Monday, November 30, 2009

မထသ ဥက္ကဠ ငွေတောင်းကြမ်း၍ ကားသမားများသည်းညူနေ

မထသ ဥက္ကဠ ဦးမိုးသီးခေါ် ဦးစံသွင်မှာ သက္ကန်းညီနောင်တပ်မ ဌာနချူပ်နေရာတွင် ဂိတ်ဖွင့်ကာ ၁၂ ဘီး၊ ၁၀ ဘီး၊၆ ဘီး၊ မှန်လုံကြီး၊ မှန်လုံသေး၊ ဟိုင်းလတ် ကားများကို မထသကြေး၊ ကျောက်ကြေး၊ကညနကြေး၊ အသက်အာမခံကြေးဆိုပြီး ကောက်ခံပါတယ်။ ဦးမိုးသီးကောက်ခံပုံမှာ ကားလေးတစ်စီး ၂၀၀၀ိ/ ကျပ် မှ ကားကြီး ၂၅၀၀၀ိ/ကျပ် အပြင် ညနေ ရောက်မှသွားရသော ဆယ်ဘီးကား များမှာ ကိုလည်း တင်ထားသည့် ကုန်ပစ္စည်းကိုလိုက်၍ ၆ သောင်း မှ ၁ သိန်းအထိကောက်ခံနေပါသည်..

ဘယ်သူကိုမှလည်းမတိုင်ရဲ..တိုင်ရင်လည်း DKBA တပ်သားများ၏ ၀ိုင်းဝန်းထိုးခြင်းကို ခံရပါသည်…

ကားသမားများ မှာ ဘယ်သူကိုမှလည်းမတိုင်ရဲ…ကားမောင်းသည့်ပိုက်ဆံမှာလည်း သူတို့ဝိုင်းညှစ်သည်နှင့်

ကိုယ့်အတွက်ပင်မကျန်တော့ပါသည်….ဦးမိုးသီးသည် မြ၀တီမှ ဘားအံသို့သွားသော ကားတိုင်းကို အဲဒီလို ခြိမ်းခြောက် အလှုငွေတောင်းခံနေခြင်းမှာ အလွန်ကို မိုက်ရိုင်းကြောင်းကို အထိုးခံရသော ကားသမားတစ်ဦးမှ

ပေးပို့လိုက်ပါသည်….ပြည်သူတွေသိအောင်ဖော်ပြပေးစေလိုပါသည်………… အီမေလ် သို့ ပို့လာခြင်းကို ဖော်ပြပါသည်။

အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment