Tuesday, January 5, 2010
ပြည်သူတွေစောင့်ရှောက်ရမည့်စေတီပုထိုး
မြန်မာနိုင်ငံသူ/သားတို့ စစ်မိစ္ဆာခွေးတို့ အကြံကုန်လို့ ဘုရားဖူးထွက်လာကြပြီ။ ပြည်သူအားလုံးက တန်ခိုးကြီးဘုရားတွေကို စောင့်ရှောက်ကြပါ။ မစောင့်ရှောက်ကြဘူးဆိုရင်တော့ မန္တလေး မဟာမြတ်မုနိဘုရားနှင့် ပခုက္ကူ သီဟိုရ်ရှင်ဘုရားလို ဗိုက်တော်တွေကိုဖောက်၊ နဖူးတော်တွေကိုခွဲပြီး ဌာပနာပစ္စည်းတွေ ခိုးယူသွားကြလိမ့်မယ်နော်...။ ဒါပေမယ့် ကျိုက်ထီးရိုးဘုရားမှာတော့ လွယ်လွယ်နဲ့ ရလောက်မယ်မထင်ပါဘူး။
အခု စစ်မိစ္ဆာခွေးတွေဟာ ဘုရားဖူးချင်လို့လာတာလား... ? ဒါမှမဟုတ်ရင် ပတ္တမြားတုံးလား၊ ကျောက်စိမ်းတုံးလား...? ဆိုတာကို လာကြည့် တာလားမသိဘူး။ ဘာပဲဖြစ်နေဖြစ်နေ စောင့်ရှောက်ကြရမယ့် တာဝန်က ပြည်သူအားလုံးရဲ့ တာဝန်တွေပဲဖြစ်ပါတယ်။ စစ်မိစ္ဆာခွေးတွေဟာ အခုလက်ရှိ လုပ်နေတဲ့ ဂူတစ်လုံးအတွက် ဒေါ်လာလိုလို့ ကျိုက်ထီးရိုးဘုရားကို လာကြည့်တာဖြစ်မယ်။ စစ်မိစ္ဆာခွေးတွေဟာ သူတို့အတွက်ဆိုရင် အခုလက်ရှိတန်ခိုးကြီး စေတီတော်တွေ၊ ဆင်းတုတောတွေကိုသာမက နောင်ပွင့်တော်မူလာမည့် အရိမေတ္တယျ ဘုရားရှင်ကိုတောင်မှ သူတို့တစ်တွေပုန်းအောင်းဖို့ လုပ်နေတဲ့ ဂူတစ်လုံးအတွက် ရောင်းစားလို့ရရင်ရောင်းစားပစ်လိုက်မလားမသိဘူး။
ဒါပေမယ့် အရိမေတ္တယျဘုရားက ဘယ်မှာမှန်းမသိသေးဘူး၊ ကိုယ်ကျိုးအတွက်ဆိုရင် ရောင်းချင်လည်းရောင်းနေမှာပေါ့။ အရိမေတ္တယျဘုရားရှင်ကို ရောင်းချင်လည်းရောင်းပါစေတော့။ဒါပေမယ့် ငါတို့ပြည်သူ/သားအားလုံးက အခုလက်ရှိဘုရားတွေကို ဂရုတစိုက်ရှိကြရမယ်။ အဲဒီတော့ ပြည်သူနဲ့ ကမ္ဘာကိုတော့ လိမ်လို့မရတော့ပါဘူး။ သူတို့ခိုးတယ်ဆိုရင် တစ်ချိန်ချိန်မှာတော့သိလာရမှာပဲ။ ဘရားတွေကိုတော့ လိမ်လို့ရသေးတယ်ဆိုပြီး သွားလာလှုပ်ရှားနေကြတဲ့ စစ်မိစ္ဆာခွေးတွေကို သတိထားစောင့်ကြည့်ကြဖို့တော့လိုပေလိမ့်မည်....။
ရွှေဝါရောင် နန္ဒာစရိယ
5.1.10
Subscribe to:
Post Comments (Atom)
No comments:
Post a Comment