Monday, May 2, 2011

အိန္ဒိယ ၊ မြန်မာ နှစ်နိုင်ငံ အစည်းဝေးကျင်းပ


၄၃ ကြိမ်းမြောက် အိန္ဒိယမြန်မာ နိုင်ငံအစည်းဝေးကို နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပပြုလုပ်သွားပါသည်။ ၎င်းအစည်းဝေးကို မေလ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အစည်းဝေးပွဲကို အိန္ဒိယ တောင်တန်းဒေသတိုင်း အမှတ် ၅၇ ဌာနချုပ်မှ Major General DS Hooda ဦးဆောင်သော အဖွဲ့ ၁၂ ဦးနှင့် ကလေးမြို့အခြေစိုက် ဒကစ ၁၀ မှ ဗိုလ်မှူးချုပ် အောင်ဆန်းချစ် ဦးဆောင်သော ကိုယ်စလှယ်အဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြပါသည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင် အိန္ဒိယ မြန်မာ နယ်စပ် လုံခြုံရေးကိစ္စနှင့် အစိုးရဆန့်ကျင်ရေး သူပုန်များကို ထိန်ချုပ်ရေး အတွက် အဓိကထား ဆွေးနွေးမှုများပြုလုပ်သွားပါသည်။

ယခင် ၂၀၀၄ ခုနှစ်တုန်းကလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယခရီစဉ်တွင် အိန္ဒိယ သူပုန်တွေကိုတိုက်ထုတ်ဖို့ ကတိပြုခဲ့တာ အောင်မြင်မှုမရခဲ့သည့်အတွက် ဇန်နဝါရီလတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး မြန်မာပြည် နေပြည်တော်တွင် သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပါသေးည်။ ယခုတစ်ကြိမ်သည်  နှစ်နိုင်ငံဆွေးနွေးမှု ၆ ကြိမ်မြောက်ဖြစ်ပါသည်။ှ
ဖိုးသား

No comments:

Post a Comment