
သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current) လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့ သွတ်နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။ သံပုရာသီးကို အနည်းငယ်အပေါက်ဖောက်ပြီး တဖက်ကနေ
သွတ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့ ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး အဲ့ဒီသွတ်ချောင်းနဲ့ ပဲနိပြားဟာ လုံးဝထိနေလို့မရပါဘူး။


သွတ်ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ.၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။ အရည်ရွမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့ မီလုံးတစ်လုံးလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သံပုရာသီးနှစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း တန်းဆက် ဆက်လိုက်ရင်တော့ ၁.၇၈၈ ဗို့အားရရှိလာမည်ဖြစ်ပါတယ်။(ဓါတ်ခဲတစ်လုံးဗို့အား ၁.၅ ဗို့ဖြစ်ပါတယ်)ဒီလို အားနဲ့လည်းမီးလုံး တစ်လုံး လင်းလာဖို့အတွက်တော့ မလုံလောက်သေးပါဘူး။


လေးလုံးဆက်လိုက်ရင်တော့ ၃.၅ ဗို့ရလာမယ်။ အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီး (နှစ်တောင့်ထိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့) ကဲ့ဒါဆိုရင် LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗိုလ်အားကို လျှော့ချဖို့ ဆိုက်ကစ် တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့ ၂ဗို့ ထက်ကျော်သွားရင် LED မီးလုံး ကျွမ်းသွားနိုင်လို့ ဖြစ်ပါတယ်။


ဒီ သီအိုရီကို အခြေခံပြီး ကိုယ်ဥာဏ်ရှိသလို မီးအားကို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။ အားလုံး မီးမှောင်ခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေဗျာ။
No comments:
Post a Comment