ယမန်နေ့ညပိုင်း နအဖရုပ်သံနှင့်ရေဒီယိုက (၅) ထောင်ကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေသုံးစွဲမည့်အကြောင်း ကြေညာပြီး ယနေ့တွင် တရုတ်-မြန်မာနယ်စပ်ငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားသည်။
ယနေ့ နံနက်ပိုင်း နယ်စပ်ငွေလဲဈေးကွက်တွင် တရုတ်ငွေ တယွမ်ကို (၁၅၇.၂၃) ကျပ်ဖြင့် စတင်ဈေးဖွင့်ခဲ့ရာမှ နာရီပိုင်းအတွင်း တယွမ်ကို (၁၆၇.၂၂) ကျပ်အထိ ဈေးဖြစ်သွားကာ မြန်မာငွေတန်ဖိုး ကျဆင်းသွားခြင်းဖြစ်သည်။
“ငွေဈေးက ရုတ်တရက် ပြုတ်ကျသွားတာ။ မနက်စောစောပိုင်းက ဗမာငွေ ထုတ်ရောင်းသူတွေအတွက်တော့ တွက်ခြေကိုက် တာပေါ့။ အခုက ငွေကို အရောင်းအဝယ်ကို ရပ်သလိုဖြစ်နေတာ။ ဘယ်သူမှလည်း ငွေလဲတာ၊ ငွေလွှဲတာတွေ မလုပ်ရဲကြ တော့ဘူး။ အောက်ကို ငွေပြန်ချတဲ့သူတွေကော မလုပ်တော့ဘူး။ ငွေလွှဲတဲ့ဆိုင်တွေလည်း ရပ်ထားတယ်။ တနာရီလောက်ကို တဈေး၊ နောက်ထပ် တနာရီလောက်ကို တဈေးဆိုတော့ ငွေလဲဖို့အတော်ကို ခက်သွားတယ်” ဟု ကျယ်ဂေါင်မြို့မှ ကုန်သည်တဦးက ပြောသည်။
ယခုကဲ့သို့ ငွေဈေးကမောက်ကမဖြစ်နေခြင်းကြောင့် ဒေသအတွင်း တပိုင်တနိုင်ကုန်ကူးသန်းသူများမှာ ကုန်ပစ္စည်း ရောင်းရေးဝယ်တာပြုလုပ်ရန် ခေတ္တရပ်ဆိုင်းထားရပြီး ငွေဈေးပြန်ငြိမ်သည်အထိ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။
အောက်မှာပေါ်ချင်တာဒီမှာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment