Thursday, December 31, 2009

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ) “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “ အခမ်းအနား အခမ်းအနား အစီအစဉ်

မြန်မာပြည်သူပြည်သားတွေ လွတ်လပ်ပြီး ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ကို ရရှိနိုင်ပါစေ....

မြန်မာပြည်သူပြည်သားအပေါင်းတို့  လွတ်လပ်မှု ရရှိကြမည့် ၂၀၁၀ ခုနှစ်သစ်ဆီသို့ ။ Countdown... လေးလုပ်ရင်း ဆုတောင်းပေးကြရအောင်.....

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ) “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “ အခမ်းအနား

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ)

“၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “

အခမ်းအနား


အခမ်းအနား အစီအစဉ်

၁။ အခမ်းအနားကို “ နမော တဿ “ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ရန် ။



၂။ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲ ဆရာတော် အရှင်ဓမ္မဇောတိ မှ ပရိသတ်များအား “ငါးပါးသီလ“ ချီိးမြှင့်ပေးတော်မူရန် ။(၃- မိနစ်)



၃။ အွန်လိုင်း မေတ္တာပို့  နှစ်သစ်မင်္ဂလာ သာရဏီယ သြ၀ါဒ ကထာ အကျဉ်းကို နယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် ဦးသြဘာသ အရှင်မြတ်မှ မြွက်ကြားပေးတော်မူပါရန် ။(၅-မိနစ်)



၎။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း“ မေတ္တာ ပို့ “ နှစ်သစ် မင်္ဂလာ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ မှ ရှင်းလင်းပြတော်မူပါရန် ။ (၅-မိနစ်)



၅။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ“ ပို့ နှစ်သစ်မင်္ဂလာ ဆုတောင်း မေတ္တာ စာလွှာ သြ၀ါဒ ကထာ အကျဉ်းကို ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင်ဆရာတော် ဦးသောပါက အရှင်မြတ်မှ ချိမြှင့်ပေးတော်မူပါရန် ။ (၅ -မိနစ်)



၆။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့  “ နှင့်စပ်လျဉ်း၍ အနုမောဒနာ တရားတော်ကို အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် ဦးဝိသုတအရှင်မြတ်မှမြွက်ကြားပေးတော်မူပါရန် ။(၁၀-မိနစ်)



၇။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့“ မင်္ဂလာပွဲသို့ ကြွရောက်ပါဝင်တော်မူလာကြကုန်သော နိုင်ငံတကာမှ ဆရာတော်များနှင့် လူ-ဒါယကာ/ဒါယိကာမတို့ အား ယနေ့ မျက်မှောက် ပြည်တွင်းအခြေနေ နှင့်စပ်လျဉ်း၍ သံဃာတော်များဦးဆောင်ပြီးဖြေရှင်းရန်လိုအပ်ချက်နှင့်သတိထားရှေ့ဆက်ဆောင်ရွက်-သင့်သည့်အချက်များကို အန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ဦးထာဝရ အရှင်မြတ်မှ လျှောက်ထား အသိပေးတိုက်တွန်းပေးတော်မူပါရန် ။( ၁၀-မိနစ်)

၈။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ “ မှ သည် ပြည်တွင်းနှင့် နိုင်ငံတကာ မှ သံဃာ့တပ်ပေါင်းစု နှင့် သာသနာ့ ဥသျှောင်ဆရာတော်များ နှင့် သံဃာထုတစ်ရပ်လုံး အား အားပေးတိုက်တွန်းခြင်းဥယျောဇန ကထာ စကားရပ်ကို ထိုင်းနိုင်ငံ မှ သာသနာ့ ဥသျှောင် အတွင်းရေးမှူးဆရာတော် ဦးကုဿရိယ မှလျှောက်ထား တင်ပြပေးတော်မူပါရန် ။ (၁၀-မိနစ်)



၉။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို ဆုတောင်းပွဲ“ မင်္ဂလာ အချိန်ကျရောက်ပြီဖြစ်ပါ၍ နိုင်ငံတကာမှ ဆရာတော် သံဃာတော်များအား အန္တရာယ် ကင်း နှစ်သစ် မင်္ဂလာပရိတ်တရားတော်များ ချီးမြှင့် ပေးတော်မူကြပါရန် လျှောက်ထားတောင်းပန်လွှာကို သာသနာ့ဒါယကာကြီး ဦး --------------------မှလျှောက်ထားပေးပါရန် ။ (၃-မိနစ် )



၁၀။ “ အွန်လိုင်း မေတ္တာ ပို့ တော်မူကြရန် .။ မေတ္တာ သုတ် (၃) ခေါက် မောရသုတ် (၃)ခေါက် ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော် ၊ သံဃာ့ဂုဏ်တော် ၊ ယံဒုန္နိ မိတ္တံ (၃)ဂါထာ၊ ဘ၀တု သဗမဂလံ (၃)ဂါထာ နှင့် တကွ ဇယန္တော ဗောဓိယာ မူလေ တို့ကိုရွတ်ဆိုတော်မူကြရန် ။(မိနစ်- ၃၀ ခန့် )



၁၁။ (ပထမ) အကြိမ် -အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ နှစ်သစ် မင်္ဂလာ အောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာရန် နှင့် လှူဒါန်းမှုအစုစုအတွက်ရေစက်ချအမျှဝေပေးတော်မူပါရန် ။(၁၀-မိနစ်)



၁၂။ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ ပို့  ဆုတောင်းပွဲအခမ်းအနားကိုရုတ်သိမ်းကြပါရန် ။

No comments:

Post a Comment