ဘိုးဘွားရိပ်သာတစ်ခုတွင် တွင်တွေ့ ရသော စာလေးတစ်စောင်ပါ။*
*သား !*
*သား...ငယ်ငယ်တုန်းကပေါ့ အချိန်တွေအများကြီးယူပြီး
အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊*
*ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီတက်အောင်၊
နှာရည်တွေကျရင်
သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့
နိုင်စရာလေးတွေပေါ့။ခုချိန်မှာ ဒါလေးတွေက
အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ အတွက်
စိတ်မကောင်းဖြစ်ရတယ်။*
*ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ဆက်ပြောရမဲ့
စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား! *
*သား...သားမှတ်မိအုံးမလား။သားငယ်ငယ်က အခေါက် ၁၀၀ လောက်
အဆိုလေ့ကျင့်ခဲ့ရတဲ့
ကလေးသီချင်းလေးတပုဒ်ကိုလေ။အဲဒီသီချင်းလေးတပုဒ်ကို အမေ
ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊တစ်နေ့
တစ်မျိုး
မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့
အမေရဲ့တက်သလောက်မှတ်သလောက်
ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။ *
*သား....... ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက
ဘဝလေးလို့ဖြစ်နေပါပြီ။သား..... အခုဆိုရင်
အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။ အစားစားတဲ့
အခါလဲ
အကျီတွေ ညစ်ပတ်ကုန်တယ်၊ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။
*
*သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ခုချိန်မှာ
အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။သား
နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။ *
*သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။သားရဲ့နွေးထွေးတဲ့ လက်ကို
ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ
ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။*
* သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။မိဘဆိုတာ ဘာနဲ့မှ
မလဲနိုင်တဲ့
အရာတခုပါ။မိဘထက် အရေးကြီးတာ မရှိပါဘူး။ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ
အစားထိုးလို့ရတဲ့ အရာတွေပါ။မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို
ဘယ်တော့မှလဲ
ပြန်မရနိုင်မဲ့ အရာပါ။ မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့်
အတူတူ မိဘ
တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့
မမေ့လျှော့ပါနဲ့လို့ပြောကြားချင်ပါတယ်။*
* ဘာသာပြန်(moon)*
uthavara 12-1-1984
Tuesday, January 12, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment