သန်လျင်မြို့GTC ကျောင်းက ပေါက်ကွဲသံများ
ကျွန်တော်ကိုတခုလောက်ကူညီပါလာ့းကျွန်တော်တို့ကျောင်းအကြောင်းရင်ဖွင့်ချင်လို့ပါနော်
ကျွန်တော်တို့ကသန်လျင်GTCကျောင်းကပါကျွန်တော်တို့ ရဲ့ ခံစားနေရတာတွေကိုပြောပြချင်လို့ ပါ
ကျွန်တော်တို့ ကျောင်းရဲ့ စည်းကမ်းကမတရားတင်းကျပ်နေလို့ ပါဗျာ
စည်းကမ်းရှိတာနဲ့စည်းကမ်းအတင်းကျပ်တာနဲ့မဆိုင်ဘူးထင်တယ်နော်အခုကျွန်တော်တို့ကျောင်းကိုပါချုပ်အသစ်ပြောင်းလာပါတယ်အရင်ပါချုပ်ဆရာမကြီးကမှအခုဆရာကြီးထက်စာရင်ပိုသဘောကောင်းအုန်းမယ်ခင်ဗျာအခုပါချုပ်ကဗျာကျွန်တော်တို့ကိုလပတ်တောင်တခုံမှာနှစ်ယောက်ဖြေခိုင်းတယ်ဘယ်
တက္ကသိုလ်မှမ၇ှိပါဘူးလပတ်ကိုဖြေခိုင်းတာ။ထားပါရပါသေးတယ်ကျောင်းသားတွေကိုပညာတတ်စေ
ချင်လို့သဘောထားလို့ရပါသေးတယ်နောက်ပိုင်းကျတော့ဗျာဆံပင်နဲနဲရှည်တာနဲ့ကျောင်းသားကဒ်သိမ်တယ်နားကပ်တတ်လည်းသိမ်းတယ်ဆံပင်ဆေးဆိုလည်းသိမ်းတယ်ယူနီဖောင်းမပြည့်စုံလည်းသိမ်းတယ်အကုန်ဘဲဗျာ
အဲတော့ကျောင်းသားတွေကကြောက်ပြီးတောလမ်းတွေက၀င်ရောကျောင်းသားတွေမြွေကိုက်မှာတောင်ဆိုးရတယ်တောလမ်းမှာဆိုသတ္တ၀ါတွေအကုန်ရှိတယ်
ကျောင်းသားဆိုတာလူငယ်ဘဲလေလွတ်လပ်လပ်တော့နေချင်တာပေါ့လူငယ်ဘဲနဲနဲတော့ဆံပင်ရှည်ချင်ကြတာပါကျွန်တော်တတ်နေတာအထက်တန်းကျောင်းမှမဟုတ်တာအထက်တန်းကျောင်းလို့လာအုပ်ချုပ်တော့သေရောပေါ့ဗျာကျောင်းသားတယောက်မှာအရေးကြီးဆုံးကကျောင်းစာရပြီးကျောင်းနေရတာပျော်ဖို့ဘဲ
အခုတော့ကျောင်းနေရတာမပျော်ကြတော့ဘယ်လိုလုပ်ကြမလည်းတက္ကသိုလ်တတ်တယ်ဆိုတာပျော်ဖို့မကောင်းဘဲစိတ်ညစ်ဖို့ကောင်းနေတယ်GTC ကျောင်းချင်းတူတူမှော်ဘီတို့ ၊လှိုင်သာယာတို့ ကတောင်ပျော်စရာကောင်းသေးတယ်ဗျာ
လွတ်လပ်တယ်။သူတို့ဆီမှာကျောင်းသားကဒ်သိမ်းတာလည်းမရှိဘူးကျွန်တော်တို့ကျောင်းကပါချုပ်ကတော့ရောင်းစားဖို့လားမသိတော့ဘူးဗျာကျွန်တော်ကျောင်းသားတွေလည်းတောလမ်းက၀င်နေရတာတွေ့စေချင်တယ်မိန်းကလေးတွေပါဝင်တာနော်
မယုံရင်လာကြည့်နိုင်ပါတယ်ခင်ဗျာကျွန်တော်တို့လည်းဂိတ်ပေါက်က၀င်ချင်တာပေါ့တက္ကသိုလ်ကျောင်းသားဆိုပြီးရင့် ကော့ပြီးအခုတော့ ရင့် တောင်မကော့ ရဲဘူးကျောင်းသားကဒ်သိမ်းမှာဆိုးလို့ ။နောက်ပြီးတော့ပါချုပ်ပြောင်းမှာဒုကျောင်းအုပ်ကလည်းကျောင်းသားတွေဆီကသိမ်းမယ်ဆိုဘဲကျောင်းသားကဒ၊်တော်တော်ဆိုးတယ်ခင်ဗျာကျွန်တော်ရဲ့ဘ၀ကတော်တော်ဆိုးပါတယ်တက္ကသိုလ်တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလည်းမသိတော့ ဘူးဗျာ
အခုပါချုပ်ကတော့ အရင်ကနာမည်ကြီးခဲ့ တဲ့ ဇာနည်အောင်ဆိုတယ်ပါချုပ်ထက်ဆိုးမလားသိဘူး
ခင်ဗျာကျွန်တော်တို့ ကျောင်းသားတွေကိုယ်စာ့းကျွန်တော် တို့ ဖွင့် ပြောရတာပါဗျာ
ဘာရယ်တော့ မဟုတ်ပါဘူးကျွန်တော်တို့ သန်လျင်ကျောင်းသားများခံစားနေရတာကိုရင်ဖွင့် တာပါဗျာ။*
အီမေလ်သို့ပေးပို့လာသည်ကိုဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment