Sunday, July 17, 2011

BG အသိပညာ၊ အတက်ပညာသင်ကြားရေး ပညာဒါန ကျောင်းကို အမှတ်/ခ၊မြရည်နန္ဒာလမ်း၊ ၁၉ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ မနက် ၉း၀၀ က ဖွင့်ပွဲ ဓါတ်ပုံ

BG အသိပညာ၊ အတက်ပညာသင်ကြားရေး ပညာဒါန ကျောင်းကို အမှတ်/ခ၊မြရည်နန္ဒာလမ်း၊ ၁၉ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ မနက် ၉း၀၀ က ဖွင့်လစ်ခဲ့ပါတယ်။သင်ကြားပေးမည်​ ဘာသာရပ်တွေကတော့ မူလတန်းမှစတုတ္တတန်းအထိ၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ (ဆံပင်ညှပ်၊စက်ချုပ်၊ လက်သမား၊ ပန်းရံ၊ သံဂဟေဆော်၊ ကားဆေးဘော်ဒီ၊ အလူမီနီယံ၊ အီလက်ထရစ်ကယ်(မီးရိုက်)၊ ဘက်ထရီပြုပြင်တပ်ဆင်၊ မှန်စီရွှေချ) သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ အခမ်းအနားကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦးက ဖွင့်လှစ်ခဲ့ပြီး အမှာစကား ပြောကြားပေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းက ဦးနိုင်နိုင်၊ဦးလှသိန်းတို့နဲ့​ အနုပညာရှင်တွေ ဖြစ်ကြတဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ ကိုရဲလွင်၊ ကိုညီထွေး၊ ကိုညီညီလွင်၊ ကိုဇေယျာသော်၊ နဲ့ မဖြူဖြူသင်းတို့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ အနုပညာရှင်တွေက သီချင်းတွေနဲ့လည်း ဖျော်ဖြေပေးခဲ့ပါတယ်။

National League for Democracyရယူပါသည်

No comments:

Post a Comment