Friday, April 19, 2013

အရှင်ဘုရားရဲ့လူမှုရေးလုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရပါသလဲ။ ဘာကြောင့်လဲ၊ ဘယ် လိုနေရာ၊ ကိစ္စတွေမှာ အများဆုံးကြုံခဲ့ရပါသလဲ။


ဦးဇင်းတို့ အတွက် အဒီက အခက်ခဲ့တွေကတော့ လူဘောင်လူလောကကြီးရဲ့ ရုပ်တွေပွေးလီတဲ့ လူမှုဒုက္ခတွေကို ဦးစွာတွေကြုံရတာပါပဲ လူတွေပြောဆိုဝေဖန်သံတွေကို ကြယ်လောင်စွာကြားရခြင်းပါပဲ အတွေကြုံတွေက အများကြီးပါပဲ လူတွေရဲ့ ဝေဖန်သံတွေဟာ ဦးဇင်းရဲ့ ဘ၀ကို အများကြီးပြောင်လွှဲလာခဲ့ပါတယ် သတိထားစရာတွေ မှတ်သားစရာတွေဖြစ်ခဲ့ရပါတယ် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးရဲ့ လောကမှ အဝေဖန်မခံရတဲ့သူ တစ်ပါးသူကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်လို့ ဆရာသမားတွေရဲ့ ဆုံးမသြ၀ါဒကို ပြန်လည်ကြားရောင်မီပါတယ် ၊
ဦးဇင်း အတွက် ခက်ခဲ့တဲ့ အဓိပ္ပါယ်ဟူသည် အဘယ်နည်း။ ဦးဇင်း၏ရည်ရွယ်ချက် ပြီးပြည့်စုံခြင်း၊ ကျေနပ် တင်းတိမ်မှု တို့ကို မည်သို့တွေရှိနိုင်မည်နည်း။ ဦးဇင်းအတွက်နောက်ဆုံးအရေးကြီးသော အစိတ်အပိုင်းကိုပြီးပြည့်စုံရန် ဦးဇင်းသည် ခွန်အားရှိပါသလား။ ထိုကြောင့် ဤကဲ့သို့သော မေးခွန်းမျိုးကို လူများစွာတို့က ဆင်ခြင်တွေးတောတတ်ကြပါသည်။ သူတို့ သည် ပြီးပြည့်စုံလိုသော အရာတို့ကိုရယူသော်လည်း ကုန်လွန်ခဲ့သောအချိန်ကာလကိုကြည့်လျှင် လစ်ဟင်းမူကို ခံစားခဲ့ရပါတယ်။ ဥပမာအားဖြင့် ဘောလုံးကစားခန်းထဲတွင် ဆော့ကစားနေ သောသူအား ကစားရန်ပထမအစပြုလာသောအခါ မည်သည့်အရာကို အတောင့်တဆုံးဖြစ်သနည်းဟု မေးခဲ့သည်သူက“ထိပ်ဆုံးရောက်သောအခါမည်သည့်အရာတခုမျှမရှိပါဟူသောတစုံတယောက်ပြောသည်စကားသံကိုသာ ကြားချင်သည်”ဟု ပြန်ဖြေခဲ့သည်။ သူတို့၏ ကြိုးပမ်းအားထုတ်မူနောက်ကွယ်တွင် အနတ္တသဘော သက်သက်ရှိသည်ကိုများစွာသောပန်းတိုင်တို့ကအသိပေးထားပါသည်။
ဦးဇင်းတို့လူ့အသိုင်းဝိုင်းထဲတွင် များစွာသောသူတို့က ရည်ရွယ်ချက်များစွာထားရှိ၍ ကြိုးပမ်းအားထုတ်တတ်ကြပါသည်။ ထိုရည်ရွယ်ချက်များထဲတွင် ဦးဇင်းအမြင်အရ ဘ၀၏အဓိပါယ်တွေ့ရှိလိမ့်မည်ဟု ယူဆတတ်ကြသည်။ ထိုကြိုးပမ်းအားထုတ်မှုထဲတွင် စီးပွား ရေးအောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းမွန်သော မိတ်ဆွေရဖွဲ့ခြင်း၊ တခြားသူ များအပေါ် ကုသိုလ်ပြုခြင်းတို့ပါဝင်သည်။ လူတွေက သူတို့၏ရည်ရွယ်ချက်ဖြစ်သော ချမ်းသာခြင်း၊ မိတ်ဆွေရဖွဲ့ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိသော်လည်း သူတို့စိတ်ထဲ၌ အနတ္တသဘော သက်သက်ကို ခံစားခဲ့ရသည်။ အထဲ၌ ဘာမျှမရှိသကဲ့သို့ ခံစားခဲ့သည်။
ဦးဇင်း အတွက်တော့ လူမှုဝတ်ဝန့်ကျင့်ရိုတ်ခက်မှုတွေက များပြားလှလွန်လို့ ဆရာတော်ဦးဇောတိကရဲ့ ……ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင် နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
၁။ငါကိုယ်ငါ လေးစားမှု့ရှိနေးသ၍ သူများဘယ်လိုထင်တယ် ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး။
၂။ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာသူများကိုယ်ကို အထင်သေးတာကိုဂရုမစိုက်ဘူး။ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများပြောပြောခံနိုင်တယ်။
၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့် ကိုယ်ကို ဘယ်လိုလူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။
၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့၊ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ကိုယ့်အရည်အချင်းတွေလည်းအများဆုံး ထုပ်ပြီးသုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေး ဖို့မသင့်ဘူး ။
၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။
၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်းစားတာ နဲ့တူတယ်။
၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်းကို ဖော်ပြနိုင်ရမယ်။
၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်လို့ပြောချင်းပါတယ်။
အားလုံးကြမ္မာကျပါစေ ။
ဖျာပုံ (အရှင်) အင်တာဗျူးများကို ပြန်လည်စုစည်းဖော်ပြပါသည်။

No comments:

Post a Comment