Monday, January 25, 2010

နာရေးကူညီမှုအသင်းဝင်နှင့် စေတနာဝန်ထမ်း လုပ်အားဒါနပြုခြင်း။

နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများ အသင်းသို. လာရောက်ပြီး လုပ်အားပေးလျှောက်လွှာပုံစံ ကိုရယူဖြည့်သွင်းပါ။ အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပိုကြီးလာတာနဲ့ ပိုအနစ်နာခံရဖို.ဘဲရှိပါတယ်။ နာရေးကူညီမှူအသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ
ရယူခွင့်မရှိပါဘူး။ ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။

No comments:

Post a Comment