Tuesday, December 29, 2009

အကိုတို့က တူကိုမတူတာပါ ညီမလေးရယ်


အကိုတို့က တူကိုမတူတာပါ ညီမလေးရယ်

သက်ခိုင်

ဒီဇင်ဘာ ၂၇၊ ၂၀၀၉

အကိုတို့ကိုအထင်လွဲ

အပြစ်တင် ဆဲ

မချင့်မရဲနဲ့

မ၀ံ့ရဲတဲ့ ညီမလေးရေ။

တမိုးထဲအောက်

တရေထဲသောက်

ယောက်ဖတို့ထမင်း

အကိုတို့ရင်တွင်း
အကြိမ်ကြိမ်သွင်းခဲ့ဖူးတယ်။



တောထဲမှာနေ

အဖော်တွေနဲ့လှုပ်ရှား

ဌက်ဖျားကြား

အမေကိုလွမ်း အိမ်ကိုမှန်းတဲ့

သူပုန်စစ်သားဖြစ်ဖူးတယ်။



နိုင်ငံခြားမသွား

ဒေါ်လာမစားတာလည်း

အခြားတော့မဟုတ်

ကိုယ်တို့အလုပ်

ဟုတ်ကိုမဟုတ်လို့ပါ ညီမလေးရယ်။



ပရောဂျတ်မတင်

ထောချက်မထွင်တာလည်း

တောဘက်အမြင်

ရောယှက်အစဉ်

ဘ၀အတွက်ပင်

အလှအသက်ဝင်နေတုန်းမို့ပါ ညီမလေးရယ်။



တရားတွေပျက်

အမှားတွေစွက်လည်း

ဘယ်သူ့မှအပြစ်မတင်

ဆက်လက်ချစ်ခင်

တက်မက်ခဲ့ရဖြစ်စဉ်တွေက

အသက်မက ထင်ရ

တော်လှန်နေရ

အကိုတို့ဘ၀မို့ပါ ညီမလေးရယ်။

(၂၅.၁၂.၀၉)

No comments:

Post a Comment