Sunday, May 29, 2011

သင်တန်းဆင်းပွဲ

သင်တန်းဆင်းပွဲ


နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းအား ၂၀၁၁ ခုနှစ်၌ ဒုတိယအကြိမ်အဖြစ် ၅.၃.၂၀၁၁ နေ့တွင် Levels အလိုက် ခွဲခြားရန် စမ်းသပ်ဖြေဆိုမှုများကိုစတင်ဖြေဆိုခဲ့ပြီး ၁၄.၃.၂၀၁၁ (တနင်္လာ)နေ့မှစ၍ မျိုးဆက်သစ် ကလေးငယ်အယောက် (၅၀၀) ကျော်တို့အားလုပ်အားပေးဆရာ/မ (၁၄) ဦးတို့မှ တစ်ပါတ်လျှင် (၆) ရက်၊ Group (၄) ခုနှင့် Section (၁၅)ခုခွဲ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

          မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သောပညာရပ် ဘာသာရပ်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေးစသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာဘာသာရပ်ဖြင့် လူမျိုးအသီးသီးတို့ကပြောဆို၊ သုံးနှုန်း၊ ရေးသား၊ ဖတ်ကြားခြင်းများကိုအဓိကထားနေချိန်တွင် ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ် ကလေးငယ်များလည်းကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ပညာဒါနအဖြစ် (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်သည်။


ယနေ့ ၂၇.၅.၂၀၁၁ (သောကြာ)နေ့တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာတွင် မျိုးဆက်သစ်ကလေးငယ် (၅၀၀) ကျော်အနက် ပျက်ရက်မရှိ (100%)အပြည့်တက်ရောက်ခဲ့သည့် ကျောင်းသား/သူ (၆၈)ဦး၊ ကျောင်းခေါ်ချိန် (75%)ပြည့် ကျောင်းသား/သူ (၁၈၂)ဦးနှင့် Group (၄) ခုနှင့် Section (၁၅)ခုမှ ထူးချွန်သည့် ကျောင်းသား/သူ (၃၄)ဦးတို့အားသင်တန်းဆရာ/မများတို့မှ 

အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ မျိုးဆက်သစ်ကလေးငယ်တို့အတွက် အားပေးစကားပြောကြားခဲ့ပြီးမျိုးဆက်သစ်ကလေးငယ်များတို့မှလည်း ပြန်လည်၍ ကျေးဇူးတင်စကားများပြောကြားပြီးနောက် တစ်နှစ်ပါတ်လုံးစနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် ပုံမှန်သင်တန်းဖြစ်သော တက္ကသိုလ်ဝင်တန်းအောင်မှစပြီး 4 Skill သင်တန်းများဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်ပါသည်။



No comments:

Post a Comment