးပြီးသီတင်းသုံးနိုင်သည့်ဇေတ၀န်ကျောင်းကြီးကိုဆောင်လုပ်သည့်မှာ(၁၈)ကုဋေကုန်ကျသည်။ကျောင်းရေစက်ချပွဲတွင်လှူဒါန်းသည့်မှာလည်း(၁၈)ကုဋေပင်ကုန်ကျသည်။

စုစုပေါင်း(၅၄)ကုဋေကုန်ချပေသည်။ထို့အပြင် ကျောင်းသိုသွားသည့်အခါတိုင်းလှူစရာတန်းစရာတစ်ခုခု အမြဲပါသွားလေ့ရှိ၏ထို့အပြင်နေ့စဉ်နေ့တိုင်းသူဌေးကြီးအိမ်တွင်သံဃာအပါးငါးရာကိုဆွမ်းကျွေးလေ့ရှိသည်။ထိုသို့ လှူဒါန်းနိုင်အောင်လည်း ကုန်ရောင်းကုန်ဝယ်အလုပ်ကိုင် ဖိဖိစီးစီးလုပ်ပေသည်။

ဤအချက်ကိုထောက်ဆ၍ အနာထပိဏ် စီးပွားရှာခြင်းမှာ ကုသိုလ်ရဖို့ အဓိကဖြစ်ကြောင်း ထင်ရှား၏ ထိုမျှလှူနေရာဥစ္စာကြေးငွေတွေကုန်မသွားဘူးလားမေးစရာရှိလာ၏။လှူ၍ကုန်သွားသည်၊မွဲသွားသည်ဟူ၍မရှိ။ကြီးပွားတိုးတက်လာခြင်းသာရှိ၏။ထိုအကြောင်းကိုပါရာဇိကဏ်ပါဠိတော်၊ဝေရဉ္ဖာပုဏားကြီး၏၀တ္ထု၌ဟောကြားဖူး၏။

ဝေရဉ္ဖာပုဏကြီးသည်ဘုရားရှင်နှင့်သံဃာတော်ငါးရာကိုဝေရဉ္ဖာပြည်၌၀ါဆိုဝါကပ်ရန်တောင်မှန်းလျောက်ထား၏။သူ၏တောင်းပန် လျောက်ထားချက်အတိုင်းဘုရားရှင်နှင့် သံဃာတော်အပါးငါးရာတို့ ဝေရဉ္ဖာပြည်တွင်ဝါဆိုဝါကပ်ကြသည်။မာန်နတ်သည်ဘုရားရှင်နှင့်သံဃာတော်ငါးရာတို့စားရေးသောက်ရေး ဒုက္ခရောက်စေရန် ဘုရားရှင်နှင့်သံဃာတော်များကို မေ့လျော့ရန် ဝေရဉ္ဖာပုဏ္ဏားကြီးအား တန်းခိုးနှင့်လုပ်ထားလိုက်သည်။
ထို့ကြောင့် ပုဏ္ဏားကြီးသည် ဘုရားရှင်နှင့်သံဃာတော်များကို တစ်ဝါတွင်းလုံး မေ့လျော့ပြီးနေပြီး ဘာမျှမလှူဖြစ်တော့ပေ။ထိုအချိန်မှာ ဝေရဉ္ဖာပြည်ကြီးတွင်း ရာသီဥတုဖော်ပြန်ကာ ကောက်ပဲသီးနှံများ ပျက်စီးပြီး အငတ်ဘေးကြောင့် သေဆုံးကြရသည်။ပရပဋိဗဒ္ဓ-သူတစ်ပါးကို မှီခို၍သာသနာပြုကြရသော ဘုရားရှင်နှင့်သံဃာတော်များကားရသည်ဖြစ်စေ၊မရသည်ဖြစ်စေနေ့စဉ်ဆွမ်းခံကြွနေကြသည်။ဘုရားရှင်၏အပြစ်ကို ဆီလိုအပေါက်ရှာနေသော တိတ္တိဆရာကြီးတစ်ဦးက သူ့တပည့် ရွာသူကြီးတစ်ဦးအား ပြောရမည့်။စကားကိုသင်ပေးပြီး ဘုရားရှင်ထံ လွှတ်လိုက်သည်။ထိုရွှာသူကြီးက ဘုရားရှင်ကို လာလျှောက်သည်မှာ

