Monday, February 1, 2010

နိုင်ငံရေးမလုပ်ရင်ပြီးရော… ခေတ်မမှီမဖွံ့ဖြိုး မဟုတ်တဲ့နေရာမှာ တိုးတက်သော နိုင်ငံတော်သစ်ဆီသို့

နိုင်ငံရေးမလုပ်ရင်ပြီးရော… ခေတ်မမှီမဖွံ့ဖြိုး မဟုတ်တဲ့နေရာမှာ တိုးတက်သော နိုင်ငံတော်သစ်ဆီသို့



ပြီးခဲ့တဲ့ လပိုင်းက မြန်မာပြည်က ပြက္ခဒိန်တစ်ခု ရလာလို့ကြည့်မိပါတယ်။ နိုင်ငံခြားက ပြက္ခဒိန်မှတ်လို့ သေသေချာချာ ကြည့်မိတော့မှ မြန်မာပြည်က ဖြစ်နေတယ်….။ Smart Technical Services Co.,Ltd ကထုတ်တဲ့ Calendar….ပါ။ အဲ့ဒီCompany က မြန်မာပြည်မှာ လာရောက်လုပ်ကိုင် နေတဲ့ ကမ်းလွန်ရေနံကုမ္မဏီတွေကို အစားအသောက်နဲ့ လိုအပ်တဲ့ ၀န်ထမ်းတွေ ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု ကုမ္မဏီတခုဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလို ဆင်ဆာတင်းကြပ်တဲ့ နိုင်ငံမျိုးမှာ ဒီလိုအနေအထားနဲ့ ရိုက်ခွင့်ပေးတာ စဉ်းစားစရာပါပဲ။



နိုင်ငံရေးနဲ့ဆိုင်တဲ့ အရေးအသားတွေ၊ ဓာတ်ပုံတွေ၊ ကာတွန်းတွေကို မျက်မှန်စိမ်းတပ်ပြီး ဒေါက်ထောက်ကြည့်နေတဲ့ ဆင်ဆာအဖွဲ့က အမြဲပိတ်ပင် ဖမ်းဆီးတတ်တာကတော့ အားလုံးသိပြီးဖြစ်ကြပါတယ်။ ဒီလိုပြက္ခဒိန်မျိုး ထုတ်ခွင့်ရတာလည်း စစ်အစိုးရရဲ့ ပုလင်းတူ ဗူးဆို့တွေကလွဲရင် ဘယ်သူမှ ထုတ်ဝေခွင့် မရနိုင်ပါ။

စစ်အစိုးရဟာ နိုင်ငံရေးလုပ်တာကလွဲရင် လုပ်ချင်တာ လုပ်ခွင့်ပေးနေတာ (၁၉၈၈) ဘယ်သူမှ မပေးတဲ့ အာဏာကို ယူပြီး တက်လာပြီကတည်းကပါ။ လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားမှုမရှိအောင် မျက်စိပိတ်နားပိတ်ပြီး တခြားဘက်ကနေ မဟုတ်တဲ့ နေရာတွေမှာ လွတ်လပ်မှုတွေ ပေးပြီးအညွန့်တုံးအောင် လုပ်ဆောင်နေတာပါ။ ရည်ရွယ်ချက်ရှိရှိ နဲ့ဖျက်ဆီးနေတာပါ။



မည်သို့ပင်ဖြစ်စေကာမူ ခေတ်နောက်ကျတယ် ဘဲပြောပြော၊ ခေတ်မမှီဘူးပဲပြောပြော ဒီလိုအနေအထားမျိုးကို တိုးတက်တယ်လို့ ကောက်ချက်မချနိုင်ပါ။ ပိတ်ပင်သင့်တာကို မပိတ်ပင်၊ မပိတ်ပင်သင့်တာကို ပိတ်ပင်နေတဲ့ စစ်အစိုးရရဲ့ ခေတ်မမှီ မဖွံ့ဖြိုး မဟုတ်တဲ့နေရာမှာ တိုးတက်နေသော နိုင်ငံတော်သစ်တည်ဆောက်ရေး လုပ်ငန်းစဉ်အား ကန့်ကွက်ရှုံချလိုက်ပါတယ်။

No comments:

Post a Comment