မြတ်စွာဘုရားဟာ တစ်လောကလုံးကို သနားဂရုဏာထား သူလို့လည်းကြားဖူးပါတယ်၊ဒါပေမယ့် အခုလို လူသားတွေ အငယ်ဘေးဆိုက်နေချိန်မှာ ဆွမ်းခံကြွတာဟာ လူသားတွေအပေါ် အကြင်နာကင်းရာ မရောက်ပါလော
ထိုအခါ ဘုရားရှင်က-
ငါ သံသရာ၌ကျင်လည်ခဲ့သမျှသော ကာလပတ်လုံး ဒါနပြု၍ ဆင်းရဲသွားသူ ဟူ၍တစ်ယောက်မျှ မတွေ့ဖူးပေ။ဒါနကြောင့်စီးပွားဥစ္စာပေါများသွားသူများကိုသာတွေ့ဖုးသည်။အသောက်အစား၊အပျော်အပါး၊လောင်းကစားကြောင့် ဆင်းရဲ့သွားသူများကိုသာ တွေ့ဖူးသည် ဟု မိန့်ကြားတော်မှုလေသည်။


၁။ဥစ္စာစည်းစိမ်း ဆင်းရဲ့လို့ အပါယ်မကျ။
၂။ကိုယ်ကျင့်သီလ ဆင်းရဲ့လို့ အပါယ်မကျသည်။
၃။စည်းစိမ်းဥစ္စာဆင်းရဲ့လို့ မည်သည့် ပညာရှိသူတောင်ကောင်းက မှ အထင်မသေး။
၎။ကိုယ်ကျင့်သီလ ဆင်းရဲ့မှာသာ ပညာရှိသူတော်ကောင်းများ အထင်သေးမည်။
လက်ကိုင်ပါဝါအဖြူနှင့်အရှင်ဝိဇယ
ကိုရင်ဝိဇယဟာ အခုတော့ ဗုဒ္ဓရဲ့သားတော် ရဟန်းတော်ဖြစ်နေပါပြီး ရဟန်းတွေကျင့်ရတဲ့ ၂၂၇သွယ်သော သိက္ခာပုဒ်တွေကျင့်ဆောင်ပြီးသာသာနာနှင့်နိုင်ငံအတွက်အလုပ်လုပ်နေရင်နို့ဖိုးဒုက္ခသယ်စခန်းမှာနေထိုင်းနေတဲ့ အရှင်ဝိဇယနှင့် ဒါယိကာ၊့ဒါယိကာမတွေရဲ့ ဒုက္ခအကြောင်ပြည်စုံကို ဆက်လက်တင်ပြပါမည်။
အခုတော့ မဲဆောက်လို့ပြောလိုက်တာနဲ့ထိုင်းမြန်မာနယ်စပ်က မြို့လေးမှန်း နိုင်ငံခြားသား အတော်များများ သိကြပါတယ်။အရင်ကလမ်းပန်းဆက်သွယ်ရေးခက်ခဲ့ပြီးလုံခြုံရေးလဲမကောင်း။အမည်းရောင်နေမြေ၊တော်ယုံမသွားရဲ့တဲ့နေရာ။အခုတော့KNUဆိုတဲ့သူတွေကိုလည်းကြောက်စရာမလို၊ပုံမှန်ခရီးသည်တင်ကားတွေအ
ပြင် အစစ်အဆေးကင်းတဲ့ DKBAကားတွေနဲ့လဲ ၀င်ထွက်သွားလာနေကြပါတယ်။

မြန်မာဘက်ကမ်း မြ၀တီမြို့ကနေ တံတားကူးပြီး မဲဆောက်ဘက်ခြမ်း မဲတော်၊မဲတော်မှာ တဆင့်၇ကီလို အကွာမှာရန်ကုန်မြို့မြို့တွင်း၅မြို့နယ်စာလောက်အကျယ်ဝန်းရှိတဲ့မဲဆောက်မြို့တည်းရှိပါတယ်။ပြန့်ပြူးတဲ့၊လမ်းတွေ၊ဟောင်းနွယ်နေပြီးဖြစ်တဲ့တိုက်တာအဆောက်ဦးတွေနဲ့မြို့ကလေးကသပ်သပ်ရပ်ရပ်ရှိပါတယ်။မဲဆောင်မြို့ အနီးပါတ်ဝန်ကျင်မှာ ရေတံခွန်း၊ရေပူးစမ်း၊ရေကာတာ၊ပန်းခြံ၊ဘုရားစတဲ့လည်ပတ်စရာ နေရာတွေရှိပါတယ်။
စာရေးသူသတိထားမိသလောက်မြန်မာပြည်တွင်းမှာ စီးပွားရေး ပိုမိုကျပ်တည်းလာတာနဲ့မြ၀တီမဲဆောက်ကို အလုပ်လာရှာကြတာလဲ တစ်နှစ်ထက်တစ်နှစ် ပိုပိုများများလာပါတယ်။အရင်က အနီးကပ်တဲ့ ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေကသာ အလုပ်လာလုပ်ကြတာ အခုတော့ မြန်မာတစ်နိုင်ငံလုံးက လာလုပ်ကြပါတယ်။နေရာဒေသဆုံကလာကြတဲ့မြန်မာနိုင်ငံသားတွေအခြားအသံမျိုးကိုကြားခဲ့ရပါတယ်။ထိုင်းငံရဲ့စီးပွားအရေအရအဓိကအချက်ခြာဖြစ်လာတဲ့မဲဆောက်မြို့ကိုစီးပွားရေးသမားတွေနှင့်ဒုစရိုတ်လောကသားတွေကအပြိုင်းနေရာယူလာကြပါတယ်။မြန်မာသားတွေကတော့ စီးပွားရေးသမားတွေရဲ့ ခေါင်းပုံဖြတ်မှု ဒုစရိုတ်သမားတွေလက်ဝယ်ရေတိမ်းနစ်ကြဘယ်သူတွေက သတ်သွားမှန်းမသိရပဲ သေကြရ။ထိုင်းရဲ့တွေဟာ ငွေကိုသာယူတက်ကြပြီးနိုင်ငံခြားသားအလုပ်သမားတွေကိုအကာကွယ်ဘာတစ်ခုမှာမပေးထားပါဘူးထိုင်းတစ်လုံးကိုခြုံကြည်ရင်စစ်ဆေးရေးဂိတ်ပေါင်းထောင်များရှိပါတယ်။ အဲဒီကရတဲ့ ၀င်တွေကိုကြည်မယ်ဆိုရင် တစ်နှစ်တာငွေပမဏာကသန်းနဲ့ချီးပါတယ်။ထိုင်းနိုင်ငံလက်ပေးလက်ယူမှုတွေဘယ်လောက်ကြီးတယ်ဆိုတာ ကိုယ်တိုင်းခရီးသွားကြည်ရင် သိနိုင်ပါတယ်။

ထိုင်းနိုင်ငံ အတွင်းပိုင်းမှာနှင့်ယှဉ်ကြည်ရင် လုပ်အားခလဲ သက်သာ အလုပ်သမားလဲ မရှာတာကြောင်း မဲဆောက်မှာ အထည့်ချုပ်စက်ရုံတွေလဲ တဖြေးဖြေးပိုးများလာတယ်။အခုဆိုမဲဆောက်မှာ မြန်မာလူဦးရေက ထိုင်းလူမျိုးထက်တောင်များတယ်လို့သိရပါတယ်။မြန်မာဘုန်းကြီးကျောင်း။မြန်မာစကားပြောသံတွေပဲကြားရတဲ့ဈေး။မြန်မာစတိုလ် လက်ဖတ်ရည်ဆိုင်တွေနဲ့မြန်မာပြည်က မြိုတစ်မြို့နဲ့သိပ်မခြားလှပါဘူး။စာရေးသူတို လက်ဖတ်ရည်သောက်နေတဲ့အချိန်မှာလူငယ်လေးတစ်ကပြောပါတယ်။ငါတို့မြန်မာပြည်နဲ့ကွာတာကတော့၂၄နာရီလာတဲ့ မီး၊ကျော်ခွစရာမလိုတဲ့ အင်တာနက်ပါပဲ။ 
ဆက်လက်ဖော်ပြပါမည်…..

No comments:

Post a Comment